|

Download
(189KB)
Luke in Burmese
၁။ နိဒါန်း
ဤရှင်လုကာကျမ်းရှိ ခရစ်တော်၏ သက်တော်စဉ်ကို သမားတော်လည်းဖြစ်၊
ရှင်ပေါလု၏ ခရီးသွားဘော်လည်း ဖြစ်သော ရှင်လုကာက ရေးသားခဲ့သည်။
ဤကျမ်းသည် သူရေးသားခဲ့သော ကျမ်းနှစ်ကျမ်းအနက် ပဌမကျမ်းဖြစ်သည်။
(ဒုတိယကျမ်းမှာ တမန်တော်ဝတ္တုဖြစ်သည်။ တ ၁း၁ ကိုကြည့်ပါ)။
ဤကျမ်း၏အဓိကအကြောင်းအရာကို တမန်တော်ဝတ္တု၌လည်း တွေ့ ရသည်။ အာဒံအားဖြစ့်
စတင်ခဲ့ပြီးဖြစ်သော ဘုရားသခင်၏ အကြံအစည်တော် အလုံးစုံကို ရှင်လုကာမ
ဖေါ်ပြသည်။ ယုဒလူနှင့်တပါးအမျိုးသားတို့ ကိုတန်တူညီတူဖြစ်စေကာ
တကမ္ဘာလုံး၏ ကယ်တင်ရှင် သခင်ယေရှုကို ဘုရားသခင်အကြံအစည်တော်၏
အချက်အချာနေရာတွင်ထားသည်။ ခရစ်တော်၏ သက်တော်စဉ်ကို တင်ပြရာ၌
ရှင်လုကာသည် သခင်ယေရှု၏ ဆုတောင်းခြင်းကဏ္ဍကို ဖေါ်ပြသကဲ့သို့  လူ့ အဖွဲ
့အစည်း၌ အနှိမ့်ချခံသူများအား ဂရုနာသက်မိခြင်းနှင့် လူမှုရေးရာ
ဂရုစိုက်မှုရှိကြောင်းကို အထူးဖေါ်ပြထားပါသည်။ ၄င်းအပြင် ရှင်လုကာသည်
ရွှင်လန်းဝမ်းမြောက်ဘွယ်ရာများနှင့် ဘုရားသခင်အား ချီးမွမ်းခြင်းတို
့ကို ထည့်သွင်းဖေါ်ပြထားပါသည်။
ဤကျမ်းကိုဖတ်ရှုလျင် လက်တွေ့ လုပ်ဆောင်ရမည့်အရာ
များစွာရှိကြောင်းသိစေသည်။
(၁) သခင်ယေရှုတပါးတည်းသာလျင် ကယ်တင်ခြင်းကိုရစေသည့် လမ်းဖြစ်၍
ကျွနိုပ်တို့  တဦးစီသည် ကိုယ်တော်ကို ကျွနိုပ်တို့ ၏
မူပိုင်ကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ် သိမှတ်ရမည်ဖြစ်သည်။
(၂) စိတ်ထက်သန်စွာ ဆုတောင်းခြင်း နှင့် သန့် ရှင်းသောဝိညာဉ်တော်
အားကိုးခြင်းမရှိလျှင် ဘုရားသခင်အတွက် ကြီးမားသောအရာကို
လုပ်ဆောင်နိုင်မည် မဟုတ်ပါ။
(၃) အဖွဲ့ အစည်းတွင် မတ္တရားပြုမူဆက်ဆံခြင်း ခံစားရသူများအပေါ်
သခင်ယေရှုက ဂရုစိုက်ခဲ့သကဲ့သို့  ကျွနိုပ်တို့ လည်း
ဂရုစိုက်ကြရမည်ဖြစ်သည်။
(၄) ခရစ်တော်အားဖြင့် ဘုရားသခင်ပေးသနားတော်မူသည့်
နက်နဲသောအကျိုးကျေးဇူး၏ ဝမ်းမြောက်ဖွယ်သောသတင်းသည် ကြီးမားသော
ရွင်လန်းဝမ်းမြောက်ခြင်းကို ဖြစ်စေသည့်အကြောင်းရင်းဖြစ်သည်။
(၅) ခရစ်တော်သည် စာတန်မာနတ်နှင့် မှောင်မိုက်၏ တန်ခိုးများအပေါ်
အစဉ်အမြဲ အော်ပွဲခံနေသောကြောင့် ကျွနိုပ်တို့ လည်း အပြစ်၏
တန်ခိုးများအပေါ် အောင်မြင်စွာ အသက်ရှင်သွားနိုင်သည်။
-----
|







Bangkok - 2008

Rev. Augustus
Burmese Christian
Links - Click Here
Myanmar Audio Semons

www.BurmeseBible.com

|