|
ဇူလိုင် - ၂၀၀၈
ဆရာဦးမျိုးမော် (Rev. U Myo
Maw)

သင်းအုပ်ဆရာအဖြစ်
ငယ်စဉ်ကစခဲ့ခြင်း။
ဆရာဦးမျိုးမော် နယူးယောက်မြို့ကို စက်တင်ဘာလ - ၂၀၀၁ခုနှစ်မှာ
စတင်ရောက်ရှိခဲ့ပါတယ်။ ဆရာကို ဒီဇင်ဘာလ ၂၉ ရက်နေ့ ၁၉၅၀မှာ
ရန်ကုန်မြို့၊ အင်းစိန်မှာ မွေးဖွားခဲ့ပါတယ်။ ၁၉၆၈ ခုနှစ်လောက်က
ဟင်္သာတ မှာ ကြည့်မြင်တိုင်အသင်းတော်က ဆရာကြီး ဦးသာဒင် TD ဦးဆောင်တဲ့
လူငယ်သင်တန်းမှာ ဟေရှာယ အခန်းကြီး(၆) ငါ့အတွက်ဘယ်သူသွားမလဲ
ဆိုတဲ့ကျမ်းပိုဒ်နဲ့ သင်းအုပ်ဆရာလုပ်ဖို့ စတင်ခွန်အားရရှိခဲ့ပါတယ်။
ကျမ်းစာသင်တန်းကိုတော့ ၁၉၆၉-၇၀ ကစပြီး ၄နှစ် တက်ဖြစ်ခဲ့ပါတယ်။
ကျမ်းစာကျောင်းပြီးတော့ မြန်မာနိုင်ငံနှစ်ခြင်းအဖွဲ့ချုပ်ရဲ့
သူငယ်တာဝန်ခံ အဖြစ်နဲ့ ၃ နှစ်အမှုတော်ထမ်းခဲ့ပါတယ်။ အဲဒီနောက်
ကူရှင်အသင်းတော်မှာ သင်းအုပ်ဆရာက အသက်ကြီးတာကြောင့် သင်းထောက်အဖြစ်နဲ့
စလုပ်ခဲ့ပါတယ်။ ၂၇ နှစ်လောက် အဲဒီအလုပ်၂ခုကို အတူလုပ်ရင်း နောက်ဆုံး
အသင်းချုပ်မှာ အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ရာက
အနားယူပါတယ်။ အသင်းတော်မှာ ၂၅ နှစ် နဲ့ နှစ်ခြင်းအသင်းချုပ်မှာ ၁၀ နှစ်
အမှုတော်ထမ်းဆောင်ခဲ့ပါတယ်။
အမှုဆောင်ဘ၀ အခက်အခဲများဖြေရှင်ပုံ
၂၀၀၆ မှာဆိုရင် အမှုတော်ဆောင်သက်တမ်း ၃၁နှစ်ရှိပါပြီ။
သင်အုပ်ဆရာအဖြစ်တော့ ၂၉နှစ် ထမ်းဆောင်ခဲ့ပါပြီ။
သင်းအုပ်အဖြစ်တာဝန်ထမ်းဆောင်တဲ့ကာလများမှာ အခက်အခဲတွေတွေ့ခဲ့ရင်
ဆုတောင်းခြင်းနဲ့ ဖြေရှင်းခဲ့တယ်။ ဓမ္မသီချင်းတွေနဲ့ စိတ်ဓါတ်ကျချိန်၊
စိတ်ပျက်ချိန်တွေမှာ ခွန်အားပြန်ယူခဲ့ရတယ်။ ကျမ်းစာဖတ်တဲ့အခါလည်း
အထူးသဖြင့် ဆာလံကျမ်းက ဒါဝိဒ်မင်းကြီးရဲ့ အခက်အခဲများကို ဖတ်ပြီး
ပြန်လည်တက်ကြွလာစေပါတယ်။
မိသားစု
အမှုတော်စတင်ထမ်းဆောင်ခဲ့ပြီး ၃ နှစ်အကြာ ၁၉၇၈ မှာ
အိမ်ထောင်ကျခဲ့ပါတယ်။ အသင်းတော်မှာပဲ သင်းအုပ်လုပ်စဉ်မှာ
ဘုရားဆီဆုတောင်းရင်း ဘဏ္ဍာထိန်းလုပ် ပြီး စန္ဒယားလည်း တီးတဲ့ ဆရာမနဲ့
နှစ်သက်သဘောကျပြီး သူ့မိဘများ ခွင့်ပြုချက်ယူပြီး လက်ထပ်ခဲ့ပါတယ်။
ဒေါ်လင်းလင်းရွှေ ဖြစ်ပါတယ်။ အခု နယူးယောက်မှာပဲ ပါရမီဖြည့်ဖက်အနေနဲ့
အတူအသင်းတော် အမှုတော်များကို ထမ်းဆောင်လျှက်ရှိပါတယ်။
ဆီတဲ့နှစ်ခြင်းအဖွဲ့ချုပ်တာဝန်နဲ့ မြန်မာပြည်အနှံ့ မိုးညှင်းကနေ
ထားဝယ်ထိ ကျယ်ပြန့်တဲ့ ဒေသတွေကို ခရီးသွားရတဲ့အခါ မိသားစုက
သည်းခံရပါတယ်။
သင်းအုပ်ဆရာဘ၀ နှင့်
တရားဟောခြင်းများ
ဆရာဦးမျိုးမော်တို့ ဆွေမျိုးတွေထဲမှာ ပထမဆုံးသင်းအုပ်ဆရာဖြစ်တယ်။
နောက် ညီကလည်း သင်းအုပ်ဆရာအဖြစ် အမှုဆောင်ပါတယ်။ သားကိုလည်း
တတ်နိုင်သမျှတော့ အမှုတော်ကို ကူညီစေပါတယ်။ ဆရာဦးမျိုးမော်ကို
ငယ်ကတည်းက ဘုရားအမှုတော်ထမ်းရွက်ခဲ့တဲ့ ငယ်ဖြူဆရာဖြစ်ပါတယ်။
ဆရာအထူးပြုအကြိုက်ဆုံး ကျမ်းပိုဒ်ရယ်လို့ မရှိပေမဲ့၊ ဓမ္မသီချင်း အမှတ်
၂၁၈ မေတ္တာတော် ခုလှုံလျက် အစဉ်နေချင်လှသည်
ကိုအကြိုက်ဆုံးဖြစ်သည်ဟု ဆိုတယ်။ လေးစားရသော ပုဂ္ဂိုလ်အနေနဲ့ကတော့
ဆရာကြီးဘီလီဂရေဟန်ကို Role Model အနေနဲ့ သတ်မှတ်ပါတယ်။ လူများက
တရားဟောကောင်းသောဆရာဟု ပြောကြသော်လည်း ဆရာက မိမိကိုယ်ကိုယ်
ထိုသို့မထင်ပါ။ ဘုရားသခင်ဖွင့်ပြသည့်အတိုင်း Confidence ရှိရှိနှင့်
ဟောခြင်းမှာ ဘုရားသခင်ပြောခိုင်းသည့်အရာကိုသာပြောသည်၊
ငါပြောချင်တာမဟုတ်ဘူး စိတ်ထာမျိုး ထားနိုင်၍ ဖြစ်သည်ဟု ထင်ပါသည်
ဟု ပြောပါတယ်။
မှတ်ချက်။
Eternity ထာဝရ မဂ္ဂဇင်း Vol 1, No.1 မှာ လဂွန်းအိမ် အင်တာဗျုး၊
ကျွနိုပ်တို့၏ သိုးထိန်း ဆရာတော် ဦးမျိုးမော် ကိုအမှီပြုရေးသားပါတယ်။
ဆရာ့တရားဟောချက်အချို့ကို အင်တာနက်
http://www.burmesebible.com/audio/UMMaw.htm တွင်ရနိုင်ပါတယ်။
ဆရာတို့ နယူးယောက် မြန်မာနှစ်ခြင်းအသင်းတော် အင်တာနက်စာမျက်နှာကိုလည်း
သွားရောက်ပြီး လေ့လာနိုင်ပါတယ်။ More material on Rev. Myo
Maw (NY City), kindly visite to
Website:
http://www.geocities.com/myanmar_bc/mission.html

20-April-2008 Program
--- End ---
Burmese Christian
Links - Click Here
Myanmar Audio Semons

www.BurmeseBible.com
|







Bangkok - 2008

Rev. Augustus

Tokyo Kachin Baptist
Church
Rev. Yojong Yaw Han

Judson (Singapore)

Karen KBCS

Hakka Myanmar
Singapore

Myanmar Baptist Church
NewYork

First
Burmese Baptist Church
San Francisco

San Jose
Burmese Church
www.bccsv.org

Oakland Burmese Church

Calvary Baptist Church
Bangkok

MCA , Thailand
Myanmar Christian Assembly |