ဖေသွင် (သံလျင်ဖေသွင်) - (၁၉၂၀ မွေး၊ ၁၂ ဇူလိုင်
၁၉၆၉ ကွယ်လွန်)
သံလွင်ဖေသွင်သည် ခရစ်ယန်စာရေးဆရာတဦးအဖြစ် လူသိများသည်။ မြန်မာခရစ်ယာန်စာပေ၊
ဝတ္တုများစွာကို အများဆုံးရေးသားထုတ်ဝေခဲ့သူဖြစ်သည်။
အသက်၂၀အရွယ်တွင် မြန်မာ့တပ်မတော်ရေတွင် အရာရှိငယ်အဖြစ် စစ်ရေယာဉ် အင်းမ တွင် စတင်
တာဝန်ထမ်းဆောင်ခဲ့သည်။ ပုသိမ်မြို့နှင့် ဧရာဝတီမြစ်ဝှမ်းဒေသတွင်
ရေတပ်စစ်ဗိုလ်တစ်ဦးအဖြစ် ရောင်စုံသူပုန်များဖြင့် တိုက်ခိုက်ခဲ့သည်။ စင်ကာပူ၊
အင်္ဂလန်တို့တွင် စစ်ပညာများ ဆည်းပူးအောင်မြင်ခဲ့သည်။ နောက်ပိုင်း
အင်္ဂလန်တောင်ပိုင်းရှိ ပလိုင်းမောင့်သ်မြို့ (H.M.S Drake) ရေတပ်စခန်းတွင်ပင်
တော်ပီဒိုနှင့် ရေငုတ်သင်္ဘောတိုက်ဖျက်ရေး (Torpedo and Antisubmarine Warfare)
ပါရဂူသင်တန်း တက်ရန်ရွေးချယ်ခံရသည်။ သင်တန်းအောင်မြင်ပြီးနောက်
မြန်မာ့ရေတပ်မတော်တွင် ဗိုလ်မှုး (တိုက်ရေယာဉ်မှုး) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ရေတပ်တွင်တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်သမ္မတ၏
ဂုဏ်ထူးဆောင်လက်မှတ်နှင့်ခြောက်လုံးပြူးဆုကို ရရှိခဲ့သည်။ ရေတပ်မှ အနားယူပြီးနောက်
ကျမ်းစာကျောင်းတက်က သိက္ခာတော်ရဆရာအဖြစ်ဆောင်ရွက်သည်။ သ်က္ခာတော်ရဆရာတော်
သံလျင်ဖေသွင်သည် မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယန်စာပေအဖွဲ့ (C.L.S) ၏
အထွေထွေအတွင်းရေးမှုးအဖြစ် ဆောင်ရွက်ခဲ့သည်။
မိမိ အရက်၏ကျေးကျွန်ဘ၀မှ သေလူအဖြစ် သတ်မှတ်ခံရသည်။ ရေတပ်ဗိုလ်မှုးအဖြစ်
တပ်မတော်ဆေးရုံ၊ သတ္တမနေ့အရက်ဖြက်ဆေးခန်း..စသည်များတွင် အရက်ဖြက်၊ကုသခဲ့သော်လည်း
ရှုံးနိုမ့်ခဲ့သည်။ နောက်ဆုံး ခရစ်တော်ထံလက်မြှောက်အရှုံးပေးမှ အရက်စွဲလမ်းခြင်းကို
အောင်နိုင်ခဲ့သည်။ ထိုအကြောင်း ကိုယ်တိုင်သက်သေခံချက် "ပန်းကလေးများမနွမ်းစေချင်"
စာအုပ်ကို ၁၉၆၉တွင် ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၀၊ ၁၉၇၉၊ ၂၀၀၇ ခုနှစ်များတွင် ဇနီးသည်
ဒေါ်ခင်အေးမှု နှင့် သားကိုဌေးသွင် တို့ခွင့်ပြုချက်ဖြင့် စတ္တုထအကြိမ်အထိ
ထုတ်ဝေခဲ့သည်။