တမန်တော်ဝတ္ထု

Acts

            ၁အိုသော်ဖိလု၊ ယေရှုသည် ရွေးကောက်တော်မူသော တမန်တော်တို့ကို ဝိညာဉ်တော်အားဖြင့် မှာထားပြီးမှ၊ ၂အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသောနေ့ မရောက်မှီကာလတွင်၊ ပြုမူသွန်သင် တော်မူသမျှတို့ကို ထုတ်ဘော်၍၊ အထက်ကျမ်းစာကို ငါစီရင်ရေးထားပါပြီ။ ၃အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏နိုင်ငံတော်နှင့် စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သောသက်သေအများအားဖြင့် ပြတော်မူ၏။ ၄ထိုတမန်တော်တို့ကို စုဝေးစေတော်မူပြီးလျှင်၊ ယေရုရှလင်မြို့မှမထွက်မသွားဘဲ ခမည်းတော်၏ဂတိကို ငံ့နေမည်အကြောင်း မှာတော်မူ၍၊ ထိုဂတိတော်ကို ငါဟောပြောသဖြင့် သင်တို့သည်ကြားသိရကြပြီ။ ၅ဂတိတော်အချက် ဟူမူကား ယောဟန်သည် ရေ၌ ဗတ္တိဇံ ကိုပေး၏။ သင်တို့သည် မကြာမမြင့်မှီ သန့်ရှင်း သောဝိညာဉ်တော်၌ ဗတ္တိဇံ ကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။

            ၆ထိုတမန်တော်တို့သည်လည်း စုဝေး၍၊ သခင်ဘုရား၊ ယခုအခါကိုယ်တော်သည် ဣသရေလအမျိုး သားတို့အား နိုင်ငံကိုပြန်ပေးတော်မူမည်လောဟု မေးလျှောက်ကြလျှင်၊ ၇သခင်ဘုရားက၊ ခမည်းတော်၏ တန်ခိုးအားဖြင့် စီရင်တော်မူသော အချိန်ကာလကို သိရသောအခွင့်သည် သင်တို့၌မရှိ။ ၈ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင် မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ ၉တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ ဘုရားသခင်သည် အထက်သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုဃ်းတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင်ခံယူလေ၏။ ၁ဝထိုသို့ကြွတော်မူသည်ကို တမန်တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက် နေကြစဉ်တွင်၊ လူနှစ်ယောက်တို့သည် ဖြူစင်သောအဝတ်ကို ဝတ်ဆင်လျက် တမန်တော်တို့အနားမှာ ပေါ်လာ၍၊ ၁၁အိုဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက်နေ ကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့ဟု ပြောဆို၏။

            ၁၂ထိုအခါ ယေရုရှင်လင်မြို့နှင့် ဥပုသ်နေ့တနေ့ခရီးသာကွာ၍ သံလွင်အမည်ရှိသောတောင်မှ ယေရုရှလင်မြို့သို့ တမန်တော်တို့သည် ပြန်ကြ၏။ ၁၃ရောက်ကြလျှင်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အနြေ္ဒ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သား ယာကုပ်၊ ရှိမုန်ဇေလုတ်၊ ယာကုပ်ညီယုဒတို့သည် တည်း နေရာအိမ်အထက်ခန်းသို့ တက်ကြ၏။ ၁၄ထိုသူအပေါင်းတို့သည် ယေရှု၏မယ်တော် မာရိမှစ၍ မိန်းမတို့နှင့်၎င်း၊ ညီတော်တို့နှင့်၎င်း တညီတညွတ်တည်းကြိုးစား၍ ဆုတောင်းပဌနာပြုလျက် နေကြ၏။

            ၁၅ထိုအခါ အရေအတွက်အားဖြင့် တရာနှစ်ဆယ်သော တပည့်တော်တို့၏အလယ်၌ ပေတရုသည် ထ၍၊ ၁၆ညီအစ်ကိုတို့၊ ယေရှုကိုဘမ်းဆီးသောသူတို့အား လမ်းပြသော ယုဒရှကာရုတ်ကို ရည်မှတ်၍ သန့်ရှင်း သောဝိညာဉ်တော်သည် ဒါဝိဒ်မင်း၏ နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူနှင့်သော ကျမ်းစာချက်အတိုင်း မပြည့်စုံဘဲ မနေရ။ ၁၇ထိုသူသည် ငါတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်၍ ဓမ္မဆရာ၏အရာကို ခံရပြီ။ ၁၈ထိုသူသည် မတရား သောအမှုအတွက်ဖြင့်ရသော အခနှင့်မြေတကွက်ကိုဝယ်ပြီးမှ မှောက်လျက် ကျလဲ၍ဝမ်းကွဲသဖြင့် အအူများ ပေါက်လေပြီ။ ၁၉ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌နေသော သူအပေါင်းတို့သည်သိ၍ မိမိဘို့ဘာသာ အားဖြင့် ထိုမြေကိုအကေလဒမဟု ခေါ်တွင်ကြ၏။ အနက်ကား သွေးမြေဟုဆိုလိုသတည်း။ ၂ဝဆာလံကျမ်းစာ ၌လာသည်ကား၊ သူ၏နေရာအရပ်သည် လူဆိတ်ညံရာအရပ်ဖြစ်ပါစေ။ နေသောသူမရှိပါစေနှင့်။ သူ၏အရာကိုလည်း အခြားသူရပါစေဟု ရေးမှတ်သတည်း။ ၂၁ထိုကြောင့် ယောဟန်သည် ဗတ္တိဇံ ကိုပေးသည်ကာလမှ စ၍၊ ၂၂သခင်ယေရှုသည် ငါတို့နှင့်ခွါ၍ အထက်သို့ဆောင်ယူခြင်းကို ခံတော်မူသည်နေ့ရက်တိုင်အောင် တပည့်တော်တို့နှင့်အတူ ထွက်ဝင်သွားလာ တော်မူသော ကာလပတ်လုံး ငါတို့နှင့်ပေါင်းဘော်၍ နေသောသူ တစုံတယောက်သည်၊ ထိုသခင်ထမြောက်တော် မူသည်အကြောင်းကို ဟောပြော၍ ငါတို့နှင့်အတူ သက်သေခံ ဖြစ်ရမည်ဟု ပေတရုပြောဆို၏။

            ဗာရှဗဟုခေါ်ဝေါ်၍ ယုတ္တုအမည်သစ်ကိုရသော ယောသပ်နှင့်မဿိကို ခန့်ထား၍၊ ၂၄ဤသို့ ဆုတောင်း ကြ၏။ ၂၅လူအပေါင်းတို့၏စိတ်နှလုံးကို သိတော်မူသော သခင်ဘုရား၊ ယုဒရှကာရုတ်သည် မိမိနေရာအရပ်သို့ သွားအံ့သောငှါ ဓမ္မဆရာ၏အရာ၊ တမန်တော်၏အရာမှ ရွေ့လျော့ဖောက်ပြန်သည်ဖြစ်၍၊ ထိုအရာကို ခံစေခြင်းငှါ ဤသူနှစ်ယောက်တို့တွင် ရွေးကောက်တော်မူသောသူကို ပြညွှန်တော်မူပါဟု ဆုတောင်းပြီးမှ၊ ၂၆စာရေး တံချကြသဖြင့် မဿိသည်စာရေးတံကိုရ၍၊ တကျိပ်တပါးသောတမန်တော်တို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်လေ၏။


 


Acts 1

Jesus Taken Up Into Heaven

1 In my former book, Theophilus, I wrote about all that Jesus began to do and to teach
2 until the day he was taken up to heaven, after giving instructions through the Holy Spirit to the apostles he had chosen.
3 After his suffering, he showed himself to these men and gave many convincing proofs that he was alive. He appeared to them over a period of forty days and spoke about the kingdom of God.
4 On one occasion, while he was eating with them, he gave them this command: “Do not leave Jerusalem, but wait for the gift my Father promised, which you have heard me speak about.
5 For John baptized with water, but in a few days you will be baptized with the Holy Spirit.”
6 So when they met together, they asked him, “Lord, are you at this time going to restore the kingdom to Israel?”
7 He said to them: “It is not for you to know the times or dates the Father has set by his own authority.
8 But you will receive power when the Holy Spirit comes on you; and you will be my witnesses in Jerusalem, and in all Judea and Samaria, and to the ends of the earth.”
9 After he said this, he was taken up before their very eyes, and a cloud hid him from their sight.
10 They were looking intently up into the sky as he was going, when suddenly two men dressed in white stood beside them.
11 “Men of Galilee,” they said, “why do you stand here looking into the sky? This same Jesus, who has been taken from you into heaven, will come back in the same way you have seen him go into heaven.”

Matthias Chosen to Replace Judas

12 Then they returned to Jerusalem from the hill called the Mount of Olives, a Sabbath day’s walk from the city.
13 When they arrived, they went upstairs to the room where they were staying. Those present were Peter, John, James and Andrew; Philip and Thomas, Bartholomew and Matthew; James son of Alphaeus and Simon the Zealot, and Judas son of James.
14 They all joined together constantly in prayer, along with the women and Mary the mother of Jesus, and with his brothers.
15 In those days Peter stood up among the believers (a group numbering about a hundred and twenty)
16 and said, “Brothers, the Scripture had to be fulfilled which the Holy Spirit spoke long ago through the mouth of David concerning Judas, who served as guide for those who arrested Jesus—
17 he was one of our number and shared in this ministry.”
18 (With the reward he got for his wickedness, Judas bought a field; there he fell headlong, his body burst open and all his intestines spilled out.
19 Everyone in Jerusalem heard about this, so they called that field in their language Akeldama, that is, Field of Blood.)
20 “For,” said Peter, “it is written in the book of Psalms, “ ‘May his place be deserted; let there be no one to dwell in it,’

and, “ ‘May another take his place of leadership.’
21 Therefore it is necessary to choose one of the men who have been with us the whole time the Lord Jesus went in and out among us,
22 beginning from John’s baptism to the time when Jesus was taken up from us. For one of these must become a witness with us of his resurrection.”
23 So they proposed two men: Joseph called Barsabbas (also known as Justus) and Matthias.
24 Then they prayed, “Lord, you know everyone’s heart. Show us which of these two you have chosen
25 to take over this apostolic ministry, which Judas left to go where he belongs.”
26 Then they cast lots, and the lot fell to Matthias; so he was added to the eleven apostles.