ကောရိ သု သြဝါဒစာဒုတိယစောင်။

2 Corinthrians

၁၃

            ၁ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ ငါလာမည်ဖြစ်၍၊ သက်သေခံနှစ်ဦ သုံးဦးအားဖြင့် စကားရှိသမျှ တို့သည် တည်ရလိမ့်မည်။ ၂တဖန် ငါရောက်လာလျှင် သင်တို့ကို မသနားရဟု ပြစ်မှားသောသူမှစ၍ ကြွင်းသော သူအပေါင်းတို့အား အထက်က ငါပြောသည်သာမက၊ ယခုပင် သင်တို့နှင့်အတူမရှိသော်လည်း၊ တဖန်ရှိဘိသကဲ့သို့ ငါပြောနှင့်၏။ ၃သင်တို့တွင် အားနည်းတော်မမူ၊ အားကြီးတော်မူသော ခရစ်တော်သည် ငါ၌ဗျာဒိတ်ပြတော်မူခြင်း သက်သေကို သင်တို့သည်ရှာသောကြောင့်၊ ငါရောက်လာသောအခါ မသနားရ။ ၄အကြောင်းမူကား၊ ထိုခရစ်တော် သည် အားနည်းခြင်းနှင့် လက်ဝါးကပ်တိုင်မှာ အသေခံသော်လည်း၊ ဘုရားသခင်၏တန်ခိုးတော်နှင့် အသက်ရှင် တော်မူ၏။ ငါတို့သည်လည်း ခရစ်တော်၏နည်းတူ အားနည်းသော်လည်း၊ သင်တို့တွင် ပြသောဘုရားသခင်၏ တန်ခိုးအားဖြင့် ခရစ်တော်နှင့်အတူ အသက်ရှင်ခြင်းရှိကြလိမ့်မည်။ ၅သင်တို့သည် ယုံကြည်ခြင်း၌ တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့။ ကိုယ်ကိုကိုယ်စုံစမ်းကြလော့။ အစစ်မခံနိုင်သောသူ မမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌ တည်တော်မူသည်ဟု ကိုယ်အကြောင်းကိုကိုယ် မသိကြသလော။ ၆ငါတို့သည် အစစ်ခံ နိုင်သောသူဖြစ်သည်ကို သင်တို့သိကြလိမ့်မည်ဟု ငါထင်မှမြော်လင့်ခြင်းရှိ၏။ ၇ငါတို့သည် အစစ်ခံနိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ ငါအလိုရှိသည်မဟုတ်။ အစစ်မခံနိုင်သောသူကဲ့သို့ ထင်သော်လည်း၊ သင်တို့သည် ကောင်းမွန်စွာ ကျင့်စေခြင်းငှါ၊ မကောင်းသောအကျင့် တစုံတခုကိုမျှ မကျင့်မည်အကြောင်း၊ ငါသည် ဘုရားသခင်ကို ဆုတောင်း ပဌနာပြု၏။ ၈ငါတို့သည် သမ္မာတရားကို ဆီးတားခြင်းငှါ အလျှင်းမတတ်နိုင်ကြ။ ၉သမ္မာတရားဘက်၌ နေ၍သာ တတ်နိုင်ကြ၏။ ငါတို့သည် အားနည်း၍ သင်တို့သည် အားကြီးသောအခါ၊ ငါတို့၌ ဝမ်းမြောက်ခြင်းရှိကြ၏။ သင်တို့သည် စုံလင်မည်အကြောင်းကိုသာ အလိုရှိကြ၏။ ၁ဝထိုကြောင့် ပယ်ရှင်းဖျက်ဆီးခြင်းအလိုငှါ မဟုတ်၊ တည်ဆောက်ခြင်းအလိုငှါ ဘုရားသခင်သည် ငါ၌အပ်ပေးတော်မူသော တန်ခိုးရှိသည်အတိုင်း ငါသည်ရောက်လာ သောအခါ ပြင်းစွာသောသေဒဏ်ကို မပေးလို၍၊ ယခုပင်သင်တို့နှင့် ကွာဝေးသေးသည်ကာလ ဤသို့သို့ငါရေး လိုက်၏။

            ၁၁ကြွင်းသေးသောစကား ဟူမူကား၊ ညီအစ်ကိုတို့၊ သင်တို့၌ မင်္ဂလာရှိပါစေသော။ စုံလင်ခြင်း၊ သက်သာ ဝမ်းမြောက်ခြင်းရှိကြလော့။ စိတ်တညီတညွတ်တည်းဖြစ်၍၊ အချင်းချင်းအသင့်အတင့်နေကြလော့။ သို့ဖြစ်၍ မေတ္တာကို၎င်း၊ အသင့်အတင့်နေခြင်း ချမ်းသာခြင်းကို၎င်း ပေးတော်မူသော ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလတံ့။ ၁၂အချင်းချင်း တယောက်ကိုတယောက် သန့်ရှင်းသောနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။ ၁၃သန့်ရှင်း သူအပေါင်းတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။ ၁၄သခင်ယေရှုခရစ်၏ ကျေးဇူးတော်ကို၎င်း၊ ဘုရားသခင်၏ မေတ္တာ တော်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ မိဿဟာရတော်ကို၎င်း၊ သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။

 

ကောရိ သုသြဝါဒစာဒုတိယစောင်ပြီး၏။


2 Corinthians 14



Final Warnings

1 This will be my third visit to you. “Every matter must be established by the testimony of two or three witnesses.”
2 I already gave you a warning when I was with you the second time. I now repeat it while absent: On my return I will not spare those who sinned earlier or any of the others,
3 since you are demanding proof that Christ is speaking through me. He is not weak in dealing with you, but is powerful among you.
4 For to be sure, he was crucified in weakness, yet he lives by God’s power. Likewise, we are weak in him, yet by God’s power we will live with him to serve you.
5 Examine yourselves to see whether you are in the faith; test yourselves. Do you not realize that Christ Jesus is in you—unless, of course, you fail the test?
6 And I trust that you will discover that we have not failed the test.
7 Now we pray to God that you will not do anything wrong. Not that people will see that we have stood the test but that you will do what is right even though we may seem to have failed.
8 For we cannot do anything against the truth, but only for the truth.
9 We are glad whenever we are weak but you are strong; and our prayer is for your perfection.
10 This is why I write these things when I am absent, that when I come I may not have to be harsh in my use of authority—the authority the Lord gave me for building you up, not for tearing you down.

Final Greetings

11 Finally, brothers, good-by. Aim for perfection, listen to my appeal, be of one mind, live in peace. And the God of love and peace will be with you.
12 Greet one another with a holy kiss.
13 All the saints send their greetings.
14 May the grace of the Lord Jesus Christ, and the love of God, and the fellowship of the Holy Spirit be with you all.