ထွက်မြောက်ရာကျမ်း
Exodus

၁၃

            ၁မောရှေကို ခေါ်၍ဣသရေလအမျိုးသားတို့တွင်အဦးဘွားသောသူ၊ ၂လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်း တို့ကို ငါ့အဘို့ သန့်ရှင်းစေလော့။ ငါ့ဥစ္စာဖြစ်ကြသည်ဟု မိန့်တော်မူ၏။

            ၃မောရှေကလည်း၊ သင်တို့သည် ကျွန်ခံနေရာအဲဂုတ္တုပြည်မှ ထွက်သွားသောဤနေ့ရက်ကိုအောက်မေ့ကြ လော့။ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကိုထိုပြည်မှနှုတ်ဆောင်တော်မူပြီ။ တဆေး ပါသော မုန့်ကိုမစားရ။ ၄အဗိဗလ၊ ယနေ့၌ပင်သင်တို့သည် ထွက်လာကြပြီ။ ၅သင်တို့အား ပေးခြင်းငှါဘိုးဘေးများ၌ ထာဝရ ဘုရားကျိန်ဆိုတော်မူသောပြည်၊ ခါနနိလူ၊ တိတ္တိလူ၊ အာမောရိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်သို့ပို့ဆောင်တော်မူပြီးမှ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကို ပြုရကြမည်။ ၆ခုနစ်ရက်ပတ် လုံးတဆေးမပါသော မုန့်ကိုစားပြီးမှ၊ ခုနစ်ရက်မြောက်သောနေ့တွင်၊ ထာဝရ ဘုရားအဘို့ ပွဲခံရကြမည်။ ၇တဆေးမပါ သောမုန့်ကိုစားရသော ခုနစ်ရက်ပတ်လုံး သင်တို့၌တဆေးကို မတွေ့မမြင်ရ။ သင်တို့နေသော အရပ်ရပ်တို့၌လည်း မတွေ့မမြင်ရ။ ၈ငါတို့သည် အဲဂုတ္တုပြည်မှ ထွက်သော ကာလ၊ ထာဝရဘုရားပြုတော်မူသော ကျေးဇူးတော်ကြောင့် ဤသို့ပြုရ၏ဟု ထိုနေ့၌သားမြေးတို့အား ကြားပြော ရမည်။ ၉ထာဝရဘုရား၏ တရားသည်၊ သင်၏နှုတ်၌ တည်မည်အကြောင်း၊ ဤအရာသည် သင်၏လက်၌ လက္ခဏာ သက်သေ၊ သင်၏မျက်စီကြားမှာ အောက်မေ့ဘို့ရာဖြစ်ရမည်။ အားကြီးသော လက်တော်ဖြင့် ထာဝရဘုရားသည်၊ သင့်ကိုအဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူပြီ။ ၁ဝထိုကြောင့် စီရင်တော်မူသော ဤထုံးစံကို၊ မိမိအချိန်၌နှစ်စဉ်အတိုင်း စောင့်ရကြမည်။

            ၁၁သင်တို့၌၄င်း၊ ဘိုးဘေး၌၄င်း၊ ကျိန်ဆိုတော်မူသည်အတိုင်း၊ ထာဝရဘုရားသည် သင်တို့ကို ပို့ဆောင်၍၊ ထိုပြည်ကို ပေးသနားတော်မူသောအခါ၊ ၁၂သင်တို့၌ရှိသော တိရစ္ဆာန်တို့၏ သားဦးအပေါင်းတို့ကို၊ ထာဝရဘုရား အဘို့ အသီးအခြားခွဲထားရကြမည်။ အထီးရှိသမျှတို့သည်၊ ထာဝရဘုရား၏ ဥစ္စာဖြစ်ရကြမည်။ ၁၃မြည်းမ၌ အဦးဘွားသော မြည်းသငယ်ကို၊ သိုးသငယ်နှင့်ရွေးရမည်။ မရွေးလိုလျှင်၊ မြည်းသငယ်လည်ပင်းကို ချိုးရမည်။ လူသားတို့တွင် သားဦးအပေါင်းကို ရွေးရမည်။ ၁၄နောင်ကာလ၌ သင်၏သားကလည်း၊ အဘယ်သို့နည်းဟု မေးမြန်းလျှင်၊ သင်ကလည်း ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို နှုတ်ဆောင်တော်မူ၏။ ၁၅ဖါရောဘုရင်သည်၊ ငါတို့ကို အလွယ်တကူမလွှတ်ဘဲ နေသောအခါ၊ အဲဂုတ္တုပြည်၌လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ထာဝရဘုရားကွပ်မျက်တော်မူ၏။ ထိုကြောင့် အဦးဘွားသော တိရစ္ဆာန်အထီးရှိသမျှတို့ကို ထာဝရဘုရားအား ယဇ်ပူဇော်ရမည်။ ကိုယ်သားတို့တွင် သားဦးကို ရွေးရမည်ဟု ပြန်ဆိုရမည်။ ၁၆ဤအရာ သည်လည်း၊ သင်၏လက္ခဏာသက်သေ၊ သင်၏မျက်စီကြားမှာ သင်းကျပ်ဖြစ်ရမည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါ့တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူပြီးဟု လူများတို့အားပြောဆိုလေ၏။

            ၁၇ဣသရေလလူတို့ကို ဖါရောဘုရင်လွှတ်သောနောက်၊ ဖိလိတ္တိပြည်ကို ရှောက်သောလမ်းသည် ဖြောင့်သော်လည်း၊ ထိုလမ်းဖြင့် ဘုရားသခင်ဆောင်တော်မမူ။ အကြောင်းမူကား၊ သူတို့သည်စစ်မှုကို တွေ့မြင်သောအခါ စိတ်ပျက်၍၊ အဲဂုတ္တုပြည်သို့ ပြန်ကောင်းပြန် ကြလိမ့်မည်ဟု သိတော်မူ၏။ ၁၈ထိုကြောင့် ဘုရားသခင်သည်၊ သူတို့ကိုဧဒုံပင်လယ်နား တောလမ်းဖြင့်ဝိုင်း၍ ဆောင် တော်မူ၏။ ဣသရေလအမျိုးသား တို့သည်၊ ခင်းကျင်းသောတပ်အစဉ်အတိုင်း အဲဂုတ္တုပြည်မှထွက်သွားကြ၏။ ၁၉အထက်ကာလ၌ ယောသပ်က၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှုကြွလာတော်မူမည်။ ကျွန်ုပ်အရိုးတို့ကို ဤအရပ်မှ ယူသွားရမည်ဟူ၍ ဣသရေလအမျိုးသားတို့ကို ကျပ်ကျပ်ကျိန်ဆိုစေသောကြောင့်၊ သူ၏အရိုးတို့ကိုမောရှေသည် မိမိ၌ယူဆောင်လေ၏။

            ၂ဝတဖန်သူတို့သည် သုကုတ်အရပ်မှ ထွက်သွား၍ တောအနား၊ ဧသံမြို့၌ စားခန်းချကြ၏။ ၂၁သူတို့သည် နေ့ညသွားနိုင်အောင် ထာဝရဘုရားသည် နေ့၌ကား၊ လမ်းပြဘို့ မိုဃ်းတိမ်တိုင် အားဖြင့်၎င်း၊ ညဥ့်၌ကား၊ အလင်း ပေးဘို့ မီးတိုင်အားဖြင့်၎င်း၊ သူတို့ရှေ့ကကြွတော်မူ၏။ ၂၂နေ့အချိန်၌မိုဃ်းတိမ်တိုင်၊ ညဥ့်အချိန်၌ မီးတိုင်ကို သူတို့ရှေ့မှ ရုပ်သိမ်းတော်မမူ။


 


 

Exodus 13

Consecration of the Firstborn
 1 The LORD said to Moses, 2 "Consecrate to me every firstborn male. The first offspring of every womb among the Israelites belongs to me, whether man or animal."

 3 Then Moses said to the people, "Commemorate this day, the day you came out of Egypt, out of the land of slavery, because the LORD brought you out of it with a mighty hand. Eat nothing containing yeast. 4 Today, in the month of Abib, you are leaving. 5 When the LORD brings you into the land of the Canaanites, Hittites, Amorites, Hivites and Jebusites—the land he swore to your forefathers to give you, a land flowing with milk and honey—you are to observe this ceremony in this month: 6 For seven days eat bread made without yeast and on the seventh day hold a festival to the LORD. 7 Eat unleavened bread during those seven days; nothing with yeast in it is to be seen among you, nor shall any yeast be seen anywhere within your borders. 8 On that day tell your son, 'I do this because of what the LORD did for me when I came out of Egypt.' 9 This observance will be for you like a sign on your hand and a reminder on your forehead that the law of the LORD is to be on your lips. For the LORD brought you out of Egypt with his mighty hand. 10 You must keep this ordinance at the appointed time year after year.

 11 "After the LORD brings you into the land of the Canaanites and gives it to you, as he promised on oath to you and your forefathers, 12 you are to give over to the LORD the first offspring of every womb. All the firstborn males of your livestock belong to the LORD. 13 Redeem with a lamb every firstborn donkey, but if you do not redeem it, break its neck. Redeem every firstborn among your sons.

 14 "In days to come, when your son asks you, 'What does this mean?' say to him, 'With a mighty hand the LORD brought us out of Egypt, out of the land of slavery. 15 When Pharaoh stubbornly refused to let us go, the LORD killed every firstborn in Egypt, both man and animal. This is why I sacrifice to the LORD the first male offspring of every womb and redeem each of my firstborn sons.' 16 And it will be like a sign on your hand and a symbol on your forehead that the LORD brought us out of Egypt with his mighty hand."

Crossing the Sea
 17 When Pharaoh let the people go, God did not lead them on the road through the Philistine country, though that was shorter. For God said, "If they face war, they might change their minds and return to Egypt." 18 So God led the people around by the desert road toward the Red Sea. [a] The Israelites went up out of Egypt armed for battle.

 19 Moses took the bones of Joseph with him because Joseph had made the sons of Israel swear an oath. He had said, "God will surely come to your aid, and then you must carry my bones up with you from this place." [b]

 20 After leaving Succoth they camped at Etham on the edge of the desert. 21 By day the LORD went ahead of them in a pillar of cloud to guide them on their way and by night in a pillar of fire to give them light, so that they could travel by day or night. 22 Neither the pillar of cloud by day nor the pillar of fire by night left its place in front of the people.

Footnotes:

  1. Exodus 13:18 Hebrew Yam Suph; that is, Sea of Reeds
  2. Exodus 13:19 See Gen. 50:25.