ကမ္ဘာဦးကျမ်း။
Genesis
၁၉
            ၁ကောင်းကတမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက်သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါထ၍၊ မြေ၌ဦးညွှတ်ချလျက်၊ ၂အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ကျွန် ၏အိမ်သို့ဝင်၍ တညဥ့်လုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက်စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဥ့်လုံးလမ်း၌ နေတော့ မည်ဟု ဆိုသော်လည်း၊ ၃ကျပ်ကျပ်သွေးဆောင် သောကြောင့်၊ တဖန်လောတနေရာသို့လှည့်၍၊ သူ၏အိမ်သို့ ဝင်ကြ၏။ လောတလည်း၊ သူတို့အဘို့ပွဲလုပ်၍၊ တဆေးမပါသောမုန့်ကို ပေါင်းပြီးမှ၊ သူတို့သည်စားကြ၏။
            ၆လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ထွက်၍၊ မိမိနောက်၌ တံခါးကိုပိတ်ပြီးလျှင်၊ ၇ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက်မပြုကြပါနှင့်။ ၈အကျွန်ုပ်၌ ယောက်ျားနှင့်မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကိုသင်တို့ထံသို့ထုတ်ရသောအခွင့်ကိုပေးကြပါလော့။ သူတို့၌ပြုချင်သမျှ ပြုကြပါလော့။ ဤလူတို့၌အလျှင်း မပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ဟု တောင်းပန်သော်လည်း၊ ၉သူတို့က၊ ဆုတ်လော့ဟုဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုခြင်းငှါသာ ရောက်လာသည်နှင့်၊ တရားသူကြီးလုပ်ရမည် လော။ ယခုမှာ ထိုသူတို့၌ပြုသည်ထက်၊ သင်၌သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးနားမှာ ရှိသောသူအကြီး အငယ်တို့ကို၊ မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့်၊ သူတို့သည်တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ရောက်ကြ၏။
            ၁၂ကောင်းကင်တမန်တို့ကလည်း၊ ဤအရပ်၌သင်နှင့်ဆိုင်သောသူရှိသေးသလော။ သားသမီး၊ သမက်၊ မြို့ထဲမှာသင်၌ရှိသမျှကို ဤအရပ်က ထုတ်ဆောင်လော့။ ၁၃ဤအရပ်ကို ငါတို့သည် ဖျက်ဆီးရမည်။ အကြောင်းမူကား၊ အရပ်သားတို့သည် ထာဝရဘုရားရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍၊ ဖျက်ဆီးစေခြင်းငှါ ထာဝရဘုရားသည် ငါတို့ကိုစေလွှတ်တော်မူပြီဟု လောတအားပြောဆိုကြ၏။ ၁၄လောတထွက်၍၊ သမီးနှင့်စုံဘက်သောသူ၊ မိမိသမက်တို့အား၊ ထကြ။ ဤအရပ်မှထွက်သွားကြ။ ဤမြို့ကို ထာဝရ ဘုရားဖျက်ဆီးတော်မူမည်ဟု ဆိုသော်လည်း၊ ကျီစားဟန်ရှိသည်ဟု၊ သမက်တို့ထင်ကြ၏။
            ၁၅မိုဃ်းသောက်သောအခါ၊ ကောင်းကင်တမန်တို့သည် လောတကိုဆော်လျက်၊ သင်သည်ထ၍၊ ဤအရပ်၌ ရှိသော မယားနှင့်သမီးနှစ်ယောက်တို့ကိုယူသွားလော့။ သို့မဟုတ်၊ မြို့၏အပြစ်၌ဆုံးခြင်း သို့ရောက်လိမ့်မည်ဟု ဆိုသော်လည်း၊ ၁၆သူသည်ဖင့်နွှဲသောအခါ၊ ထာဝရဘုရားသနားတော်မူသောကြောင့်၊ ကောင်းကင်တမန်တို့သည်၊ သူနှင့်သူ၏ မယား၊ သူ၏သမီးနှစ်ယောက်တို့ကိုလက်ဆွဲ၍၊ မြို့ပြင်သို့ ထုတ်ဆောင်ကြ၏။
            ၁၇ပြင်သို့ရောက်သောအခါ၊ သင်သည် အသက်ချမ်းသာရခြင်းငှါ ပြေးလော့။ နောက်သို့လှည့်၍ မကြည့်နှင့်။ မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ် ဆုံးလိမ့်မည်ဟု ဆိုလေ၏။ ၁၈လောတကလည်း၊ အကျွန်ုပ်သခင်၊ ထိုသို့မဆိုပါနှင့်။ ၁၉ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရပါပြီ။ အကျွန်ုပ်အသက် ချမ်းသာစေသဖြင့်၊ အကျွန်ုပ်၌ ပြုတော်မူသော ကရုဏာ ကျေးဇူးများပြား လှပါ၏။ ဘေးလွတ်၍ တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစုံတခုတွေ့၍ သေမည်ကိုစိုးရိပ်ပါ၏။ ၂ဝကြည့်ပါ။ ထိုမြို့နီးပါ၏၊ ပြေးသာပါ၏၊ ငယ်သောမြို့လည်းဖြစ် ပါ၏။ ဘေးလွတ်၍ ထိုအရပ်သို့ ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့မဟုတ်လော။ သို့ပြေးလျှင်၊ အသက်ချမ်းသာ ရပါမည်ဟု လျှောက်ဆို၏။  ၂၁ထိုသူကလည်း၊ ကြည့်ပါ။ ဤအမှုအရာ၌လည်း သင်၏ စကားကိုနားထောင်စေခြင်းငှါ၊ ထိုမြို့အတွက် တောင်းပန် သောကြောင့် ငါမဖျက်ဆီး။ ၂၂ဘေးလွတ်ခြင်းငှါ ထိုမြို့သို့အလျင်အမြန်ပြေးလော့။ ထိုမြို့သို့မရောက်မှီ၊ ငါသည်အဘယ်အမှုကိုမျှ မပြုနိုင်ဟုဆိုလေ၏။ ထိုကြောင့် ထိုမြို့ကိုဇောရမြို့ဟု သမုတ်ကြ၏။ ၂၃လောတသည် ဇောရမြို့သို့ ဝင်သောအခါ၊ မြေကြီးပေါ်မှာ နေထွက်ချိန်ဖြစ်သတည်း။  ၂၄ထိုအခါ ထာဝရဘုရား သည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ကန့်နှင့် မီးမိုဃ်းကိုရွာစေတော်မူ၏။ ၂၅ထိုမြို့တို့ကို၎င်း၊ ချိုင့်အရပ် တရှောက်လုံး၎င်း၊ မြေ၌ပေါက်သမျှကို၎င်း မှောက်လှဲတော်မူ၏။ ၂၆လောတ၏ မယားမူ ကား၊ နောက်သို့လှည့်ကြည့်၍ ဆားတိုင်ဖြစ်လေ၏။
            ၂၇နံနက်စောစော အာဗြဟံသည် ထ၍၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေသောအရပ်သို့ သွားပြီလျှင်၊ ၂၈သောဒုံမြို့နှင့် ဂေါမောရမြို့မှစသော ချိုင့်အရပ်တရှောက်လုံးကိုကြည့်ရှု၍၊ မီးဖို၌အခိုးကဲ့သို့၊ တပြည်လုံး အခိုးတက် သည်ကို မြင်လေ၏။ ၂၉ထိုသို့ ဘုရားသခင်သည် ချိုင့်ထဲမှာ  ရှိသောမြို့တို့ကိုဖျက်ဆီးသောအခါ၊ အာဗြဟံကို အောက်မေ့တော်မူ၏။ လောတနေသော မြို့တို့ကို မှောက်လှဲသောအခါ၊ မောက်လှဲရာ ထဲကလောတကို လွှတ်လိုက် တော်မူ၏။
            ၃ဝလောတသည် ဇောရမြို့မှ ထွက်၍၊ သမီးနှစ်ယောက်နှင့်တကွ တောင်ပေါ်မှာ နေ၏။ ဇောရမြို့၌ မနေဝံ့၍၊ သမီးနှစ်ယောက်နှင့် တကွဥမှင်၌ နေ၏။ ၃၁သမီးအကြီးက၊ ငါတို့အဘအိုပြီ။ မြေကြီးသား အပေါင်းတို့၏ ဘာသာအတိုင်း၊ ငါတို့ထံသို့ဝင်ရသော ယောက်ျားတယောက်မျှမြေပေါ်မှာ မရှိ။ ၃၂လာကြ။ ငါတို့အဘကိုစပျစ်ရည် တိုက်ကြစို့၊ ငါတို့အဘ၏ အမျိုးအနွှယ်ကို စောင့်မ၍၊ သူနှင့်အိပ်ကြစို့ဟု ညီမကိုပြော ဆို၏။ ၃၃ထိုနေ့ညမှာ သူတို့သည် အဘကိုစပျစ်ရည်တိုက်ပြီးလျှင်၊ သမီးအကြီးသည် ဝင်၍ အဘနှင့် အိပ်လေ၏။ သူအိပ်ကြောင်းကို၎င်း၊ တကြောင်း ကို၎င်း အဘမသိ။ ၃၄နက်ဖြန်နေ့တွင် အကြီးကလည်း၊ မနေ့ညမှာငါသည် အဘနှင့်အိပ်လေပြီ။ ယနေ့ညတဖန်သူ့ကို စပျစ်ရည်တိုက်ကြစို့။ သင်သည်ဝင်၍ အဘ၏အမျိုးအနွှယ်ကို စောင့်မခြင်းငှါ၊ သူနှင့်အိပ်လော့ဟု ညီမကိုပြောဆို၏။ ၃၅ထိုနေ့ည၌လည်းသူတို့သည် အဘကိုစပျစ်ရည်တိုက်ပြီးလျှင်၊ အငယ်သည်ဝင်၍ အဘနှင့်အိပ်လေ၏။ အိပ်ကြောင်း ကို၎င်း၊ ထကြောင်းကို၎င်း၊ အဘမသိ။ ၃၆ထိုသို့လောတ၏သမီးနှစ်ယောက်တို့သည်၊ မိမိအဘအားဖြင့် ပဋိသန္ဓြေွစွဲ နေ၏။ ၃၇သမီးအကြီးသည်သားကိုဘွား၍ မောဘအမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင် ရှိသော မောဘအမျိုးသားတို့၏ အဘဖြစ်သတည်း။ ၃၈သမီးအငယ်သည်လည်း သားကိုဘွား၍၊ ဗေနမ္မိအမည် ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော အမ္မုန်အမျိုးသားတို့၏ အဘဖြစ် သတည်း။
Genesis 19
Sodom and Gomorrah Destroyed
 1 The two angels arrived at Sodom in the evening, and Lot was sitting in the gateway of the city. When he saw them, he got up to meet them and bowed down with his face to the ground. 2 "My lords," he said, "please turn aside to your servant's house. You can wash your feet and spend the night and then go on your way early in the morning."
      "No," they answered, "we will spend the night in the square."
 3 But he insisted so strongly that they did go with him and entered his house. He prepared a meal for them, baking bread without yeast, and they ate. 4 Before they had gone to bed, all the men from every part of the city of Sodom—both young and old—surrounded the house. 5 They called to Lot, "Where are the men who came to you tonight? Bring them out to us so that we can have sex with them."
 6 Lot went outside to meet them and shut the door behind him 7 and said, "No, my friends. Don't do this wicked thing. 8 Look, I have two daughters who have never slept with a man. Let me bring them out to you, and you can do what you like with them. But don't do anything to these men, for they have come under the protection of my roof."
 9 "Get out of our way," they replied. And they said, "This fellow came here as an alien, and now he wants to play the judge! We'll treat you worse than them." They kept bringing pressure on Lot and moved forward to break down the door.
 10 But the men inside reached out and pulled Lot back into the house and shut the door. 11 Then they struck the men who were at the door of the house, young and old, with blindness so that they could not find the door.
 12 The two men said to Lot, "Do you have anyone else here—sons-in-law, sons or daughters, or anyone else in the city who belongs to you? Get them out of here, 13 because we are going to destroy this place. The outcry to the LORD against its people is so great that he has sent us to destroy it."
 14 So Lot went out and spoke to his sons-in-law, who were pledged to marry [a] his daughters. He said, "Hurry and get out of this place, because the LORD is about to destroy the city!" But his sons-in-law thought he was joking.
 15 With the coming of dawn, the angels urged Lot, saying, "Hurry! Take your wife and your two daughters who are here, or you will be swept away when the city is punished."
 16 When he hesitated, the men grasped his hand and the hands of his wife and of his two daughters and led them safely out of the city, for the LORD was merciful to them. 17 As soon as they had brought them out, one of them said, "Flee for your lives! Don't look back, and don't stop anywhere in the plain! Flee to the mountains or you will be swept away!"
 18 But Lot said to them, "No, my lords, [b] please! 19 Your [c] servant has found favor in your [d] eyes, and you [e] have shown great kindness to me in sparing my life. But I can't flee to the mountains; this disaster will overtake me, and I'll die. 20 Look, here is a town near enough to run to, and it is small. Let me flee to it—it is very small, isn't it? Then my life will be spared."
 21 He said to him, "Very well, I will grant this request too; I will not overthrow the town you speak of. 22 But flee there quickly, because I cannot do anything until you reach it." (That is why the town was called Zoar. [f] )
 23 By the time Lot reached Zoar, the sun had risen over the land. 24 Then the LORD rained down burning sulfur on Sodom and Gomorrah—from the LORD out of the heavens. 25 Thus he overthrew those cities and the entire plain, including all those living in the cities—and also the vegetation in the land. 26 But Lot's wife looked back, and she became a pillar of salt.
 27 Early the next morning Abraham got up and returned to the place where he had stood before the LORD. 28 He looked down toward Sodom and Gomorrah, toward all the land of the plain, and he saw dense smoke rising from the land, like smoke from a furnace.
 29 So when God destroyed the cities of the plain, he remembered Abraham, and he brought Lot out of the catastrophe that overthrew the cities where Lot had lived.
Lot and His Daughters
 30 Lot and his two daughters left Zoar and settled in the mountains, for he was afraid to stay in Zoar. He and his two daughters lived in a cave. 31 One day the older daughter said to the younger, "Our father is old, and there is no man around here to lie with us, as is the custom all over the earth. 32 Let's get our father to drink wine and then lie with him and preserve our family line through our father."
 33 That night they got their father to drink wine, and the older daughter went in and lay with him. He was not aware of it when she lay down or when she got up.
 34 The next day the older daughter said to the younger, "Last night I lay with my father. Let's get him to drink wine again tonight, and you go in and lie with him so we can preserve our family line through our father." 35 So they got their father to drink wine that night also, and the younger daughter went and lay with him. Again he was not aware of it when she lay down or when she got up.
 36 So both of Lot's daughters became pregnant by their father. 37 The older daughter had a son, and she named him Moab [g] ; he is the father of the Moabites of today. 38 The younger daughter also had a son, and she named him Ben-Ammi [h] ; he is the father of the Ammonites of today.