ဟဗက္ကုတ်အနာဂတ္တိကျမ်း။

Habakkuk

            ၁ပရောဖက်ဟဗက္ကုတ်ခံရသော ဗျာဒိတ်တော်အချက်ဟူမူကား၊ ၂အိုထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော်မမူဘဲ၊ အဘယ်မျှကာလပတ်လုံးအကျွန်ုပ်အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မအမှုကိုခံ၍၊ ရှေ့တော်၌အဘယ်မျှကာလပတ်လုံး အော်ဟစ်ရပါမည်နည်။ ၃မတရားသော အမှုကို အကျွန်ုပ် အားအဘယ်ကြောင့်ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့်မြင်စေတော်မူ သနည်း။ လုယူခြင်း၊ အနိုင်အထက် ပြုခြင်းအမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း၊ အဘယ်ကြောင့်လူချင်းပြုရပါသနည်း။ ၄သို့ဖြစ်၍ တရားလျော့ပါ၏။ တရားသဖြင့် စီရင်ဆုံးဖြတ်ခြင်းမရှိပါ။ မတရား သောသူတို့သည် ဖြောင့်မတ်သောသူတို့ကို ဝိုင်းသောကြောင့်၊ မတရားသဖြင့် စီရင်ဆုံးဖြတ်ကြပါ၏။ ၅သစ္စာပျက် သောသူတို့ ကြည့်ရှုဆင်ခြင်၍ အလွန်မှိုင်တွေကြလော့။ အကြောင်းမူကား၊ သင်တို့အား သူတပါးပြုညွန်သော်လည်း သင်တို့မယုံသောအမှုကို သင်တို့လက်ထက် ကာလ၌ ငါပြု၏။ ၆ပြင်းထန်လျှင်မြန်သော ခါလဒဲအမျိုးကို ငါနှိုးဆော်၏။ ကိုယ်မပိုင်သော နေရာအရပ်တို့ကို သိမ်းယူခြင်းငှါ၊ မြေတပြင်လုံး၌ ချီသွားကြလိမ့်မည်။ ၇အလွန်ကြောက်မတ်ဘွယ် သောသူဖြစ်၍ ကိုယ်အလိုအလျောက် တရားစီရင်ဆုံးဖြတ်ကြပြီ။ ၈သူတို့၏ မြင်းသည်ကျားသစ်ထက် လျှင်မြန်၏။ ညဥ့်၌လည်သော တောခွေးထက်ကြမ်းတမ်း၏။ မြင်းစီးသူရဲတို့သည် အဝေးကလာ၍ ခုန်ကြလိမ့်မည်။ အကောင်ကို ကိုက်စားခြင်းငှါ၊ လျှင်မြန်သော ရွှေလင်းတကဲ့သို့ ပြန်လာကြလိမ့်မည်။ ၉ထိုသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းငှါ လာကြ၏။ ရှေ့သို့သာမျက်နှာပြုသော အလုံးအရင်ဖြစ်၍၊ ဘမ်းမိသောသူတို့ကို သဲလုံးနှင့် အမျှစုဝေးစေကြလိမ့်မည်။ ၁ဝရှင်ဘုရင်တို့ကိုအားမနာ မင်းများတို့ကိုပြက်ယယ်ပြုကြလိမ့်မည်။ ရဲတိုက်ရှိသမျှ တို့ကို ကဲ့ရဲ့လျက်၊ မြေမှုန့်ကို ပုံထား၍၊ တိုက်ယူကြလိမ့်မည်။ ၁၁ထိုနောက်၊ သူတို့သည် သဘော ပြောင်းလဲလျက်၊ လွန်ကျူး၍ အပြစ်ခံရကြလိမ့်မည်။ မိမိတို့တန်ခိုးသည် မိမိတို့ဘုရားဖြစ်လေသည်တကား။

            ၁၂အိုထာဝရဘုရား၊ အကျွန်ုပ်၏ ဘုရားသခင်၊ သန့်ရှင်းတော်မူသော ဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ တည်တော်မူသည်မဟုတ်လော။ သို့ဟုတ်လျှင် အကျွန်ုပ်တို့သည် သေခြင်းနှင့် ကင်းလွှတ် ကြပါမည်။ အိုထာဝရဘုရား၊ အကျွန်ုပ်ကို စစ်ကြောစေခြင်းငှါ၊ သူတို့ကိုခန့်ထားတော်မူပြီ။ အိုကျောက်ထရံ၊ ဆုံးမစေခြင်းငှါ သူတို့ကို နေရာချတော်မူပြီ။ ၁၃ကိုယ်တော်သည် ဒုစရိုက်ကို ကြည့်ရှုတော်မမူ။ သန့်ရှင်းသော မျက်စီရှိတော်မူ၏။ အဓမ္မအမှုကို ကြည့်ရှု့၍ နေတော်မမူတတ်ပါ။ သို့ဖြစ်၍၊ သစ္စာပျက်သောသူတို့ကို အဘယ်ကြောင့် ကြည့်ရှု၍ နေတော်မူသနည်း။ အဓမ္မလူ သည်မိမိထက်ဖြောင့်မတ်သောသူကို ကိုက်စား သောအခါ၊ အဘယ်ကြောင့်တိတ်ဆိတ်စွာနေတော်မူသနည်း။ ၁၄လူသတ္တဝါတို့ကိုလည်း ပင်လယ်ငါးကဲ့သို့၎င်း၊ မင်းမရှိသောပိုးကောင်ကဲ့သို့၎င်း အဘယ်ကြောင့်ဖြစ်စေတော်မူသနည်း။ ၁၅ရန်သူသည် ထိုသူအပေါင်း တို့ကိုငါးမျှားနှင့် မျှားလျက်၊ ကွန်နှင့် အုပ်လျက်၊ ပိုက်နှင့် လှောင်လျက် ဝမ်းမြောက်ရွှင်လန်းတတ်၏။ ၁၆မိမိကွန်အားယဇ်ပူဇော်၍၊ မိမိပိုက်အားနံ့သာပေါင်းကို မီးရှို့တတ်၏။ အကြောင်းမူကား၊ ထိုတန်ဆာ အားဖြင့် ဥစ္စာရတတ်၍ ဝစွာစားရ၏။ ၁၇သို့ဖြစ်၍၊ သူသည် ပိုက်ကွန်ထဲက ငါးတို့ကိုသွန်းလောင်းရပါမည် လော။ လူအမျိုးမျိုးတို့ကို မနှမြောဘဲ အစဉ်လုပ်ကြံရပါမည်လော။


 

 

 


 


Habakkuk 1

1 The oracle that Habakkuk the prophet received.

Habakkuk’s Complaint

2 How long, O LORD, must I call for help, but you do not listen?Or cry out to you, “Violence!” but you do not save?
3 Why do you make me look at injustice? Why do you tolerate wrong?Destruction and violence are before me; there is strife, and conflict abounds.
4 Therefore the law is paralyzed, and justice never prevails. The wicked hem in the righteous, so that justice is perverted.

The LORD'S Answer

5 “Look at the nations and watch— and be utterly amazed.For I am going to do something in your days that you would not believe, even if you were told.
6 I am raising up the Babylonians,that ruthless and impetuous people, who sweep across the whole earth to seize dwelling places not their own.
7 They are a feared and dreaded people;they are a law to themselves and promote their own honor.
8 Their horses are swifter than leopards, fiercer than wolves at dusk. Their cavalry gallops headlong; their horsemen come from afar. They fly like a vulture swooping to devour;
9 they all come bent on violence. Their hordes advance like a desert wind and gather prisoners like sand.
10 They deride kings and scoff at rulers.They laugh at all fortified cities; they build earthen ramps and capture them.
11 Then they sweep past like the wind and go on—guilty men, whose own strength is their god.”

Habakkuk’s Second Complaint

12 O LORD, are you not from everlasting?My God, my Holy One, we will not die.O LORD, you have appointed them to execute judgment; O Rock, you have ordained them to punish.
13 Your eyes are too pure to look on evil; you cannot tolerate wrong.Why then do you tolerate the treacherous?Why are you silent while the wicked swallow up those more righteous than themselves?
14 You have made men like fish in the sea, like sea creatures that have no ruler.
15 The wicked foe pulls all of them up with hooks,he catches them in his net,he gathers them up in his dragnet; and so he rejoices and is glad.
16 Therefore he sacrifices to his net and burns incense to his dragnet, for by his net he lives in luxury and enjoys the choicest food.
17 Is he to keep on emptying his net, destroying nations without mercy?