ယောလအနာဂတ္တိကျမ်း။   Joel

            ၁ပေသွေလ၏သား ယောလသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ၂အသက် ကြီးသောသူတို့၊ ကြားကြလော့။ ပြည်သူပြည်သားအပေါင်းတို့၊ နားထောင်ကြလော့။ ဤသို့သောအမှုသည် သင်တို့လက်ထက်၌ဖြစ်ဘူးသလော့။ ဘိုးဘေးတို့လက်ထက်၌ ဖြစ်ဘူးသလော။ ၃ကိုယ်သားတို့အားပြောကြလော့။ သူတို့သည် သူတို့သားတို့အားပြောကြစေ။ သူတို့သားတို့သည်လည်း ဆက်နွှယ်သောအခြားသူတို့အား ပြောကြစေ။ ၄ဂါဇံကျိုင်း ခြွင်းထားသောအရာကို အရာဘကျိုင်းစား၏။ အရာဘကျိုင်းခြွင်းထားသော အရာကို ယာလက်ကျိုင်းစား၏။ ယာလက်ကျိုင်းခြွင်းထားသောအရာကို ခါသိလကျိုင်းစား၏။ ၅သေသောက်ကျူးတို့၊ နိုး၍ ငိုကြွေးကြလော့။ စပျစ်ရည်ကို သောက်ကြူးသောသူတို့၊ သင်တို့သောက်ရန်ချိုသောစပျစ်ရည် ပြတ်သောကြောင့် ငိုကြွေးမြည်းတမ်းကြလော့။ ၆အကြောင်းမူကား၊ အားကြီး၍ မရေတွက်နိုင်အောင် များပြားသောအမျိုးသည် ငါ့ပြည်ပေါ်သို့ တတ်လာပြီ။ ထိုအမျိုး၏ သွားသည် ခြသေ့င်္သွားကဲ့သို့၎င်း၊ အံသွားသည်လည်း ခြင်္သေ့မအံသွား ကဲ့သို့၎င်း ဖြစ်၏။ ၇ငါ့စပျစ်နွယ်ပင်ကို ဖျက်စီး၍ ငါ့သင်္ဘောသဖန်းပင်ကို ကျိုးပဲ့စေပြီ။ သုတ်သင်ပယ်ရှင်း၍ ပစ်လိုက် လေပြီ။ အခက်အလက်တို့သည် ဖြူကြ၏။

            ၈-၉အသက်ငယ်စဉ်လက်ထပ်သော ခင်ပွန်းအတွက် လျှော်တေအဝတ်ကိုဝတ်သော သတို့သမီးကဲ့သို့ ငိုကြွေး မြည်းတမ်းလော့။ ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာပူဇော်သက္ကာသည် ထာဝရဘုရား၏ အိမ်တော်၌ ပြတ်၏။ ထာဝရဘုရား၏ အမှုတော်စောင့် ယဇ်ပုရောဟိတ်တို့သည် ငိုကြွေးမြည်းတမ်းကြ၏။ ၁ဝလယ်သည် ပြတ်၏။ မြေသည် ညှိုးငယ်၏။ စပါးလည်း ပျက်၏။ ချိုသောစပျစ်ရည်ကုန်ပြီ။ ဆီလည်းလျော့ပြီ။ ၁၁လယ်လုပ်သောသူတို့၊ လယ်၌ရိတ်ရသောအသီးအနှံ ပျက်သောကြောင့်၊ ဂျုံစပါးနှင့် မုယောစပါးအတွက် ရှက်ကြောက်ခြင်းရှိလော့။ ဥယျာဉ်ကိုပြုစုသော သူတို့၊ မြည်းတမ်းကြလော့။ ၁၂စပျစ်နွယ်ပင်သည် ညိ‡ုးနွမ်း၏။ သဘောင်္သဖန်းပင်လည်း သွေ့ခြောက်၏။ သလဲပင်၊ စွန်ပလွံပင်၊ ရှောက်ချိုပင်မှစ၍ တောသစ်ပင်ရှိသမျှ တို့သည် ညှိုးနွမ်းကြ၏။ အကယ်စင်စစ် လူသားတို့၌ ဝမ်းမြောက်စရာအကြောင်းသည် သွေ့ခြောက်၏။           

            ၁၃အိုယဇ်ပုရောဟိတ်တို့၊ လျှော်တေအဝတ်ကိုဝတ်၍ ငိုကြွေးကြလော့။ ယဇ်ပလ္လင်တော် အမှုစောင့်တို့၊ မြည်းတမ်းကြလော့။ ငါ၏ဘုရားသခင့်အမှုတော်စောင့်တို့၊ လာကြ။ လျှော်တေအဝတ်ကို ဝတ်လျက်၊ တညဥ့်လုံး အိပ်ကြလော့။ အကြောင်းမူကား၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာကို သင်တို့ဘုရားသခင်၏ အိမ်တော်၌ မဆက်ကပ်ဘဲနေကြပြီတကား။ ၁၄အစာရှောင်သော အချိန်ကို ခန့်ထားကြလော့။ ခြိုးခြံစွာကျင့်ရသော အချိန်ကို ကြော်ငြာကြလော့။ အသက်ကြီးသူမှစ၍ ပြည်သူပြည်သားများ အပေါင်းတို့ကို သင်တို့ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်၌ စည်းဝေး၍ ထာဝရဘုရားအား ဟစ်ကြော်ကြလော့။ ၁၅ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား၏ နေ့ရက်နီးပြီး။ အနန္တတန်ခိုးရှင်ဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။ ၁၆ငါတို့စား စရာသည် ငါတို့မျက်မှောက်၌ ပြတ်သည် မဟုတ်လော။ ငါတို့ဘုရားသခင်၏ အိမ်တော်၌ ဝမ်မြောက်ရွှင်လန်းခြင်း အကြောင်းလည်း ပြတ်သည်မဟုတ်လော။ ၁၇မျိုးစေ့တို့သည် မြေစိုင်အောက်မှာ ပုပ်ကြ၏။ စပါးပြတ်သောကြောင့် စပါးကျီတို့သည် ပျက်ကြ၏။ ဘဏ္ဍာတိုက်တို့သည် ပြိုကြ၏။ ၁၈တိရစ္ဆာန်တို့သည် အလွန်မြည်းတမ်းကြ၏။ နွားစုတို့သည် ကျက်စားရာအရပ်မရှိသောကြောင့် ပင်ပန်းကြ၏။ သိုးစုတို့သည်လည်း သေကြ၏။ ၁၉အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ဟစ်ကြော်ပါ၏။ တော၌ကျက်စားရာအရပ်တို့ကို မီးရှို့ပါပြီ။ တောသစ်ပင်ရှိသမျှတို့ကို မီးလျှံလောင်ပါပြီ။ ၂ဝတောသားရဲတို့သည်လည်း ကိုယ်တော်ကို ဟစ်ကြော်ကြပါ၏။ မြစ်ရေခန်းခြောက်ပါပြီ။ တော၌ကျက်စားရာအရပ်တို့ကိုလည်း မီးလောင်ပါပြီ။


 

 

 


 


Joel 1

1 The word of the LORD that came a to Joel b son of Pethuel.

An Invasion of Locusts

2 Hear this, c you elders; d listen, all who live in the land. e Has anything like this ever happened in your days or in the days of your forefathers? f
3 Tell it to your children, g and let your children tell it to their children, and their children to the next generation. h
4 What the locust i swarm has left the great locusts have eaten; what the great locusts have left the young locusts have eaten; what the young locusts have left j other locusts have eaten. k

5 Wake up, you drunkards, and weep! Wail, all you drinkers of wine; l wail because of the new wine, for it has been snatched m from your lips.
6 A nation has invaded my land, powerful and without number; n it has the teeth o of a lion, the fangs of a lioness.
7 It has laid waste p my vines and ruined my fig trees. q It has stripped off their bark and thrown it away, leaving their branches white.

8 Mourn like a virgin in sackcloth r grieving for the husband of her youth.
9 Grain offerings and drink offerings s are cut off from the house of the LORD. The priests are in mourning, t those who minister before the LORD.
10 The fields are ruined, the ground is dried up; u the grain is destroyed, the new wine v is dried up, the oil fails. w
11 Despair, you farmers, x wail, you vine growers; grieve for the wheat and the barley, y because the harvest of the field is destroyed. z
12 The vine is dried up and the fig tree is withered; a the pomegranate, b the palm and the apple tree—all the trees of the field—are dried up. c Surely the joy of mankind is withered away.

A Call to Repentance

13 Put on sackcloth, d O priests, and mourn; wail, you who minister e before the altar. Come, spend the night in sackcloth, you who minister before my God; for the grain offerings and drink offerings f are withheld from the house of your God.
14 Declare a holy fast; g call a sacred assembly. Summon the elders and all who live in the land h to the house of the LORD your God, and cry out i to the LORD. j

15 Alas for that k day! For the day of the LORD l is near; it will come like destruction from the Almighty. m

16 Has not the food been cut off n before our very eyes—joy and gladness o from the house of our God? p
17 The seeds are shriveled beneath the clods. q The storehouses are in ruins, the granaries have been broken down, for the grain has dried up.
18 How the cattle moan! The herds mill about because they have no pasture; r even the flocks of sheep are suffering. s

19 To you, O LORD, I call, t for fire u has devoured the open pastures v and flames have burned up all the trees of the field.
20 Even the wild animals pant for you; w the streams of water have dried up x and fire has devoured the open pastures. y