ယောနဝတ္ထု၊

Jonah

            ၁အမိတ္တဲ၏သား ယောနသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ၂သင်ထ၍ နိနေဝေမြို့ကြီးသို့သွားပြီးလျှင်၊ ခြိမ်းချောက်သောစကားနှင့် ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့တတ်လာပြီဟု မိန့်တော်မူ၏။ ၃သို့သော်လည်း၊ ယောနသည် ထာဝရဘုရားထံတော်မှ တာရှုမြို့သို့ ပြေးမည်အကြံရှိသည်နှင့် ထလျက်ယုပ္ပေမြို့သို့သွား၍ ရောက်သဖြင့်၊ တာရှုမြို့သို့သွားသော သင်္ဘောကိုတွေ့ကြုံ၍ သင်္ဘောခကိုပေးပြီးလျှင်၊ ထာဝရဘုရားထံတော်မှ သင်္ဘောသားတို့နှင့် အတူ တာရှုမြို့သို့လိုက်ခြင်းငှါ၊ သင်္ဘောကို စီးလေ၏။ ၄ထာဝရဘုရားသည်လည်း၊ ပြင်းစွာသောလေကို ပင်လယ်အပေါ်သို့စေလွှတ်တော်မှုသဖြင့်၊ ပင်လယ်၌ ကြီးစွာသော မိုဃ်းသက်မုန်တိုင်းဖြစ်၍၊ သင်္ဘောသည် ပျက်လုသော လက္ခဏာရှိ၏။ ၅ထိုအခါ သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးအသီးမိမိတို့ဘုရားကို အော်ဟစ်ကြ၏။ သင်္ဘောပေါ့စေခြင်းငှါ၊ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ၏။ ယောနမူကား၊ သင်္ဘောဝမ်းထဲသို့ဆင်း၍ အိပ်ပျော်လျက်နေ၏။ ၆သင်္ဘောသူကြီးသည် လာ၍အိုအိပ်ပျော် သောသူ၊ အဘယ်သို့နည်း။ ထလော့။ သင်၏ဘုရားကို ဆုတောင်းလော့။ ငါတို့အသက်လွတ်စေခြင်းငှါ၊ ထိုဘုရားသည် ငါတို့ကိုအောက်မေ့ကောင်း အောက်မေ့လိမ့်မည်ဟု ဆို၏။ ၇နောက်တဖန်သူတို့က၊ လာကြ။ အဘယ်သူ၏အပြစ် ကြောင့်၊ ဤအမှုရောက်သည်ကို ငါတို့သိရမည်အကြောင်း၊ စာရေးတံချကြကုန်အံ့ဟု တိုင်ပင်၍ စာရေးတံချလျှင် ယောန၌ စာရေးတံကျ၏။ ၈တဖန်သူတို့က အဘယ်အပြစ်ကြောင့်၊ ဤအမှုရောက်သည်ကို ပြောပါလော့။ သင်ဆောင်ရွက်သောအမှုက၊ အဘယ်အမှုနည်း။ သင်သည် အဘယ်အရပ်ကလာသနည်း။ အဘယ်ပြည်၊ အဘယ်အမျိုးသားဖြစ်သနည်း။ မေးမြန်းကြသော်၊ ၉ငါသည်ဟေဗြဲအမျိုးသားဖြစ်၏။ ရေမြေကို ဖန်ဆင်းတော်မူသော ကောင်းကင်ဘုံ၏ အရှင်ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်သောသူဖြစ်၏ဟု၊ ၁ဝထိုသူတို့သည် အလွန် ကြောက်ရွံ့၍၊ သင်သည်အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မေးကြ၏။ ယောနသည် ထာဝရဘုရားထံတော်မှ မိမိပြေးကြောင်းကိုဘော်ပြသောကြောင့် သူတို့သိကြ၏။

            ၁၁ထိုအခါ ပင်လယ်၌ လှိုင်းတံပိုးသည် တိုး၍ထသောကြောင့် သူတို့က၊ ငါတို့၌ လှိုင်းတံပိုးငြိမ်းစေခြင်းငှါ၊ သင့်ကိုအဘယ်သို့ပြုရမည်နည်းဟု မေးကြသော်။ ၁၂ငါ့ကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြလော့။ သို့ဖြစ်လျှင် လှိုင်းတံပိုး သည် သင်တို့၌ ငြိမ်းလိမ့်မည်။ ဤပြင်းစွာသော မိုဃ်းသက်မုန်တိုင်းသည် ငါ့ကြောင့်သာ သင်တို့အပေါ်သို့ရောက် သည်ကို ငါသိ၏ ဟုပြန်ပြောသော်လည်း၊ ၁၃သင်္ဘောသားတို့သည် ကမ်းသို့ရောက်အံ့သောငှါ၊ ပင်ပန်းစွာ တက်ခတ် ကြ၏။ သို့ရာတွင်၊ သူတို့တဘက်၌ လှိုင်းတံပိုးတိုး၍ထသောကြောင့်၊ သူတို့သည် မတက်နိုင်သောအခါ၊ ၁၄အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် တောင်းပန်ပါ၏။ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့သည် အကျိုးနည်း မဖြစ်ပါစေနှင့်။ အပြစ်မရှိသောသူ၏ အသက်သတ်သော အပြစ်ကိုအကျွန်ုပ်တို့၌ တင်တော်မမူပါနှင့်။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အလိုရှိတော်မူသည်အတိုင်း ပြုတော်မူ၏ဟု ထာဝရဘုရားအား ကြွေးကြော် တောင်းပန်ပြီးမှ၊ ၁၅ယောနကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြ၏။ ထိုအခါ ပင်လယ်လှိုင်းတံပိုးသည် ငြိမ်းလေ၏။ ၁၆သင်္ဘောသားတို့သည်လည်း ထာဝရဘုရားကို အလွန်ကြောက်ရွံ့သဖြင့် ယဇ်ပူဇော်၍ သစ္စာဂတိထားကြ၏။

            ၁၇ယောနကိုမျိုစေခြင်းငှါ ငါးကြီးကို ထာဝရဘုရား ခန့်ထားတော်မူသည်နှင့်အညီ၊ ယောနသည် ငါး၏ဝမ်း ထဲမှာ သုံးရက်ပတ်လုံးနေရ၏။


 

 

 


 


Jonah 1

Jonah Flees From the LORD

1 The word of the LORD came to Jonah son of Amittai:
2 “Go to the great city of Nineveh and preach against it, because its wickedness has come up before me.”
3 But Jonah ran away from the LORD and headed for Tarshish . He went down to Joppa, where he found a ship bound for that port. After paying the fare, he went aboard and sailed for Tarshish to flee from the LORD.
4 Then the LORD sent a great wind on the sea, and such a violent storm arose that the ship threatened to break up.
5 All the sailors were afraid and each cried out to his own god. And they threw the cargo into the sea to lighten the ship. But Jonah had gone below deck, where he lay down and fell into a deep sleep.
6 The captain went to him and said, “How can you sleep? Get up and call on your god! Maybe he will take notice of us, and we will not perish.”
7 Then the sailors said to each other, “Come, let us cast lots to find out who is responsible for this calamity.” They cast lots and the lot fell on Jonah.
8 So they asked him, “Tell us, who is responsible for making all this trouble for us? What do you do? Where do you come from? What is your country? From what people are you?”
9 He answered, “I am a Hebrew and I worship the LORD, the God of heaven, who made the sea and the land.”
10 This terrified them and they asked, “What have you done?” (They knew he was running away from the LORD, because he had already told them so.)
11 The sea was getting rougher and rougher. So they asked him, “What should we do to you to make the sea calm down for us?”
12 “Pick me up and throw me into the sea,” he replied, “and it will become calm. I know that it is my fault that this great storm has come upon you.”
13 Instead, the men did their best to row back to land. But they could not, for the sea grew even wilder than before.
14 Then they cried to the LORD, “O LORD, please do not let us die for taking this man’s life. Do not hold us accountable for killing an innocent man, for you, O LORD, have done as you pleased.”
15 Then they took Jonah and threw him overboard, and the raging sea grew calm.
16 At this the men greatly feared the LORD, and they offered a sacrifice to the LORD and made vows to him.
17 But the LORD provided a great fish to swallow Jonah, and Jonah was inside the fish three days and three nights.