|
ဓမ္မရာဇဝင်
တတိယစောင်။
1 Kings
၂၂
၁ရှုရိပြည်နှင့် ဣသရေလပြည်သည် စစ်မတိုက်ဘဲသုံးနှစ်နေပြီးမှ၊ ၂တတိယနှစ်တွင်၊၊
ယုဒရှင်ဘုရင် ယောရှဖတ် သည် ဣသရေလရှင်ဘုရင်ထံသို့လာ၏။ ၃ဣသရေလရှင်ဘုရင်ကလည်း၊
ဂိလဒ်ပြည် ရာမုတ်မြို့သည် ငါတို့နိုင်ငံ အဝင်ဖြစ်သည်ကို သင်တို့မသိလော့။
ငါတို့သည် ရှုရိရှင်ဘုရင်လက်မှ မနှုတ်မယူဘဲ ငြိမ်သက်စွာနေကြပြီတကားဟု
မိမိကျွန်တို့အား ဆို၏။ ၄ယောရှဖတ်မင်းအားလည်း၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့
ငါနှင့် အတူစစ်ချီမည်လောဟု မေးလျှင်၊ ယောရှဖတ်က၊ ငါသည်
မင်းကြီးကဲ့သို့ဖြစ်၏။ ငါ့လူတို့သည် မင်းကြီး၏ လူကဲ့သို့၎င်း၊
ငါ့မြင်းတို့သည် မင်းကြီး၏ မြင်းကဲ့သို့၎င်းဖြစ်ကြသည်ဟု ဣသရေလရှင်ဘုရင်အား
ပြန်ပြော၏။
၅တဖန်
ယောရှဖတ်က၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ယနေ့မေးမြန်းပါလော့ဟု
ဣသရေလရှင်ဘုရင် အားဆိုသော်၊ ၆ဣသရေလရှင်ဘုရင်သည် ပရောဖက်လေးရာတို့ကို
စုဝေးစေပြီးလျှင်၊ ငါသည်ဂိလဒ်ပြည် ရာမုတ်မြို့ သို့ စစ်ချီကောင်းသလော။
မချီဘဲနေကောင်းသလောဟု မေးသော်၊ သူတို့ကချီတော်မူပါ။ ထာဝရဘုရားသည်
အရှင်မင်းကြီး၏ လက်တော်သို့အပ်တော်မူမည်ဟု လျှောက်ကြ၏။ ၇ယောရှဖတ်ကလည်း၊
ငါတို့မေးမြန်းစရာ ထာဝရဘုရား၏ ပရောဖက်တစုံတပါးမျှ မရှိသလောဟုမေးသော်၊
၈ဣသရေလရှင်ဘုရင်က၊ ထာဝရဘုရားကိုမေးမြန်း ရသောသူတယောက် ဣမလသားမိက္ခာရှိသေး၏။
သို့ရာတွင် ထိုသူကိုငါမုန်း၏။ ငါ၌မင်္ဂလာစကားကိုမဟော။ အင်္ဂလာစကားကိုသာ
ဟောတတ်သည်ဟု ယောရှဖတ်အားဆိုလျှင်၊ ယောရှဖတ်ကထိုသို့မင်းကြီးမပြောပါနှင့်ဟု
ပြန်ဆို၏။ ၉ထိုအခါ၊ ဣသရေလရှင်ဘုရင်သည် အရာရှိတယောက်ကို ခေါ်၍၊
ဣမလသားမိက္ခာကို အလျှင်အမြန်းခေါ် ခဲ့ဟု မိန့်တော်မူ၏။ ၁ဝဣသရေလရှင်ဘုရင်နှင့်
ယုဒရှင်ဘုရင် ယောရှဖတ်တို့သည် မင်းမြောက်တန်ဆာကို ဝတ်ဆင်လျက်၊
ရှမာရိမြို့တံခါးဝရှေ့၊ ဟင်းလင်းသောအရပ်၌ ရာဇပလ္လင်တို့အပေါ်မှာထိုင်၍၊
ပရောဖက်အပေါင်း တို့သည်ရှေ့တော်၌ ဟောပြောကြ၏။ ၁၁ခေနာနာသား ဇေဒကိသည်
သံဦးချိုတို့ကိုလုပ်၍၊ ထာဝရဘုရားမိန့်တော် မူသည်ကား၊ ကိုယ်တော်သည်
ရှုရိလူတို့ကို မဖျက်ဆီးမှီတိုင်အောင် ဤဦးချိုတို့နှင့်
တိုးရမည်ဟုမိန့်တော်မူကြောင်း ကိုဆင့်ဆို၏။ ၁၂ပရောဖက်အပေါင်းတို့ကလည်း၊
ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍ အောင်တော်မူပါ။ ထာဝရဘုရား သည်
အရှင်မင်းကြီး၏ လက်တော်သို့အပ်တော်မူမည်ဟု ပရောဖက်ပြု၍ ဟောကြ၏။
၁၃မိက္ခာကိုခေါ်သော တမန်က၊ ပရောဖက်အပေါင်းတို့သည် မင်္ဂလာစကားကိုသာ
ရှင်ဘုရင်အားတညီတညွတ်တည်း ဟောကြ၏။ ကိုယ်တော်လည်း သူတို့ဟောကြသည်နည်းတူ
မင်္ဂလာစကားကိုသာ ဟောတော်မူပါဟု ဆိုလျှင်၊ ၁၄မိက္ခာက၊ ထာဝရဘုရားအသက်
ရှင်တော်မူသည်အတိုင်း၊ ထာဝရဘုရားမိန့်တော်မူသော စကားကိုသာ
ငါပြန်ပြောရမည်ဟုဆို၏။
၁၅ရှင်ဘုရင်ထံသို့ရောက်သောအခါ၊ ရှင်ဘုရင်က အချင်းမိက္ခာ၊ ငါတို့သည်
ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကောင်းသလော။ မချီဘဲနေကောင်းသလောဟု
မေးလျှင်၊ မိက္ခာက၊ စစ်ချီ၍အောင်တော်မူပါ။ ထာဝရဘုရားသည် အရှင်မင်းကြီး၏
လက်တော်သို့အပ်တော်မူမည်ဟု ပြန်လျှောက်၏။ ၁၆ရှင်ဘုရင်ကလည်း၊
မှန်သောစကားမှတပါး၊ အခြားသောစကားကို ထာဝရဘုရားအခွင့်နှင့်
သင်သည်ငါ့အားမဟောမှီအကြောင်း၊ ငါသည် ဘယ်နှစ်ကြိမ် တိုင်အောင်
သင့်အားအကျိန်ပေးရမည်နည်းဟုမေးသော်၊ ၁၇မိက္ခာက၊
ဣသရေလအမျိုးသားအပေါင်းတို့သည် သိုးထိန်းမရှိ သောသိုးကဲ့သို့
တောင်များအပေါ်မှာ အရပ်ရပ်ကွဲပြား လျက် ရှိကြသည်ကို ငါမြင်ပြီ။
ထာဝရဘုရားကလည်း၊ ဤသူအပေါင်းတို့သည် အရှင်မရှိသောကြောင့်၊
အသီးအသီးကိုယ်နေရာသို့ ပြန်ကြပါလေစေဟု မိန့်တော်မူကြောင်း ကိုလျှောက်ဆို၏။
၁၈ဣသရေလရှင်ဘုရင် ကလည်း၊ သူသည်ငါ၌မင်္ဂလာစကားကို မဟော၊ အမင်္ဂလာစကားကိုသာ
ဟောတတ်သည်ဟု မင်းကြီးအားငါမပြောသလောဟု ရှောရှဖတ်အားဆို၏။ ၁၉မိက္ခာကလည်း၊
သို့ဖြစ်၍ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ပါ။ ထာဝရဘုရားသည်
ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသည်ကို၎င်း၊ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည်
လက်ျာတော်ဘက် လက်ဝဲတော်ဘက်၌ ရပ်နေကြသည်ကို၎င်း၊ ငါမြင်ပြီ။
၂ဝထာဝရဘုရားကလည်း၊ အာဟပ်သည် ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍
ဆုံးစေခြင်းငှါ၊ အဘယ်သူသွေးဆောင်မည် နည်းဟု မေးတော်မူလျှင်၊
အခြံအရံတော်တို့သည် တယောက်တနည်းစီ ပြန်လျှောက်ကြ၏။ ၂၁တဖန်ဝိညာဉ်တပါး
သည်လာ၍၊ ထာဝရဘုရားရှေ့တော်၌ ရပ်လျက်၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟု
လျှောက်လျှင်၊ ၂၂ထာဝရဘုရားက အဘယ်သို့သွေးဆောင်မည်နည်းဟု မေးတော်မူသော်၊
အကျွန်ုပ်သွား၍ ထိုမင်းကြီး၏ ပရောဖက်အပေါင်းတို့အထဲမှာ မုသာစကားကို
ပြောတတ်သော စိတ်ဝိညာဉ်ဖြစ်ပါမည်ဟု ပြန်လျှောက်သော်၊ သင်သည် သွေးဆောင်၍
နိုင်လိမ့်မည်။ ထိုသို့သွား၍ ပြုလော့ဟု မိန့်တော်မူ၏။ ၂၃သို့ဖြစ်၍
ထာဝရဘုရားသည် မုသာစကားကိုပြောတတ်သော စိတ်ဝိညာဉ် ကိုမင်းကြီး၏
ပရောဖက်အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး၏ အမှုမှာ အမင်္ဂလာစကားကို
ပြောတော်မူပြီဟု ဟောလေ၏။ ၂၄ထိုအခါ ခေနာနာ၏သား ဇေဒကိသည် ချည်းလာ၍၊
မိက္ခာ၏ပါးကိုပုတ်လျှက်၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည်သင်နှင့် နှုတ်ဆက်ခြင်းငှါ၊
အဘယ်လမ်းဖြင့် ငါမှထွက်တော်မူသနည်းဟု မေးလျှင်၊ ၂၅မိက္ခာက၊
သင်သည်ပုန်းရှောင်၍ နေခြင်းငှါ အတွင်းခန်းထဲသို့ ဝင်သောနေ့၌
သင်မြင်လိမ့်မည်ဟု ဆို၏။ ၂၆ဣသရေလရှင်ဘုရင် က၊ မိက္ခာကို
မြို့ဝန်မင်းအာမုန်ထံ၊ သားတော်ယောရှထံသို့ ယူသွား၍၊ ၂၇ဤသူကိုထောင်ထဲမှာ
လှောင်ထားကြ။ ငါသည် ငြိမ်ဝပ်စွာပြန်၍ မလာမှီတိုင်အောင်
ဆင်းရဲစွာစားသောက်စေဟု အမိန့်တော်ရှိကြောင်းကို ဆင့်ဆိုလော့ဟု စီရင်၏။
၂၈မိက္ခာကလည်း၊ မင်းကြီးသည် ငြိမ်ဝပ်စွာပြန်လာရလျှင်၊ ထာဝရဘုရားသည်
ငါ့အားဖြင့် မိန့်တော်မမူ၊ အိုလူများအပေါင်းတို့ နားထောင်ကြလော့ဟုဆို၏။
၂၉ထိုသို့ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင် ယောရှဖတ်တို့သည်
ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီကြ၏။ ၃ဝဣသရေလရှင်ဘုရင်က၊
ငါသည်ခြားနားသောအယောင်ကိုဆောင်၍ စစ်ပွဲထဲသို့ဝင်မည်။ မင်းကြီးမူကား၊
မင်းမြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှဖတ်အားဆိုပြီးမှ၊ ဣသရေလ
ရှင်ဘုရင်သည် ခြားနားသော အယောင်ကိုဆောင်လျက်၊ စစ်ပွဲထဲသို့ဝင်၏။
၃၁ရှုရိရှင်ဘုရင်က၊ ဣသရေလ ရှင်ဘုရင်မှတပါး၊ အခြားသောလူကြီး
လူငယ်ကိုမတိုက်နှင့်ဟု ရထားစီးသူရဲများကို အုပ်သော
ဗိုလ်သုံးကျိပ်နှစ်ယောက်တို့ကို မှာထားနှင့်သောကြောင့်၊
၃၂ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည် ယောရှဖတ်ကို မြင်သောအခါ၊
အကယ်စင်စစ်ထိုသူသည် ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်ဟု ဆိုလျက်
သူ့ကိုတိုက်အံ့သောငှါ လမ်းလွှဲကြ၍၊ ယောရှဖတ်လည်းကြွေးကြော်လေ၏။
၃၃ဣသရေလရှင်ဘုရင် မဟုတ်ကြောင်းကို ရထားစီးသူရဲအုပ်ဗိုလ်မင်းတို့သည်
ရိပ်မိသောအခါ၊ မလိုက်ဘဲအခြားသို့ ရှောင်သွားကြ၏။ ၃၄လူတယောက်သည်
မရွယ်ဘဲလေးနှစ်ပြည့်၍၊ ဣသရေလရှင်ဘုရင်ကို သံချပ်အင်္ကျီအဆစ်ကြား မှာ
မှန်လေသော်၊ ငါ့ကိုစစ်ပွဲထဲက လှည့်၍ ထုတ်ဆောင်လော့။ ငါနာသည်ဟု
မိမိရထားတော်ထိန်းကို ဆို၏။ ၃၅ထိုနေ့၌တိုး၍တိုက်ကြ၏။ ရှင်ဘုရင်သည်
ရှုရိလူတဘက်တချက်၌ ရထားတော်ထဲမှာ လူကိုမှီ၍ ထိုင်နေ၏။ ညဦးယံ၌အသက်တော်ကုန်၏။
ထိခိုက်ရာအနာမှအသွေးသည် ရထားထဲသို့ယို၏။ ၃၆လူအပေါင်းတို့၊ ကိုယ်နေသော
မြို့ပြည်သို့ပြန်သွားကြဟု နေဝင်သောအခါ တတပ်လုံးကို ကြွေးကြော်လေ၏။
၃၇ထိုသို့ရှင်ဘုရင်သေ၍၊ ရှမာရိမြို့သို့ရောက်သဖြင့် သင်္ဂြိုဟ်ခြင်းကိုခံရ၏။
၃၈ရထားတော်နှင့် လက်နက်တော်ကို ရှမာရိမြို့ရေကန်၌ ဆေးသဖြင့်၊
ထာဝရဘုရားမိန့်တော်မူသောစကားနှင့် အညီ၊ ခွေးတို့သည် အသွေးကိုလျက်ကြ၏။
၃၉အာဟပ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့် တည်ဆောက် သော ဆင်စွယ်နန်း၊
ပြုစုသောမြို့တို့သည် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၄ဝအာဟပ်သည်
ဘိုးဘေးတို့နှင့် အိပ်ပျော်၍ သားတော်အာခဇိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
၄၁ဣသရေလရှင်ဘုရင်အာဟပ်နန်းစံလေးနှစ်တွင် အာသသား ယောရှဖတ်သည် အသက်သုံးဆယ်
ငါးနှစ်ရှိသော ယုဒနိုင်ငံကို အစိုးရ၍၊ ၄၂ယေရုရှလင်မြို့၌ နှစ်ဆယ်ငါးနှစ်
စိုးစံလေ၏။ မယ်တော်ကား ရှိလဟိသမီး အဇုဘ အမည်ရှိ၏။ ၄၃ထိုမင်းသည်
ခမည်းတော်အာသလိုက်သော လမ်းကိုမလွှဲ၊ အကုန်အစင်လိုက်၍ ထာဝရဘုရား ရှေ့တော်၌
ဖြောင့်မတ်သောအကျင့်ကိုသာ ကျင့်၏။ သို့ရာတွင် မြင့်သောအရပ်တို့ကို
မပယ်ရှားသောကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍ နံ့သာပေါင်းကို
မီးရှို့ကြ၏။ ၄၄ယောရှဖတ်မင်းသည် ဣသရေလရှင်ဘုရင်နှင့် စစ်မတိုက်
မိဿဟာယဖွဲ့လေ၏။ ၄၅ယောရှဖတ်ပြုမူသော အမှုအရာကြွင်းလေသမျှတို့နှင့်
တန်ခိုးကြီးခြင်း၊ စစ်တိုက်ခြင်းအရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
၄၆ခမည်းတော်အာသလက်ထက်၌ ကျန်ကြွင်းသေးသော ယောက်ျားအလိုသို့လိုက်တတ်သော
မိန်းမလျာတို့ကို ပြည်တော်မှ သုတ်သင်ပယ်ရှင်းလေ၏။ ၄၇ထိုကာလ၊
ဧဒုန်ပြည်၌ရှင်ဘုရှင်မရှိ။ ယုဒရှင်ဘုရင်ခန့်ထားသော မြို့ဝန်မင်းစီရင်ရ၏။
၄၈ယောရှဖတ်သည် သြဖိရ ပြည်သို့စေလွှတ်၍၊ ရွှေကိုယူစေခြင်းငှါ တာရှုသင်္ဘောတို့ကို
ဧဇယုန်ဂါဗာမြို့မှာ တည်၏။ ၄၉အာဟပ်သား အာခဇိက၊ င့ါကျွန်တို့သည်
မင်းကြီးကျွန်တို့နှင့် သင်္ဘောစီးပါစေဟု ယောရှဖတ်၌ အခွင့်တောင်း၍
ယောရှဖတ်သည် အခွင့်ပေး၏။ သို့သော်လည်း သင်္ဘောတို့သည် ဧဇယုန်ဂါဗာမြို့မှာ
ကျိုးပဲ့သောကြောင့်၊ သြဖိရမြို့သို့မသွားရ။ ၅ဝယောရှဖတ်သည် ဘိုးဘေးတို့နှင့်
အိပ်ပျော်၍ သူတို့နှင့် အတူ အဘဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကိုခံလေ၏။ သားတော်
ယဟောရံသည် ခမည်းတော်အရာ၌နန်းထိုင်၏။
၅၁ယုဒရှင်ဘုရင် ယောရှဖတ်နန်းစံ ဆယ်ခုနစ်နှစ်တွင်၊ အာဟပ်သားအာခဇိသည်
ရှမာရိမြို့၌မင်းပြု၍၊ ဣသရေလနိုင်ငံကို နှစ်နှစ်စိုးစံ၏။ ၅၂ထိုမင်းသည်
ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြု၍၊ မိဘလိုက်သောလမ်း၊
ဣသရေလအမျိုးကိုပြစ်မှားစေသော၊ နေဗတ်၏သား ယေရောဗောင်လိုက်သော
လမ်းသို့လိုက်လေ၏။ ၅၃ဗာလဘုရားကို ဝတ်ပြုကိုးကွယ်၍၊ အဘကျင့်လေသမျှအတိုင်း
ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်သတည်း။
ဓမ္မရာဇဝင်တတိယစောင်ပြီး၏။
|
1 Kings 22
Micaiah Prophesies Against Ahab
22:1-28 pp—2Ch 18:1-27
1 For three years there was no war between Aram and Israel.
2 But in the third year Jehoshaphat king of Judah went down to see the
king of Israel.
3 The king of Israel had said to his officials, “Don’t you know that
Ramoth Gilead d belongs to us and yet we are doing nothing to retake it
from the king of Aram?”
4 So he asked Jehoshaphat, “Will you go with me to fight e against
Ramoth Gilead?” Jehoshaphat replied to the king of Israel, “I am as you
are, my people as your people, my horses as your horses.”
5 But Jehoshaphat also said to the king of Israel, “First seek the
counsel f of the LORD.”
6 So the king of Israel brought together the prophets—about four hundred
men—and asked them, “Shall I go to war against Ramoth Gilead, or shall I
refrain?” “Go,” g they answered, “for the Lord will give it into the
king’s hand.” h
7 But Jehoshaphat asked, “Is there not a prophet i of the LORD here whom
we can inquire j of?”
8 The king of Israel answered Jehoshaphat, “There is still one man
through whom we can inquire of the LORD, but I hate k him because he
never prophesies anything good l about me, but always bad. He is Micaiah
son of Imlah.” “The king should not say that,” Jehoshaphat replied.
9 So the king of Israel called one of his officials and said, “Bring
Micaiah son of Imlah at once.”
10 Dressed in their royal robes, the king of Israel and Jehoshaphat king
of Judah were sitting on their thrones at the threshing floor m by the
entrance of the gate of Samaria, with all the prophets prophesying
before them.
11 Now Zedekiah n son of Kenaanah had made iron horns o and he declared,
“This is what the LORD says: ‘With these you will gore the Arameans
until they are destroyed.’ ”
12 All the other prophets were prophesying the same thing. “Attack
Ramoth Gilead and be victorious,” they said, “for the LORD will give it
into the king’s hand.”
13 The messenger who had gone to summon Micaiah said to him, “Look, as
one man the other prophets are predicting success for the king. Let your
word agree with theirs, and speak favorably.” p
14 But Micaiah said, “As surely as the LORD lives, I can tell him only
what the LORD tells me.” q
15 When he arrived, the king asked him, “Micaiah, shall we go to war
against Ramoth Gilead, or shall I refrain?” “Attack and be victorious,”
he answered, “for the LORD will give it into the king’s hand.”
16 The king said to him, “How many times must I make you swear to tell
me nothing but the truth in the name of the LORD?”
17 Then Micaiah answered, “I saw all Israel scattered r on the hills
like sheep without a shepherd, s and the LORD said, ‘These people have
no master. Let each one go home in peace.’ ”
18 The king of Israel said to Jehoshaphat, “Didn’t I tell you that he
never prophesies anything good about me, but only bad?”
19 Micaiah continued, “Therefore hear the word of the LORD: I saw the
LORD sitting on his throne t with all the host u of heaven standing
around him on his right and on his left.
20 And the LORD said, ‘Who will entice Ahab into attacking Ramoth Gilead
and going to his death there?’ “One suggested this, and another that.
21 Finally, a spirit came forward, stood before the LORD and said, ‘I
will entice him.’
22 “ ‘By what means?’ the LORD asked. “ ‘I will go out and be a lying v
spirit in the mouths of all his prophets,’ he said. “ ‘You will succeed
in enticing him,’ said the LORD. ‘Go and do it.’
23 “So now the LORD has put a lying w spirit in the mouths of all these
prophets x of yours. The LORD has decreed disaster y for you.”
24 Then Zedekiah z son of Kenaanah went up and slapped a Micaiah in the
face. “Which way did the spirit from 99 the LORD go when he went from me
to speak b to you?” he asked.
25 Micaiah replied, “You will find out on the day you go to hide c in an
inner room.”
26 The king of Israel then ordered, “Take Micaiah and send him back to
Amon the ruler of the city and to Joash the king’s son
27 and say, ‘This is what the king says: Put this fellow in prison d and
give him nothing but bread and water until I return safely.’ ”
28 Micaiah declared, “If you ever return safely, the LORD has not spoken
e through me.” Then he added, “Mark my words, all you people!”
Ahab Killed at Ramoth Gilead
22:29-36 pp—2Ch 18:28-34
29 So the king of Israel and Jehoshaphat king of Judah went up to Ramoth
Gilead.
30 The king of Israel said to Jehoshaphat, “I will enter the battle in
disguise, f but you wear your royal robes.” So the king of Israel
disguised himself and went into battle.
31 Now the king of Aram g had ordered his thirty-two chariot commanders,
“Do not fight with anyone, small or great, except the king h of Israel.”
32 When the chariot commanders saw Jehoshaphat, they thought, “Surely
this is the king of Israel.” So they turned to attack him, but when
Jehoshaphat cried out,
33 the chariot commanders saw that he was not the king of Israel and
stopped pursuing him.
34 But someone drew his bow i at random and hit the king of Israel
between the sections of his armor. The king told his chariot driver,
“Wheel around and get me out of the fighting. I’ve been wounded.”
35 All day long the battle raged, and the king was propped up in his
chariot facing the Arameans. The blood from his wound ran onto the floor
of the chariot, and that evening he died.
36 As the sun was setting, a cry spread through the army: “Every man to
his town; everyone to his land!” j
37 So the king died and was brought to Samaria, and they buried him
there.
38 They washed the chariot at a pool in Samaria (where the prostitutes
bathed), 100 and the dogs k licked up his blood, as the word of the LORD
had declared.
39 As for the other events of Ahab’s reign, including all he did, the
palace he built and inlaid with ivory, l and the cities he fortified,
are they not written in the book of the annals of the kings of Israel?
40 Ahab rested with his fathers. And Ahaziah his son succeeded him as
king.
Jehoshaphat King of Judah
22:41-50 pp—2Ch 20:31-21:1
41 Jehoshaphat son of Asa became king of Judah in the fourth year of
Ahab king of Israel.
42 Jehoshaphat was thirty-five years old when he became king, and he
reigned in Jerusalem twenty-five years. His mother’s name was Azubah
daughter of Shilhi.
43 In everything he walked in the ways of his father Asa m and did not
stray from them; he did what was right in the eyes of the LORD. The high
places, n however, were not removed, and the people continued to offer
sacrifices and burn incense there.
44 Jehoshaphat was also at peace with the king of Israel.
45 As for the other events of Jehoshaphat’s reign, the things he
achieved and his military exploits, are they not written in the book of
the annals of the kings of Judah?
46 He rid the land of the rest of the male shrine prostitutes o who
remained there even after the reign of his father Asa.
47 There was then no king p in Edom; a deputy ruled.
48 Now Jehoshaphat built a fleet of trading ships 101 q to go to Ophir
for gold, but they never set sail—they were wrecked at Ezion Geber. r
49 At that time Ahaziah son of Ahab said to Jehoshaphat, “Let my men
sail with your men,” but Jehoshaphat refused.
50 Then Jehoshaphat rested with his fathers and was buried with them in
the city of David his father. And Jehoram his son succeeded him.
Ahaziah King of Israel
51 Ahaziah son of Ahab became king of Israel in Samaria in the
seventeenth year of Jehoshaphat king of Judah, and he reigned over
Israel two years.
52 He did evil s in the eyes of the LORD, because he walked in the ways
of his father and mother and in the ways of Jeroboam son of Nebat, who
caused Israel to sin.
53 He served and worshiped Baal t and provoked the LORD, the God of
Israel, to anger, just as his father u had done.
|