ယေရမိမြည်တမ်းစကား။ 
 Lamentations

            ၅

            ၁အိုထာဝရဘုရား၊ အကျွန်ုပ်တို့၌ ရောက်သောအမှုကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ ခံရသော ကဲ့ရဲ့ခြင်းကို ကြည့်ရှု၍ ဆင်ခြင်တော်မူပါ။ ၂အကျွန်ုပ်တို့ အမွေခံရာမြေသည် တပါးအမျိုးသားတို့လက်သို့၎င်း၊ နေရာအိမ်တို့သည်လည်း တကျွန်းတနိုင်ငံသား တို့လက်သို့၎င်းရောက်ပါပြီ။ ၃အကျွန်ုပ်တို့သည် မိဘမရှိသော သူငယ် ဖြစ်ကြပါ၏။ အဘဆုံးပါပြီ။ အမိသည် မုတ်ဆိုးမကဲ့သို့ နေရပါ၏။ ၄ငွေပေးမှရေကိုသောက်ရပါ၏။ ထင်းကိုလည်း ဝယ်ရပါ၏။ ၅ထမ်းဘိုးကို အစဉ်ထမ်းရပါ၏။ မရပ်မနေ လုပ်ကိုင်ရပါ၏။ ၆စားစရာကို ရခြင်းငှါ အဲဂုတ္တုပြည်သား အာရှုရိပြည်သားတို့၌ ကျွန်ခံရပါ၏။ ၇ဘိုးဘေးတို့ သည် ပြစ်မှား၍ သေပြီးမှ အကျွန်ုပ်တို့သည် သူတို့အပြစ်များကို ခံရပါ၏၊၊ ၈သူ့ကျွန်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုး ကြပါ၏။ သူတို့လက်မှ အဘယ်သူမျှ မကယ်မနှုတ်ပါ၊၊ ၉တော၌ ထားဘေးနှင့် တွေ့၍ အသေခံလျက် စားစရာကို ရှာကြရပါ၏။ ၁ဝမွတ်သိပ်ခြင်းအရှိန်ကြောင့် အကျွန်ုပ်တို့၏ အရေသည် မီးဖိုကဲ့သို့ မည်းပါ၏။

            ၁၁ဇိအုန်မြို့၌ မိန်းမများကို၎င်း၊ ယုဒမြို့ရွာတို့၌ မိန်းမပျိုကို၎င်း အဓမ္မပြုကြပါ၏၊၊ ၁၂မှူးမတ်တို့ကို လက်ဖြင့် ဆွဲထားကြပါ၏။ အသက်ကြီးသောသူတို့ကိုလည်း မရိုသေကြပါ။ ၁၃လူပျိုတို့သည် ကြိတ်ဆုကို ထမ်းရကြပါ၏၊၊ သူငယ်တို့သည်လည်း ထင်းအောက်မှာ လဲရကြပါ၏။ ၁၄အသက်ကြီးသူတို့သည် မြို့တံခါးဝ၌၄င်း လူပျိုတို့သည် ပွဲသဘင်၌၄င်း ကွယ်ပျောက်ကြပါ၏။ ၁၅အကျွန်ုပ်တို့သည် နှလုံးရွှင်လန်း ခြင်းပြတ်၍၊ ကခြင်းအရာ၌ညည်းတွားခြင်း ရှိကြပါ၏၊၊ ၁၆အကျွန်ုပ်တို့ဆောင်းသောသရဖူသည်ကျပါပြီင်္။ အကျွန်ုပ်တို့သည် ပြစ်မှားသောကြောင့် အမင်္ဂလာရှိကြပါ၏။ ၁၇ထိုကြော့င် အကျွန်ုပ်တို့သည် စိတ်ပျက် ကြပါပြီ။ ထိုအပြစ်ကြောင့် မျက်စိတို့သည်လည်း မွဲကြပါပြီ။ ၁၈လူသူဆိတ်ညံလျက်ရှိသော ဇိုအုန် တောင်ပေါ်မှာ မြေခွေးတို့သည် သွားလာကြပါ၏။ ၁၉အိုထာဝရဘုရား  ကိုယ်တော်သည် နိစ္စအမြဲတည် တော်မူ၏။ ပလ္လင်တော်သည်လည်း ထာဝရပလ္လင်ဖြစ်ပါ၏။ ၂ဝကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ် တို့ကို အစဉ်မပြတ် မေလျော့တော်မူသနည်း။ အဘယ်ကြောင့် ကာလကြာမြင့်စွာ စွန့်ပစ်တော်မူသနည်း။ ၂၁အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည်ပြန်၍ လာကြပါမည်။ ရှေးကာလကဲ့သို့ အကျွန်ုပ်တို့ ပြန်၍လာကြပါမည်။ ရှေးကာလ ကဲ့သို့ အကျွန်ုပ်တို့ကာလကို အသစ်ပြန်ပြုပြင်တော်မူပါ၊၊ ၂၂အကယ်၍ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ရှင်းရှင်းပယ် တော်မူမည်လော။ ပြင်းစွာအမျက် ထွက်တော်မူ မည်လော။

 

ပရောဖက်ယေရမိမြည်တမ်းသော စကားပြီး၏။

Lamentations 5


1 Remember, O LORD, what has happened to us; look, and see our disgrace.
2 Our inheritance has been turned over to aliens,our homes to foreigners.
3 We have become orphans and fatherless, our mothers like widows.
4 We must buy the water we drink;our wood can be had only at a price.
5 Those who pursue us are at our heels; we are weary and find no rest.
6 We submitted to Egypt and Assyria to get enough bread.
7 Our fathers sinned and are no more, and we bear their punishment.
8 Slaves rule over us, and there is none to free us from their hands.
9 We get our bread at the risk of our lives because of the sword in the desert.
10 Our skin is hot as an oven, feverish from hunger.
11 Women have been ravished in Zion, and virgins in the towns of Judah.
12 Princes have been hung up by their hands; elders are shown no respect.
13 Young men toil at the millstones; boys stagger under loads of wood.
14 The elders are gone from the city gate; the young men have stopped their music.
15 Joy is gone from our hearts; our dancing has turned to mourning.
16 The crown has fallen from our head.Woe to us, for we have sinned!
17 Because of this our hearts are faint,because of these things our eyes grow dim
18 for Mount Zion, which lies desolate,with jackals prowling over it.

19 You, O LORD, reign forever;your throne endures from generation to generation.
20 Why do you always forget us?Why do you forsake us so long?
21 Restore us to yourself, O LORD, that we may return; renew our days as of old
22 unless you have utterly rejected us and are angry with us beyond measure.