ရှင်မာကုခရစ်ဝင်
Mark
၁
၁ဘုရားသခင်သားတော်ယေရှုခရစ်၏ ဧဝံဂေလိတရား၏
အစကိုဆိုပေအံ့။ ၂အနာဂတ္တိကျမ်းစာ၌ လာသည်ကား၊ ကြည့်ရှုလော့။
သင်သွားရာလမ်းကိုပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ ငါစေလွှတ်၏။ ၃တော၌ဟစ်
ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရားကြွတော်မူရာလမ်းကို ပြင်ကြလော့။
လမ်းခရီးတော်ကို ဖြောင့်စေ ကြလော့ဟု လာသည်နှင့်အညီ၊ ၄ယောဟန်သည် တော၌
ဗတ္တိဇံ ကိုပေးလျှက်၊ အပြစ်လွှတ်ခြင်း အဘို့အလိုငှါ နောင်တ
နှင့်စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟောလျက်ပေါ်ထွန်း၏။
၅ယေရှုရှလင်မြို့သားများမှ စ၍ ယုဒပြည်သူပြည်သား အပေါင်းတို့သည်၊
ယောဟန်ထံသို့ထွက်သွား၍ မိမိတို့အပြစ်များကို ဘော်ပြလျှက် ယော်ဒန်မြစ်၌
ဗတ္တိဇံ ကိုခံကြ၏။ ၆ယောဟန်သည် ကုလားအုတ်အမွှေးနှင့်ရက်သော
အဝတ်ကိုဝတ်လျက်၊ ခါး၌ သားရေခါးပန်းကို စည်းလျက်၊ ကျိုင်းကောင်နှင့်
တော၌ဖြစ်သောပျားရည်ကိုစားလျက်နေ၏။ ၇ဟောချက် စကားဟူမူကား၊ ငါ့ထက်
တတ်စွမ်းနိုင်သော သူသည် ငါ့နောက်ကြွလာ၏။ ထိုသူ၏ခြေနင်းတော်ကြိုးကိုမျှ
ငုံ့၍ဖြည်ခြင်းငှါ ငါမထိုက်။ ၈ငါသည် သင်တို့အား ရေ၌ ဗတ္တိဇံ ကိုပေး၏။
ထိုသူသည် သန့်ရှင်းသောဝိညာဉ် တော်၌ သင်တို့ကို ဗတ္တိဇံ ပေးမည်ဟု
ဟောသတည်း။
၉ထိုအခါ ယေရှုသည် ဂါလိလဲပြည် နာဇရက်မြို့မှကြွလာ၍
ယောဟန်လက်ဖြင့် ယော်ဒန်မြစ်၌ ဗတ္တိဇံ ကို ခံတော်မူ၏။ ၁ဝရေမှပေါ်ထစဉ်တွင်
ကောင်းကင်ကွဲ၍ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကိုယ်တော်အပေါ်၌
ဆင်းသက်တော်မူသည်ကို မြင်ရ၍၊ ၁၁သင်ကား ငါနှစ်သက်မြတ်နိုးရာ၊
ငါ၏ချစ်သားပေတည်း ဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ ၁၂ထိုခဏခြင်းတွင်
ဝိညာဉ်တော်သည် ယေရှုကို တောသို့သွားစေတော်မူ၏။ ၁၃အရက် လေးဆယ်ပတ်လုံး
ထိုတော၌နေ၍ စာတန်၏စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။
သားရဲတို့နှင့်အတူ ရှိတော်မူ၏။ ကောင်းကင်တမန်တို့သည်လည်း လုပ်ကျွေးကြ၏။
၁၄ယောဟန်သည် ထောင်ထဲသို့ရောက်သည် နောက်၊ ယေရှုသည်
ဂါလိလဲပြည်သို့ကြွတော်မူလျှင်၊ ၁၅အချိန်ပြည့်စုံပြီ၊
ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို
ယုံကြည်ကြလော့ ဟူသော ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သော
ဧဝံဂေလိတရားကို ဟောတော်မူ၏။
၁၆ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့်
အနြေ္ဒညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင်
ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊ ၁၇ထိုသူတို့အား
ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ
ငါပြုမည်ဟု အမိန့်တော်ရှိသော်၊ ၁၈ထိုသူတို့သည်
ချက်ခြင်းပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။
၁၉ထိုမှအနည်းငယ်လွန်ပြန်လျှင်၊ ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်ညီအစ်ကို
နှစ်ယောက်တို့သည် လှေပေါ်မှာပိုက်ကွန်ပြင်နေသည်ကိုမြင်၍
ချက်ခြင်းခေါ်တော်မူ၏။ ၂ဝထိုသူတို့သည်လည်း လှေပေါ်မှာရှိသော
သူငှါးတို့နှင့်တကွ အဘဇေဗေဒဲကို စွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။
၂၁ကပေရနောင်မြို့သို့သွားကြလျှင်၊ ဥပုသ်နေ့၌
ကိုယ်တော်သည်ချက်ခြင်း တရားစရပ်သို့ဝင်၍ ဆုံးမ သြဝါဒပေးတော်မူ၏။
၂၂ပရိသတ်တို့သည်လည်း ဆုံးမသြဝါဒပေးတော်မူခြင်းကို အလွန်အံ့သြကြ၏။
အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူမဟုတ်၊ အစိုးရသောသူနည်းတူ
ဆုံးမသြဝါဒပေးတော်မူ၏။ ၂၃ထိုသူတို့၏ တရားစရပ်၌ ညစ်ညူး
သောနတ်စွဲသောသူရှိ၍၊ ၂၄သြော် နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည်
အကျွန်ုပ်တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်တို့ကို
ဖျက်ဆီးခြင်းငှါလာသလော။ ကိုယ်တော်သည် အဘယ်သူဖြစ်သည်ကို အကျွန်ုပ်သိပါ၏။
ဘုရား သခင်၏ သန့်ရှင်းတော်မူသောသူဖြစ်ပါသည်ဟု ဟစ်ကြော်လေ၏။
၂၅ယေရှုကလည်း၊တိတ်ဆိတ်စွာနေလော့။ ထိုသူ၏ အထဲကထွက်သွားလော့ဟု
ဆုံးမတော်မူလျှင်၊ ၂၆ညစ်ညူးသောနတ်သည် ထိုသူကို တောင့်မာစေပြီးမှ၊
ကြီးသော အသံနှင့်အော်ဟစ်၍ ထွက်သွား၏။ ၂၇လူအပေါင်းတို့သည်
မိန်းမောတွေဝေ၍၊ ဤအမှုသည် အဘယ်သို့နည်း။ ဤဆုံးမခြင်းအသစ်သည်
အဘယ်သို့နည်း။ ညစ်ညူးသောနတ်တို့ကိုပင် အာဏာနှင့်မှာထား၍၊ သူတို့သည်
နားထောင်ကြသည်တကား ဟု အချင်းချင်းမေးမြန်းပြောဆိုကြ၏။
၂၈သိတင်းတော်သည်လည်း ဂါလိလဲပြည် အရပ်ရပ် တို့၌ ချက်ခြင်းနှံ့ပြား
ကျော်စောလေ၏။
၂၉တရားစရပ်မှထွက်ကြလျှင်၊ ရှိမုန်၊
အန္ဒြတို့အိမ်သို့ ယာကုပ်၊ ယောဟန်နှင့်တကွ ချက်ခြင်းသွားကြ၏။ ၃ဝရှိမုန်၏
ယောက္ခမသည် ဖျားနာစွဲ၍ တုံးလုံးနေသည်အကြောင်းကို အလျှင်အမြန်လျှောက်ကြ၏။
၃၁ကိုယ်တော် သည်လာ၍ ထိုမိန်းမ၏လက်ကိုကိုင်လျက်
ချီကြွတော်မူသည်ခဏချင်းတွင် သူသည်အဖျား ပျောက်၍ ဧည့်သည် ဝတ်ကို ပြုလေ၏။
၃၂နေဝင်၍ ညအချိန်ရောက်လျှင်၊ မကျန်းမမာသောသူနှင့်
နတ်ဆိုးစွဲသောသူရှိသမျှတို့ကို အထံတော် သို့ဆောင်ခဲ့၍၊ ၃၃တမြို့လုံးသည်
တံခါးနားမှာစုဝေးလျက်ရှိကြ၏။ ၃၄အထူးထူးအပြားပြားသော အနာစွဲသော သူများ
တို့ကို သက်သာစေတော်မူ၏။ နတ်ဆိုးများတို့ကိုလည်း နှင်ထုတ်တော်မူ၏။
နတ်ဆိုးတို့သည် ကိုယ်တော်ကို သိကြသောကြောင့်၊ စကားတခွန်းကိုမျှ
ပြောစေခြင်းငှါ အခွင့်ပေးတော်မမူ။
၃၅နံနက်အချိန်၊ မိုဃ်းမလင်းမှီ ကိုယ်တော်သည်
ထပြီးလျှင် တောအရပ်သို့ထွက်ကြွ၍ ဆုတောင်း တော်မူ၏။ ၃၆ရှိမုန်နှင့်
သူ၏အပေါင်းအဘော်တို့သည် လိုက်၍ရှာကြသော်၊ ၃၇ကိုယ်တော်ကိုတွေ့လျှင်
လူအပေါင်းတို့သည် ကိုယ်တော်ကိုရှာကြပါသည်ဟု လျှောက်ဆို၏။
၃၈ကိုယ်တော်ကလည်း ငါသည် နီးစပ်သော မြို့ရွာတို့၌ တရား ဟောခြင်းငှါ
သွားကြကုန်အံ့။ ထိုသို့အလိုငှါ ငါကြွလာပြီဟု မိန့်တော်မူ၏။
၃၉ဂါလိလဲပြည် အရပ်ရပ် တရားစရပ်တို့၌ တရားဟောလျက် နတ်ဆိုးတို့ကို
နှင်ထုတ်လျက်နေတော်မူ၏။
၎ဝနူနာစွဲသောသူတယောက်သည် အထံတော်သို့လာ၍
ဒူးထောက်လျက်၊ ကိုယ်တော်အလိုရှိလျှင် ကျွန်တော်ကို
သန့်ရှင်းစေနိုင်တော်မူသည် ဟု တောင်းပန်လေ၏။ ၄၁ယေရှုသည်
သနားသောစိတ်ရှိသဖြင့် လက်တော် ကိုဆန့်၍ ထိုသူကို တို့လျက်၊ ငါအလိုရှိ၏။
သန့်ရှင်းခြင်းသို့ရောက်စေဟု မိန့်တော်မူ၏။ ၄၂ထိုသို့မိန့်တော်မူသည်
ခဏခြင်းတွင် နူနာပျောက်၍သန့်ရှင်းခြင်းသို့ ရောက်လေ၏။ ၄၃-၄၄ယေရှုကလည်း၊
သင်သတိပြု။ အဘယ်သူအား စကားတခွန်းကိုမျှမပြောနှင့်။
ယဇ်ပရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ
သန့်ရှင်းခြင်းသို့ရောက်သည်အတွက်၊ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို
ဆက်လော့ ဟု မြစ်တား၍ ချက်ခြင်းလွှတ်လိုက်တော်မူ၏။ ၄၅ထိုသူသည် ထွက်သွား၍
စကားများသောအားဖြင့် ထိုအကြောင်းကို အနှံ့အပြား ကျော်စောစေ၏။
ထိုကြောင့် ကိုယ်တော်သည် နောက်တဖန်မြို့ထဲသို့ ထင်ရှားစွာ မဝင်ရဘဲ၊
မြို့ပြင်တောအရပ်၌သာ နေတော်မူ၍ အရပ်ရပ်တို့မှ အထံတော်သို့ရောက်လာကြ၏။
|
Mark 1
John the Baptist Prepares the Way
1:2-8 pp—Mt 3:1-11; Lk 3:2-16
1 The beginning of the gospel about Jesus Christ, the Son of God.
2 It is written in Isaiah the prophet: “I will send my messenger ahead
of you, who will prepare your way”—
3 “a voice of one calling in the desert, ‘Prepare the way for the Lord,
make straight paths for him.’ ”
4 And so John came, baptizing in the desert region and preaching a
baptism of repentance for the forgiveness of sins.
5 The whole Judean countryside and all the people of Jerusalem went out
to him. Confessing their sins, they were baptized by him in the Jordan
River.
6 John wore clothing made of camel’s hair, with a leather belt around
his waist, and he ate locusts and wild honey.
7 And this was his message: “After me will come one more powerful than
I, the thongs of whose sandals I am not worthy to stoop down and untie.
8 I baptize you with water, but he will baptize you with the Holy
Spirit.”
The Baptism and Temptation of Jesus
1:9-11 pp—Mt 3:13-17; Lk 3:21, 22 1:12, 13 pp—Mt 4:1-11; Lk 4:1-13
9 At that time Jesus came from Nazareth in Galilee and was baptized by
John in the Jordan.
10 As Jesus was coming up out of the water, he saw heaven being torn
open and the Spirit descending on him like a dove.
11 And a voice came from heaven: “You are my Son, whom I love; with you
I am well pleased.”
12 At once the Spirit sent him out into the desert,
13 and he was in the desert forty days, being tempted by Satan. He was
with the wild animals, and angels attended him.
The Calling of the First Disciples
1:16-20 pp—Mt 4:18-22; Lk 5:2-11; Jn 1:35-42
14 After John was put in prison, Jesus went into Galilee, proclaiming
the good news of God.
15 “The time has come,”he said. “The kingdom of God is near. Repent and
believe the good news!”
16 As Jesus walked beside the Sea of Galilee, he saw Simon and his
brother Andrew casting a net into the lake, for they were fishermen.
17 “Come, follow me,” Jesus said, “and I will make you fishers of men.”
18 At once they left their nets and followed him.
19 When he had gone a little farther, he saw James son of Zebedee and
his brother John in a boat, preparing their nets.
20 Without delay he called them, and they left their father Zebedee in
the boat with the hired men and followed him.
Jesus Drives Out an Evil Spirit
1:21-28 pp—Lk 4:31-37
21 They went to Capernaum, and when the Sabbath came, Jesus went into
the synagogue and began to teach.
22 The people were amazed at his teaching, because he taught them as one
who had authority, not as the teachers of the law.
23 Just then a man in their synagogue who was possessed by an evil
spirit cried out,
24 “What do you want with us, Jesus of Nazareth? Have you come to
destroy us? I know who you are—the Holy One of God!”
25 “Be quiet!” said Jesus sternly. “Come out of him!”
26 The evil spirit shook the man violently and came out of him with a
shriek.
27 The people were all so amazed that they asked each other, “What is
this? A new teaching—and with authority! He even gives orders to evil
spirits and they obey him.”
28 News about him spread quickly over the whole region of Galilee.
Jesus Heals Many
1:29-31 pp—Mt 8:14, 15; Lk 4:38, 39 1:32-34 pp—Mt 8:16, 17; Lk 4:40, 41
29 As soon as they left the synagogue, they went with James and John to
the home of Simon and Andrew.
30 Simon’s mother-in-law was in bed with a fever, and they told Jesus
about her.
31 So he went to her, took her hand and helped her up. The fever left
her and she began to wait on them.
32 That evening after sunset the people brought to Jesus all the sick
and demon-possessed.
33 The whole town gathered at the door,
34 and Jesus healed many who had various diseases. He also drove out
many demons, but he would not let the demons speak because they knew who
he was.
Jesus Prays in a Solitary Place
1:35-38 pp—Lk 4:42, 43
35 Very early in the morning, while it was still dark, Jesus got up,
left the house and went off to a solitary place, where he prayed.
36 Simon and his companions went to look for him,
37 and when they found him, they exclaimed: “Everyone is looking for
you!”
38 Jesus replied, “Let us go somewhere else—to the nearby villages—so I
can preach there also. That is why I have come.”
39 So he traveled throughout Galilee, preaching in their synagogues and
driving out demons.
A Man With Leprosy
1:40-44 pp—Mt 8:2-4; Lk 5:12-14
40 A man with leprosy came to him and begged him on his knees, “If you
are willing, you can make me clean.”
41 Filled with compassion, Jesus reached out his hand and touched the
man. “I am willing,” he said. “Be clean!”
42 Immediately the leprosy left him and he was cured.
43 Jesus sent him away at once with a strong warning:
44 “See that you don’t tell this to anyone. But go, show yourself to the
priest and offer the sacrifices that Moses commanded for your cleansing,
as a testimony to them.”
45 Instead he went out and began to talk freely, spreading the news. As
a result, Jesus could no longer enter a town openly but stayed outside
in lonely places. Yet the people still came to him from everywhere. |