ရှင်မဿဲခရစ်ဝင်။
Matthew
၁
၁အာဗြဟံနှင့် ဒါဝိဒ်တို့မှ ဆင်းသက်တော်မူသော
ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက်စာရင်း ဟူမူကား၊ ၂အာဗြဟံသား ဣဇာက်။
ဣဇာက်သား ယာကုပ်။ ယာကုပ်သား ယုဒမှစ၍ညီနောင်တစု။ ၃ယုဒသည် မိမိခင်ပွန်း
တာမာတွင်မြင်သောသား ဖာရက်နှင့် ဇာရ။ ဖာရက်သားဟေဇရုံ။ ဟေဇရုံသား အာရံ။
၎အာရံသားအမိနဒပ်။ အမိနဒပ်သားနာရှုန်။ နာရှုန်သားစာလမုန်။ ၅စာလမုန်သည်
မိမိခင်ပွန်း ရာခပ်တွင် မြင်သောသားဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင်
မြင်သောသား သြဗက်။ သြဗက်သား ယေရှဲ။ ယေရှဲသားဒါဝိဒ်မင်းကြီးတည်း။
၆ဒါဝိဒ်မင်းကြီးသည်
ဥရိယ၏ခင်ပွန်းဖြစ်ဘူးသောမိန်းမတွင်မြင်သောသား ရှောလမုန်။ ၇ရှောလမုန်
သား ရောဗောင်။ ရောဗောင်သားအဘိယ။ အဘိယသားအာသ။ ၈အာသသားယောရှဖတ်။
ယောရှက်ဖတ် သား ယဟောရံ။ ယဟောရံသားသြဇိ။ ၉သြဇိသားယောသံ။ ယောသံသားအာခတ်။
အာခတ်သားဟေဇကိ။ ၁ဝဟေဇကိ သားမနာရှေ။ မနာရှေသားအာမုန်။ အာမုန်သားယောရှိ။
၁၁ယောရှိသားယောယကိမ်။ ယောယကိမ်သည်ဗာဗုလုန် မြို့သို့
နေရာပြောင်းခါနီးတွင်မြင်သောသား ယေခေါနိမှစ၍ညီနောင်တစုတည်း။
၁၂ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်နောက်၊
ယေခေါနိသားရှာလသေလ။ ရှာလသေလသား ဇေရုဗဗေလ။ ၁၃ဇေရုဗဗေလသား အဗျုဒ်။
အဗျုဒ်သား ဧလျာကိမ်။ ဧလျာကိမ်သား အာဇော်။ ၁၄အာဇော်သား ဇာဒုတ်။
ဇာဒုတ်သား အာခိမ်။ အာခိမ်သားဧလုဒ်။ ၁၅ဧလုပ်သား ဧလာဇာ။ ဧလာဇာသား မဿန်။
မဿန်သား ယာကုပ်။ ၁၆ယာကုပ်မြင်သောသားကား၊ မာရိ၏ခင်ပွန်းယောသပ်တည်း။
ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ်သုမုတ်သော ယေရှု၏မယ်တော်ဖြစ်၏။
၁၇ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကာ၊
အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တဆယ်လေးဆက်၊ ဒါဝိဒ်မှသည်
ဗာဗုလုန်မြို့သို့နေရာပြောင်းသည့်တိုင်အောင် တဆယ်လေးဆက်၊
ဗာဗုလုန်မြို့သို့ပြောင်း ပြီးမှသည် ခရစ်တော်တိုင်အောင်
တဆယ်လေးဆက်ဖြစ်သတည်း။
၁၈ယေရှုခရစ်သည်
ဘွားမြင်ခြင်းကိုခံတော်မူသောအကြောင်းအရာဟူမူကား၊ မယ်တော်မာရိသည်
ယောသပ်နှင့်ထိမ်းမြားဆောင်နှင်း၍ မရှက်တင်မှီတွင်
သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓွေစွဲနေ၏။ ၁၉သူ၏
ခင်ပွန်းယောသပ်သည် သူတော်ကောင်းဖြစ်၍၊
မာရိအသရေကိုမပျက်စေချင်သောကြောင့် တိတ်ဆိတ်စွာစွန့်ပယ် မည်ဟုအကြံရှိ၏။
၂ဝထိုသို့ကြံစည်၍နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊
ထာဝရဘုရား၏ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊
သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်း ရမည်အခွင့်ကိုမစိုးရိမ်နှင့်။
ဤပဋိသန္ဓွေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။ ၂၁သားယောက်ျားကို
ဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို
အပြစ်မှကယ်ချွတ်မည်သူဖြစ်သောကြောင့်၊ ယေရှုဟူသော အမည်ဖြင့်မှည့်ရမည်ဟု
ကောင်းကင်တမန်ဆို၏။
၂၂ထိုအကြောင်းအရာမူကား၊ ထာဝရဘုရားသည်ပရောဖက်ဖြင့်
ထားတော်မူသောဗျာဒိတ်တော် ပြည့်စုံ မည်အကြောင်းတည်း။
၂၃ဗျာဒိတ်တော်အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီးကညာသည်
ပဋိသန္ဓွေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လတံ့။ ထိုသားကို
ဧမာနွေလအမည်ဖြင့်မှည့်ရလတံ့ ဟုလာသတည်း။ ဧမာနွေလအနက် ကား၊
ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ဟုဆိုလိုသတည်း။
၂၄ယောသပ်သည်အိပ်ပျော်ရာမှနိုးလျှင်၊ ထာဝဘုရား၏ကောင်းကင်တမန်
မှာထားသည်အတိုင်းပြု၍ မိမိခင်ပွန်းကိုထိန်းသိမ်းလေ၏။ ၂၅သို့သော်လည်း၊
သားဦးကို မဘွားမှီတိုင်အောင် သံဝါသမပြုဘဲနေ၏။
ထိုသားကိုလည်းယေရှုဟူသောအမည်ဖြင့်မှည့်လေ၏။
|
Matthew 1
The Genealogy of Jesus
1:1-17 pp—Lk 3:23-38 1:3-6 pp—Ru 4:18-22 1:7-11 pp—1Ch 3:10-17
1 A record of the genealogy of Jesus Christ the son of David, the son of
Abraham:
2 Abraham was the father of Isaac,Isaac the father of Jacob,Jacob the
father of Judah and his brothers,
3 Judah the father of Perez and Zerah, whose mother was Tamar,Perez the
father of Hezron,Hezron the father of Ram,
4 Ram the father of Amminadab,Amminadab the father of Nahshon,Nahshon
the father of Salmon,
5 Salmon the father of Boaz, whose mother was Rahab,Boaz the father of
Obed, whose mother was Ruth,Obed the father of Jesse,
6 and Jesse the father of King David.
David was the father of Solomon, whose mother had been Uriah’s wife,
7 Solomon the father of Rehoboam,Rehoboam the father of Abijah,Abijah
the father of Asa,
8 Asa the father of Jehoshaphat,Jehoshaphat the father of
Jehoram,Jehoram the father of Uzziah,
9 Uzziah the father of Jotham,Jotham the father of Ahaz,Ahaz the father
of Hezekiah,
10 Hezekiah the father of Manasseh,Manasseh the father of Amon,Amon the
father of Josiah,
11 and Josiah the father of Jeconiah and his brothers at the time of the
exile to Babylon.
12 After the exile to Babylon:Jeconiah was the father of
Shealtiel,Shealtiel the father of Zerubbabel,
13 Zerubbabel the father of Abiud,Abiud the father of Eliakim,Eliakim
the father of Azor,
14 Azor the father of Zadok,Zadok the father of Akim,Akim the father of
Eliud,
15 Eliud the father of Eleazar,Eleazar the father of Matthan,Matthan the
father of Jacob,
16 and Jacob the father of Joseph, the husband of Mary, of whom was born
Jesus, who is called Christ.
17 Thus there were fourteen generations in all from Abraham to David,
fourteen from David to the exile to Babylon, and fourteen from the exile
to the Christ.
The Birth of Jesus Christ
18 This is how the birth of Jesus Christ came about: His mother Mary was
pledged to be married to Joseph, but before they came together, she was
found to be with child through the Holy Spirit.
19 Because Joseph her husband was a righteous man and did not want to
expose her to public disgrace, he had in mind to divorce her quietly.
20 But after he had considered this, an angel of the Lord appeared to
him in a dream and said, “Joseph son of David, do not be afraid to take
Mary home as your wife, because what is conceived in her is from the
Holy Spirit.
21 She will give birth to a son, and you are to give him the name Jesus,
because he will save his people from their sins.”
22 All this took place to fulfill what the Lord had said through the
prophet:
23 “The virgin will be with child and will give birth to a son, and they
will call him Immanuel”—which means, “God with us.”
24 When Joseph woke up, he did what the angel of the Lord had commanded
him and took Mary home as his wife.
25 But he had no union with her until she gave birth to a son. And he
gave him the name Jesus. |