ဆာလံကျမ်း၊၊ Psalms
၁ဝ၁
            ၁ငါသည် သနားစုံမက်ခြင်း၊ တရားသဖြင့်စီရင်ခြင်းကို အကြောင်းပြု၍ သီချင်းဆိုပါမည်။ အိုထာဝဘုရား၊ ရှေ့တော်၌ သီချင်းဆိုပါမည်။ ၂စုံလင်သော တရားအတိုင်း ပညာသတိနှင့် ကျင့်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ဆီသို့ အဘယ်ကာလမှ ကြွလာတော်မူမည်နည်း။ ကိုယ့်အိမ်တွင်သန့်ရှင်းသော   စိတ်နှလုံးနှင့် ကျင့်ပါမည်။ ၃အဓမ္မအမှုအရာ ကိုမျက်မှောက်မပြုပါ။ လမ်းလွဲသောသူ၏ အမှုကို ရွံ့ရှာသည်ဖြစ်၍၊ ငါ၌ မမှီမကပ်ရ။ ၄သဘောကောက်သောသူသည် ငါ့ထံမှ ထွက်သွားရမည်။ မကောင်းသောသူနှင့်  ငါမပေါင်းဘော်။ ၅မိမိအိမ်နီးချင်း၏ အသရေကို တိတ်ဆိတ်စွာ ဖျက်သောသူကိုငါ ပယ်ဖြတ်မည်။ မျက်နှာထောင်လွှား၍ စိတ်မြင့်သော သူကိုလည်း သည်းမခံ။ ၆သစ္စာရှိသော ပြည်သားတို့ သည် ငါ့ထံမှာ နေမည်အ ကြောင်းသူတို့ကိုငါကြည့်ရှုရမည်။ စုံလင်သောတရား၌ ကျင်လည်သောသူ သည် ငါ၏ အမှုကို ဆောင်ရွက်ရမည်။ ၇လှည့်စားတက်သော သူမူကား၊ ငါ့အိမ်၌ မနေရ။ မုသာစကားကို ပြောတတ်သော သူသည်လည်း၊ ငါ့မျက်မှောက်၌ အခွင့်မရှိရ။ ၈ဆိုးသောအမှုကို ပြုသောသူအပေါင်းတို့ကို  ထာဝရဘုရား၏ မြို့တော်မှ ပယ်ဖြတ်မည်အကြောင်း၊ မတရားသောပြည်သား ရှိသမျှတို့ကို စောစောဖျက်ဆီးလေအံ့သတည်း။
Psalm 101
Of David. A psalm.
1 I will sing of your love and justice; to you, O LORD, I will sing praise.
2 I will be careful to lead a blameless life— when will you come to me?
I will walk in my house with blameless heart.
3 I will set before my eyes no vile thing.
The deeds of faithless men I hate; they will not cling to me.
4 Men of perverse heart shall be far from me; I will have nothing to do with evil.
5 Whoever slanders his neighbor in secret, him will I put to silence; whoever has haughty eyes and a proud heart, him will I not endure.
6 My eyes will be on the faithful in the land, that they may dwell with me; he whose walk is blameless will minister to me.
7 No one who practices deceit will dwell in my house; no one who speaks falsely will stand in my presence.
8 Every morning I will put to silence all the wicked in the land; I will cut off every evildoer from the city of the LORD.
၁ဝ၂
            ဆင်းရဲသောသူသည်ညှိုးငယ်သောစိတ်နှင့်
ထာဝရဘုရားရှေ့တော်၌ ညည်းတွားမြည်တမ်း၍ပြုသောပဌာနာ
            ၁အိုထာဝရဘုရား၊ အကျွန်ုပ်၏ ပဌာနာကို နားထောင်တော်မူပါ။ အကျွန်ုပ်အော်ဟစ်ခြင်းအသံသည် ရှေ့တော်သို့ရောက် ပါစေသော။ ၂ဘေးရောက်သည်ကာလ၌ မျက်နှာတော်ကို အကျွန်ုပ်မှ လွဲတော်မမူပါနှင့်။ အကျွန်ုပ်ခေါ်သောအခါ နား ထောင်တော်မူပါ။အလျင်အမြန် ထူးတော်မူပါ။ ၃အကြောင်းမူကား၊ အကျွန်ုပ်၏ နေ့ရက်ကာလသည် မီးခိုးကဲ့သို့ ကုန်တက်ပါ၏။ အကျွန်ုပ်၏အရိုးတို့သည် မီးချေးကဲ့သို့ ကျွမ်းကြပါ၏။ ၄အကျွန်ုပ်၏ နှလုံးသည့် မြက်ပင်ကဲ့သို့ အထိအခိုက်ခံရ၍၊ ညိ‡ုးနွမ်းလျက်ရှိပါ၏။ အစာစားခြင်းကိစ္စကို ပင်မေ့လျော့တက်ပါ၏။ ၅ကိုယ် ညည်းတွားခြင်းအသံကြောင့်၊ အကျွန်ုပ်၏ အရိုးတို့သည် အရေ၌ ကပ်လျက်ရှိကြပါ၏။ ၆အကျွန်ုပ်သည် လွင်ပြင်၌ နေသော ဝံပိုကဲ့သို့၎င်း၊ တော၌နေသော ဇီးကွက်ကဲ့သို့၎င်း ဖြစ်ပါ၏။ ၇အကျွန်ုပ်သည် အိမ်မိုးပေါ်မှာ တကောင်တည်းနေရသော ငှက်ကဲ့သို့ ဖြစ်၍ စောင့်လျက်နေရပါ၏။ ၈အကျွန်ုပ်ရန်သူ တို့သည် တနေ့လုံးကဲ့ရဲ့ ကြပါ၏။အကျွန်ုပ်တဘက်၌ စော်ကားသော သူတို့သည် အကျွန်ုပ်ကိုပုံခိုင်း၍ ကျိန်ဆိုတက်ကြပါ၏။ ၉-၁ဝစိတ်တော်မပြေ၊ အမျက်ထွက်တော်မူသောကြောင့်၊ အကျွန်ုပ်သည်ပြာကို မုန့်ကဲ့သို့ စားရပါ၏။ သောက်သောအခါလည်း၊ မျက်ရည် ရော၍ သောက်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို မြှောက်ပြီးမှ အောက်သို့ ချတော်မူပြီ။ ၁၁အကျွန်ုပ်၏ နေ့ရက်တို့သည် ရှည်လျားသောအရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့အကျွန်ုပ်ညှိုးနွမ်းပါ၏။
            ၁၂အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ၏။ နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။ ၁၃ထတော်မူပါ။ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနား ရသောအချိန်၊ ချိန်းချက် တော်မူသော အချိန်ရောက် ပါပြီ။ ၁၄ကိုယ်တော်၏ ကျွန်တို့သည် ထိုမြို့၏ ကျောက်ခဲတို့ကိုပင် နှစ်သက်၍၊ သူ၏ မြေမှုန့်ကိုပင် စုံမက်ကြပါ၏။၁၅တပါး အမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကို၎င်း၊ လောကီရှင်ဘုရင်အပေါင်း တို့သည် ဘုန်းတော်ကို၎င်း၊ ကြောက်ရွံ့ကြပါလိမ့်မည်။ ၁၆ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။ ၁၇ကိုးကွယ်ရာ မဲ့သောသူတို့ ဆုတောင်းခြင်းအကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌာနကို မှတ်တော်မူလိမ့်မည်။ ၁၈ထိုအကြောင်းအရာ ကို  နောက်ဖြစ်လတံ့သော လူမျိုးတို့အဘို့ ရေးမှတ် ရမည်။ပြုပြင်တော်မူလတံ့သောသူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။ ၁၉-၂၂ချုပ်ထားသောသူ၏ ညည်းတွားသံကို နားထောင်ခြင်းငှာ၊ သေရမည့်သူတို့ကို လွှတ်ခြင်းငှာ၎င်း၊ အတိုင်းတိုင်း အပြည်ပြည်သောလူမျိုးတို့သည် ထာဝရဘုရား၏ ဝတ်ကိုပြုလျက် စုဝေးကြသောအခါ၊ ဇိအုန်တောင်ပေါ်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှားစေခြင်းငှာ၊ သန့်ရှင်းရာ ဌာနတော်အထွဋိ ကငုံကြည့် တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရားသည် မြေကြီးကို ရှုမှတ်တော်မူ၏။
            ၂၃လမ်းခရီး၌ ငါ၏ အစွမ်းကို လျော့စေခြင်းငှာ၎င်း၊ ငါ၏ နေ့ရက်ကာလကို တိုစေခြင်းငှါ၎င်း၊ ပြုတော်မူသော အခါ၊ ၂၄ငါလျှောက်သော အချက်ဟူမူကား၊ အို အကျွန်ုပ်၏ ဘုရား၊ အကျွန်ုပ်ကို အသက်ပျိုစင်ပင် ပယ်ရှင်းတော် မမူပါနှင့်၊ ကိုယ်တော်၏နှစ်တို့သည် ကာလအစဉ်အဆက် မြဲကြပါ၏။ ၂၅ကိုယ်တော်သည် ရှေးဦးစွာ၌ မြေကြီးကို  တည်တော်မူပြီ။ မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာ ဖြစ်ပါ၏။ ၂၆ထိုအရာတို့သည် ပျက်စီး ခြင်းသို့ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။  ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်း နွမ်းခြင်းသို့ရောက်၍ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့လဲတော်မူသဖြင့် ပြောင်းလဲခြင်း ရှိကြသော်လည်း၊ ၂၇ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ ၂၈အသက်တော်လည်းမကုန်ဆုံးရပါ။ ကိုယ်တော် ကျွန်တို့၏ သားမြေးတို့ သည် တည်၍၊ အမျိုးအနွယ်သည်လည်း ရှေ့တော်၌ မြဲမြံပါလိမ့်မည်။
Psalm 102
A prayer of an afflicted man. When he is faint and pours out his lament before the LORD.
1 Hear my prayer, O LORD; let my cry for help come to you.
2 Do not hide your face from me when I am in distress. Turn your ear to me; when I call, answer me quickly.
3 For my days vanish like smoke; my bones burn like glowing embers.
4 My heart is blighted and withered like grass; I forget to eat my food.
5 Because of my loud groaning I am reduced to skin and bones.
6 I am like a desert owl, like an owl among the ruins.
7 I lie awake; I have become like a bird alone on a roof.
8 All day long my enemies taunt me; those who rail against me use my name as a curse.
9 For I eat ashes as my food and mingle my drink with tears
10 because of your great wrath, for you have taken me up and thrown me aside.
11 My days are like the evening shadow; I wither away like grass.
12 But you, O LORD, sit enthroned forever; your renown endures through all generations.
13 You will arise and have compassion on Zion, for it is time to show favor to her; the appointed time has come.
14 For her stones are dear to your servants; her very dust moves them to pity.
15 The nations will fear the name of the LORD, all the kings of the earth will revere your glory.
16 For the LORD will rebuild Zion and appear in his glory.
17 He will respond to the prayer of the destitute; he will not despise their plea.
18 Let this be written for a future generation, that a people not yet created may praise the LORD:
19 “The LORD looked down from his sanctuary on high, from heaven he viewed the earth,
20 to hear the groans of the prisoners and release those condemned to death.”
21 So the name of the LORD will be declared in Zion and his praise in Jerusalem
22 when the peoples and the kingdoms assemble to worship the LORD.
23 In the course of my life he broke my strength; he cut short my days.
24 So I said: “Do not take me away, O my God, in the midst of my days; your years go on through all generations.
25 In the beginning you laid the foundations of the earth, and the heavens are the work of your hands.
26 They will perish, but you remain; they will all wear out like a garment. Like clothing you will change them and they will be discarded.
27 But you remain the same, and your years will never end.
28 The children of your servants will live in your presence; their descendants will be established before you.”
၁ဝ၃
            ၁အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကိုကောင်းကြီးပေးလော့။ ငါ၏ အထဲမှာ ရှိသမျှတို့ ၊ သန့်ရှင်းသော နာမတော်ကို ကောင်းကြီး ပေးကြလော့။ ၂အိုငါ့ဝိညာဉ်၊ထာဝရဘုရားကိုကောင်းချီးပေးလော့။ ကျေးဇူးတော် အပေါင်းကို မမေ့လျော့နှင့်။ ၃သင်၏ အပြစ် အလုံးစုံတို့ကို ဖြေလွှတ်၍ သင်၏အနာရောဂါရှိသမျှတို့ကို လည်း ပျောက်စေတော်မူ၏။ ၄သင်၏ အသက်ကို ဖျက်ဆီးခြင်း ထဲကရွေး၍ ကျေးဇူးတော် ကရုဏာတော်များနှင့် သင်၏ ခေါင်းကို ရစ်ပတ်တော်မူ၏။ ၅သင့်ကို အသက်ကြီးစဉ်၊ ကောင်းသော အရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည်  ရွေလင်းတ၏ အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
            ၆ထာဝရဘုရားသည် ညှင်းဆဲခြင်းကိုခံရသမျှ သော သူတို့အဘို့တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။ ၇ဘာသာဓလေ့တော်တို့ကိုမောရှေ၌၄င်း၊ စီရင်တော်မူသောအရာတို့ကို ဣသရေလအမျိုးသားတို့၌၄င်း ပြတော်မူပြီ။ ၈ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတက်သောသဘော၊ စိတ်ရှည်၍ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။ ၉အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။ ၁ဝငါတို့ပစ်မှားခြင်းနှင့် အလျောက် ငါတို့၌ပြုတော်မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်။ ၁၁မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည့်အတိုင်း ထာဝရဘုရားကိုကြောက်ရွံသောသူတို့၌ ဂရုဏာတော်သည် အားကြီးပေ၏၊၊ ၁၂အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့် ဝေးသည်အတိုင်း၊ ငါတို့ အပြစ်များကို ငါတို့နှင့် ဝေးစေတော်မူ၏၊၊ ၁၃အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သော သူတို့ကို  သနားစုံမက်တော် မူ၏။ ၁၄အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓြွာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်း ကို အောက်မေ့တော်မူ၏။ ၁၅လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ ဖြစ်၏။လူသည် လယ်ပြင် ၌ရှိသောပန်းပွင့်ကဲ့သို့ ပွင့်တတ်၏။ ၁၆လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏ နေရာသည် နောက်တဖန် သူ့ကို မသိရာ။ ၁၇ထာဝရဘုရား၏  ကရုဏာတော်မူကား၊ ကြောက်ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက်ရောက်တက်၏။ ၁၈သစ္စာတော်ကို စောင့်၍ ပညတ်တော်တို့ကို ကျင့်ခြင်းငှာ ၊ သတိပြုသော သူတို့၏ သားစဉ် မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
            ၁၉ထာဝရဘုရားသည် ပလင်တော်ကို ကောင်းကင်ဘုံ၌ တည်တော်မူ၍ ၊ အာဏာတော်သည် ခပ်သိမ်းသော အရပ်တို့ကို နှံ့ပြား၏။ ၂ဝတန်ခိုးကြီးသော နှုတ်ကပတ်တော်အသံကို နားထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းချီးပေးကြလော့။ ၂၁အလိုတော်သို့လိုက်သော အမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော် အပေါင်းတို့ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။ ၂၂နိုင်ငံတော်အရပ်ရပ်၌ စီရင်ဖန်ဆင်းတော်မူသမျှတို့၊ ထာဝရဘုရားကိုကောင်းကြီး ပေးကြလော့။
Psalm 103
Of David.
1 Praise the LORD, O my soul; all my inmost being, praise his holy name.
2 Praise the LORD, O my soul, and forget not all his benefits—
3 who forgives all your sins and heals all your diseases,
4 who redeems your life from the pit and crowns you with love and compassion,
5 who satisfies your desires with good things so that your youth is renewed like the eagle’s.
6 The LORD works righteousness and justice for all the oppressed.
7 He made known his ways to Moses, his deeds to the people of Israel:
8 The LORD is compassionate and gracious, slow to anger, abounding in love.
9 He will not always accuse, nor will he harbor his anger forever;
10 he does not treat us as our sins deserve or repay us according to our iniquities.
11 For as high as the heavens are above the earth, so great is his love for those who fear him;
12 as far as the east is from the west, so far has he removed our transgressions from us.
13 As a father has compassion on his children, so the LORD has compassion on those who fear him;
14 for he knows how we are formed, he remembers that we are dust.
15 As for man, his days are like grass, he flourishes like a flower of the field;
16 the wind blows over it and it is gone, and its place remembers it no more.
17 But from everlasting to everlasting the LORD'S love is with those who fear him, and his righteousness with their children’s children—
18 with those who keep his covenant and remember to obey his precepts.
19 The LORD has established his throne in heaven, and his kingdom rules over all.
20 Praise the LORD, you his angels, you mighty ones who do his bidding, who obey his word.
21 Praise the LORD, all his heavenly hosts, you his servants who do his will.
22 Praise the LORD, all his works everywhere in his dominion.
Praise the LORD, O my soul.
၁ဝ၎
            ၁အိုငါ့ဝိညာဉ်၊ထာဝရဘုရားကို ကောင်းကြီးပေးလော့။ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား ကိုယ်တော် သည် အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းတန်ခိုးအာနုဘော်နှင့် တန်ဆာဆင်တော်မူ၏။ ၂အဝတ်နှင့်ခြုံသကဲ့သို့၊ အလင်းနှင့်ကိုယ်တော်ကို ခြုံတော်မူထသော၊ မိုဃ်းကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်တော်မူထသော၊ ၃နေတော်မူရာ အထက်ခန်း၊ အမြစ်ကို ရေ၌တည်တော်မူသော၊ မိုဃ်းတိမ်ရထားကို စီး၍ လေအတောင်တို့ဖြင့် ကြွသွားတော်မူထသော၊  ၄မိမိတမန်တို့ကို လေကဲ့သို့ ၄င်း၊ မိမိအစေအပါးတို့ကိုမီးလျှံကဲ့သို့၎င်း ဖြစ်စေတော်မူထ သော၊ ၅မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်ရှားစေခြင်းငှာ၊ တည်တော်မူသောဘုရားပေတည်း။
            ၆ကိုယ်တော်သည် မြေကြီးကို အဝတ်နှင့် ဖုံးသကဲ့သို့၊ ပင်လယ်နှင့် ဖုံးတော်မူ၍၊ ရေတို့သည် တောင်များအ ပေါ်မှာရပ်နေကြပါ၏။ ၇တဖန်ဆုံးမတော်မူ၍ သူတို့သည် ပြေးကြပါ၏။ မိုဃ်းချုန်းတော်မူသံကို ကြား၍၊ အလျင်အမြန် ပြန်သွားကြပါ၏။  ၈တောင်တို့သည်တက်လျက်၊ ချိုင့်တို့သည် ဆင်းလျက်၊ သူတို့ဘို့ ခွဲတော်မူသော အရပ်သို့ရောက် ကြပါ၏။ ၉ရေတို့သည် ပြန်လာ၍ မြေကြီးကို မလွှမ်းမိုးစေခြင်းငှာ၊ မကျော်ရသောနယ်စပ်ကို ပိုင်းခြားတော်မူ၏။
            ၁ဝထာဝရဘုရားသည် ချိုင့်များထဲသို့ စမ်းရေကို လွှတ်တော်မူ၍၊ ရေသည် တောင်တို့တွင် စီးလျက်၊ ၁၁မြေ တိရစ္ဆာန် အပေါင်းတို့အား သောက်ရသောအခွင့်ကို ပေး၏။ မြည်းရိုင်းတို့သည် အငတ်ပြေရကြသည်။ ၁၂ထိုရေအနား မှာ မိုဃ်းကောင်းကင်ငှက်တို့သည် နေရာကျ၍၊ သစ်ပင်အခက်အလတ်တို့တွင် ကြွေးကြော်ကြ၏။ ၁၃အထက်ခန်းတော်ထဲက  တောင်များကို ရေပေးတော်မူ၏။ စီရင်ပြုပြင်တော်မူခြင်း အကျိုးကြောင့်၊ မြေကြီးသည် ရောင့်ရဲလျက်ရှိ၏။ ၁၄တိရစ္ဆာန်တို့ မြက်ပင်ကို၎င်း၊ လူသုံးဘို့စပါးပင်ကို၎င်း၊ ပေါက်စေတော်မူသဖြင့်၊ မြေကြီးထဲက မုန့်ကို ထုတ်ဘော် တော်မူ၏။ ၁၅စပျစ်ရည် သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်းသူတို့မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း၊ သူတို့နှလုံးကို ထောက်မ၏။ ၁၆ထာဝရဘုရား၏ သစ်ပင်၊ စိုက်တော်မူသော လေဗနုန် အာရဇ်ပင် တို့သည်လည်း ရောင့်ရဲလျက်ရှိကြ၏။ ၁၇ထိုအပင်တို့၌ ငှက်တို့သည် အသိုက်လုပ်တတ်ကြ၏။ ထင်းရူးပင်တို့၌ တောငန်းတို့သည် နေရာကျတတ်ကြ၏။ ၁၈မြင့်သော တောင်တို့သည် တောဆိတ်များမှီခိုရာ၊ ကျောက်တို့ သည် ရှာဖန်ယုန်များ မှီခိုရာ ဖြစ်ကြ၏။ ၁၉ချိန်းချက်သော အချိန်ဘို့၊ လကို ဖန်ဆင်းတော်မူပြီ။ နေသည်လည်း မိမိဝင်ရသော အချိန်ကို သိ၏။
            ၂ဝကိုယ်တော်သည် မှောင်မိုက်ကိုစီရင်တော်မူ၍ ညဥ့်ဖြစ်ပါ၏။ ထိုအချိန်၌ တောတိရိစ္ဆြွာန်အပေါင်း တို့သည် တွားလျက် ထွက်တက်ကြပါ၏။ ၂၁ခြင်္သေ့ ပျိုတို့သည် လုယက်ခြင်းအလို့ငှာ ဟောက်၍၊ ဘုရားသခင်ထံမှာ အစာ ကိုရှာကြ၏။ ၂၂တဖန်နေထွက်ပြန်လျှင်၊ သူတို့သည်ဆုတ်သွား၍ နေမြဲတွင်းတို့၌  အိပ်နေကြပါ၏။ ၂၃လူသည် လည်း လုပ်ဆောင်ပြုမူခြင်းငှာ ညဦးတိုင်အောင် ထွက်သွားပါ၏။ ၂၄အိုထာဝရဘုရား၊ ကိုယ်တော်စီရင်ပြုပြင် တော်မူ သောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။ ၂၅မရေတွက်နိုင်အောင် တွားသွားသော တိရစ္ဆာန်အစရှိသော တိရစ္ဆာန် အကြီးအငယ် များတို့နေရာ ကြီးမားကျယ်ဝန်းသော သုမုဒ္ဒရာလည်းရှိပါသေး၏။ ၂၆ထိုအရပ်၌ သင်္ဘောတို့သွားလာကြပါ၏။ ထိုအရပ်၌ ကွန့်မြူးစေခြင်းငှာ ဖန်ဆင်းတော်မူသော ငါးကြီးလဝိသန်သည်လည်း ရှိပါ၏။ ၂၇ထိုသို့သောတိရစ္ဆာန် အပေါင်းတို့သည်  အချိန်တန်လျှင် အစာကျွေးတော်မူစေခြင်းငှာ၊ ကိုယ်တော်ကို မျှော်လင့်လျက်နေကြပါ၏။ ၂၈ကိုယ်တော်ချထား တော်မူသည်အတိုင်း သူတို့သည်သိမ်းယူကြပါ၏။ လက်တော်ကို ဖွင့်တော်မူသောအားဖြင့်၊ သူတို့ သည်ကောင်းသောအရာနှင့် ရောင့်ရဲကြပါ၏။ ၂၉မျက်နှာတော်ကို လွှဲတော်မူလျှင်၊ သူတို့သည်ပင်ပန်းကြပါ၏။ သူတို့ အသက်ကို ရုပ်သိမ်းတော်မူလျှင်၊ သူတို့သည်သေ၍ မိမိတို့မြေမှုန့်ထဲသို့ ပြန်သွားကြပါ၏။ ၃ဝတဖန်ဝိညာဉ်တော်ကို လွှတ်၍ သူတို့ကို ဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးမျက်နှာကို အသစ်ပြုပြင်တော်မူ၏။
            ၃၁ထာဝရဘုရား၏ ဘုန်းတော်သည် နိစ္စအမြဲ တည်၏။ ထာဝရဘုရားသည် မိမိအမှုတော်တို့တွင် ဝမ်းမြောက်တော်မူ၏။ ၃၂မြေကြီးကို ကြည့်ရှုတော်မူ၍ သူသည်တုန်လှုပ်တတ်၏။ တောင်တို့ကို တို့တော်မူ၍၊ သူတို့သည်မီးခိုးထွက်ကြပါ၏။ ၃၃ငါသည် အသက်ရှင်စဉ်၊ ထာဝရဘုရားကို သီချင်းဆိုမည်။ ငါဖြစ်သည်ကာလ ပတ်လုံး၊ ငါ့၏ဘုရားသခင်ကို ထောမနာ သီချင်းဆိုမည်။ ၃၄ငါဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူဘွယ်ဖြစ်၍၊ ထာဝရဘုရား၌ ငါရွှင်လန်းလိမ့်မည်။ ၃၅ပစ်မှား သောသူတို့ကို မြေကြီးမှ သုတ်သင် ပယ်ရှင်း၍၊ မတရားသောသူတို့ သည် နောက်တဖန်မဖြစ်ရကြ။ အိုငါ့ဝိညာဉ် ထာဝရ ဘုရားကို ကောင်းကြီးပေးလော့။ ဟာလေလုယ။
Psalm 104
1 Praise the LORD, O my soul.
O LORD my God, you are very great; you are clothed with splendor and majesty.
2 He wraps himself in light as with a garment; he stretches out the heavens like a tent
3 and lays the beams of his upper chambers on their waters. He makes the clouds his chariot and rides on the wings of the wind.
4 He makes winds his messengers, flames of fire his servants.
5 He set the earth on its foundations; it can never be moved.
6 You covered it with the deep as with a garment; the waters stood above the mountains.
7 But at your rebuke the waters fled, at the sound of your thunder they took to flight;
8 they flowed over the mountains, they went down into the valleys, to the place you assigned for them.
9 You set a boundary they cannot cross; never again will they cover the earth.
10 He makes springs pour water into the ravines; it flows between the mountains.
11 They give water to all the beasts of the field; the wild donkeys quench their thirst.
12 The birds of the air nest by the waters; they sing among the branches.
13 He waters the mountains from his upper chambers; the earth is satisfied by the fruit of his work.
14 He makes grass grow for the cattle, and plants for man to cultivate—bringing forth food from the earth:
15 wine that gladdens the heart of man, oil to make his face shine, and bread that sustains his heart.
16 The trees of the LORD are well watered, the cedars of Lebanon that he planted.
17 There the birds make their nests; the stork has its home in the pine trees.
18 The high mountains belong to the wild goats; the crags are a refuge for the coneys.
19 The moon marks off the seasons, and the sun knows when to go down.
20 You bring darkness, it becomes night, and all the beasts of the forest prowl.
21 The lions roar for their prey and seek their food from God.
22 The sun rises, and they steal away; they return and lie down in their dens.
23 Then man goes out to his work, to his labor until evening.
24 How many are your works, O LORD! In wisdom you made them all; the earth is full of your creatures.
25 There is the sea, vast and spacious, teeming with creatures beyond number—living things both large and small.
26 There the ships go to and fro, and the leviathan, which you formed to frolic there.
27 These all look to you to give them their food at the proper time.
28 When you give it to them, they gather it up; when you open your hand, they are satisfied with good things.
29 When you hide your face, they are terrified; when you take away their breath, they die and return to the dust.
30 When you send your Spirit, they are created, and you renew the face of the earth.
31 May the glory of the LORD endure forever; may the LORD rejoice in his works—
32 he who looks at the earth, and it trembles, who touches the mountains, and they smoke.
33 I will sing to the LORD all my life; I will sing praise to my God as long as I live.
34 May my meditation be pleasing to him, as I rejoice in the LORD.
35 But may sinners vanish from the earth and the wicked be no more.
Praise the LORD, O my soul.
Praise the LORD.
၁ဝ၅
            ၁ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ နာမတော်ကိုပဌာနပြုကြလော့။ အမှုတော်တို့ကို လူများတို့အား ပြသကြလော့။ ၂ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံသီချင်းကို ဆိုကြ လော့။အံ့ဘွယ်သော အမှုတော်အပေါင်းတို့ကို ဟောပြောကြလော့။ ၃သန့်ရှင်းသော နာမတော်၌ ဝါကြွားဝမ်းမြောက် ကြလော့။ ထာဝရ ဘုရားကို ရှာသောသူတို့သည် စိတ်နှလုံးရွှင်လန်းကြစေ။ ၄ထာဝရဘုရားနှင့်တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်အပြတ် ရှာကြလော့။ ၅စီရင်တော်မူသော အံ့သြဘွယ်တို့ကို၎င်း၊ ထူးဆန်းသောအမှု တော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို ၄င်း၊အောက်မေ့ကြလော့။ ၆ထာဝရဘုရား၏ ကျွန်အာဗြဟံအမျိုးရွေးကောက် တော်မူသော ယာကုပ်အနွယ်တို့၊ ၇ကိုယ်တော်မြတ်ထာဝရဘုရားသည် ငါတို့ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင် လုံး၌ တရားစီရင်ပိုင်တော်မူ၏။ ၈-၁၂ငါသည်သင်တို့အမွေခံရာဘို့ ခါနာန်ပြည်ကိုသင်၌ ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက်အားဖြင့် မများ၊ အလွန်နည်း၍ ထိုပြည်၌ ဧည့်သည်ဖြစ် လျက်နေသောအခါ ၊ အာဗြဟံ၌ ဂတိထား၍၊ ဣဇာတ်ကို ကျိန်ဆိုတော်မူလျက်၊ ယာကုပ်၌မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊လူမျိုး အဆက်တစ်ထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်း ဟူသော ဝန်ခံခြင်းတရားကို အစဉ်အမြဲအောက်မေ့တော်မူ၏။ ၁၃သူတို့သည် တမြို့မှ တမြို့သို့၎င်း၊ တနိုင်ငံမှ တနိုင်ငံသို့၎င်း၊ လှည့်လည်၍ သွားကြသောအခါ၊ ၁၄သူတို့ကို ညှင်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ၊ သူတို့အတွက်လည်း ရှင်ဘုရင်ကို  ဆုံးမလျက်၊ ၁၅ငါ့ထံ၌ ဘိတ်သိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖတ်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။
            ၁၆တဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကို ခေါ်၍၊ အစာအဟာရတည်းဟူသော အထောက်အပင့်ရှိသမျှကို ချိုးဖြတ်တော်မူသောအခါ၊ ၁၇ကျွန်ဖြစ်စေဘို့ အရောင်းခံရသောယောသပ်ကို သူတို့ရှေ့မှာစေလွှတ်တော်မူ၏။ ၁၈သူ့ ကိုခြေချင်းခတ်၍ သံနှင့်ညှင်းဆဲကြသည်။ ၁၉သူ၏စကားမပြည့်စုံမီ တိုင်အောင်၊ ထာဝရဘုရား၏ အမိန့်တော်အတိုင်း စုံစမ်းခြင်းကို ခံရ၏။ ၂ဝလူတို့ကိုအစိုးရသော အရှင်တည်းဟူသော ရှင်ဘုရင်သည် စေလွှတ်၍ သူ့ကိုနှုတ်ပြီးမှ ချမ်းသာ ပေးတော်မူ၏။ ၂၁သူသည်  မိမိအလိုရှိသည့် အတိုင်းမင်းအရာရှိတို့ကို ချည်နှောင်၍၊ မှူးတော်မတ်တော်တို့ကို ဆုံးမ ပိုင်သော ၂၂အခွင့်နှင့်နန်းတော်အုပ်  ၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို ခန့်ထားတော်မူ၏။
            ၂၃ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ ရောက်လာ၍၊ ယာကုပ်သည် ဟာမအမျိုးနေရာ ပြည်၌ တည်းခို၏။ ၂၄ဘုရားသခင်သည် မိမိလူတို့ကို အလွန်များပြားစေ၍၊ ရန်သူတို့ထက်အားကြီးစေတော်မူ၏။ ၂၅မိမိလူတို့ကို ရန်သူတို့သည် မုန်း၍၊မိမိကျွန်တို့ကို ပရိယာယ်ပြုမည်အကြောင်း၊ ထိုသူတို့စိတ်နှလုံးကို ပြောင်းလဲစေ တော်မူ၏။ ၂၆တဖန်မိမိကျွန်မောရှေနှင့် ရွေးကောက်တော်မူသောအာရုန်ကို စေလွတ်တော်မူ၏။ ၂၇အဲဂုတ္တုပြည်သား တို့တွင် လက္ခဏာသက်သေတော်တို့ကို  ပြ၍၊ ဟာမအမျိုးနေရာပြည်၌ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။ ၂၈မှောင်မိုက်ကို စေလွှတ်၍၊ မိုက်မဲစေတော်မူ၏။သူတို့ သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရ။ ၂၉သူတို့ရေများ ကို အသွေးဖြစ်စေ၍၊ ငါးများကိုသေစေတော်မူ၏။ ၃ဝသူတို့  မြေသည်များစွာသောဘားတို့ကို မင်းအိပ်ရာ အခန်းတို့၌ ပင်ဘွားလေ၏။ ၃၁အမိန့်တော်ရှိ၍ ယင်ရဲနှင့်ခြင်တို့သည် တပြည်လုံးကို  နှံပြားကြ၏။ ၃၂မိုဃ်းရေအစားမိုဃ်းသီးကို၎င်း၊ သူတို့မြေပေါ်မှာ မီးလျှံကို၎င်း ပေးတော်မူ၏။ ၃၃သူတို့စပျစ်နွယ်ပင်နှင့် သင်္ဘော သဖန်းပင်တို့ကို ထိခိုက်၍၊ တပြည်လုံး၌ ရှိသောသစ်ပင်များကို ချိုးတော်မူ၏။ ၃၄အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာဘကျိုင်းနှင့် ယာလက်ကျိုင်းတို့ သည် လာ၍၊ ၃၅သူတို့ပြည်မှာ ဟင်းသီးဟင်းရွက်ရှိသမျှတို့ကို၎င်း၊ မြေသြဇာအသီး အနှံတို့ကို၎င်းကိုက်စားကြ၏။ ၃၆သူတို့အစွမ်းသတ္တိ အထွဋိအမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူသည်။
            ၃၇မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော်မူ၍၊ သူတို့အစုစု၌ အားနည်းသော သူတစ်ယောက်မျှ မရှိ။ ၃၈အဲဂုတ္တုပြည်   သည်သူတို့ကိုကြောက်သောကြောင့်၊ သူတို့သည်ထွက်သွားသော အခါ တပြည်လုံးဝမ်းမြောက် ၏။ ၃၉သူတို့အပေါ်မှာ မိုဃ်းတိမ်ကို ဖြန့်မိုး၍ညဥ့်အခါ လင်းစရာဘို့ မီးကိုပေးတော်မူ၏။ ၄ဝသူတို့သည် တောင်းသောအခါ ငုံးများကိုဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲစေတော်မူ၏။ ၄၁ကျောက်ကို လည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေသည်ထွက်၍ သွေ့ ခြောက်သောအရပ်၌ မြစ်ကဲ့သို့ စီးသွားလေ၏။ ၄၂အကြောင်းမူ ကား၊ မိမိကျွန်အာဗြဟံ၌ ထားခဲ့ဘူးသော သန့်ရှင်းသော ဂတိတော်ကို အောက်မေ့တော်မူ၏။ ၄၃ရွေးကောက်တော် မူသော မိမိလူတို့ကို ဝမ်းမြောက်ရွင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။ ၄၄သူတို့သည်အထုံးအဖွဲ့တော်တို့ အတိုင်းကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည့်အကြောင်း တပါးအမျိုးသားတို့၏ မြေကိုပေးတော်မူသဖြင့်၊ သူတို့သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားကြရ၏။ ဟာလေလုယ။
Psalm 105
105:1-15 pp—1Ch 16:8-22
1 Give thanks to the LORD, call on his name; make known among the nations what he has done.
2 Sing to him, sing praise to him; tell of all his wonderful acts.
3 Glory in his holy name; let the hearts of those who seek the LORD rejoice.
4 Look to the LORD and his strength; seek his face always.
5 Remember the wonders he has done, his miracles, and the judgments he pronounced,
6 O descendants of Abraham his servant, O sons of Jacob, his chosen ones.
7 He is the LORD our God; his judgments are in all the earth.
8 He remembers his covenant forever, the word he commanded, for a thousand generations,
9 the covenant he made with Abraham, the oath he swore to Isaac.
10 He confirmed it to Jacob as a decree, to Israel as an everlasting covenant:
11 “To you I will give the land of Canaan as the portion you will inherit.”
12 When they were but few in number, few indeed, and strangers in it,
13 they wandered from nation to nation, from one kingdom to another.
14 He allowed no one to oppress them; for their sake he rebuked kings:
15 “Do not touch my anointed ones; do my prophets no harm.”
16 He called down famine on the land and destroyed all their supplies of food;
17 and he sent a man before them— Joseph, sold as a slave.
18 They bruised his feet with shackles, his neck was put in irons,
19 till what he foretold came to pass, till the word of the LORD proved him true.
20 The king sent and released him, the ruler of peoples set him free.
21 He made him master of his household, ruler over all he possessed,
22 to instruct his princes as he pleased and teach his elders wisdom.
23 Then Israel entered Egypt; Jacob lived as an alien in the land of Ham.
24 The LORD made his people very fruitful; he made them too numerous for their foes,
25 whose hearts he turned to hate his people, to conspire against his servants.
26 He sent Moses his servant, and Aaron, whom he had chosen.
27 They performed his miraculous signs among them, his wonders in the land of Ham.
28 He sent darkness and made the land dark—for had they not rebelled against his words?
29 He turned their waters into blood, causing their fish to die.
30 Their land teemed with frogs, which went up into the bedrooms of their rulers.
31 He spoke, and there came swarms of flies, and gnats throughout their country.
32 He turned their rain into hail, with lightning throughout their land;
33 he struck down their vines and fig trees and shattered the trees of their country.
34 He spoke, and the locusts came, grasshoppers without number;
35 they ate up every green thing in their land, ate up the produce of their soil.
36 Then he struck down all the firstborn in their land, the firstfruits of all their manhood.
37 He brought out Israel, laden with silver and gold, and from among their tribes no one faltered.
38 Egypt was glad when they left, because dread of Israel had fallen on them.
39 He spread out a cloud as a covering, and a fire to give light at night.
40 They asked, and he brought them quail and satisfied them with the bread of heaven.
41 He opened the rock, and water gushed out; like a river it flowed in the desert.
42 For he remembered his holy promise given to his servant Abraham.
43 He brought out his people with rejoicing, his chosen ones with shouts of joy;
44 he gave them the lands of the nations, and they fell heir to what others had toiled for—
45 that they might keep his precepts and observe his laws.
Praise the LORD.
၁ဝ၆
            ၁ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်းကြလော့။  ၂ထာဝရဘုရား၏ တန်ခိုးကြီးခြင်း၊ အရာတော်တို့ကို အဘယ်သူပြောနိုင်သ နည်း။ ဂုဏ်ကျေး ဇူးတော်တို့ကို အဘယ် သူသည်အကုန်အစင်ဘော်ပြနိုင်သနည်း။  ၃ခပ်သိမ်းသော အခါတို့၌ တရားကိုစောင့်ရှောက်၍၊ ဖြောင့်မတ်စွာကျင့်သော  သူတို့သည် မင်္ဂလာရှိကြ၏။
            ၄-၅အိုထာဝရဘုရား၊ အကျွန်ုပ်သည်ရွေးကောက်တော်မူသော သူတို့၏ ကောင်းကျိုးကို မြင်စေခြင်းငှာ၎င်း၊ ကိုယ်တော်၏ လူမျိုးဝမ်းမြောက်ခြင်း၌ ဝမ်းမြောက်၍၊ ကိုယ်တော်၏ အမွေဖြစ်သော သူတို့နှင့် အတူဝါကြွား ရွှင်လန်းစေခြင်းငှာ၎င်း၊ ကိုယ်တော်၏ လူတို့ခံရသော စေတနာတော်နှင့်တကွ ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်ကို အကြည့်အရှု ကြွလာ၍ ကယ်တင်တော်မူပါ။ ၆အကျွန်ုပ်တို့သည် ဘိုးဘေးတို့နှင့်အတူ ပြစ်မှားကြပါပြီ။ ဒုစရိုက်ကို ပြုကြပါပြီ။ မတရား သောအမှုကို ပြုကြပါပြီ။ ၇အဲဂုတ္တုပြည်၌ ပြုတော်မူသော အံ့သြဘွယ် တို့ကို ဘိုးဘေးတို့သည် နားမလည်ကြ။ များစွာ သော ဂရုဏာတော်တို့ကို မအောက်မေ့ကြ။ပင်လယ်နား၊ ဧဒုံပင်လယ်နား မှာ ပုန်ကန်ကြပါ၏။ ၈သို့သော်လည်း၊ မဟာ တန်ခိုးတော်ကို ထင်ရှားစေခြင်းငှါ နာမတော်သည် အကြောင်းကြောင့် သူတို့ကို ကယ်တင်တော်မူ၏။ ၉ဧဒုံ ပင်လယ်ကိုဆုံး မတော်မူ၍၊ ပင်လယ်ရေသည် ခန်းခြောက်လေ၏။ တော၌ ပို့ဆောင်သကဲ့သို့ နက်နဲရာ အရပ်၌ သူတို့ကို ပို့ဆောင်တော် မူ၏။ ၁ဝမုန်းသောသူ၏ လက်မှ သူတို့ကို ကယ်တင်၍၊ ရန်သူ၏ လက်မှ ရွေးနှုတ်တော်မူ၏။ ၁၁ရန်သူတစ်စုံ တစ်ယောက်ကိုမျှ မကျန်ရစ်စေခြင်းငှာ၊ ရေသည်လွှမ်းမိုးလေ၏။ ၁၂ထိုအခါ စကားတော်ကို ယုံ၍ဂုဏ်ကျေးဇူတော်ကို သီချင်းဆိုကြ၏။ ၁၃သို့သော်လည်း၊ အမှုတော်ကို အလျင်အမြန် မေ့လျော့သည်ဖြစ်၍ ၊ အကြံအစည်တော်ကို မဆိုင်းမလင့်ဘဲ၊ ၁၄တော၌ အလွန်တပ်မက်၍၊ လူဆိတ်ညံရာအရပ်၌ ဘုရားသခင်ကို စုံစမ်းကြ၏။ ၁၅သူတို့တောင်းသောဆုကို ပေးတော်မူ၏။သို့သော် လည်း၊ သူတို့၌ ပိန်ကြုံခြင်းကို သွင်းပေးတော်မူ၏။
            ၁၆ထိုသူတို့သည်လည်း၊ တပ်ထဲမှာ မောရှေကို၎င်း၊ ထာဝရဘုရား၏ သန့်ရှင်းသူ အာရုန်ကို၎င်း ငြူစူကြ၏။ ၁၇မြေကြီးသည်  ကွဲလျက်၊ ဒါသန်ကိုမျို၍၊ အဘိရံ၏ အသင်းအဝင်ကို ဖုံးအုပ်လေ၏။ ၁၈သူတို့အသင်းအဝင်ထဲမှာမီးရှို့၍၊ မတရားသောသူတို့ကို လောင်လေ၏။ ၁၉ သူတို့သည်ဟောရပ်တောင်နား မှာ နွားသငယ်ကိုလုပ်၍ အရည်သွင်းသော ရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ကြ၏။ ၂ဝသူတို့၏ ဘုန်းကိုလဲ၍ မြက်ကိုစားသော နွား၏ပုံသဏ္ဍာန်ကို ယူကြ၏။ ၂၁-၂၂အဲဂုတ္တု  ပြည်၌  ကြီးသောအမှုတို့ကို၎င်း၊ ဟာမအမျိုးနေရာပြည်၌ အံဘွယ်သောအမှုတို့ကို၎င်း၊ ဧဒုံပင်လယ်နားမှာ ကြောက်မက်ဘွယ်သော အမှုတို့ကို၎င်း၊ ပြု၍၊ ကယ်တင်တော်မူသော အရှင်ဘုရားသခင်ကို မေ့လျော့ကြ၏။ ၂၃ထိုအခါ ရွေးကောက်တော်မူသော မောရှေ့သည်  အမျက်တော်ကိုလွှဲ၍ ထိုသူတို့ကို ဖျက်ဆီးတော်မမူစေခြင်းငှာ၊ ဖျက်ဆီးရာ အရပ်၊ ရှေ့တော်၌ မရပ်လျှင်၊ သူတို့ကိုဖျက်ဆီး မည်ဟုအကြံရှိတော်မူ၏။
            ၂၄ထိုသူတို့သည်လည်း စကားတော်ကိုမယုံ၊ သာယာသောပြည်ကို မထီမဲ့မြင်ပြုကြ၏။ ၂၅မိမိတို့တဲများ၌ ဆန့်ကျင်ဘက်ပြု၍  ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို  နားမထောင်ဘဲ နေကြ၏။ ၂၆ထို့ကြောင့်သူတို့ကို တော၌ လှဲခြင်းငှာ၎င်း၊ ၂၇သူတို့အမျိုးအနွယ်ကို တပါးအမျိုးသားတို့တွင် လှဲ၍၊ အပြည်ပြည်အရပ်ရပ်သို့ ကွဲပြားစေခြင်း ငှာ၎င်း၊ သူတို့တဘက်၌ ကျိန်ဆိုတော်မူ၏။
            ၂၈ထိုသူတို့သည် ဗာလပေဂုရဘုရား၌ မှီဝဲ၍ လူသေရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားကြ၏။ ၂၉ထိုသို့ မိမိတို့အများအားဖြင့် အမျက်တော်ကို နှိုးဆော်၍၊ ကာလနာသည်သူတို့ကို လုယက်လေ၏။ ၃ဝထိုအခါ ဖိနဟတ်သည် ထ၍ တရားစီရင် သဖြင့်၊ ကာလနာသည်ငြိမ်းလေ၏။ ၃၁ထိုအမှုကို သူ၏ဖြောင့်မတ်ခြင်းကဲ့သို့ လူမျိုးအဆက်ဆက် တည်သော ကာလအစဉ်မပြတ် မှတ်ရသတည်း။ ၃၂တဖန်မေရိဘရေအနားမှာ အမျက်တော်ကို နှိုးဆော်ကြသဖြင့်၊ သူတို့အတွက်ကြောင့် မောရှေ့၌ အမင်္ဂလာဖြစ်လေ၏။ ၃၃သူ၏ စိတ်ကို ချုပ်ချယ်နှောင့်ယှက်ကြသဖြင့်၊ သူသည်အမှတ်တမဲ့ မြွက်ဆို၏။ ၃၄ထာဝရဘုရား မိန့်တော်မူသည်အတိုင်းမပြု။ တပါးအမျိုးသားတို့ကို မဖျက်ဆီးဘဲ နေကြ၏။ ၃၅သူတို့နှင့် ရောနှော၍ သူတို့၏ ဘာသာ ဓလေ့ကို သင်ကြ၏။ ၃၆သူတို့၏ရုပ်တုများကိုဝတ်ပြု၍ ကျော့ကွင်း ၌ ကျော့မိကြ၏။ ၃၇ ကိုယ့်သားသမီးတို့ကို နတ်ဆိုးတို့အား  ယဇ်ပူဇော်ကြ၏။ ၃၈ထို့အပြင် အပြစ်မရှိသော သူတို့၏အ သွေး၊ ခါနာန်ရုပ်တု တို့ရှေ့မှာယဇ်ပူဇော်သော ကိုယ်သား သမီးတို့အသွေးကို သွန်ကြ၍ ထိုမြေသည်အသွေးနှင့် ညစ်ညူးလေ၏။ ၃၉သူတို့သည် ကိုယ်အကျင့်အားဖြင့် ကိုယ်ကို ညစ်ညူးစေ၍ ကိုယ်အမှုတို့တွင် မှားယွင်းကြ၏။
Psalm 106
106:1, 47-48 pp—1Ch 16:34-36
1 Praise the LORD.
Give thanks to the LORD, for he is good; his love endures forever.
2 Who can proclaim the mighty acts of the LORD or fully declare his praise?
3 Blessed are they who maintain justice, who constantly do what is right.
4 Remember me, O LORD, when you show favor to your people, come to my aid when you save them,
5 that I may enjoy the prosperity of your chosen ones, that I may share in the joy of your nation and join your inheritance in giving praise.
6 We have sinned, even as our fathers did; we have done wrong and acted wickedly.
7 When our fathers were in Egypt, they gave no thought to your miracles; they did not remember your many kindnesses, and they rebelled by the sea, the Red Sea.
8 Yet he saved them for his name’s sake, to make his mighty power known.
9 He rebuked the Red Sea, and it dried up; he led them through the depths as through a desert.
10 He saved them from the hand of the foe; from the hand of the enemy he redeemed them.
11 The waters covered their adversaries; not one of them survived.
12 Then they believed his promises and sang his praise.
13 But they soon forgot what he had done and did not wait for his counsel.
14 In the desert they gave in to their craving; in the wasteland they put God to the test.
15 So he gave them what they asked for, but sent a wasting disease upon them.
16 In the camp they grew envious of Moses and of Aaron, who was consecrated to the LORD.
17 The earth opened up and swallowed Dathan; it buried the company of Abiram.
18 Fire blazed among their followers; a flame consumed the wicked.
19 At Horeb they made a calf and worshiped an idol cast from metal.
20 They exchanged their Glory for an image of a bull, which eats grass.
21 They forgot the God who saved them, who had done great things in Egypt,
22 miracles in the land of Ham and awesome deeds by the Red Sea.
23 So he said he would destroy them—had not Moses, his chosen one, stood in the breach before him to keep his wrath from destroying them.
24 Then they despised the pleasant land; they did not believe his promise.
25 They grumbled in their tents and did not obey the LORD.
26 So he swore to them with uplifted hand that he would make them fall in the desert,
27 make their descendants fall among the nations and scatter them throughout the lands.
28 They yoked themselves to the Baal of Peor and ate sacrifices offered to lifeless gods;
29 they provoked the LORD to anger by their wicked deeds, and a plague broke out among them.
30 But Phinehas stood up and intervened, and the plague was checked.
31 This was credited to him as righteousness for endless generations to come.
32 By the waters of Meribah they angered the LORD, and trouble came to Moses because of them;
33 for they rebelled against the Spirit of God, and rash words came from Moses’ lips.
34 They did not destroy the peoples as the LORD had commanded them,
35 but they mingled with the nations and adopted their customs.
36 They worshiped their idols, which became a snare to them.
37 They sacrificed their sons and their daughters to demons.
38 They shed innocent blood, the blood of their sons and daughters, whom they sacrificed to the idols of Canaan, and the land was desecrated by their blood.
39 They defiled themselves by what they did; by their deeds they prostituted themselves.
40 Therefore the LORD was angry with his people and abhorred his inheritance.
41 He handed them over to the nations, and their foes ruled over them.
42 Their enemies oppressed them and subjected them to their power.
43 Many times he delivered them, but they were bent on rebellion and they wasted away in their sin.
44 But he took note of their distress when he heard their cry;
45 for their sake he remembered his covenant and out of his great love he relented.
46 He caused them to be pitied by all who held them captive.
47 Save us, O LORD our God, and gather us from the nations, that we may give thanks to your holy name and glory in your praise.
48 Praise be to the LORD, the God of Israel, from everlasting to everlasting. Let all the people say, “Amen!”
Praise the LORD.
၁ဝ၇
            ၁ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော်အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူး တော်ကို ချီးမွမ်း ကြလော့။ ၂ရန်သူ၏လက်မှ ထာဝရဘုရားနှုတ်၍ အရှေ့အနောက်တောင် မြောက် အရပ်ရပ်ထဲက စုသိမ်းသော သူတည်းဟူသော ၃ရွေးတော်မူသောသူတို့သည် ဝန်ခံကြစေ။ ၄သူတို့သည် တောတွင် လူဆိတ်ညံရာ အရပ်၌လည်၍၊ နေစရာမြို့ သို့ရောက်သောလမ်းကို မတွေ့ကြ။ ၅ဆာငတ်မွတ်သိပ်၍ စိတ်ပျက်ကြ၏။ ၆ဆင်းရဲခံရသော အခါ ထာဝရဘုရားကို အော်ဟစ် ၍၊ ဆင်းရဲဒုက္ခထဲက ဆယ်နှုတ်တော်မူပါ။ ၇သူတို့နေစရာမြို့သို့ ရောက်စေခြင်းငှာ၊ ဖြောင့်သောလမ်းဖြင့် ပို့ဆောင်တော်မူ၏။ ၈လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။ ၉အကြောင်းမူကား၊ တောင့်တသောဝိညာဉ်ကို ရောင့်ရဲစေ၍၊ မွတ်သိပ်သောဝိညာဉ်ကိုလည်း၊ကောင်း သောအရာနှင့် ဝစေတော်မူ၏။
            ၁ဝထိုသူတို့သည် ဘုရားသခင်၏ အမိန့်တော်ကို ငြင်းဆန်၍၊ ၁၁အမြင့်ဆုံးသောဘုရား၏ အကြံတော်ကို မထီမဲ့ မြင်ပြုသောကြောင့်၊ မှောင်မိုက်၊ သေမင်းအရိပ်၌ ထိုင်လျက်ဒုက္ခနှင့် ၄င်း၊ သံကြိုးနှင့်၎င်း၊ ချည်နှောင်လျက်နေကြရ၏။ ၁၂ဘုရားသခင်သည် အမှုရောက်စေ၍၊ သူတို့စိတ်ကိုနှိမ့်ချ တော်မူ၏။ သူတို့သည်လဲ၍ ထောက်မသောသူမရှိဘဲ ၁၃ဆင်းရဲခံရသောအခါ ထာဝရ ဘုရားကိုအော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။ ၁၄မှောင်မိုက်နှင့် သေမင်းအရိပ်ထဲက ထုတ်ဆောင်၍ သူတို့ ချည်နှောင်ခြင်းကို ဖြေတော်မူ၏။ ၁၅လူသားတို့ပြုမူသော ကရုဏာတော်နှင့် အံ့ဘွယ်သောအမှုတော်တို့ကို ထောက်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ၊၊ ၁၆အကြောင်းမူကား၊ ကြေးဝါတံခါးတို့ကို ချိုး၍ သံကန့်လန့် တို့ကို အပိုင်းပိုင်းဖြတ်တော်မူ၏၊၊
            ၁၇မိုက်သောသဘောရှိသောသူတို့သည် လမ်းလွဲ၍ ဒုစရိုက်ကိုပြုသောကြောင့် ဆင်းရဲခြင်းနှင့် တွေ့ကြုံရကြ ၏၊၊ ၁၈စားစရာမျိုးကို ရွံ့၍ သေခြင်းတံခါးငါ့အနီးသို့ ရောက်ကြ၏၊၊ ၁၉ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော် ဟစ်၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏၊၊ ၂ဝနှုတ်ကပတ်တော်ကို လွှတ်သဖြင့် သူတို့အနာကို ငြိမ်းစေ၍ ဖျက်ဆီး ခြင်း အရာများထဲက နှုတ်ယူတော်မူ၏၊၊ ၂၁လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကို ထောက်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ၊၊ ၂၂ကျေးဇူးတော်ဝန်ခံရာယဇ်ကို ပူဇော်၍ ရွှင်လန်း သောအသံနှင့်တကွ အမှုတော်တို့ကို ကြားပြောကြစေ၊၊
            ၂၃သင်္ဘောစီးလျက် ပင်လယ်ကိုကူး၍ ရေများပေါ်မှာ လုပ်ဆောင်သောသူတို့သည် ၂၄နက်နဲရာအရပ်၌ ထာဝရဘုရား၏အမှုတော်တို့နှင့် အံ့ဘွယ်သော အမှုတော်တို့ကို မြင်ရကြ၏၊၊ ၂၅အမိန့်တော်ရှိ၍ လေပြင်းမုန်တိုင်း တိုက်သဖြင့် လှိုင်းတံပိုးတို့ကို ထစေ၏၊၊ ၂၆မိုဃ်းကောင်းကင်တိုင်အောင်တက်လျက် နက်နဲရာထဲသို့ ဆင်းလျက်တွေ့သော ဘေးကြောင့် သူတို့သည် စိတ်ပျက်ကြ၏၊၊ ၂၇တလည်လည်သွားလျက် ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက်နေ၍ ဥာဏ်တိမ်မြုပ်ခြင်းရှိကြ၏၊ ၂၈ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ထုတ်ဆောင်တော် မူ၏၊၊ ၂၉လေပြင်းကိုပျောက်စေတော်မူ၍ လှိုင်းတံပိုးများလည်းငြိမ်ဝပ်ကြ၏၊၊ ၃ဝထိုသို့ ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏၊၊ အလိုရှိရာ သင်္ဘောဆိပ်သို့ ပို့ဆောင်တော်မူ၏၊၊ ၃၁လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော် တို့ကို ထောက်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ၊၊ ၃၂လူပရိသတ် အလယ်မှာ ထာဝရဘုရားကို မြှောက်၍ အသက်ကြီးသူတို့၏ အစည်းအဝေး၌ ချီးမွမ်းကြစေ၊၊
            ၃၃မြစ်တို့ကို လွင်ပြင်ဖြစ်စေခြင်းငှါ၎င်း၊ စမ်းရေထွက်ရာအရပ်ကိုလည်း သွေ့ခြောက်စေခြင်းငှါ၎င်း ပြုတော်မူ၏၊ ၃၄မြေကောင်းသော ပြည်ကို ပြည်သူပြည်သားတို့၏ အပြစ်ကြောင့် ဆားမြေဖြစ်စေတော်မူ၏၊၊ ၃၅တဖန်လွင်ပြင်ကိုရေနှင့် ပြည့်စေခြင်းငှါ၎င်း၊ သွေ့ခြောက်သောအရပ်ကို စမ်းရေထွက်စေခြင်းငှါ၎င်း၊ ပြုတော်မူ၏၊၊ ၃၆ထိုအရပ်၌လည်း ငတ်မွတ် သော သူတို့ကို နေရာချတော်မူ၍ သူတို့သည် မိမိနေစရာဘို့ မြို့ကိုတည်ကြ၏၊၊ ၃၇လယ်လုပ်လျက် စပျစ်ဥယျာဉ်ကို လည်း စိုက်ပျိုးလျက် မြေအသီးအနှံတို့ကို ပြုစုကြ၏၊၊ ၃၈ကောင်းကြီးပေးတော်မူ၍ သူတို့သည် အလွန်ပွားများကြ ၏။  သူတို့နွားများကိုလည်း လျော့စေတ်ာမမူ၊၊ ၃၉တဖန်သူတို့သည် လျော့၍ ညှင်းဆဲခြင်း၊ ငြိုငြင်ခြင်း၊ စိတ်ပူပန်ခြင်းအား ဖြင့် နှိမ့်ချလျက် နေရကြ၏။ ၄ဝမင်းသားတို့ကို အရှက်ခွဲ၍ လမ်းမရှိသော တောအရပ်၌ လည်စေတော်မူ၏၊၊ ၄၁ဆင်းရဲသောသူကိုလည်း ဒုက္ခမှ ထမြောက်စေ၍ သိုးစုကဲ့သို့ အိမ်ထောင်ပွားများစေတော်မူ၏၊၊ ၄၂ဖြောင့်မတ်သောသူတို့သည် မြင်၍ ဝမ်းမြောက်ကြ၏၊၊ ခပ်သိမ်းသော ဒုစရိုက်သည်လည်း မိမိနှုတ်ကို ပိတ်ရ၏၊၊ ၄၃အကြင်သူသည် ပညာ ရှိ၏၊၊ ထိုသူသည် ဤအမှုအရာတို့ကို ဆင်ခြင်၍ ထာဝရဘုရား၏ ကရုဏာကျေးဇူးတော်ကို နားလည်လိမ့်မည်။
Psalm 107
1 Give thanks to the LORD, for he is good; his love endures forever.
2 Let the redeemed of the LORD say this—those he redeemed from the hand of the foe,
3 those he gathered from the lands, from east and west, from north and south.
4 Some wandered in desert wastelands, finding no way to a city where they could settle.
5 They were hungry and thirsty, and their lives ebbed away.
6 Then they cried out to the LORD in their trouble, and he delivered them from their distress.
7 He led them by a straight way to a city where they could settle.
8 Let them give thanks to the LORD for his unfailing love and his wonderful deeds for men,
9 for he satisfies the thirsty and fills the hungry with good things.
10 Some sat in darkness and the deepest gloom, prisoners suffering in iron chains,
11 for they had rebelled against the words of God and despised the counsel of the Most High.
12 So he subjected them to bitter labor; they stumbled, and there was no one to help.
13 Then they cried to the LORD in their trouble, and he saved them from their distress.
14 He brought them out of darkness and the deepest gloom and broke away their chains.
15 Let them give thanks to the LORD for his unfailing love and his wonderful deeds for men,
16 for he breaks down gates of bronze and cuts through bars of iron.
17 Some became fools through their rebellious ways and suffered affliction because of their iniquities.
18 They loathed all food and drew near the gates of death.
19 Then they cried to the LORD in their trouble, and he saved them from their distress.
20 He sent forth his word and healed them; he rescued them from the grave.
21 Let them give thanks to the LORD for his unfailing love and his wonderful deeds for men.
22 Let them sacrifice thank offerings and tell of his works with songs of joy.
23 Others went out on the sea in ships; they were merchants on the mighty waters.
24 They saw the works of the LORD, his wonderful deeds in the deep.
25 For he spoke and stirred up a tempest that lifted high the waves.
26 They mounted up to the heavens and went down to the depths; in their peril their courage melted away.
27 They reeled and staggered like drunken men; they were at their wits’ end.
28 Then they cried out to the LORD in their trouble, and he brought them out of their distress.
29 He stilled the storm to a whisper; the waves of the sea were hushed.
30 They were glad when it grew calm, and he guided them to their desired haven.
31 Let them give thanks to the LORD for his unfailing love and his wonderful deeds for men.
32 Let them exalt him in the assembly of the people and praise him in the council of the elders.
33 He turned rivers into a desert, flowing springs into thirsty ground,
34 and fruitful land into a salt waste, because of the wickedness of those who lived there.
35 He turned the desert into pools of water and the parched ground into flowing springs;
36 there he brought the hungry to live, and they founded a city where they could settle.
37 They sowed fields and planted vineyards that yielded a fruitful harvest;
38 he blessed them, and their numbers greatly increased, and he did not let their herds diminish.
39 Then their numbers decreased, and they were humbled by oppression, calamity and sorrow;
40 he who pours contempt on nobles made them wander in a trackless waste.
41 But he lifted the needy out of their affliction and increased their families like flocks.
42 The upright see and rejoice, but all the wicked shut their mouths.
43 Whoever is wise, let him heed these things and consider the great love of the LORD.
၁ဝ၈
            ၁အိုဘုရားသခင်၊ အကျွန်ုပ်နှလုံးသည်တည်ကြည်ပါ၏၊၊ သီချင်းဆိုပါမည်၊၊ ဝိညာဉ်ပါလျက် ချီးမွမ်းထောမနာ ပြုပါမည်၊၊ ၂တယောနှင့်စောင်းတို့နှိုးကြလော့၊၊ ငါလည်း စောစောနိုးမည်၊၊ ၃အိုထာဝရဘုရား ပရိသတ်အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်၊၊ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာ သီချင်းကိုဆိုပါမည်၊၊ ၄အကြောင်းမူကား ၊ ကရုဏာတော်သည် ကောင်းကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏၊၊ ၅အိုဘုရားသခင် ကောင်းကင် မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေ သတည်း၊၊ မြေပြင်တပြင်လုံးကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း၊၊  ၆ချစ်တော်မူသောသူတို့သည် ချမ်းသာရမည်အကြောင်း အကျွန်ုပ်စကားကို နားထောင်၍ လက်ျာလက်ရုံးတော် အားဖြင့် ကယ်တင် တော်မူပါ၊၊
            ၇သန့်ရှင်းခြင်း ပါရမီတော်ကို တိုင်တည်၍ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့် ငါသည်ဝမ်း မြောက်မည်၊၊ ရှေခင်မြို့ကို ပိုင်းခြားမည်၊၊ သုကုတ်လယ်ပြင်ကို တိုင်းတွာမည်၊၊ ၈ဂိလဒ်ပြည်ကို ငါပိုင်ရ၏၊၊ မနာရှေပြည် ကိုလည်း ငါပိုင်ရ၏၊ ဧဖရိပ်ပြည်ကား ငါဦးခေါင်း၏အစွမ်းဖြစ်ရ၏၊၊ ယုဒပြည်ကား ငါ၏ လွှတ်တော်ဖြစ်ရ၏၊၊ ၉မောဘပြည် ကား ငါရေချိုးအိုးဖြစ်ရ၏၊ ဧဒုံပြည်ကား ငါခြေနင်းရာ ဖြစ်ရ၏၊၊ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်၊ ၁ဝအားကြီးသော မြို့ထဲသို့ငါ့ကို အဘယ်သူသွင်း ပေးမည်နည်း၊၊ ဧဒုံပြည်သို့ငါ့ကို အဘယ်သူ လမ်းပြမည်နည်း၊၊ ၁၁အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော၊၊ အိုဘုရားသခင် အကျွန်ုပ်တို့ဗိုလ်ခြေနှင့် အတူ ကြွတော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော၊၊ ၁၂ဒုက္ခနှင့် ကင်းလွတ် စေခြင်းငှါ မစတော်မူပါ၊၊ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ၊၊ ၁၃ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်၊၊ သူတို့၏ ရန်သူများကို ကိုယ်တော်တိုင်နင်းတော်မူမည်၊၊
Psalm 108
108:1-5 pp—Ps 57:7-11 108:6-13 pp—Ps 60:5-12
A song. A psalm of David.
1 My heart is steadfast, O God; I will sing and make music with all my soul.
2 Awake, harp and lyre! I will awaken the dawn.
3 I will praise you, O LORD, among the nations; I will sing of you among the peoples.
4 For great is your love, higher than the heavens; your faithfulness reaches to the skies.
5 Be exalted, O God, above the heavens, and let your glory be over all the earth.
6 Save us and help us with your right hand, that those you love may be delivered.
7 God has spoken from his sanctuary: “In triumph I will parcel out Shechem and measure off the Valley of Succoth.
8 Gilead is mine, Manasseh is mine; Ephraim is my helmet, Judah my scepter.
9 Moab is my washbasin, upon Edom I toss my sandal; over Philistia I shout in triumph.”
10 Who will bring me to the fortified city? Who will lead me to Edom?
11 Is it not you, O God, you who have rejected us and no longer go out with our armies?
12 Give us aid against the enemy, for the help of man is worthless.
13 With God we will gain the victory, and he will trample down our enemies.
၁ဝ၉
            ၁အကျွန်ုပ် ချီးမွမ်းသော ဘုရားသခင်၊ တိတ်ဆိတ်စွာနေတော်မမူပါနှင့်၊ ၂မတရားသောသူနှင့် သစ္စာပျက်သော သူတို့သည် အကျွန်ုပ်တဘက်၌ နှုတ်ကို ဖွင့်၍ မုသာစကားကို ပြောဆိုကြပါ၏၊၊ ၃မနာလိုသောစိတ်နှင့် စကားပြော လျက် အကျွန်ုပ်ကို ဝိုင်း၍ အကြောင်းမရှိဘဲ စစ်တိုက်ကြပါ၏၊ ၄အကျွန်ုပ်မေတ္တာအတွက် သူတို့သည် ရန်ဘက်ပြု ကြပါ၏၊၊ အကျွန်ုပ်မူကား ပဌနာပြုလျက် နေပါ၏၊၊ ၅အကျွန်ုပ်ပြုသော ကျေးဇူးအတွက်မကောင်းသော အပြစ်ကို၎င်း အကျွန်ုပ်မေတ္တာအတွက် မုန်းခြင်းကို၎င်း ဆပ်ပေးကြပါ၏၊၊
            ၆ထိုသို့သော သူ၏ အပေါ်မှာ မတရားသော သူကို ခန့်ထားတော်မူပါ၊၊ သူ၏ လက်ျာနားမှာ ရန်သူနေပါ စေ၊၊ ၇သူသည် တရားစီရင်ခြင်းကို ခံရာတွင် ရှုံးပါစေ၊၊ သူပြုသော ပဌနာသည် ပြစ်မှားခြင်း ဖြစ်ပါစေ၊၊၊ ၈သူ၏ အသက်တို ပါစေ၊၊ သူ၏ အရာကိုလည်း အခြားသူ ရပါစေ၊၊  ၉သူ၏ သားတို့သည် ဘသားဆိုး၊ မယားလည်း မုတ်ဆိုးမ ဖြစ်ပါစေ၊ ၁ဝသူ၏ သားတို့သည် အရပ်ရပ်လည်၍ သူတောင်းစား ဖြစ်ပါစေ၊၊ ပျက်စီးသောမိမိတို့နေရာများမှ ထွက်၍ အစာကို ရှာကြပါစေ၊၊ ၁၁သူ၌ရှိသမျှကို ကြွေးရှင် သိမ်းယူပါစေ၊၊ သူလုပ်၍ရသောဥစ္စာကိုလည်း တပါးအမျိုးသား လုယူပါစေ၊၊ ၁၂သူ၌ ကျေးဇူးပြုသောသူ သူ၏ ဘသားဆိုးတို့ကို ကယ်မသနားသောသူ  တယောက်မျှ မရှိပါစေနှင့်၊၊ ၁၃သူ၏ အနွယ်သည်ပြတ်ပါစေ၊၊ လူမျိုးဆင်းသက်၍ တဆက်တည်းတွင် သူတို့၏ နာမည်သည် ကျေပျောက်ပါစေ၊၊ ၁၄သူတို့ဘိုး ဘေးတို့၏ ဒုစရိုက်ကို ထာဝရဘုရားသည် သတိရတော်မူပါစေ၊၊ သူအမိ၏ အပြစ်သည် မဖြေပါစေနှင့်၊၊ ၁၅ထိုဒုစရိုက် အပြစ်သည် ထာဝရဘုရား ရှေ့မှာ အစဉ်အမြဲ ထင်ရှား၍ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှါ ပယ်ရှား တော်မူ ပါစေ၊၊ ၁၆အကြောင်းမူကား ထိုသူသည် ကယ်မသနားခြင်းငှါ သတိမရှိ၊၊ ဆင်းရဲငတ်မွတ် ၍ စိတ်ပျက်သောသူကို သေစေသည့်တိုင်အောင် ည‡င်းဆဲပြီ၊၊ ၁၇သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ သူ့အပေါ်သို့ရောက်ပါစေ၊၊ ကောင်းကြီးမင်္ဂလာကို အလိုမရှိသည် အတိုင်း သူနှင့် ဝေးပါစေ၊၊ ၁၈အဝတ်ကို ဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါစေ၊၊ ရေကဲ့သို့ သူ၏ဝမ်းထဲသို့ ၄င်း၊ ဆီကဲ့သို့ သူ၏ အရိုးထဲသို့၎င်း ဝင်ပါစေ၊၊ ၁၉ သူ့၏ကိုယ်၌ ခြုံသော အဝတ်ကဲ့သို့၎င်း၊ သူ၏ ခါး၌အစဉ်စည်းသော ခါးစည်းကဲ့သို့၎င်း၊ သူ၌ ဖြစ်ပါစေ၊၊ ၂ဝငါ၏ ဝိညာဉ်တဘက်၌ မကောင်းသောစကားကို  ပြောတတ်သော ငါ၏ရန်သူတို့သည် ထိုသို့သော အကျိုးကို ထာဝရ ဘုရားထံ ခံရကြပါစေ။
            ၂၁အို ဘုရားရှင် ထာဝရဘုရား၊ နာမတော်အတွက်ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ၊ ကရုဏာတော် ကောင်းသည်ဖြစ်၍ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ၊၊ ၂၂အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏၊၊ အကျွန်ုပ်အထဲ၌ နှလုံး နာလျက် ရှိပါ၏၊၊ ၂၃ရှည်လျားသောအရိပ်ကဲ့သို့ အကျွန်ုပ်ရွေ့သွားပါ၏၊၊ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက် ရှိပါ၏၊၊ ၂၄အစာမစားဘဲနေသောကြောင့် ဒူးဆစ်နုန့်နဲ့၍ အသားလည်း လျော့ပါ၏၊၊ ၂၅အကျွန်ုပ်သည်လည်း သူတပါးကဲ့ရဲ့စရာ အကြောင်းဖြစ်၍ သူတို့သည် အကျွန်ုပ်ကိုမြင်သော အခါ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏၊ ၂၆အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်ကို မစတော်မူပါ၊၊ ကရုဏာတော်ရှိသည်အတိုင်း ကယ်တင်တော်မူပါ၊၊ ၂၇ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ်၍ ထာဝရဘုရားတည်းဟူသော ကိုယ်တော်စီရင်တော်မူသည်ဟု ထိုသူတို့သည် သိကြပါစေသော၊၊ ၂၈ထိုသူတို့သည် ကျိန်ဆဲသော်လည်း ကိုယ်တော်မူကား ကောင်းကြီးပေးတော်မူပါ၊၊ သူတို့သည်ထသော အခါ အရှက်ကွဲကြပါစေသော၊၊ ကိုယ်တော်၏ ကျွန်မူကား၊ ဝမ်းမြောက်ပါစေသော၊၊ ၂၉အကျွန်ုပ်၏ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကို ဝတ်၍ စောင်နှင့် ခြုံသကဲ့သို့ မျက်နှာပျက်ခြင်းနှင့် ကိုယ်ကို ခြုံကြပါစေသော၊၊ ၃ဝအကျွန်ုပ် သည် နှုတ်မြွက် ၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်၊၊ များစွာသော သူတို့၏အလယ်မှာ ချီးမွမ်းပါမည်၊၊ ၃၁အကြောင်းမူကား ဆင်းရဲသောသူ၏ ဝိညာဉ်ကို အပြစ်စီရင်သော သူတို့လက်မှ ကယ်တင်ခြင်းငှါ သူ၏ လက်ျာဘက်မှာ ရပ်၍ နေတော်မူတတ်၏၊၊
Psalm 109
For the director of music. Of David. A psalm.
1 O God, whom I praise, do not remain silent,
2 for wicked and deceitful men have opened their mouths against me; they have spoken against me with lying tongues.
3 With words of hatred they surround me; they attack me without cause.
4 In return for my friendship they accuse me, but I am a man of prayer.
5 They repay me evil for good, and hatred for my friendship.
6 Appoint an evil man to oppose him; let an accuser stand at his right hand.
7 When he is tried, let him be found guilty, and may his prayers condemn him.
8 May his days be few; may another take his place of leadership.
9 May his children be fatherless and his wife a widow.
10 May his children be wandering beggars; may they be driven from their ruined homes.
11 May a creditor seize all he has; may strangers plunder the fruits of his labor.
12 May no one extend kindness to him or take pity on his fatherless children.
13 May his descendants be cut off, their names blotted out from the next generation.
14 May the iniquity of his fathers be remembered before the LORD; may the sin of his mother never be blotted out.
15 May their sins always remain before the LORD, that he may cut off the memory of them from the earth.
16 For he never thought of doing a kindness, but hounded to death the poor and the needy and the brokenhearted.
17 He loved to pronounce a curse— may it come on him; he found no pleasure in blessing—may it be far from him.
18 He wore cursing as his garment; it entered into his body like water, into his bones like oil.
19 May it be like a cloak wrapped about him, like a belt tied forever around him.
20 May this be the LORD'S payment to my accusers, to those who speak evil of me.
21 But you, O Sovereign LORD, deal well with me for your name’s sake; out of the goodness of your love, deliver me.
22 For I am poor and needy, and my heart is wounded within me.
23 I fade away like an evening shadow; I am shaken off like a locust.
24 My knees give way from fasting; my body is thin and gaunt.
25 I am an object of scorn to my accusers; when they see me, they shake their heads.
26 Help me, O LORD my God; save me in accordance with your love.
27 Let them know that it is your hand, that you, O LORD, have done it.
28 They may curse, but you will bless; when they attack they will be put to shame, but your servant will rejoice.
29 My accusers will be clothed with disgrace and wrapped in shame as in a cloak.
30 With my mouth I will greatly extol the LORD; in the great throng I will praise him.
31 For he stands at the right hand of the needy one, to save his life from those who condemn him.
၁၁ဝ
            ၁ထာဝရဘုရားက သင်၏ ရန်သူတို့ကို သင်၏ ခြေတင်ရာ၊ ငါမချထားမှီတိုင်အောင်၊ ငါလက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူ၏၊၊ ၂ထာဝရဘုရားသည် အရှင်၏ အာဏာတော်လှံတံကို ဇိအုန်မြို့ မှ လွှတ်တော်မူမည်၊၊ ကိုယ်တော်သည် ရန်သူတို့၏ အလယ်၌ အုပ်စိုးတော်မူလိမ့်မည်၊၊ ၃တန်ခိုးတော်ပြသော နေ့ရက် ကာလ၌ ကိုယ်တော်၏  လူတို့သည် သန့်ရှင်းသော တန်ဆာကိုဆင်၍ ကြည်ညိုသော စိတ်စေတနာရှိ၍ လူပျိုတော် တို့သည် နံနက်ဝမ်းထဲက ထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ်မည်၊၊ ၄ထာဝရဘုရားက သင်သည် မေလခိဇေဒက် နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍ နောက်တဖန် စိတ်ပြောင်းလဲခြင်း ရှိတော်မမူ၊၊ ၅လက်ျာတော် နားမှာ ရှိသောဘုရားရှင်သည် အမျက်တော်အချိန်ကာလ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ်တော်မူမည်၊၊
            ၆ငါ၏ သခင်သည် တပါးအမျိုးသားတို့တွင် တရားစီရင်လျက်၊ အသေကောင်တို့ကို အနှံအပြား ဖြစ်စေ၍ ကျယ်သောမြေ၌ သူတို့ ဦခေါင်းကို နှိပ်စက်တော်မူမည်၊၊ ၇လမ်းနားမှာစီးသော ရေကိုသောက်၍ ခေါင်းတော်ကို ချီး မြှင့်တော်မူမည်၊၊
Psalm 110
Of David. A psalm.
1 The LORD says to my Lord: “Sit at my right hand until I make your enemies a footstool for your feet.”
2 The LORD will extend your mighty scepter from Zion; you will rule in the midst of your enemies.
3 Your troops will be willing on your day of battle. Arrayed in holy majesty, from the womb of the dawn you will receive the dew of your youth.
4 The LORD has sworn and will not change his mind: “You are a priest forever, in the order of Melchizedek.”
5 The Lord is at your right hand; he will crush kings on the day of his wrath.
6 He will judge the nations, heaping up the dead and crushing the rulers of the whole earth.
7 He will drink from a brook beside the way;therefore he will lift up his head.