ဆာလံကျမ်း၊၊   Psalms
၁၁
            ၁-၃မတရားသော သူတို့သည်သဘောဖြောင့်သောသူတို့ကို မထင်မရှားပစ်အံ့သောငှါ လေးကိုတင်၍ လေးညှို့ပေါ်မှာ မြှားကိုပြင်ကြ၏၊၊ အမှီတကဲတို့သည် ပျက်လျှင် ဖြောင့်မတ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ငါ့ဝိညာဉ်အား သင်သည် ဌက်ကဲ့သို့ကိုယ်နေရာ တောင်ပေါ်သို့ ပြေးချေဟု အဘယ်ကြောင့် ပြောကြသနည်း။ ထာဝရဘုရားသည် ငါခိုလှုံရာ ဖြစ်တော်မူ၏၊၊ ၄ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန်တော်၌ ရှိတော်မူ၏၊၊ ထာဝရဘုရား၏ ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာတည်၏၊၊ မျက်စိတော်သည် ကြည့်ရှု၍ မျက်ခမ်းတော်သည် လူသားတို့ ကို စစ်တော်မူ၏၊၊ ၅ထာဝရဘုရားသည် ဖြောင့်မတ်သောသူကို စုံစမ်းတော်မူ၏၊၊ မတရားသောသူနှင့် လုယူဖျက်ဆီး လိုသောသူကိုဝိညာဉ်တော်သည် မုန်းတော်မူ၏။ ၆မတရားသောသူတို့အပေါ်မှာ တောက်သော မီးခဲကန့်နှင့် ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကို သက်ရောက်စေ၍ သူတို့သောက်စရာဘို့ စီရင်တော်မူမည်၊၊ ၇တရားသဖြင့် ပြုတော်မူသော ထာဝရဘုရားသည် တရားသောအမှုကို နှစ်သက်၍ သဘောဖြောင့်သောသူကို မျက်နှာပြုတော်မူ၏။
Psalm 11
For the director of music. Of David.
1 In the LORD I take refuge. How then can you say to me: “Flee like a bird to your mountain.
2 For look, the wicked bend their bows; they set their arrows against the strings to shoot from the shadows at the upright in heart.
3 When the foundations are being destroyed, what can the righteous do ?”
4 The LORD is in his holy temple; the LORD is on his heavenly throne. He observes the sons of men; his eyes examine them.
5 The LORD examines the righteous, but the wicked and those who love violence his soul hates.
6 On the wicked he will rain fiery coals and burning sulfur; a scorching wind will be their lot.
7 For the LORD is righteous, he loves justice; upright men will see his face.
            ၁၂
            ၁အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ၊၊ သူတော်ကောင်းမျိုးသည် ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသား တို့တွင် ကွယ်ပျောက်ပါ၏၊၊ ၂အိမ်နီးချင်းတို့သည် တဦးကိုတဦး မုသာသုံး၍ ချော့မော့သော နှုတ်ခမ်း၊ နှစ်ခွသော စိတ် နှင့် ပြောတတ်ကြ၏၊၊ ၃ငါတို့သည် ကိုယ်လျှာအားဖြင့် နိုင်မည်၊၊ ၄ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကို စောင့်လိမ့်မည်၊၊ ငါ့တို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆိုသောသူတို့၏ ချော့မော့သောနှုတ်ခမ်းနှင့် ဝါကြွားသောလျှာရှိ သမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်၊၊ ၅ဆင်းရဲသောသူသည် ခံရသောညှင်းဆဲခြင်း၊ ငတ်မွတ်သော သူ၏ငိုကြွေးခြင်းကြောင့် ယခုငါထမည်၊၊ ကဲ့ရဲ့ခြင်းကို ခံရသော သူအား ချမ်းသာပေးမည်ဟု ထာဝရဘုရား မိန့်တော် မူ၏၊၊
            ၆ထာဝရဘုရား မိန့်တော်မူချက်တို့သည် သန့်ရှင်းခြင်းရှိ၍ မြေနှင့် ကင်းစင်စေခြင်းငှါ မိုက်၌ ခုနှစ်ကြိမ်စစ်သော ငွေကဲ့သို့ ဖြစ်ကြ၏၊ ၇အို ထာဝရဘုရား ကိုယ်တော်သည် ထိုသူတို့ကို ဤလူမျိုးမှ အစဉ်ကာကွယ်စောင့်မတော်မူ မည်၊၊ ၈ဆိုးယုတ်သောသူတို့သည် မြှောက်ခြင်းသို့ ရောက်သည်ကာလ မတရားသော သူတို့သည် အရပ်ရပ်လှည့် လည်ရသော အခွင့်ရှိကြ၏၊၊
Psalm 12
For the director of music. According to sheminith.A psalm of David.
1 Help, LORD, for the godly are no more; the faithful have vanished from among men.
2 Everyone lies to his neighbor; their flattering lips speak with deception.
3 May the LORD cut off all flattering lips and every boastful tongue
4 that says, “We will triumph with our tongues; we own our lips—who is our master?”
5 “Because of the oppression of the weak and the groaning of the needy, I will now arise,” says the LORD. “I will protect them from those who malign them.”
6 And the words of the LORD are flawless, like silver refined in a furnace of clay, purified seven times.
7 O LORD, you will keep us safe and protect us from such people forever.
8 The wicked freely strut about when what is vile is honored among men.
၁၃
            ၁အိုထာဝရဘုရား အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှ ကာလပတ်လုံး မေ့လျော့တော်မူ မည်နည်း၊၊ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထားတော်မူမည်နည်း၊၊ ၂အကျွန်ုပ်သည် အစဉ်ဝမ်းနည်းလျက် အဘယ်မျှ ကာလပတ်လုံးတွေးတောသောစိတ် ရှိရပါမည်နည်း၊၊ အကျွန်ုပ်၏ ရန်သူသည် အဘယ်မျှ  ကာလပတ်လုံး အကျွန်ုပ်ကို အုပ်စိုးရပါမည်နည်း၊ ၃အကျွန်ုပ်ဘုရားသခင် ထာဝရဘုရား အကျွန်ုပ်စကားကို မျက်နှာပြု၍ နားထောင် တော်မူပါ၊၊ အကျွန်ုပ်မျက်စိကို လင်းစေတော်မူပါ၊၊ သို့မဟုတ်လျှင် အသေအိပ်ပျော်ခြင်းကို ရောက်ရပါမည်၊၊ ၄အကျွန်ုပ် ၏ ရန်သူက ငါနိုင်ပြီဟုဆို၍ အကျွန်ုပ်ကို နှောင့်ယှက်သောသူတို့သည် အကျွန်ုပ်လှုပ်ရှားသည်ကို ဝမ်းမြောက်ကြပါ လိမ့်မည်၊၊ ၅အကျွန်ုပ်သည် ဂရုဏာတော်ကို ယုံကြည်ပါ၏၊၊ ကယ်တင်တော်မူခြင်းအရာ၌ နှလုံး ရွှင်လန်းပါလိမ့်မည်၊၆အကျွန်ုပ်၌ ကျေးဇူးပြုတော်မူသောကြောင့် ထာဝရဘုရားကို ထောမနာ သီချင်းဆိုပါမည်၊၊
Psalm 13
For the director of music. A psalm of David.
1 How long, O LORD? Will you forget me forever? How long will you hide your face from me?
2 How long must I wrestle with my thoughts and every day have sorrow in my heart? How long will my enemy triumph over me?
3 Look on me and answer, O LORD my God. Give light to my eyes, or I will sleep in death;
4 my enemy will say, “I have overcome him,” and my foes will rejoice when I fall.
5 But I trust in your unfailing love; my heart rejoices in your salvation.
6 I will sing to the LORD, for he has been good to me.
၁၄
            ၁ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ်၏၊၊ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော အမှုကို ပြုတတ်ကြ၏၊၊ ကောင်းသောအမှုကို ပြုသောသူ တစ်ယောက်မျှမရှိ၊၊ ၂နားလည်သောသူ ဘုရားသခင်ကို ရှာသောသူတစုံတယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှါ ထာဝရဘုရားသည် ကောင်းကင်ပေါ် ကလူသားတို့ကို ငုံ့၍ ကြည့်ရှုတော်မူ၏၊၊ ၃လူအပေါင်းတို့သည် လမ်းလွဲကြပြီ၊၊ တညီတညွတ်တည်း ဆွေးမြေ့ယိုယွင်း ခြင်း ရှိကြ၏၊၊ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊၊ တယောက်မျှ မရှိ၊၊
Psalm 14
14:1-7 pp—Ps 53:1-6
For the director of music. Of David.
1 The fool says in his heart, “There is no God.” They are corrupt, their deeds are vile; there is no one who does good.
2 The LORD looks down from heaven on the sons of men to see if there are any who understand, any who seek God.
3 All have turned aside, they have together become corrupt; there is no one who does good, not even one.
4 Will evildoers never learn— those who devour my people as men eat bread and who do not call on the LORD?
5 There they are, overwhelmed with dread, for God is present in the company of the righteous.
6 You evildoers frustrate the plans of the poor, but the LORD is their refuge.
7 Oh, that salvation for Israel would come out of Zion! When the LORD restores the fortunes of his people, let Jacob rejoice and Israel be glad!
၁၅
            ၁အို ထာဝရဘုရား၊ တဲတော်၌ အဘယ်သူသည် တည်းရပါမည်နည်း၊၊ သန့်ရှင်းသောတောင်တော် ပေါ်မှာ အဘယ်သူသည် နေရပါမည်နည်းဟူမူကား၊ ၂ဖြောင့်မတ်သောအကျင့် တရားသောအမှုကို ပြုကျင့်၍ သစ္စာစကားကို စိတ်နှလုံးပါလျက် ပြောထသော ၃သူတပါး၏ အသရေကို ပျက်စေခြင်းငှါ ပြောဆိုခြင်း၊ ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အကျိုးကို ပြစ်မှားခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သော သူကိုလည်း ကဲ့ရဲ့ခြင်းကို ရှောင်ထသော ၄ဆိုးယုတ်သော သူကို အယုတ်ဟူ၍ ထင်မှတ်လျက် ထာဝရဘုရားအား ကြောက်ရွံ့သော သူကို ရိုသေထသော ကိုယ်အကျိုးပျက်ရသော် လည်း ကိုယ်ကျိန်ဆိုသော သစ္စာဂတိကိုမဖျက်၊ ၅ကိုယ်ငွေကို ချေး၍ အတိုးမယူ အပြစ်မရှိသော သူ၏ တဘက်မှ တံစိုးကို မခံဘဲ ကျင့်သောသူသည် လှုပ်ရှားခြင်းနှင့် အစဉ်အမြဲကင်းလွတ်လိမ့်သတည်း၊၊
Psalm 15
A psalm of David.
1 LORD, who may dwell in your sanctuary? Who may live on your holy hill?
2 He whose walk is blameless and who does what is righteous, who speaks the truth from his heart
3 and has no slander on his tongue, who does his neighbor no wrong and casts no slur on his fellowman,
4 who despises a vile man but honors those who fear the LORD, who keeps his oath even when it hurts,
5 who lends his money without usury and does not accept a bribe against the innocent.
He who does these things will never be shaken.
၁၆
            ၁အကျွန်ုပ်ကို စောင့်မတော်မူပါဘုရား၊၊ ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏၊၊ ၂ကိုယ်တော်သည် အကျွန်ုပ်၏ သခင်ဖြစ်တော်မူသည်ဟု ထာဝရဘုရားကို အကျွန်ုပ်လျှောက်ဆိုပါပြီ၊၊ ကျေးဇူးတော်မှတပါး အခြားသော မင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ၊၊ ၃ပြည်တော်၌နေသော သန့်ရှင်းသူနှင့် ထူးဆန်းသော သူတို့ကိုသာ နှစ်သက်ပါ၏၊၊ ၄အခြားသော လမ်းသို့ လိုက်ပြေးသော သူတို့သည် များစွာသော ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်။ ငါသည် သူတို့ သွန်းလောင်းရာ ပူဇော်သက္ကာအသွေးကို မလှူမဆက်လို၊၊ သူတို့ဘုရား၏ နာမကို မမြွက်လို၊ ၅ထာဝရဘုရားသည် ငါအမွေခံရာအဘို့ ငါစားသောက်ရာ အဘို့ဖြစ်တော် မူ၏၊၊ ကိုယ်တော်သည် အကျွန်ုပ် အမွေအနှစ်ကို စောင့်ရှောက်တော်မူ၏၊၊ ၆ငါပိုင်ထိုက်သော နယ်နိမိတ်သည် သာယာသောအရပ်တွင်ကျ၍ ကောင်းမွန်သော အမွေကို ငါခံရပြီ၊၊
            ၇ငါ့ကို ပြုစုတော်မူသော ထာဝရဘုရားကို ကောင်းကြီးပေးမည်၊၊ ညဥ့်အချိန်၌ပင် ငါ့နှလုံးသည် ငါကို နှိုးဆော် တတ်၏၊၊ ၈ငါသည် ထာဝရဘုရားကို အစဉ်မပြတ် မျက်မှောက်ပြု၏၊၊ အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော် မူသည်ဖြစ်၍ ငါသည် လှုပ်ရှားခြင်းမရှိရ၊၊ ထိုကြောင့် ငါ့စိတ်နှလုံးသည် သာယာခြင်း၊ ၉ငါ့ဝိညာဉ်သည်လည်း ရွှင်လန်း ခြင်းရှိ၏၊၊ ထိုမှတပါး ငါ့အသားသည် မြော်လင့်လျက် ကျိန်းဝပ်လိမ့်မည်၊၊ ၁ဝအကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ၊၊ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲလျက် ၁၁အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့်မည်၊၊ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်း အခွင့်နှင့် လက်ျာတော် နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်း အခွင့် ရှိပါ၏၊၊
Psalm 16
A miktam of David.
1 Keep me safe, O God, for in you I take refuge.
2 I said to the LORD, “You are my Lord; apart from you I have no good thing.”
3 As for the saints who are in the land, they are the glorious ones in whom is all my delight.
4 The sorrows of those will increase who run after other gods. I will not pour out their libations of blood or take up their names on my lips.
5 LORD, you have assigned me my portion and my cup; you have made my lot secure.
6 The boundary lines have fallen for me in pleasant places; surely I have a delightful inheritance.
7 I will praise the LORD, who counsels me; even at night my heart instructs me.
8 I have set the LORD always before me. Because he is at my right hand, I will not be shaken.
9 Therefore my heart is glad and my tongue rejoices; my body also will rest secure,
10 because you will not abandon me to the grave, nor will you let your Holy One see decay.
11 You have made known to me the path of life; you will fill me with joy in your presence, with eternal pleasures at your right hand.
၁၇
            ၁အို ထာဝရဘုရား၊ တရားသောဘက်မှနေ၍ အကျွန်ုပ်အော်ဟစ်ခြင်းကို မှတ်တော်မူပါ၊၊ မလှည့်စားတတ် သော နှုတ်နှင့် ဆုတောင်းသော ပဌနာစကားကို နားထောင်တော်မူပါ၊၊ ၂ကိုယ်တော်တိုင် အကျွန်ုပ်ကို စီရင်၍ ဖြောင့် မတ်သော အရာကိုထောက်ရှုတော်မူပါ၊၊ ၃အကျွန်ုပ်နှလုံးကို စစ်ဆေးတော်မူပါ၊၊ ညဥ့်အခါ အကျွန်ုပ်ကို အကြည့်အရှု ကြွလာတော်မူပါ၊၊ အကျွန်ုပ်ကိုစစ်ကြောသောအခါ အဘယ်အပြစ်ကိုမျှ တွေ့တော်မမူရာ၊၊ အကျွန်ုပ်အကြံအစည်သည် အကျွန်ုပ်စကားနှင့် မခြားမနားပါ၊၊ ၄လူပြုတတ်သော အမှုများမှာ ဖျက်ဆီးတတ်သောသူ၏ လမ်းတို့ကို နှုတ်ကပတ် တော်အားဖြင့် အကျွန်ုပ်ရှောင်ပါပြီ၊၊ ၅လမ်းခရီးတော်၌ အကျွန်ုပ်သွားစဉ်တွင် ခြေမချော်စေခြင်းငှါ ထောက်မတော်မူပါ၊ ၆အိုဘုရားသခင်၊ ကိုယ်တော်သည် နားထောင်တော်မူတတ်သောကြောင့် အကျွန်ုပ်သည် တောင်းလျှောက်ပါ၏၊ နားတော်ကိုလှည့်၍ အကျွန်ုပ်စကားကို နာယူတော်မူပါ၊၊
            ၇ကိုယ်တော်ကို ခိုလှုံသော သူတို့ကို သူပုန်တို့လက်မှ လက်ျာလက်တော်အားဖြင့် ကယ်နှုတ်တော်မူသော ဘုရား၊ ထူးဆန်းသော မေတ္တာကျေးဇူးတော်ကို ပြတော်မူပါ၊၊ ၈-၉အကျွန်ုပ်ကို ည‡င်းဆဲသော လူဆိုးတည်းဟူသော အကျွန်ုပ်ကို ဝိုင်း၍ သတ်လိုသော ရန်သူတို့လက်မှ အကျွန်ုပ်ကို လွတ်စေခြင်းငှါ မျက်ဆန်ကဲ့သို့ အကျွန်ုပ်ကို စောင့် မတော်မူပါ၊၊ အတောင်တော်အရိပ်ထဲမှာ ဖုံးအုပ်တော်မူပါ၊၊ ၁ဝသူတို့သည် မိမိတို့ ဆူဝခြင်းကို ကိုးစား၍ ထောင်လွှား စော်ကားစွာ ပြောဆိုကြပါ၏၊၊ ၁၁အကျွန်ုပ်တို့သွားသောလမ်းကို ယခုဝိုင်းမိကြပါပြီ၊၊ အကျွန်ုပ်တို့ကို မြေပေါ်မှာ လှဲခြင်းငှါ မျက်စိနှင့် ရွယ်ကြပါ၏၊၊ ၁၂ဘမ်းမိသော အကောင်ကို စားချင်အားကြီးသော ခြင်္သေ့ကဲ့သို့၎င်း၊ ဆိတ်ကွယ်ရာ အရပ်၌ ချောင်း၍ နေသော ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်ကြပါ၏၊၊ ၁၃အိုထာဝရဘုရား ထတော်မူပါ၊၊ သူတို့ကို ဆီးတား၍ လှဲချတော်မူပါ၊၊ မတရားသောသူတို့လက်မှ အကျွန်ုပ်အသက်ကို ထားတော်ဖြင့် ကယ်လွှတ်တော်မူပါ၊၊ ၁၄အိုထာဝရ ဘုရား လောကီသားဖြစ်သော ထိုလူတို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့် ကယ်လွှတ်တော်မူပါ၊ ထိုသူတို့ သည် ယခုဘဝမှာ မိမိတို့အဘို့ကို ခံရကြပါ၏၊၊ သူတို့အလိုကို ဘဏ္ဍတော်နှင့် ပြည့်စုံစေတော်မူ၏၊၊ သူတို့ သားသမီးတို့ သည်လည်း ကြွယ်ဝ၍ မြေးမြစ် စသည်တို့၌ မိမိတို့ဥစ္စာကို ချန်ထားကြပါ၏။ ၁၅အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာတော်ကို ဖူးမြင်ရပါလိမ့်မည်၊၊ နိုးသောအခါ ပုံသဏ္ဍာန်တော်အားဖြင့် အကျွန်ုပ်အလို ပြည့်စုံရပါလိမ့်မည်။
Psalm 17
A prayer of David.
1 Hear, O LORD, my righteous plea; listen to my cry. Give ear to my prayer—it does not rise from deceitful lips.
2 May my vindication come from you; may your eyes see what is right.
3 Though you probe my heart and examine me at night, though you test me, you will find nothing; I have resolved that my mouth will not sin.
4 As for the deeds of men—by the word of your lips I have kept myself from the ways of the violent.
5 My steps have held to your paths; my feet have not slipped.
6 I call on you, O God, for you will answer me; give ear to me and hear my prayer.
7 Show the wonder of your great love, you who save by your right hand those who take refuge in you from their foes.
8 Keep me as the apple of your eye; hide me in the shadow of your wings
9 from the wicked who assail me, from my mortal enemies who surround me.
10 They close up their callous hearts, and their mouths speak with arrogance.
11 They have tracked me down, they now surround me, with eyes alert, to throw me to the ground.
12 They are like a lion hungry for prey, like a great lion crouching in cover.
13 Rise up, O LORD, confront them, bring them down; rescue me from the wicked by your sword.
14 O LORD, by your hand save me from such men, from men of this world whose reward is in this life.
You still the hunger of those you cherish; their sons have plenty, and they store up wealth for their children.
15 And I—in righteousness I will see your face; when I awake, I will be satisfied with seeing your likeness.
၁၈
ထာဝရဘုရား၏ ကျွန်ဒါဝိဒ်သည် ရှောလုမင်းမှစ၍ ၊ ရန်သူအပေါင်းတို့လက်မှ
ကယ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရသောအခါ
ထာဝရဘုရား ရှေ့တော်၌ မြွက်ဆိုသောသီချင်း စကားဟူမူကား၊၊
            ၁အို ထာဝရဘုရား၊ အကျွန်ုပ်၏ ခွန်အား ဗလတည်းဟူသော ကိုယ်တော်ကို အကျွန်ုပ်ချစ်ပါ၏၊၊ ၂ထာဝရဘု ရားသည် ငါ၏ကျောက်၊ ငါ၏ မြို့ရိုး ငါ့ကို ကယ်လွှတ်သောသခင်၊ ငါ၏ဘုရား ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏အကွယ်အကာ  ငါ့ကို ကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏၊၊ ၃ချီးမွမ်းအပ်သော ထာဝရဘုရားကို ငါ တောင်းလျှောက်၍ ရန်သူတို့လက်မှ ကယ်တင်ခြင်းသို့ ရောက်၏၊၊ ၄သေခြင်းကြိုးတို့သည် ငါ့ကို ဝိုင်းမိ၍ ဖျက်ဆီး တတ်သော ရေစီးခြင်းကြောင့် ငါကြောက်လန့်ရ၏၊၊ ၅မရဏာနိုင်ငံ၏ ကြိုးတို့သည် ဝိုင်း၍ သေမင်း၏ ကျော့ကွင်းသည် ငါ့ကို ကျော့မိလျက်ရှိ၏၊၊ ၆ထိုသို့ ငါသည် ဆင်းရဲငြိုငြင်သောအခါ ထာဝရဘုရားခေါ်၍ ငါ၏ ဘုရားသခင် ကို အော်ဟစ် လေ၏၊၊ ခေါ်သောအသံကို ဗိမာန်တော်ထဲမှ ကြားတော်မူ၍ အော်ဟစ်သော အသံသည် နားတော်ထဲသို့ ဝင်လေ၏။  ၇ထိုအခါ အမျက်တော်ထွက်သော အားဖြင့် မြေကြီးတုန်လှုပ်၍ တောင်အမြစ်တို့သည် တရွေ့ရွေ့လှုပ်ရှားကြ၏၊၊ ၈နှာခေါင်းတော်ထဲက မီးခိုးထွက်၍ နှုတ်တော်ထဲက မီးလောင်သောအားဖြင့် မီးခဲတောက်လေ၏၊၊ ၉မိုဃ်းကောင်း ကင်ကို ညွတ်သဖြင့် ဆင်းသက်တော်မူ၍ ခြေဘဝါးတော်အောက်၌ မှောင်မိုက်ဖြစ်လေ၏၊၊ ၁ဝခေရုဗိမ်ကို စီးလျက် ပျံတော်မူ၏၊၊ လေ၏ အတောင်တို့အပေါ်မှာ လျှင်မြန်စွာ ပျံတော်မူ၏၊၊ ၁၁မှောင်မိုက်ထဲမှာ ပုန်းကွယ်တော်မူ၍ တခဲနက် သောရေနှင့် ထူထပ်သော မိုဃ်းတိမ်တို့သည် ကိုယ်တော်ကို ကာရံလျက် ရှိကြ၏၊၊ ၁၂ရှေ့တော်၌ ရောင်ခြည်ကြောင့် တိမ်ထပ်တို့သည် မိုဃ်းသီးနှင့် မီးခဲပါလျက် လွင့်ကြ၏၊၊ ၁၃ထာဝရဘုရားသည်လည်း ကောင်းကင်ပေါ်မှာ မိုဃ်းချုန်း၍ အမြင့်ဆုံးသောဘုရားသည် အသံတော်ကို လွှင့်တော်မူ၏၊၊ ၁၄လေးမြှားတ်ာတို့ကို ပစ်၍ လျှပ်စစ်ပြက်စေသဖြင့် ရန်သူ တို့ကို အရပ်ရပ်သို့ ခွဲ၍ ရှုံးစေတော်မူ၏၊၊
            ၁၅ထိုအခါ အိုထာဝရဘုရား ကိုယ်တော်သည် အပြစ်တင်၍ နှာခေါင်းတော်ထဲက အသက်ရှုတော်မူသော အားဖြင့် သမုဒ္ဒရာအောက်ပြင်နှင့် လောက တိုက်မြစ်တို့သည် ပွင့်လစ် ထင်ပေါ်လျက် ရှိကြ၏၊၊ ၁၆ထာဝရဘုရားသည် အထက်အရပ်က လက်တော်ကိုဆန့်၍ တခဲနက်သော ရေထဲက ငါ့ကို ဆယ်ယူတော်မူ၏၊၊ ၁၇ငါ့ကိုမုန်းသော သူတည်း ဟူသော ငါပြိုင်၍ မနိုင်နိုင်အောင် ခွန်အားကြီးသော ရန်သူတို့လက်မှ ငါ့ကိုကယ်လွှတ်တော်မူ၏၊၊ ၁၈ဘေးဥပဒ်ရောက် သောကာလ၌ သူတို့သည် ဆီးတားသော်လည်း ထာဝရဘုရားသည် ငါမှီရာဖြစ်၍ ၁၉င့ါကို ကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏၊၊ ငါ့ကို နှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏၊၊
            ၂ဝငါဖြောင့်မတ်ခြင်းရှိသည်အလျောက်၊ ထာဝရဘုရားသည် အကျိုးကိုပေး၍ ငါ့လက်စင်ကြယ်ခြင်း၏ အကျိုးကို စီရင်တော်မူ၏၊၊ ၂၁အကြောင်းမူကား ငါသည်ထာဝရဘုရား၏ လမ်းတော်သို့ အစဉ်လိုက်၏၊၊ ငါ၏ဘုရား သခင်ထံမှ ပြစ်မှား၍ မသွား၊၊ ၂၂စီရင်တော်မူချက်ရှိသမျှကို ငါသည် မျက်မှောက်ပြု၏၊၊ အထုံးအဖွဲ့တော်တို့ကို မပယ်၊ ၂၃ရှေ့တော် မှာ ဖြောင့်မတ်၍ ကိုယ်ဒုစရိုက်ကို ကြည်ရှောင်၏၊၊ ၂၄ထိုကြောင့် ရှေ့တော်မှာ ထင်ရှားသောငါ၏ ဖြောင့်မတ်ခြင်း လက်စင်ကြယ်ခြင်း ရှိသည်နှင့်အလျှောက် ထာဝရဘုရား သည် ငါ၏အကျိုးကို ပေးတော်မူပြီ၊၊ ၂၅သနားတတ်သော သူအား ကိုယ်တော်သည် သနားခြင်းသဘော ကို၎င်း၊ ဖြောင့်မတ်သောသူအား ဖြောင့်မတ်ခြင်း သဘောကို၎င်း၊   ၂၆သန့်ရှင်းသောသူအား သန့်ရှင်းသော သဘောကို၎င်း၊ ဆန့်ကျင်သောသူအား ဆန့်ကျင်သောသဘောကို၎င်း ပြတော်မူ၏၊၊ ၂၇နှိမ့်ချလျက်ရှိသော သူတို့ကို ကိုယ်တော်သည် ကယ်တင်၍ ထောင်လွှားသော မျက်နှာကိုမူကား ရှုတ်ချတော်မူ၏၊၊ ၂၈ထိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ မီးခွက်ကို ထွန်း၍ အကျွန်ုပ်၏ဘုရားသခင်သည် အကျွန်ုပ်၏ မှောင်မိုက်ခြင်းကို လင်းစေတော်မူ၏၊ ၂၉အကျွန်ုပ်သည် ကိုယ်တော်ကို အမှီပြု၍ တပ်ကို ဖျက်ပါပြီ၊၊ အကျွန်ုပ်၏ ဘုရားသခင်ကို အမှီပြုလျက် မြို့ရိုးကို ကျော်၍ ဝင်ပါပြီ၊၊
            ၃ဝဘုရားသခင် စီရင်တော်မူသော အမှုသည် စုံလင်၏၊၊ ထာဝရဘုရား၏ သစ္စာတော်သည် အစစ်ခံ၍ တည်၏။ခိုလှုံသောလူအပေါင်းတို့ အကွယ်အကာ ဖြစ်တော်မူ၏၊၊ ၃၁ထာဝရဘုရားမှတပါး အဘယ်ဘုရားသခင် ရှိသနည်း၊ ငါတို့ဘုရားသခင်မှတပါး အဘယ်မည်သော ကျောက်ရှိသနည်း၊၊ ၃၂ ထိုဘုရားသခင် သည် ငါ့ကို ခွန်အား ခါးပန်းနှင့်စည်း၍ ငါသွားရာ လမ်းကို ဖြောင့်စေတော်မူ၏၊၊ ၃၃ငါ့ခြေကို သမင်ခြေကဲ့သို့ လျင်မြန်စေတော်မူ၍ ငါ၏မြင့်ရာ အရပ်ပေါ်မှာ င့ါကိုတင်ထားတော်မူ၏၊၊ ၃၄ငါ့လက်ကိုစစ်မူ၌ လေ့ကျက်စေခြင်းငှါ သွန်သင်တော်မူ၍ ကြေးဝါ လေးကို ငါ့လက်ရုံးနှင့် ငါတင်နိုင်၏၊၊
            ၃၅ကိုယ်တော်သည် ကယ်တင်တော်မူခြင်း ဒိုင်းလွှားကိုအပ်၍ လက်ျာလက်တော်အားဖြင့် မစတော်မူ၏၊၊ သည်းခံတော်မူခြင်းအားဖြင့် အကျွနုပ်သည် မြှောက်ခြင်းသို့ ရောက်ပါ၏၊၊ ၃၆အကျွန်ုပ်သွားသောလမ်းကို ရှင်းလင်း၍ ခြေမချော်စေခြင်းငှါ ပြုတော်မူသောအားဖြင့် ၃၇အကျွန်ုပ်သည် ရန်သူတို့ကို လိုက်၍မှီသဖြင့် သူတို့ကို မပယ်ရှင်းမှီတိုင် အောင် မပြန်ပါ၊၊  ၃၈သူတို့သည် အကျွန်ုပ်ခြေ အောက်မှာ လဲလျက်ရှိ၍ မထနိုင်အောင် အကျွန်ုပ်သည် နှိပ်နှင်းပါ၏။ ၃၉အကြောင်းမူကား စစ်တိုက်စေခြင်းငှါ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍ အကျွန်ုပ်တဘက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏၊၊ ၄ဝအကျွန်ုပ်ကိုမုန်းသောရန်သူတို့၏လည်ပင်းကို အကျွန်ုပ်၌ အပ်၍ ဖျက်ဆီးရသော အခွင့်ကို ပေးတော်မူ၏၊၊ ၄၁သူတို့သည်အော်ဟစ်ကြသောအခါ ကယ်တင်သော သူမရှိ ထာဝရဘုရား ကိုအော်ဟစ်သော်လည်း ထူးတော်မမူ၊၊ ၄၂ထိုအခါ အကျွန်ုပ်သည်သူတို့ကို လေတိုက်သော မြေမှုန့် ကိုကဲ့သို့၊ ညက်ညက်ချေပြီးမှ၊ လမ်း၌အမှိုက်ကိုကဲ့သို့ သွန်ပစ်လေ၏။
            ၄၃လူစုတို့သည် ဆိုင်ပြိုင်တိုက်လှန်ခြင်းမှ အကျွန်ုပ်ကိုကယ်လွှတ်၍ တပါးအမျိုးသားတို့၏ အကဲအမှူးအရာ၌  ခန့်ထားတော်မူသောအားဖြင့် အကျွန်ုပ်မသိဘူးသော လူစုသည်အကျွန်ုပ်ထံ၌ ကျွန်ခံပါ၏၊၊ အကျွန်ုပ် စကားသံကို ကြားသည် ခဏခြင်းတွင်နားထောင်ပါ၏။ တပါးအမျိုးသားတို့သည် အကျွန်ုပ်ကိုတောင်းပန်ကြပါ၏။ ၄၅ညှိုးနွမ်းသည် ဖြစ်၍ ခိုလှုံရာအရပ်ထဲက တုန်လှုပ်လျက်ထွက်ကြပါ၏၊၊
            ၄၆ထာဝရဘုရားသည် အသက်ရှင်တော်မူသည် ဖြစ်၍ငါ၏ကျောက်၌မင်္ဂလာရှိပါစေသတည်း။ ငါ့ကို ကယ်တင်တော်မူသော ဘုရားသခင်၌ မြှောက်ခြင်းရှိပါစေသတည်း။ ၄၇ငါ့ဘက်၌တရားသဖြင့် စီရင်၍ လူစုတို့ကို ငါ့အောက်မှာ နိမ့်ချသောသူကား ဘုရားသခင်ပေတည်း။ ၄၈ရန်သူတို့ လက်မှငါ့ကို ကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တ ဘက်၌ ထသောသူတို့အပေါ်သို့ ကိုယ်တော်သည် အကျွန်ုပ်ကို မြှောက်တင်၍လုယူဖျက်ဆီးတတ်သော သူ၏လက် မှကယ်လွှတ်တော်မူ၏။ ၄၉ထိုကြောင့် အိုထာဝရဘုရား အကျွန်ုပ်သည်တပါးအမျိုးသားတို့တွင် ကျေးဇူးတော် ကိုချီးမွမ်း ၍ နာမတော်ကိုထောမနာ သီချင်းဆိုပါမည်။ ၅ဝဘုရားသခင်သည် မိမိခန့်ထားသော မင်းကြီးကိုအထူးသဖြင့် ကယ်လွှတ်တော်မူသည်။ ဘိသိက်တော်ကို ခံရသောဒါဝိဒ်မှစ၍ အမျိုးအနွယ်အား ကာလအစဉ်အဆက် ကရုဏာ ကျေးဇူးကိုပြုတော်မူ၏။
Psalm 18
18: Title-50 pp—2Sa 22:1-51
For the director of music. Of David the servant of the LORD. He sang to the LORD the words of this song when the LORD delivered him from the hand of all his enemies and from the hand of Saul. He said:
1 I love you, O LORD, my strength.
2 The LORD is my rock, my fortress and my deliverer; my God is my rock, in whom I take refuge. He is my shield and the horn of my salvation, my stronghold.
3 I call to the LORD, who is worthy of praise, and I am saved from my enemies.
4 The cords of death entangled me; the torrents of destruction overwhelmed me.
5 The cords of the grave coiled around me; the snares of death confronted me.
6 In my distress I called to the LORD; I cried to my God for help. From his temple he heard my voice; my cry came before him, into his ears.
7 The earth trembled and quaked, and the foundations of the mountains shook; they trembled because he was angry.
8 Smoke rose from his nostrils; consuming fire came from his mouth, burning coals blazed out of it.
9 He parted the heavens and came down; dark clouds were under his feet.
10 He mounted the cherubim and flew; he soared on the wings of the wind.
11 He made darkness his covering, his canopy around him—the dark rain clouds of the sky.
12 Out of the brightness of his presence clouds advanced, with hailstones and bolts of lightning.
13 The LORD thundered from heaven; the voice of the Most High resounded.
14 He shot his arrows and scattered the enemies , great bolts of lightning and routed them.
15 The valleys of the sea were exposed and the foundations of the earth laid bare at your rebuke, O LORD, at the blast of breath from your nostrils.
16 He reached down from on high and took hold of me; he drew me out of deep waters.
17 He rescued me from my powerful enemy, from my foes, who were too strong for me.
18 They confronted me in the day of my disaster, but the LORD was my support.
19 He brought me out into a spacious place; he rescued me because he delighted in me.
20 The LORD has dealt with me according to my righteousness; according to the cleanness of my hands he has rewarded me.
21 For I have kept the ways of the LORD; I have not done evil by turning from my God.
22 All his laws are before me; I have not turned away from his decrees.
23 I have been blameless before him and have kept myself from sin.
24 The LORD has rewarded me according to my righteousness, according to the cleanness of my hands in his sight.
25 To the faithful you show yourself faithful, to the blameless you show yourself blameless,
26 to the pure you show yourself pure, but to the crooked you show yourself shrewd.
27 You save the humble but bring low those whose eyes are haughty.
28 You, O LORD, keep my lamp burning; my God turns my darkness into light.
29 With your help I can advance against a troop;with my God I can scale a wall.
30 As for God, his way is perfect; the word of the LORD is flawless. He is a shield for all who take refuge in him.
31 For who is God besides the LORD? And who is the Rock except our God?
32 It is God who arms me with strength and makes my way perfect.
33 He makes my feet like the feet of a deer; he enables me to stand on the heights.
34 He trains my hands for battle; my arms can bend a bow of bronze.
35 You give me your shield of victory, and your right hand sustains me; you stoop down to make me great.
36 You broaden the path beneath me, so that my ankles do not turn.
37 I pursued my enemies and overtook them; I did not turn back till they were destroyed.
38 I crushed them so that they could not rise; they fell beneath my feet.
39 You armed me with strength for battle; you made my adversaries bow at my feet.
40 You made my enemies turn their backs in flight, and I destroyed my foes.
41 They cried for help, but there was no one to save them— to the LORD, but he did not answer.
42 I beat them as fine as dust borne on the wind; I poured them out like mud in the streets.
43 You have delivered me from the attacks of the people; you have made me the head of nations; people I did not know are subject to me.
44 As soon as they hear me, they obey me; foreigners cringe before me.
45 They all lose heart; they come trembling from their strongholds.
46 The LORD lives! Praise be to my Rock! Exalted be God my Savior!
47 He is the God who avenges me, who subdues nations under me,
48 who saves me from my enemies. You exalted me above my foes; from violent men you rescued me.
49 Therefore I will praise you among the nations, O LORD; I will sing praises to your name.
50 He gives his king great victories; he shows unfailing kindness to his anointed, to David and his descendants forever.
 ၁၉
            ၁မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော၍ မိုဃ်းမျက်နှာကျက်သည် လက်တော်နှင့် လုပ်သောအရာများကို ပြသ၏။ ၂တနေ့ကိုတနေ့မြွက်ဆို၍ တညဥ့်ကိုတညဥ့်သွန်သင်၏။ ၃နှုတ်မြွက် ခြင်း၊စကားပြောခြင်းမရှိ။ သူတို့နှုတ်ထွက်သံကို မကြားရသော်လည်း၊ ၄သူတို့၏အသံသည် မြေတပြင်လုံး၌နှံပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေ၏၊၊ ၅မိုဃ်းကောင်းကင်တွင် နေဗိမာန်ကို ထားတော်မူသဖြင့် နေသည်အိပ်ခန်းထဲက ထွက်လာသော မင်္ဂလာဆောင်လုလင်ကဲ့သို့ဖြစ်၍ ခွန်အားကြီးသောသူကဲ့သို့ မိမိသွားရာ လမ်းသို့ လိုက်ပြေးမည် ဟုဝမ်းမြောက်လျက်။ ၆မိုဃ်းကောင်းကင် တစွန်းမှထွက်လာ၍ တစွန်းတိုင်အောင်လှည့်ပတ် သောအားဖြင့် သူ၏အပူအရှိန်မှ ကွယ်လွတ်သော အရာတစုံတခုမျှမရှိ။
            ၇ထာဝရဘုရား၏ တရားတော်သည်စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။ ၈ထာဝရဘုရား၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကိုရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကိုရှင်းလင်းစေတတ်၏၊၊ ၉ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍ ကာလအစဉ်အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတ ညွတ်တည်း ဖြောင့်မတ်ကြ၏၊၊ ၁ဝရွှေထက်မက များစွာသောရွှေစင်ထက်နှစ်သက်ဘွယ် ဖြစ်၍ပျားရည်ထက်မက ပျားလပို့ထက် ချိုကြ၏။ ၁၁တရားတော် အားဖြင့် ကိုယ်တော်၏ကျွန်သည် သတိရ၍ တရားစောင့်ခြင်း အကျိုးသည် ကြီးလှပါ၏။
            ၁၂မိမိမှားယွင်းခြင်းကို အဘယ်သူသည် နားလည်နိုင်သနည်း၊၊ မထင်ရှားသော ဒုစရိုက်အပြစ်နှင့် အကျွန်ုပ် ကို ကင်းစင်စေ၍၊ ၁၃ရဲရင့်သောဒုစရိုက်ကိုလည်း ကိုယ်တော်၏ကျွန်သည် မပြုရမည်အကြောင်းကို ဆီးတားတော်မူပါ။ ဒုစရိုက်အပြစ်သည် အကျွန်ုပ်ကိုအစိုးမရပါစေနှင့်။ ထိုသို့သောအားဖြင့် အကျွန်ုပ်သည် ဖြောင့်မတ်ခြင်းရှိ၍ ကြီးစွာသောပြစ်မှားခြင်းနှင့် ကင်းလွတ်ရပါလိမ့်မည်။ ၁၄အကျွန်ုပ်ပြောသောစကားနှင့် စိတ်နှလုံး၏ အကြံအစည်သည် ရှေ့တော်၌နှစ်သက်ဘွယ်ဖြစ်ပါစေသော။ အိုထာဝရဘုရား အကျွန်ုပ်၏ ကျောက် အကျွန်ုပ်ကို ရွေးနှုတ်တော်မူသော ဘုရား။
Psalm 19
For the director of music. A psalm of David.
1 The heavens declare the glory of God; the skies proclaim the work of his hands.
2 Day after day they pour forth speech; night after night they display knowledge.
3 There is no speech or language where their voice is not heard.
4 Their voice goes out into all the earth, their words to the ends of the world.
In the heavens he has pitched a tent for the sun,
5 which is like a bridegroom coming forth from his pavilion, like a champion rejoicing to run his course.
6 It rises at one end of the heavens and makes its circuit to the other; nothing is hidden from its heat.
7 The law of the LORD is perfect, reviving the soul. The statutes of the LORD are trustworthy, making wise the simple.
8 The precepts of the LORD are right, giving joy to the heart. The commands of the LORD are radiant, giving light to the eyes.
9 The fear of the LORD is pure, enduring forever. The ordinances of the LORD are sure and altogether righteous.
10 They are more precious than gold, than much pure gold; they are sweeter than honey, than honey from the comb.
11 By them is your servant warned; in keeping them there is great reward.
12 Who can discern his errors? Forgive my hidden faults.
13 Keep your servant also from willful sins; may they not rule over me. Then will I be blameless, innocent of great transgression.
14 May the words of my mouth and the meditation of my heart be pleasing in your sight, O LORD, my Rock and my Redeemer.
၂ဝ
            ၁ဘေးအန္တရာယ်ရောက်သောကာလ၌ ထာဝရဘုရားသည် ကိုယ်တော်စကားကိုနားထောင်၍ ယာကုပ်၏ ဘုရားသခင် နာမတော်သည် မြှောက်တော်မူပါစေသော။ ၂သန့်ရှင်းရာဌာနတော်ထဲက ကူညီ၍ ဇိအုန်တောင် ပေါ်က ထောက်ပင့်တော်မူပါစေသော။ ၃ကိုယ်တော်၏ပူဇော်သက္ကာ အလုံးစုံတို့ကို အောက်မေ့၍ မီးရှို့သောယဇ်ကို လက်ခံတော်မူပါစေသော။ ၄ကိုယ်တော်၏စိတ် အလိုရှိသည်အတိုင်း ပေးသနား၍ အကြံအစည်တော် ရှိသမျှတို့ကို ပြည့်စုံစေခြင်းငှါ ပြုတော်မူပါစေသော။ ၅ကိုယ်တော်၏ ကယ်တင်ခြင်းကြောင့် အကျွန်ုပ် တို့သည်ဝမ်းမြောက်၍ အကျွန်ုပ်တို့ဘုရားသခင်၏ အခွင့်နှင့် အလံကို ထူကြလိမ့်မည်၊၊ ထာဝရဘုရားသည် ကိုယ်တော်ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါစေသော၊၊
            ၆ထာဝရဘုရားပေးတော်မူ၍ ဘိသိက်ခံသောသူအား ကယ်တင်တော်မူကြောင်းကို၎င်း၊ လက်ျာလက် တော် ကယ်တင်ခြင်းအစွမ်းနှင့် ထိုသူ၏ စကားကို သန့်ရှင်းသော ကောင်းကင်ပေါ်မှာ နားထောင်တော် မူကြောင်းကို၎င်း ယခုငါသိ၏၊၊ ၇အချို့သော သူတို့သည် ရထားကို၎င်း၊ အချို့တို့သည် မြင်းကို၎င်း ချီးမွမ်းတတ်ကြ၏၊၊ ငါတို့မူကား ငါတို့ ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလိမ့်မည်၊၊ ၈သူတို့သည် နှိမ့်ချ၍ လဲလျက် ရှိကြ၏၊ ငါတို့မူကားထ၍ မတ်တပ်နေကြ၏၊ အိုထာဝရဘုရား မင်းကြီးကို ကယ်တင်တော်မူပါ၊၊ ၉အကျွန်ုပ်တို့ခေါ် သောအခါ နားထောင်တော်မူပါ၊၊
Psalm 20
For the director of music. A psalm of David.
1 May the LORD answer you when you are in distress; may the name of the God of Jacob protect you.
2 May he send you help from the sanctuary and grant you support from Zion.
3 May he remember all your sacrifices and accept your burnt offerings.
Selah
4 May he give you the desire of your heart and make all your plans succeed.
5 We will shout for joy when you are victorious and will lift up our banners in the name of our God. May the LORD grant all your requests.
6 Now I know that the LORD saves his anointed; he answers him from his holy heaven with the saving power of his right hand.
7 Some trust in chariots and some in horses, but we trust in the name of the LORD our God.
8 They are brought to their knees and fall, but we rise up and stand firm.
9 O LORD, save the king! Answer us when we call!