|
ရုသဝတ္ထု ၁တရားသူကြီးအုပ်စိုးသောကာလ၊ တရံရောအခါ ဣသရေလပြည်၌ အစာအဟာရခေါင်းပါး၍ ယုဒပြည် ဗက်လင်မြို့သား တယောက်သည် မယားနှင့် သားနှစ်ယောက်ပါလျက် မောဘပြည်၌ တည်းခိုခြင်းငှာသွား၏။ ၂ထို သူ၏အမည်ကား ဧလိမလက်။ မယားအမည်ကား နောမိ၊ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း၊ သူတို့သည် ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်လျက်၊ မောဘပြည်သို့သွား၍ နေကြ၏။ ၃နောမိ၏ခင်ပွန်း ဧလိမလက်သည်သေ၍ မယားနှင့် သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ၏။ ၄သားတို့သည် မောဘပြည်သူ သြရပနှင့် ရုသအမည်ရှိသော မိန်းမနှစ်ယောက်တို့နှင့် စုံဘက်ခြင်းကို ပြု၍၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှနေပြီးမှ၊ ၅ထိုသားနှစ်ယာက် မဟာလုန်နှင့် ခိလျုန်တို့သည် သေ၍ နောမိသည်သားမရှိ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ၏။ ၆တဖန်ထာဝရဘုရားသည် မိမိတို့လူတို့ကို အကြည့်အရူကြွ၍ မုန့်ကိုပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ကြားသောအခါ၊ မောဘပြည်မှပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့် အတူထ၍၊ ၇ တည်းခိုရာအရပ်က ထွက်ပြီးလျှင် ယုဒပြည်သို့ရောက်လိုသောငှာ သွားကြ၏။ ၈သို့ရာတွင် ချွေးမနှစ်ယောကို့အား၊ သင်တို့သည် ကိုယ်အမိအိမ်သို့ ပြန်သွားကြလော့။ သေလွန်သောသူ၌၄င်း၊ ငါ၌၄င်း၊ ကျေးဇူးပြုသည်နှင့်အညီ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုတော်မူပါစေသော။ ၉သင်တို့နှစ်ယောက်သည် နောက်ရသောလင်အိမ်၌ ချမ်းသာစွာနေရမည်အကြောင်း ထာဝရဘုရားကယ်မ သနားတော်မူပါစေသောဟုဆိုလျက် သူတို့ကို နမ်းလေ၏။ သူတို့သည်လည်း၊ အသံကိုလ¸င့်၍ ငိုကြွေးလျက်၊ ၁ဝအကယ်စင်စစ်အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ၊ ကိုယ်တော်၏အမျိုးထံသို့ လိုက်သွားပါမည်ဟုဆိုကြ၏ ၁၁ နာမိက လည်း၊ ငါ့သမီးတို့ ပြန်သွားကြလော့။ ငါနှင့်အတူ အဘယ့်ကြောင့်လိုက်ရမည်နည်း၊ သင်တို့ လင်လျှာဘို့  ငါ၏ဝမ်း၌ သားရှိသေးသလော။ ၁၂ ငါ့သမီးတို့ပြန်သွား ကြလော့။ ငါသည် အသက်အရွယ်လွန်၍လင်နှင့်မနေသင့်။ သို့မဟုတ် မြော်လင့်စရာရှိသေးသည်ဟု ငါဆိုလျှင်၎င်း၊ ယနေ့ညမှာလင်နေလျှင်၎င်း၊ သားတို့ကိုလည်းဘွားမြင်လျှင်၎င်း၊ ၁၃ထိုသား တို့သည် ကြီးပွားသည် တိုင်အောင် ငံ့နေလိမ့်မည်လော။ လင်မနေဘဲ သူတို့ကို မြော်လင့်လိမ့်မည်လော။ ငါ့သမီးတို့ ထိုသို့မဖြစ်ရ။ ထာဝရဘုရား လက်တော်သည် ငါ၌ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန်ကြင်နာသောစိတ်ရှိ သည်ဟုဆိုလေသော်၊ ၁၄သူတို့သည်တဖန်အသံကိုလွှင့်၍ ငိုကြွေကြ၏။ ထိုအခါသြရပသည်ယောက္ခမကိုနမ်း၍ မိမိအမျိုးသားတို့ထံသို့ ပြန်သွား၏။ ရုသမူကား၊ ယောက္ခမ၌ မှီဝဲဆည်းကပ်လျက် နေသေး၏။ ၁၅နောမိကလည်း၊ သင့်အစ်မသည် အမျိုးသားရင်းဘုရားရင်းတို့ထံသို့ ပြန်သွားပြီ။ အစ်မနောက်သို့ လိုက်သွားပါဟုဆိုသော်၊ ၁၆ရုသက၊ ကျွန်မသည် ကိုယ်တော်ကို မစွန့်ပါရစေနှင့်။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှာ မပြုပါနှင့်။ ကိုယ်တော်သွား လေရာသို့ ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာ၌ ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည် ကျွန်မဘုရားဖြစ်ပါစေ။ ၁၇ကိုယ်တော်သေရာအရပ်၌ ကျွန်မသေ၍ သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတပါး၊အခြားသောအမှုကြောင့် ကိုယ်တော်နှင့် ကျွန်မကွာလျှင်၊ ထာဝရဘုရားသည် ကျွန်မ၌ထိုမျှမက ပြုတော်မူပါစေသော ဟုပြန်ဆို၏။ ၁၈ရုသသည် လိုက်ခြင်းငှာ ခိုင်ခံ့သောစိတ်ရှိသည်ကိုနောမိသည်သိမြင်သော် တိတ်ဆိတ်စွာ နေလေ၏။ ၁၉ထိုသူနှစ်ယောက်တို့သည် ခရီးသွား၍ ဗက်လင်မြို့သို့ရောက်သောအခါ၊ တမြို့လုံးအုတ်အုတ် ကျက်ကျက် ဖြစ်၍၊ ဤသူကားနောမိ ဟုတ်သလောဟုမေးကြ၏။ ၂ဝသူကလည်းနောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ ခေါ်ပါ။ အနန္တ တန်ခိုးရှင်သည် ငါ့အားအလွန်ခါးသောအရာကို ပေးတော်မူပြီ။ ၂၁ငါသည်ကြွယ်ဝပြည့်စုံလျက် ထွက်သွား၏။ ယခုမူကားဆင်းရဲလျက် တကိုယ်တည်းရှိမှ၊ ထာဝရဘုရားသည် ငါ့ကို ပို့ပြန်တော်မူပြီ။ ထာဝရဘုရားလည်း ငါ့ကိုနှိမ့်ချ၍ အန္တတန်ခိုးရှင်သည် ငါ့ကို ဆင်းရဲစေတော်မူသည်ဖြစ်၍၊ နောမိအမည်ဖြင့် အဘယ်ကြောင့် ငါကိုခေါ်ကြသနည်းဟု ပြန်ပြော၏၊ ၂၂ထိုသို့ မောဘပြည်မှ လိုက်လာသော မောဘပြည်သူ ချွေးမရုသနှင့်အတူ နောမိသည်ပြန်လာ၍၊ မုယော စပါးကို ရိတ်စကာလ၌ ဗက်လင်မြို့သို့ရောက်ကြ၏။
|
Ruth 1Naomi and Ruth1 In the days when the judges ruled, [a] there was a famine in the land, and a man from Bethlehem in Judah, together with his wife and two sons, went to live for a while in the country of Moab. 2 The man's name was Elimelech, his wife's name Naomi, and the names of his two sons were Mahlon and Kilion. They were Ephrathites from Bethlehem, Judah. And they went to Moab and lived there. 3 Now Elimelech, Naomi's husband, died, and she was left with her two sons. 4 They married Moabite women, one named Orpah and the other Ruth. After they had lived there about ten years, 5 both Mahlon and Kilion also died, and Naomi was left without her two sons and her husband. 6 When she heard in Moab that the LORD had come to the aid of his people by providing food for them, Naomi and her daughters-in-law prepared to return home from there. 7 With her two daughters-in-law she left the place where she had been living and set out on the road that would take them back to the land of Judah. 8 Then Naomi said to her two
daughters-in-law, "Go back, each of you, to your mother's home. May the
LORD show kindness to you, as you have shown to your dead and to me.
9 May the LORD grant that each of you will find
rest in the home of another husband." 11 But Naomi said, "Return home, my daughters. Why would you come with me? Am I going to have any more sons, who could become your husbands? 12 Return home, my daughters; I am too old to have another husband. Even if I thought there was still hope for me—even if I had a husband tonight and then gave birth to sons- 13 would you wait until they grew up? Would you remain unmarried for them? No, my daughters. It is more bitter for me than for you, because the LORD's hand has gone out against me!" 14 At this they wept again. Then Orpah kissed her mother-in-law good-by, but Ruth clung to her. 15 "Look," said Naomi, "your sister-in-law is going back to her people and her gods. Go back with her." 16 But Ruth replied, "Don't urge me to leave you or to turn back from you. Where you go I will go, and where you stay I will stay. Your people will be my people and your God my God. 17 Where you die I will die, and there I will be buried. May the LORD deal with me, be it ever so severely, if anything but death separates you and me." 18 When Naomi realized that Ruth was determined to go with her, she stopped urging her. 19 So the two women went on until they came to Bethlehem. When they arrived in Bethlehem, the whole town was stirred because of them, and the women exclaimed, "Can this be Naomi?" 20 "Don't call me Naomi, [b] " she told them. "Call me Mara, [c] because the Almighty [d] has made my life very bitter. 21 I went away full, but the LORD has brought me back empty. Why call me Naomi? The LORD has afflicted [e] me; the Almighty has brought misfortune upon me." 22 So Naomi returned from Moab accompanied by Ruth the Moabitess, her daughter-in-law, arriving in Bethlehem as the barley harvest was beginning. |