ဇေဖနိအနာဂတ္တိကျမ်း။
Zephaniah
၁
၁ယုဒရှင်ဘုရင်အာမုန်သား ယောရှိမင်းလက်ထက်၊ ဟိဇကိ၊
အာမရိ၊ ဂေဒလိတို့မှ ဆင်းသက်သောကုရှိ ၏သား
ဇေဖနိသို့ရောက်လာသောထာဝရဘုရား၏ နှုတ်ကပတ်တော် ဟူမူကား၊ ၂ပြည်တပြည်လုံး၌
ရှိလေသမျှတို့ကို အကုန်အစင်ငါသုတ်သင်ပယ်ရှင်းမည်ဟု
ထာဝရဘုရားမိန့်တော်မူ၏။ ၃လူနှင့် တိရစ္ဆာန်တို့ကိုပယ်ရှင်းမည်။
မိုဃ်းကောင်းကင်ငှက်နှင့် ပင်လယ်ငါးတို့ကို၎င်း၊ အဓမ္မလူတို့နှင့်
တကွပြစ်မှားစရာအကြောင်းတို့ကို၎င်း ငါပယ်ရှင်းမည်။ မြေတပြင်လုံး၌
ရှိသောလူသတ္တဝါ တို့ကိုလည်း ငါပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
၎ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့ကို ငါတိုက်၍၊ ဤအရပ်၌
ကျန်ကြွင်းသော ဗာလဘုရား၏ တပည့်တို့နှင့် ယဇ်ပုရောဟိတ်
အမျိုးမျိုးတို့ကို၎င်း၊ ၅ကောင်းကင်တန်ဆာများကို အိမ်မိုးပေါ်မှာ
ကိုးကွယ်သောသူ၊ ထာဝရဘုရားနှင့် မာလခံဘုရားကို တိုင်တည်လျက်
ကျိန်ဆိုကိုးကွယ်သောသူတို့ကို၎င်း၊ ၆ထာဝရဘုရား၏နောက်တော်သို့ မလိုက်၊
ဆုတ်သွားသောသူ၊ ထာဝရဘုရားကိုမရှာဖွေ မမေးမြန်းသောသူတို့ကို၎င်း
ငါပယ်ရှင်းမည်။
၇အရှင်ထာဝရဘုရား၏ရှေ့တော်၌
ငြိမ်ဝပ်စွာနေကြလော့။ ထာဝရဘုရား၏နေ့နီးပြီ။ ထာဝရဘုရားသည်
မိမိယဇ်ပွဲတော်ကို ပြင်ဆင်၍၊ ပွဲဝင်သောသူတို့ကို
သန့်ရှင်းစေတော်မူပြီ။ ၈ထာဝရဘုရား ပွဲခံတော်မူသောနေ့၌ မင်းများ၊
ဆွေတော်မျိုးတော်များနှင့် ထူးခြင်းစွာဝတ်သောသူများ အပေါင်းတို့ကို
ငါစစ်ကြောမည်။ ၉သူတပါး၏ အိမ်တံခါးခုံကိုကျော်၍ အနိုင်အထက်ပြုခြင်း၊
လှည့်စားခြင်းအားဖြင့် ရသောဥစ္စာနှင့် မိမိသခင်၏အိမ်ကို ပြည့်စေ
သောသူအပေါင်းတို့ကိုလည်း ထိုနေ့၌ ငါစစ်ကြောမည်။ ၁ဝထာဝရဘုရား
မိန့်တော်မူသည်ကား၊ ထိုနေ့၌ ငါ့တံခါးဝ မှာ အော်ဟစ်သံကို၎င်း၊
ဒုတိယမြို့၌ ငိုကြွေးမြည်တမ်းသံကို၎င်း တောင်ရိုး၌ပြင်းစွာ
ချိုးဖျက်သံကို၎င်း ကြားရ၏။ ၁၁မာတ္တေရှအရပ်သားတို့၊
ငိုကြွေးမြည်တမ်းကြလော့။ ကုန်သည်အပေါင်းတို့သည် ပြတ်ကြပြီ။
ငွေကိုဆောင်သောသူ အပေါင်းတို့သည် ဆုံးကြပြီ။ ၁၂ထိုကာလ၌ ငါသည်
မီးခွက်ကိုကိုင်၍ ယေရုရှလင်မြို့ကို စစ်ကြောမည်။ ထာဝရဘုရား သည်
ကျေးဇူးကိုလည်းမပြု၊ အပြစ်ကိုလည်းမပေးဟု အောက်မေ့လျက်၊
မိမိတို့အနည်အဖတ်ပေါ်၌ နေရာကျသော သူတို့ကို ငါစစ်ကြောမည်။
၁၃ထိုသူတို့၏ဥစ္စာကို သူတပါးလုယူ၍၊ သူတို့၏နေရာသည် လူဆိတ်ညံ
လျက်ရှိလိမ့်မည်။ အိမ်ကိုဆောက်သော်လည်း မနေရကြ။
စပျစ်ဥယျာက်ကိုစိုက်သော်လည်း စပျစ်ရည်ကို မသောက်ရကြ။ ၁၄ထာဝရဘု
ရား၏နေ့ကြီးနီးပြီ။ နီးပြီ၊ အလျှင်အမြန်လာ၏။ ထာဝရဘုရား၏ နေ့သိတင်းသည်
နား၌ခါး၏။ ထိုနေ့၌ သူရဲသည် အော်ဟစ်လိမ့်မည်။ ၁၅ထိုနေ့သည်
အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန်ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်း
ဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုဃ်းအုံ၍ ထူထပ်သော
မှောင်မိုက်ဖုံးလွှမ်းသောနေ့၊ ၁၆ခိုင်ခံ့ သောမြို့၊
မြင့်သောရဲတိုက်တို့တဘက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ဖြစ်၏။
၁၇သူတို့သည် ထာဝရဘုရားကို ပြစ်မှာ သောကြောင့်၊ သူတို့ကို
ငါ့ညှဉ်းဆဲသဖြင့် မျက်စိမမြင်သောသူကဲ့သို့ သွားကြလိမ့်မည်။
သူတို့အသွေးကို မြေမှုန်ကဲ့သို့ သွန်း၍ အသားကိုလည်း
မစင်ကဲ့သို့မှတ်ကြလိမ့်မည်။ ၁၈ထာဝရဘုရား အမျက်ထွက်တော်မူသောနေ့၌
သူတို့ရွှေငွေသည် သူတို့ကိုမကယ်နိုင်ရာ။ ဒေါသအမျက်တော်မီးသည်
တပြည်လုံးကိုလောင်လိမ့်မည်။ ပြည်သူပြည် သားအပေါင်းတို့ကို
အလျှင်အမြန်စီရင်၍ အကုန်အစင်သုတ်သင် ပယ်ရှားတော်မူလိမ့်မည်။
|
Zephaniah
1 The word of the LORD that came to Zephaniah son of Cushi, the son of
Gedaliah, the son of Amariah, the son of Hezekiah, during the reign of
Josiah son of Amon king of Judah:
Warning of Coming Destruction
2 “I will sweep away everything from the face of the earth,”declares the
LORD.
3 “I will sweep away both men and animals;I will sweep away the birds of
the air and the fish of the sea. The wicked will have only heaps of
rubble when I cut off man from the face of the earth,”declares the LORD.
Against Judah
4 “I will stretch out my hand against Judah and against all who live in
Jerusalem. I will cut off from this place every remnant of Baal,the
names of the pagan and the idolatrous priests—
5 those who bow down on the roofs to worship the starry host,those who
bow down and swear by the LORD and who also swear by Molech,
6 those who turn back from following the LORD and neither seek the LORD
nor inquire of him.
7 Be silent before the Sovereign LORD, for the day of the LORD is near.
The LORD has prepared a sacrifice;he has consecrated those he has
invited.
8 On the day of the LORD'S sacrifice I will punish the princes and the
king’s sons and all those clad in foreign clothes.
9 On that day I will punish all who avoid stepping on the threshold,who
fill the temple of their gods with violence and deceit.
10 “On that day,” declares the LORD, “a cry will go up from the Fish
Gate,wailing from the New Quarter, and a loud crash from the hills.
11 Wail, you who live in the market district;all your merchants will be
wiped out, all who trade with silver will be ruined.
12 At that time I will search Jerusalem with lamps and punish those who
are complacent,who are like wine left on its dregs,who think, ‘The LORD
will do nothing,either good or bad.’
13 Their wealth will be plundered,their houses demolished. They will
build houses but not live in them; they will plant vineyards but not
drink the wine.
The Great Day of the LORD
14 “The great day of the LORD is near— near and coming quickly. Listen!
The cry on the day of the LORD will be bitter, the shouting of the
warrior there.
15 That day will be a day of wrath, a day of distress and anguish, a day
of trouble and ruin, a day of darkness and gloom, a day of clouds and
blackness,
16 a day of trumpet and battle cry against the fortified cities and
against the corner towers.
17 I will bring distress on the people and they will walk like blind
men, because they have sinned against the LORD. Their blood will be
poured out like dust and their entrails like filth.
18 Neither their silver nor their gold will be able to save them on the
day of the LORD'S wrath.In the fire of his jealousy the whole world will
be consumed,for he will make a sudden end of all who live in the earth.”
|