သမ္မာကျမ်းစာကို
ဘယ်နှစ်ကြိမ်ဖတ်ပြီးပြီလဲ
စင်ကာပူ ဂျပ်ဆင်အသင်းတော်က ဆရာဗုတ်ပြောခဲ့တယ်။ သူ့ဆရာမတယောက် အင်္ဂလိပ်သမ္မာကျမ်းစာကို
အလွတ်လောက်ရတယ်။ ဒါပေမဲ့ ယုံကြည်သူမဟုတ်ပါဘူး။ ဆရာမဟာ အင်္ဂလိပ်စာကောင်းအောင်
သမ္မာကျမ်းစာကို ကျက်မှတ်သူဖြစ်ပါတယ်။ သူဟာ သမ္မာကျမ်းစာကို အလွတ်ရတော့ အင်္ဂလိပ်
အဓိပ္ပါယ်၊ သဒ္ဒါများ အထူးကျွမ်းကျင်ပေမဲ့ သမ္မာကျမ်းစာကို နားမလည်ရှာပါဘူး။
ယုံကြည်ခြင်းဆိုတာ ဆုတောင်းခြင်း၊ ဘုရားကျောင်းတက်ခြင်း၊
ကျမ်းစာသင်တန်များတက်ခြင်း၊ ကျမ်းစာကိုလေ့လာ ဖတ်ရှုခြင်း၊ ဝေငှသက်သေခံခြင်း
စသည်တို့မှတဆင့် တဖြေးဖြေး ယုံကြည်ခြင်းမုံညှင်းစေ့ကို တိုးပွားစေရပါတယ်။
ယုံကြည်ခြင်းရှိလာလေလေ ကျမ်းစာအလွတ်ရခြင်းကနေ အဓိပ္ပါယ်ပါ သိခြင်းအဆင့်ကို
ရောက်ပါမယ်။ ကျမ်းစာအဓိပ္ပါယ်နားလည်ခြင်းမှာလည်း ကိုယ့်ရဲ့ ယုံကြည်မှုအဆင့်အလိုက်
တနေ့တခြား မတူတဲ့အဓိပ္ပါယ်များကို ဖတ်တိုင်း အသစ်အသစ်ဖြစ်နေတတ်ပါတယ်။
ယုံကြည်သူများအနေနဲ့ ကျမ်းစာကို အစ အဆုံး တခေါက်တော့ ဖတ်သင့်ပါတယ်။
များများဖတ်နိုင်ရင် ကောင်းပေမဲ့၊ အဓိပ္ပါယ်နားလည်ရင် ပိုကောင်းပါတယ်။ နားမလည်လဲ
ဖတ်ပါ။ တခေါက်နဲ့ တခေါက် ပိုပြီးနားလည်လာပါမယ်။
ကျွန်တော် ကျမ်းစာအုပ်ကို
မြန်မာစာ ၀င်းဗာမိစ် ဖေါင့်နဲ့ ရိုက်ထားတဲ့ Soft Copy ကို လေ့လာဆန်းဆစ်ပါတယ်။
ဓမ္မဟောင်း ဓမ္မသစ်
စုစုပေါင်း
စာအုပ်ပေါင်း
၃၉
၂၇
၆၆
အခန်း (စာမျက်နှာ) ၉၃၀
၂၆၀ ၁၁၉၀
ယူနစ်ပေါင်း
၂၇၂
၈၃
၁၈၉ (စာမျက်နှာ အနည်းဆုံး ရှင်ယုဒကျမ်းကို တယူနစ် သတ်မှတ်ပါတယ်)
ဒါကြောင့် ကျမ်းစာကို ၀တ္တုဖတ်သလို ခပ်မြန်မြန်ဖတ်ကြည့်ခြင်းကနေ တခေါက်ပြီးအောင်
ကြိုးစားဖတ်မယ်ဆိုရင် အစအဆုံး တခေါက်တော့ ဖတ်ပြီးသွားပြီဆိုပြီး
ပရိုဂျက်တခုပြီးသွားမှာပါ။ အကျိုးကျေးဇူးကတော့ မိမိကိုယ် ယုံကြည်မှု
တိုးပွားလာမှာအမှန်ပါပဲ။ တကယ်လို့များ သူများက ကျမ်းစာအစအဆုံး
ဘယ်နှစ်ခေါက်ဖတ်ပြီးပြီလဲ မေးရင် "တခေါက်ဖတ်ပြီးပါပြီ" လို့ ဖြေနိုင်ပါလိမ့်မယ်။
ကျမ်းစာဖတ်ပြိုင်ပွဲတွေလည်းရှိပေမဲ့ ကျမ်းစာကိုနားလည်ခြင်းအသာ အဓိကဖြစ်တယ်ဆိုတာ
အမြဲအောက်မေ့ဖိုလိုပါတယ်။ ကျမ်းစာကို နေ့စဉ်ဖတ်ရင် ဓမ္မဟောင်း ၂ ပိုဒ် ဆိုရင်
ဓမ္မသစ် ၁ ပိုဒ် ဖတ်ဖို့လိုပါတယ်။ ဆာလံကျမ်းနဲ့ သုတ္တံကျမ်းကို ပိုဖတ်ရန်လည်း
လိုပါတယ်။ ဒါကြောင့် နေ့စဉ်ခွန်အား Our Daily Bread စာစော။င်ရဲ့ ကျမ်းစာဖတ်ခြင်းဟာ
တနေ့ကို ၃ ပိုဒ်နှုံးနဲ့ တနှစ်ကို တအုပ်လုံးဖတ်ပြီးစေပါတယ်။ သုတ္တံကျမ်းကို တလ တခေါက်
ဖတ်ပြီးစေတယ်။ ဆာလံကျမ်းကို တနင်္ဂနွေတိုင်း ဖတ်ခြင်းဖြင့် တနှစ်မှာ ဆာလံကျမ်း ကို
တနှစ် ၂ ခေါက် ပိုဖတ်စေပါတယ်။
ဝတ္တုဖတ်သလို ဘယ်လောက်ကြာမလဲ
စာမျက်နှာ ၁၁၉၀ ရှိတဲ့ သမ္မာကျမ်းကို တရက် ၄မျက်နှာလောက်ဖတ်ရင်
တနှစ်နဲ့ပြီးသွားပေမဲ့ တလအတွင်း အပြီးဖတ်ချင်ရင် တရက်ကို စာမျက်နှာ ၃၀ကျော်
ဖတ်ရပါမယ်။ ကမ္ဘာဦးကျမ်းမှာ စာမျက်နှာ၃၀ လောက်ရှိတော့ တနေ့ကို ကမ္ဘာဦးကျမ်း
တခုလောက် ဖတ်ရင် တလအတွင် ကျမ်းစာတအုပ်လုံးဖတ်ပြီးသွားမှာပါ။ နေ့စဉ်လဲ ဓမ္မသစ်တကျမ်း
ဖတ်ပေးရင်ကောင်းပါတယ်။ ဓမ္မသစ်တွေမှာ စာမျက်နှာ ၅ မျက်နှာထက်နည်းတဲ့ကျမ်းတွေ ၂၀
လောက်ရှိတော့ ဖတ်ရတာ ပိုပြီးပေါ့ပါးပါတယ်။ စာမျက်နှာ ၃၀ လောက်ကို ဖတ်ရင်
ဘယ်လောက်ကြာမလဲဆိုတာတော့ တဦးချင်းအပေါ်မှာ မူတည်ပါတယ်။
ကျမ်းစာ ၆၆ ကျမ်းရဲ့ အနေအထား၊ စာမျက်နှာအရေအတွက် ကို အောက်ပါဇယားမှာ ယှဉ်ကြည့်ပါ။


ကိုယ့်စာဖတ်နှုံးကို ကြည့်ပြီး တနေ့ ဘယ်နှစ်နာရီ ကျမ်းစာဖတ်မလဲဆိုတာကို
ဆုံးဖြတ်ရပါတယ်။ တဦးနဲ့တဦး အချိန်သုံးစွဲမှု မတူကြပါဘူး။ ကျောင်းသားများအဖို့
ကျောင်းအားရက်မှာ ကျမ်းစာဖတ်ချိန်ပိုပေးပြီး သမ္မာကျမ်းစာကို တလအတွင်းဖတ်မယ်
ဆုံးဖြတ်နိုင်ပါတယ်။
နေ့စဉ်ခွန်အားဖတ်နေကျ မြန်မာများအတွက်တော့ နေ့စဉ်ခွန်အားမှာပါတဲ့
ကျမ်းပိုဒ်တွေဖတ်ရင် အနည်းဆုံး ၂၀ မိနစ်ကနေ တနာရီအထိ ကုန်သွားနိုင်ပါတယ်။
တချို့လည်း ကိုယ့်နည်းကိုယ့်ဟန် ကျမ်းစာဖတ်နည်းတွေရှိပါတယ်။ ဒီတော့ တလအတွင်း
ကျမ်းစာတအုပ်ကို အစအဆုံးဖတ်မယ်ဆိုရင် နေ့စဉ် အချိန် ၃ နာရီအနည်းဆုံးပေးမှ
ဖြစ်ပါမယ်။ ဒါကြောင့် သံဓိဌာန် ချပြီး Time Management သေချာစီစဉ်ပြီး ဖတ်ပါ။
မည်သို့ပင်ဖြစ်စေ သင်ဟာ ကျမ်းစာအစအဆုံး တခေါက်မှ မဖတ်ဖူးသေးရင် တလအတွင်း
ဖတ်နိုင်ပါတယ်။ သို့မဟုတ်ရင်တော့ နေ့စဉ်ခွန်အားလမ်းညွှန်ချက်အတိုင်း ဖတ်ရင်
တနှစ်တော့ ကြာပါလိမ့်မယ်။ တချို့နေ့တွေမှာ နေ့စဉ်ခွန်အား
မဖတ်ဖြစ်လိုက်တာတွေရှိသွားနိုင်တာကြောင့် တလအတွင်း ကျမ်းစာအုပ်ကို အစအဆုံး
ဖတ်ကြည့်ရင်း ပြီးသွားရင် ခွန်အားများပိုရရှိနိုင်မယ်။ နောက်နောင် ကျမ်းစာကို
အသေးစိတ်ဖတ်တဲ့အခါများမှာလည်း ပိုပြီးနားလည်လာနိုင်ပါတယ်။
ကျမ်းစာကို အသေးစိတ်၊
စနစ်တကျဖတ်နည်းကို (How to study Bible)
ဒီနေရာကို ကလစ်လုပ် ကြည့်နိုင်ပါတယ်။
ဘုရားသခင် ဘုန်းကြီးပါစေသတည်း