|
သီချင်းသံကြားရသည်ကျူး။ ၈ဝ There’s a Song in the Air
၁ သီချင်းသံကြားရသည်၊ ကောင်းကင်တွင်ကြယ်ပေါ်၏။ ချစ်မိခင်ဆုတောင်းသံ၊ သူငယ်တော်သံနားစံ။ ကြည်လင်လှပသောကြယ်၊ မိုဃ်းကောင်းကင်တွင်စီချယ်။ ကြောင်းမူကားဗက်လင်မြို့တွင်၊ သူငယ်တော်ဖွားမြင်။
၂ ရွှင်လန်းစိတ်များအုံကြွ၊ အံ့ဘွယ်ဖွားမြင်ပြီးမှ။ ပျိုကညာဝမ်းတွင်နေ၊ မိုးမြေအုပ်စိုးရှင်ပေ။ ကြည်လင်လှပသောကြယ်၊ မိုဃ်းကောင်းကင်တွင်စီချယ်။ ကြောင်းမူကားဗက်လင်မြို့တွင်၊ သူငယ်တော်ဖွားမြင်။
၃ ထိုကြယ်တော်လမ်းပြရာ၊ ကုန်မဆုံးတောက်ပရှာ။ ထိုသီချင်းသံချိုသာ၊ ကမ္ဘာဝှမ်းလုံးရောက်လာ။ နေရာတိုင်းတွင်လှုပ်ရှား၊ ကြယ်လင်လှပတကား။ ယေရှုရှင်ဘုရင်ဖြစ်ဆို၊ အုပ်စိုးသောအိမ်လို။
၎ အလင်းတော်တွင်ရွှင်မြူး၊ သီချင်းတုံ့ပြန်ဧကျူး။ ညချိန်ခါသီဆိုသံ၊ ကောင်းကင်သားများဆုပန်။ ဝမ်းမြောက်ဘွယ်သိတင်းကောင်း၊ ကျွန်ုပ်တို့ပဲ့တင်ဆောင်။ ကယ်တင်ပိုင်ရှင်ဘုရင်ကို၊ ချီးမွမ်းလျက်သီဆို။
|
|