|
4-July-2008

Fellowship "Living Water" program. Taiwan violist Mr.Shang Quan
Australia Brisbane ICC team participated.
Youtube by Saya Sai Aye (MCA Bangkok)
စင်ကာပူ ဂျပ်ဆင် မြန်မာအသင်းတော်
လစဉ်ပြုသော သက်စမ်းရေ လူငယ်အစီအစဉ် ၄-ဇူလိုင်-၂၀၀၈ စနေညတွင်
ဘရစ်စဘိန်းအိုင်စီစီ နှင့် တိုင်ဝမ်တယောပညာရှင် ချန်ရှင်း တို့
မိတ်သဟာရပြုလုပ်ခြင်း။
http://youtube.com/watch?v=ra4ANU0ymhM
http://youtube.com/watch?v=3T8QDwENf-s
June 30, 2008

Audio Sermon
First Burmese Baptist Church
တွင်ဟောကြားသော တရားဒေသနာ
ရှင်လုကာ ၆း ၄၅ - ၅၂ သက်တာမုန်တိုင်း
၂၄- ဇွန် - ၂၀၀၈
မုန်တိုင်းကယ်ဆယ်ရေးအဖွဲ့ဝင်တဦးပေးစာ

မြန်မာနိုင်ငံ မုန်တိုင်းဒဏ် ကယ်ဆယ်ရေးအတွက် ဘိုကလေးမြို့ IOM (
international organization for migration) field office
မှ သတင်းရရှိပါတယ်။ နှစ်ပတ်လောက်နေပြီးတဲ့အချိန် အီးမေးကြည့်ခွင့်ဆိုတာ
ဘိုကလေးဒေသမှာ အထူးနှစ်သက်ဖွယ်ရာ အခွင့်ထူးဆိုတော့ ၀မ်းသာအားရ
အခွင့်ရတုံး မိတ်ဆွေတွေကို ပြောပြချင်ပါတယ်။ ကျွန်တော်နဲ့အတူ
အိုင်အိုအမ် အတိုင်ပင် တာဝန်ခံလုပ်သူများ ရှေ့တန်းဒေသမှာ လုပ်နေသူ
သြစတြေးလျားနိုင်ငံမှ မိတ်ဆွေများရှိပါတယ်။ ကျန်းမာရေးအတွက်
မိုဘိုင်းဆေးခန်း နဲ့ အစားအစာမဟုတ်တဲ့ အထောက်ပံ့ပစ္စည်းများကို
ဒုက္ခသယ်များအတွက် ဖြင်္န့ဝေပေးနေပါတယ်။
Click Here to
real All
ဆန်ဖရန်စစ္စကို FBBC မြန်မာအသင်းတော် 2008 နှစ်ပတ်လည် စာစောင်

ACDC View - Click Here
၂၀- ဇွန် - ၂၀၀၈
သက်စမ်းရေ (ခရစ်ယန်တို့၏
ယုံကြည်ချက်)
ဆရာဦးဇော်ဝင်း (Perth, Australia)
ကျွန်တော်တို့ ပတ်ဝတ်ကျင်မှာ
အသံအများကြီးရှိပါတယ်။ သာယာသံ၊ ဆူညံသံ များနဲ့အတူ
ဘုရားခေါ်သံလည်းရှိပါတယ်။ အာရုံစိုက် ကြားတတ်ရန်လိုပါတယ်။
ဧ၀ံဂေလိတရားနဲ့ ခေါ်နေတဲ့ ၀မ်းမြောက်ဖွယ်သတင်းစကားကို ကြားရဖို့
အရေးကြီးပါတယ်။
Click for Text & Audio

စင်ကာပူအသင်းတော်များ စုပေါင်းပြီး
သီဆိုချီးမွမ်းခြင်းပွဲတော်ကို
ဖွန်လ ၇-၈ (၂ ရက်) ညစဉ် ၇း၃၀ နာရီတွင် ပြုလုပ်ခဲပါတယ်။ မြန်မာပြည်မှ
အဆိုတော် စံပီး နှင့် ဆုန်သင်းပါ တို့လည်း ပါဝင်ဆင်နွဲပြီး
ဆရာဇော်သူလင်း၊ ဆရာမရွှေရီ၊ ဆရာမအက်စတာကျင်း၊ ဆရာသြဂတ်စတတ်၊ ဆရာမျိုးသူ
စတဲ့ အသင်းတော်ပေါင်းစုံမှ လာရောက်ဆင်နွဲသွားကြပါတယ်။
Click to view the F.O.P 2008 Photos
Courtesy of JBC Blog
၁၅- ဇွန် - ၂၀၀၈
ဖခင်များနေ့ ၂၀၀၈ အမှတ်တရ ဖခင်ဖြစ်သူ ဒေးဗစ်မိုးရို အောက်မေ့သတိရ၊ တရားဒေသနာ နဲ့ သက်သေခံချက်ကို
သားဖြစ်သူ ဆရာ Mark Moe ဆန်ဖရန်စစ္စကို ဒေးလီးစီးတီး မြန်မာအသင်းတော်မှာ
ဟောပြောခြင်း။
http://burmesebible.com/judson/story/200806/david_burmese.htm
PDF fiile

ဦးစောဘလာထူးနှင့် ဒေါက်တာမြင့်မြင့်စန်းတို့ ဆိုင်ကလုန်းကယ်ဆယ်ရေး၊
ဆေးကုသရေးခရီးစဥင်္ မှတ်တမ်းများ

၆- ဇွန်လ - ၂၀၀၈
အီးမေးမှတ်တမ်း (ဒေါက်တာ
Honor Nyo့)
Karen Baptist
၅- ဇွန်လ - ၂၀၀၈
အီးမေးမှတ်တမ်း (ဆရာ ဦးအောင်သက်ညွန့်)

Download
Music MP3
PDF
file
ဆိုင်ကလုန်း MCA Bangkok ကယ်ဆယ်ရေး (1-May-2008)

ကျေးဇူးတော်ကြောင့် မြန်မာပြည် ဗုဒ္ဓဟူးနေ့သွားပြီး သောင်္ကြာနေ့
ပြန်ရောက်ပါသည်။ အဖွဲ့၁၄ခု ကယ်ဆယ်ရေးလုပ်နေပြီး
ဝန်ကြီးခွင့်ပြုချက်ဖြင့် ကျောင်း၆ခု ဆောက်ခွင့်ရခဲ့သည်။ တကျောင်းကို
သိန်းရာနှင့်ချီကုန်မည်။ ငွေ၅သိန်းဖြင့် ကယ်ဆယ်ရေး အိမ်ဆောက် ၅လုံး
ရအောင် ဆောက်ခဲ့သူက ဓါတ်ပုံများ ပြသည်။ အိမ်ပိုင်ရှင်ဒေါ်ပြုံးဓါတ်ပုံ -
ပိန်သော်လည်း ပြုံးနေပါသည်။ လပွတ္တာတွင် အဖိုးများ၊ မိဘများ၏ သားသမီး၊
မြေးများ အမည်နှင်တကွ အလောင်းရခြင်း၊ မရခြင်း - ဖတ်ပြ ပါသည်။
အသံသွင်းလာသော သက်သေခံချက် ၂၀ ခန့် နားထောင်ရန်ယူလာပါသည်။ ၀မ်းလျှော
ရောဂါ မြန်မာများ လုံးဝမဖြစ်ခြင်း ဘုရားသခင် ကာကွယ်စောင့်ရှောက်ပါသည်။
နောက် တပါတ် မြန်မာပြည်ကို ၅ကြိမ်မြောက် သွားမည်ဖြစ်သည်။ ဆရာတူးဂျာလည်း
မြန်မာပြည် သွား၊ပြန် လုပ်နေပါသည်။ ဆုတောင်းပေးကြရန်ဖြစ်ပါသည်။
တရားဒေသနာ - သုတ္တံ ၃း ၁-၄ ဂရုဏာ နှင့်
သစ္စာတရားအကြောင်း ဟောကြားသွားခဲ့ပါသည်။ Rev.U Zaw Min
http://video.yahoo.com/watch/2786586/8088358

Download
2MB file
ဆန်ဟိုစေး အသင်းသားများရဲ့ Cell Group ကျမ်းစာလေ့လာခြင်း
(၃၁-မေ-၂၀၀၈)ကမ္ဘာဦးကျမ်း ဘုရားသခင်ဖန်ဆင်းခြင်းမှစပြီး နေဧခေတ်၊
သခင်ယေရှုခေတ်၊ အိနွီခရစ်ခေတ်၊ ချီဆောင်ခြင်းနဲ့အတူ နောက်ဆုံးကာလများ၊
ဆိုင်ကလုန်း ကယ်ဆယ်ရေးလုပ်ငန်းအချို့ - မှတ်တမ်း
၎-ဇွန်-၂၀၀၈
ဆန်ဖရန်စစ္စကိုအသင်းတော်
့အဖွဲ့ မြန်မာပြည်သို့ မေလကုန်ကခရီးထွက်သွားပါတယ်။
ဆရာလတ်ရီရှဲ (Rev.
Dr Latt Yishey)၊ First
Burmese Baptist Church of San Francisco
FBBCSF.org, ဆောင်ရွက်မှုများကို အသင်းတော်ရဲ့ ဘလောက်မှာ
ဖေါ်ပြထားပါတယ်။
http://access2ministry.blogspot.com/
၁-ဇွန်-၂၀၀၈
၁။
ဆရာဗုတ် (Rev. Augustus)၊ စင်ကာပူ
ယုဒဿန်အသင်းတော်နှင့်အဖွဲ့ ဒုတိယအကြိမ် မြန်မာပြည်သို့
၂-ဂျွန်-၂၀၀၈ ထွက်ခွာသွားပါသည်။ ဆရာနှင့်အခြားအဖွဲ့တခု ထိုင်းနိုင်ငံ
ဖူးခတ်ဒေသရှိ စူနာမီမစ်ရှင်မှ ပြန်ရောက်ပြီး
မြန်မာပြည်သို့ခရီးဆက်ထွက်ခွာခြင်းဖြစ်သည်။
Singapore Judson Baptist Pastor's 2nd trip 2-Jun-2008
၂။
ဦးနော အောက်မေ့ဖွယ် အသင်းတော်မှ
ကယ်ဆယ်ရေးလုပ်ငန်းအချို့ 
U Naw's Memorial team
၃။
စင်ကာပူမှ ခရစ်ယာန်မိသားစုများနှင့် ဆရာဒိုးဇက်
ကယ်ဆယ်ရေးခရီးစဉ်
Saya Do Set and team
---------------------------------------------

Baptist Christian Community
Church Fellowship
ဂျပ်ဆင်အသင်းတော် မီဒီယာအဖွဲ့
ဆန်ဖရန်စစ္စကို ဆန်ဟိုစေးအသင်းတော်မှာ အတူတကွ ကိုးကွယ်ဝပ်ပြုခြင်း
မေလ-၂၀၀၈။ Posted @ jbcs.org.sg via
http://blip.tv/file/898452
---------------------------------------------
စင်ကာပူ ယုဒဿန် အသင်းတော် Updates

www.jbcs.org.sg
---------------------------------------------

Flyer to downlaod
www.burmesebible.com/judson/images/Prayer_5.jpg
---------------------------------------------
၃၀ - မေ - ၂၀၀၈
ဘုရားသခင်သည် လက်တော်ဖြင့် ကာကွယ်
စောင့်ရှောက်သည်။
ထိုင်းနိုင်ငံ
ကျွန်းကလေးတကျွန်းကို မြန်မာ မစ်ရှင်အဖွဲ့တခု ၂၀၀၈
မှာရောက်ရှိသွားခဲ့ပါတယ်။ ညနေ မိုးချုပ်စ ရောက်ပြီး ပင်ပင်ပန်ပန်းနဲ့
အဖွဲ့သားများ ရွာခံအိမ်တခုမှာ အိပ်မောကျနေတဲ့ ညသန်းကောင် ၁၂း၃၀
လောက်ပါ။ မိစ္ဆာသူရဲအသံတွေလား ထင်ရတဲ့အသံတွေ ညသန်းကောင်မှာကြားရတယ်။
မိစ္ဆာတွေမဟုတ်ပါဘူး၊ အလွန်ကျယ်လောင်တဲ့ လူအသံတွေနဲ့ ထိုင်းလူမျိုးများ
အိမ်ထဲဝင်လာပြီး မစ်ရှင်အဖွဲ့ကို သတ်ပစ်ဖို့ ဥပဒေမဲ့
ကြိုးစားလာတာကိုကြုံရပါတယ်။ အားလုံးနိုးလာပြီး ဘာမှမတတ်နိုင်ပါ၊
ပြန်မပြောနိုင်တော့ပါ၊ ဘုရား အလိုတော်ပါပဲ လို့  အဖွဲ့သားများ
ငြိမ်သက်စွာဆုတောင်းသူ၊ ကျယ်လောင်စွာ ဆုတောင်းသူ စသဖြင့်ပဲ
ဆုတောင်းခြင်း တခုသာတတ်နိုင်ပါတယ်။ အင်မတန် အံဲ့သြစရာ ပါပဲ။ ဘုရားသခင်
ကျေးဇူးတော်ကြောင့် ဒီလူအုပ် ဘာမှ မလုပ်တော့ပဲ လှည့်ပြန်သွားကြတယ်။
အင်တာနက် မှတဆင့်ရရှိတဲ့ သက်သေခံချက်ပါ။ Editor: Group is led by
"EAST Bible School , Singapore Graduates and JBC Singapore, MCA
Thailand.. members"
Click
Here for Read All
---------------------------------------------
ရွှေ
အားလုံးကို ဖိတ်ခေါ်ပါသည်။

စင်ကာပူ ချီးမွမ်းခြင်းပွဲတော်
အသင်းတော်အားလုံး စုပေါင်းသီဆိုချီးမွမ်းခြင်း တတိယနှစ်
တနှစ်လျှင် ၂ ကြိမ် ပြုလုပ်နေကြဖြစ်သော
စင်ကာပူရှိခရစ်ယန်အသင်းတော်အားလုံး ဘုရားရှင်ကို တလုံးတ၀တည်း
သီဆိုချီးမွမ်းခြင်းပွဲတော်ကို ဖွန်လ ၇-၈ (၂ ရက်) ညစဉ် ၇း၃၀ နာရီတွင်
ပြုလုပ်မည်ဖြစ်ပါသည်။ Cornerstone Community Church မှ
လက်ခံကျင်းပမည်ဖြစ်သည်။ လိပ်စာ The Odeon Katong #03-01/02, 11
East Coast Rd, Singapore 428722. Bus 10, 12,14,32,40
ညစဉ် ၆ နာရီ Eunos MRT မှ ကားဖြင့်လာရောက် ကြိုဆိုမည်ဖြစ်သည်။
မြန်မာပြည်မှ ဖိတ်ခေါ်ထားသော ဧည့်သည် အဆိုတော် ဆုန်သင်းပါရ် နှင့် စံပီး
တို့ပါဝင် သီဆိုချီးမွမ်းကြမည်ဖြစ်သည်။ Lord heal our land ,
Festival of Praise 2008
ရွှေ
အားလုံးကို ဖိတ်ခေါ်ပါသည်။
---------------------------------------------
၂၄- မေ - ၂၀၀၈
မုန်တိုင်းအကူ
ရံပုံငွေ ဈေးရောင်းပွဲ နှင့် ဂီတပွဲ San
Francisco

ဆန်ဖရန်စစ္စကိုမြို့ ရောက်
မြန်မာလူငယ်များ မုန်တိုင်းကယ်ဆယ်ရေးအတွက် ရံပုံငွေရှာတဲ့အနေတဲ့
ဈေးရောင်းပွဲ နဲ့ ဂီတပွဲကို မေလ-၂၄ ရက် (စနေ နေ့ ၃ နာရီကနေ ည၈နာရီအထိ)
ကျင်ပခဲ့ပါတယ်။ Oakland Burmese Church
www.obmbc-ca.org မှ
ခရစ်ယန်လူငယ်များနဲ့  ဆရာ Rev.
L လွန်းဝါ တို့ စည်းရုံးလုပ်ဆောင်ကြပါတယ်။
Click
Here for Read All
---------------------------------------------
၁၉ - မေ - ၂၀၀၈
စင်ကာပူ ယုဒသန်အသင်းတော်
သင်းအုပ်ဆရာ Rev. Augustus
(ဆရာဗုတ်) မြန်မာပြည်ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရာမှ စင်ကာပူကို ၁၈-မေလ
မှာပြန်ရောက် ပါတယ်။ ရန်ကုန်ကနေတဆင့် မိတ်ဆွေများအကူအညီနဲ့  မြောင်းမြအပါအ၀င်
ဧရာဝတီ တိုင်းက ဒုက္ခသယ်များစွာကို တွေ့ ဆုံအားပေး ကူညီနိုင်ခဲ့ပါတယ်။ အသင်းတော်
ဥက္ကဌ ဦးစိုးလွင်နဲ့  အဖွဲ့ သား ၇ ယောက်ကတော့ ရန်ကုန်မှာ ဆက်လက်နေကျန်ရစ်ပြီး
အဆက် အသွယ်လမ်းကြောင်း ပိုမိုကောင်းမွန်ရေးအတွက် ဆောင်ရွက်နေပါတယ်။ အသေးစိတ်
သိလိုသူများ စင်ကာပူအသင်းတော်ကို မေးမြန်းနိုင်ပါတယ်။ ဒေါက်တာမြင့်မြင့်စန်း
အကူညီတောင်းပေးမှုကြောင့် စင်ကာပူဆေးကုမ္ပဏီမှ ပေါင်ချိန် ၁၂၀၀
ဆေးဝါးလှူဒါန်းပစ္စည်းများလည်း အဆင်ပြေစွာသယ်သွားနိုင်ခဲ့ပါတယ်။ မကြာခင်မှာ ဒုတိယအခေါက် အသင်းတော်မှ
သူနာပြုများအပါအ၀င်၊ လုပ်အားပေးများကို ဆက်လက်ခေါ်ဆောင်သွား မယ်လို
့သိရပါတယ်။ အထူးလိုအပ်သောအရာများ - ယောင်္ကျားပုဆိုး၊ မိန်းမထမီ၊
ခြင်ထောင်၊
(မှတ်ချက်။ ရန်ကုန်တွင်ဝယ်ယူရနိုင်သော်လည်း ဈေးအရမ်းကြီးနေပြီး -
စင်ကာပူတွင် ပုဆိုး၊ ထမီ၊ ခြင်တောင်များစုဆောင်းနေဆဲဖြစ်သည်။ ယခုအခေါက် သယ်ရန်
ပုဆိုး၊ထမီ၊ခြင်တောင် အထည် ၁၀၀၀ သတ်မှတ်ထားပါသည်။ ဆေးပစ္စည်း ကီလို ၅၀၀လည်း
ဒေါက်တာမြင့်မြင့်စန်း အလှူခံပေးသဖြင့် ဆေးကုမ္ပဏီမှ လှူဒါန်းရာ ရန်ကုန်သို
့ချောမွေ့ စွာ သယ်သွားနိုင်ခဲ့ပါသည်။ ဓါတ်ပုံမှတ်တမ်းများ
စင်ကာပူအသင်းတော်များထံ တင်ပြပါမည်။ အမေရိကန်၊ သြစတြေးလျား အသင်းတော်များအတွက်
သူတို့ ပေးလိုသော မိတ်ဆွေများသို့  စင်ကာပူအသင်းတော်မှ တာဝန်ယူ ပို
့ပေးနိုင်ပါသည်။)
Judson Baptist Church
www.jbcs.org.sg
Contacts
Senior Pastor: Rev. Saw Augustua 90973600
Pastor: Saya Myo Thu 90068912
President: U Soe Lwin 96503395
Vice President: U Thein Si 90600834
Sacetary: U Tin Tun 96286977
Women: Sayama Maureen 98421323, Sayama Ku Ku 94592808
Youth: John 93628486, Min Aung Thet Lwin 81222320
Media: Zaw Htoo 98476265, Aung Thu 91098795
Judson Center (Peninsula Plaza) Saya U San Win Cho - 92318043
အမေရိကန်၊ သြစတြေးလျား ရှိ မြန်မာ
အသင်းတော်များထံ သီးခြား အစီရင်ခံစာပို့ ပေးပါမည်။
Click
Here for Read All |