|

Judson Center - #05-64 Peninsula Plaza, Singapore
|
နှစ်သစ်အတွက်
Judson Ctr သို့နှုတ်ခွန်းဆက်ခြင်း
ဆန်ဖရန်စစ္စကို
FBBC သင်းအုပ် ဆရာလတ်ယေရှဲ (Rev. Dr. Latt Yishey)

နှစ်သစ်အတွက် motivation များအတွက်ကျေးဇူးတင်ပါတယ်။ သခင်ယေရှု နဲ့
အသင်းတော်များသတင်းတွေကို အချိန်ပေး ဖေါ်ပြရေးအတွက် ဘုရားရှင်လမ်းပြမှု ရစေရေးအတွက်
နဲ့အတူ ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်း မေတ္တာပို့ပါတယ်။
ဆရာလတ်ယေရှဲ နှစ်သစ်ဒေသနာ
(Click Here)
http://fbbcsfupdates.blogspot.com/
ပီနမ် (မလေးရှားနိုင်ငံ) မြန်မာအသင်းတော် - ဆရာချိုမနားလိန်း (Rev. Dr
Cho)

ကောင်းကြီးမင်္ဂလာပြည့်စုံသော
နှစ်သစ်ဖြစ်ပါစေ။
အခုအချိန်ဟာ ၂၀၀၈ ကိုနှုတ်ဆက်ပြီး၊ နှစ်သစ် ၂၀၀၉ ကိုကြိုဆိုရမဲ့
အချိန်ပါ။
ရှိပြီးတာတွေ၊ရှိပါစေ။ ဖြစ်ပြီးတာတွေလဲ ဖြစ်ပါစေ။
တဦးနဲ့တဦး ပြောမှားဆိုမှား၊ အပြစ်တွေကို ခွင့်လွှတ်ဖို့
အချိန်ဖြစ်ပါတယ်။
မနက်ဖြန်အတွက် အကောင်းဆုံးမျှော်လင့်ချက်နဲ့ ရှေ့ကိုမျှော်ကြည့်ကြပါ။
တနေ့တာအကောင်းဆုံးအသက်ရှင်ပြီး ဘုရားရှင်ခေါ်ဆောင်ရာလိုက်ကြပါ။
မိတ်ဆွေတို့နဲ့ သိရခြင်းအတွက် အထူးအမှတ်ရနေမှာပါ။
စိတ်မကြေလည်မှုများ၊ အခက်အခဲဖြစ်ချိန်များ အတွက်လည်း ကျေးဇူးတော်ပါပဲ။
ကျန်းမျာ၊၀မ်းမြောက်ပျော်ရွှင်ခြင်းနဲ့အတူ
ဘုရားသခင်နဲ့အစဉ်လိုက်လျှောက်နိုင်ပါစေလို့
ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။ ဘုရားသခင်ဟာ
ကောင်းမြတ်လှပါတယ်။
In His grace and Holy service
ဆရာချိုမနားလိန်း Cho Ma Na Ling & Seng Hkawn, Penang , Malaysia )
Click More
|

BCFF BayArea Christian Family Fellowship
၎နှစ်ကြာခဲ့ပြီဖြစ်တဲ့ ဒေလီစီးတီး မြန်မာအသင်းတော်ကို ယုံကြည်သူများစုပေါင်း
ပါဝင်ခဲ့ကြတဲ့ ခရစ်စမတ် ကယ်ရိုသီချင်းဆိုပွဲ၊ ခရစ်စမတ်ပွဲတော် နဲ့ နှစ်သစ်အကြို
ဝတ်ပြုကိုးကွယ်ခြင်းများပြုလုပ်ခဲ့ပါတယ်။ ဆရာဦးဘရွှေ၊ ဆရာဦးမြအေး၊ဆရာမခရစ်စတင်း၊
ဆရာလုခ်၊ ဆရာမတ်မိုး၊ဆရာမြင့်စိုး တို့နဲ့ အသင်းသားများ
သက်သေခံချက်များ၊ ခရစ်စမတ်
Media YouTube ,
New
Year BirthDay Cake များနဲ့ ကျေးဇူးတော်ချီးမွမ်းကြပါတယ်။

Rev. Saw Augustus couple, Saya U
San Win Cho couple, Rev. Kyaw Win, Rev. Pa Ni Maung in Singapore
ဆရာဦးကျော်ဝင်း (Rev. Dr .. PhD)
သည်မြန်မာနိုင်ငံဖွား ပြည်ပသာသနာလုပ်ငန်းတွင် ဘုရားသခင်အသုံချခြင်းကို
ခံရသူဖြစ်သည်။ မြန်မာပြည်တွင် တောတောင်ချောင်ကြား ဧ၀ံဂေလိလုပ်ငန်းကို
ကျောပိုးအိပ်တလုံးနှင့် နှစ်ပေါင်း များစွာ လုပ်ဆောင်ခဲ့ပြီး၊ မိမိကဲ့သို့
ဧ၀ံဂေလိဆရာ ထောင်နှင့်ချီ မွေးထုတ်နိုင်ရေးအတွက် ဆုတောင်းရင်း စီးပွားရေး
လုပ်ဆောင်ခဲ့ရာ မြန်မာပြည်တွင် ထိပ်ဆုံးရောက်သည်ထိ ငွေကြေးဥစ္စာ ကြွယ်ဝခဲ့ပါသည်။
၁၉၉၇ နောက်ပိုင်းတွင် စီးပွားရေး လောကမှ အနားယူပြီး ပြည်ပ သာသနာလုပ်ငန်းများကို
သြစတြေလျား နှင့် တိုင်ဝမ်တို့တွင် လုပ်ဆောင် ခဲ့သည်။ ၂၀၀၅ နောက်ပိုင်းတွင်
မြန်မာများစွာရှိသော ထိုင်း၊မလေးရှား၊စင်ကာပူများတွင် ဧ၀ံဂေလိတရားများ အထူး သဖြင့်
မိမိနိုင်ငံမှထွက်ခွာပြီး အခက်အခဲများကြားမှာ အောင်မြင်ခဲ့သော အာဗြာဟံ၊ ယောသပ်၊
မောရှော၊ ယောရှု၊ ဒံယေလ စသဖြင့် ဘုရားသခင်နှင့်အတူ
ယုံကြည်စွာ လျှောက်လှမ်းပါက နောင်ဘ၀တွင် ထာဝရအသက်ရပြီး၊ ယခုဘ၀တွင်လည်း ရွှင်လန်း
ကြီးပွားရမည့် တရားဒေသနာများဟောကြားလျှက်ရှိပါသည်။
Click Here to Download
(2.9MB)
ဆန်ဖဇန္န၀ါရီ
၂၀၀၉ သခင့်စကားစာစောင် (စင်္ကာပူ) ထွက်လာပါပြီ၊ ဒေါင်းလုပ်ဖတ်ရှုရန်
JBCS နဲ့ Burmese Bible အင်တာနက် ၀က်ဆိုက်များမှ ရနိုင်ပါတယ်။ ဒီလအတွက် အမှတ် (၈၉)
စာစောင်မှာ အုတ်တချပ်သဲတပွင် - နန်းရထိုက်(က.န.ခ)၊ သတင်မှာအလင်းပါလေမှ - Semuel Soe
Lwin (ကလေးမြို့၊ချင်းပြည်နယ်)၊ နှစ်သစ်ကူးည (မင်းထွန်းသက်လွင်)၊ ခြားနားချက်
(ဆိုင်းတောင်)၊ ဆုံသည့်နေ့ - ဇင်မာ(ပုသိမ်)၊ သုံးပါးတဆူ - နော်နော်၊ သက်သေခံပါရစေ -
နူးနူး၊ သက်သေခံချက် - (နော်စောဂေး၊ Jaku၊ ညောညော၊ အလွဲများစွာ -
မေရီ(ဖျာပုံ)၊ ကျေးဇူးတော်ထပ်ဆင့်ပြီးချီးမွမ်းလိုက်ပါတယ် - သဲမေဦး၊ အမေ့အတွက်
သမီးရဲ့ရင်ဖွင့်စာ - ချာလကာ၊ ခရစ်တော်၌ရှိခြင်း - ဆရာအင်ဒရူး၊
ကျွန်တော်နှင့်မုန်တိုင်းအမှတ်တရ (၆) - မင်းအောင်သက်လွင်၊ နတ်မောက်ရွာနှင့်
လူမရောက် ချောင်းဖျားကြောင့်ရွာ - မင်းဟင်္သာ၊
နိုင်ငံရေး၊လူမှုရေး၊ဂိုဏ်ဂနနှင့်
ညှိစွန်းသောစာမူများကို လုံးဝလက်မခံပါဟု စီစဉ်ထုတ်ဝေသူ မင်းအောင်သက်လွင်က
ကြေညာထားပါသည်။
Click Here

ဆန်ဖရန်စစ္စကိုမြို့ ပထမမြန်မာနှစ်ခြင်းအသင်းတော်
FBBC ၃၃နှစ်မြောက် ခရစ်စမတ်ပွဲတော်ကျင်းပခြင်း၊ နေ့ခင်းအချိန်မှ စတင်ပြီး
ကလေး၊လူငယ်များ သီဆို၊ချီးမွမ်းပျော်ရွှင်ကြပြီး ညစာကျွေးမွေးပါသည်။ ကိုးကွယ်
ဝပ်ပြုခြင်းကို ည၆နာရီတွင်ကျင်းပပါသည်။ သက်ကြွယ်၊လူလတ်၊လူငယ်၊ကလေး အားလုံး
ဧည့်သည်များအပါဝင် ပါဝင်ဆင်နွဲပြီး
ဆရာတော်ဒေါက်တာလတ်ယေရှဲ
မှ ကယ်တင်ရှင်ယေရှုခရစ်၏ ထွန်းတောက်သော အလင်း ခရစ်စမတ်တရားဒေသနာ ဟောကြားပါသည်။
ဂျူးလူမျိုးတို့၏ သားများ Holy Land မှအပြန်
ခရစ်ယန်ဖြစ်လာသည့် ဥပမာနှင့် ယေရှုရှင် လူသားများအတွက် ကမ္ဘာလောကသို့ ကြွလာပြီး၊
ဒါဏ်ချက်များစွာဖြင့် လူသားတို့အပြစ်များအတွက် အသက်အသေခံသွားခြင်း၊
ကယ်တင်ရှင်အလင်းဖြစ်သေ ယေရှုကဲ့သို့ အသက်ရှင်ရန် - မြန်မာနိုင်ငံသို့ အလင်းပေးသော
သာသနာပြုဆရာကြီး ဂျပ်ဆင် ဥပမာများဖြင့် ခရစ်စမတ် တရားရေအေးတိုက်ကြွေးသွားပါသည်။
ဓါတ်ပုံ၊ဗွီဒီယိုများ၊ခရစ်စမတ်သီချင်း၊သက်သေခံချက်များကို
http://fbbcsfupdates.blogspot.com,
http://fbbcsf.blip.tv ,
http://fbbcsf.org ,
Photo Link,
စသည့်အင်တာနက် ၀က်ဆိုက်၊ဘလောက်၊မီဒီယာလင့်ခ်
များတွင် ကြည့်ရှုနိုင်ပါသည်။

21-Dec-2008 , Christmas and "Peace with God" Pastor
U Myo Thu (JBCS - Singapore) ခရစ်စမတ်မှာ ဘုရားသခင်က ငြိမ်သက်ခြင်းကို လာပေးပါတယ်။
ရောမဘုရင်ကြီးက နှစ်တရာ စစ်တိုက်ပြီးမှာ တိုင်းပြည် ငြိမ်သက်ခြင်း ရသလို ယေရှုကလည်း
ကားတိုင်ပေါ်မှာ အသေခံပြီး စစ်မှန်သော ငြိမ်သက်ခြင်းကို ပေးခဲ့ပါတယ်။ ကျွန်တော်
ကျွန်မ တယောက်စီတိုင်းဟာ စစ်မှန်တဲ့ ငြိမ်သက်ခြင်းကို ခံစားနေရပါတယ်။
Click Here

ဆရာခွန်ဂမ် (Rev. Khun Gam ..Sermon, "Where to Live") တရားဒေသနာ၊
နေစရာအိမ် - ကျွန်တော်တို့ နေစရာဈေးကြီးလှတဲ့ အမေရိကားမှာ ထာဝရ နေစရာအိမ်တော်ကို
ရှာဖွေနိုင်ဖို့ ခရစ်တော်ကြွဆင်းလာတဲ့ ခရစ်စမတ်ဒေသနာ 22.Dec.2008 Nebraska USA

ရှေးဦးစွာအသစ်သောဆက်နွယ်တော်စပ်ခြင်း
ဖတ်ရန်ကျမ်းချက်။ ယော၊ ၁၅း၁-၅။ သော့ချက်ကျမ်းပိုဒ်။ ''ငါသည်စပျစ်နွယ်ပင်ဖြစ်၏။
သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည်ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏။
ထိုသူသည်များစွာသော အသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင်သင်တို့သည်
အဘယ်အမှုကိုမျှမတတ်နိုင်ကြ။'' (ယော၊ ၁၅း၅) Andrew Dec2008.
Click Here

ကချင်ပြည်ကို အမေရိကန်လူမျိုး ဆရာကြီး
အိုလက်ဟက်ဆန် သာသနာပြုလို့ ခရစ်တော်ကို ကချင်လူမျိုး ၉၀ရာနှုံး လက်ခံခဲ့ကြပါတယ်။
နှစ် ၁၀၀ ကျော်မှာ ဆရာကြီးရဲ့ ဒေသ အမေရိကန်၊ နီဘရာစကာပြည်နယ်၊ အိုမဟာမြို့မှာ
ကချင်လူမျိုးများစွာ တကြော့ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဂျပ်ဆင်စင်တာ (စင်ကာပူ)
အဖွဲ့မှာ ခရစ်စမတ်လက်ဆောင်အဖြစ် ကချင်လူမျိုးများ မြန်မာလိုသီဆိုထားတဲ့
ခရစ်စမတ်သီချင်းကလေးပါ။
ခရစ်စမတ်ရက်မြက် ဒီအချိန်လေးထဲဝယ်
ဆောင်းတွင်းမြူတွေကြားထဲ .. သီချင်းလေးသီဆိုရင်းနဲ့
ချစ်တဲ့ညီအစ်ကို အပေါင်းသင်းများဆီဝယ်....
မေတ္တာတွေအပြည့်နဲ့ ... ချစ်ကြင်နာကြမယ်..
ခရစ်စမတ်ရက်မြက် ဒီအချိန်လေးထဲဝယ်
Cho.. ဒီလိုခရစ်စမတ်အပင်ကလေးကို မေ့မယ်နော်
ဒို့ရဲ့အရှင်ခရစ်တော် ဖွားမြင်လာတယ်လေ
ဒို့များဆုံတွေ့ကာ သီချင်းလေးသီဆိုမယ်
ယေရှုခရစ် ဖွားမြင်လာတာ ဒို့အတွက်လေ....
Photo Update
Christmas Gift from Kachin in Nebraska (41 Seconds .. Google Video)
http://video.google.com/videoplay?docid=-1481900951232217922&hl=en

ထိုင်းနိုင်ငံရောက် မြန်မာ
၃သန်းခန့်ရှိကြပါတယ်။ ဘန်ကောက်မှာ အခြေပြုတဲ့ ဆရာဦးဇော်မင်း၊ ဆရာအယ်တူးဂျာ၊
ဆရာထွန်းမြ၊ဆရာစိုင်းအေး စတဲ့ ဓမ္မဆရာများရဲ့ အမ်စီအေအသင်းတော်
http://mcabangkok.org မှ ခရစ်စမတ်အကြို
ကိုးကွယ်ဝတ်ပြုခြင်းမှာ မြန်မာရိုးရာ အိုးစည်ဗုံမောင်း ခရစ်စမတ်သီချင်းနဲ့
သီဆိုချီးမွမ်းကြပါတယ်။ ဆရာထွန်းမြရဲ့ တရားဒေသနာနဲ့ အဆုံးသတ်ခဲ့ပါတယ်။
Burmese Tridition song to Praise Christmas by MCA Bangkok Church (You Tube Video)
21-Dec-08
http://www.youtube.com/watch?v=HhdUPX9qkgs&feature=channel_page

မြန်မာပြည်မှာ ၀ိုင်စီ ဆိုတဲ့
ဧ၀ံဂေလိကျမ်းစာသင်တန်းမှာ ဓမ္မဆရာပေါင်းများစွာ ကမ္ဘာအနှံ့က မြန်မာများထံ
ရောက်ရှိပြီး ဘုရားအမှုတော်ဆောင်လျှက်ရှိပါတယ်။ မလေးရှားနိုင်ငံ ပီနန်မြို့မှာ
စေလွှတ်ခံရတဲ့ ဆရာချိုမနားလိန်း (Rev. Dr. Peter Cho) ဇနီးမောင်နှံ နဲ့အတူ
၂၀၀၈ ခရစ်စမတ်ကို ပီနန်တ၀ိုက်က မြန်မာများနဲ့ ခရစ်စမတ်ပွဲတော်အကြိုဆင်နွဲတဲ့
ဓါတ်ပုံ သတင်းဖြစ်ပါတယ်။
Rev.Dr. Peter Cho Gospel Int'l Myanmar Ministry, Penang Malaysia
016-4667740

Cantata လို့ခေါ်တဲ့
သီဆိုချီးမွမ်းဝတ်ပြုခြင်း တနင်္ဂနွေနေ့ကို စင်ကာပူ ဂျပ်ဆပ်အသင်းတော်မှ
နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ ဂျပ်ဆင် နှစ်ခြင်းအသင်းတော်ရဲ့ အင်တာနက်
http://jbcs.org.sg မှာ စင်ကာပူရောက်
မြန်မာဓမ္မဆရာများရဲ့ ဒေသနာ၊ သီဆိုချီးမွမ်း၊၀ပ်ပြုခြင်းများကို
လေ့လာနိုင်ပါတယ်။
2008 Centata ၀တ်ပြုခြင်းနားဆင်ကြည့်ရှု ခံစားရန်
http://blip.tv/file/1593213/

ဆန်ဖရစ်စစ္စကို ၂၁လမ်း မြန်မာအသင်းတော်ဟာ
နှစ်ပေါင်း၃၀ကျော် ခရစ်စမတ်ပွဲတော်ကို သခင်ယေရှုခရစ်အားကြိုဆို
ဆင်နွဲ၊ကိုးကွယ်ဝပ်ပြုခဲ့ပါတယ်။ ဆရာလတ် Rev. Dr Latt Yishey ဦးစီးပြီး
မြန်မာများစွာရှိတဲ့ ဒေလီစီးတီးမှာ ၆-ဒီဇင်ဘာ-၂၀၀၈ ခရစ်စမတ် ဧ၀ံဂေလိ
သီဆိုချီးမွမ်း၊ဟောကြားခဲ့ပါတယ်။ ခရစ်စမတ် ကယ်ရိုသီချင်းများကို အိမ်များထံ
လိုက်လံသီဆိုပြီးပါပြီ။ FBBC Christmas Celebration is on 25 Dec 2008 3 to 9pm
at 21st Street, San Francisco.
http://fbbcsfupdates.blogspot.com/
Judson Center

Previous Postings
|

Judson
Burmese Bible
www.burmesebible.com
Judson
Baptist Church
Singapore jbcs.org.sg
MCA
Bangkok
www.mcabangkok.org




PDF Download


သခင်စကား
Jan-09


X'mas Songs သီချင်းများ


Rev. Augustus

Sermon Documents
Singapore

Rev. Dr
Kyaw Win
ဦးကျော်ဝင်းမစ်ရှင်
Download
2MB PDF file

Tokyo Kachin Baptist
Church
Rev. Yojong Yaw Han

Judson (Singapore)

Karen KBCS
Singapore

Hakka Myanmar
Singapore

Myanmar Baptist Church
NewYork

First
Burmese Baptist Church
San Francisco

San Jose
Burmese Church
http://www.bcccsv.org/

Oakland Burmese Church

Calvary Baptist Church
Bangkok

MCA , Thailand
Myanmar Christian Assembly

Links

SKS Bookshop SG.






LORD WORD, sg

Burmese Christian
Links - Click Here
Myanmar Audio Semons

www.BurmeseBible.com
|