
ကရင်လူမျိုးများစွာ အမေရိကန်၊ နယူးယောက်၊
ယူတီကာမြို့မှာ ခရစ်စမတ်ပွဲတော်ကျင်းပနေကြပါတယ်။ ဒုက္ခသယ်များ ၂၀၀၇
နောက်ပိုင်းမှာ များစွာရောက်လာတဲ့အထဲ အချို့ဟာ ရေခဲတောင်တန်းများရှိတဲ့
ကိုလိုရာဒို (ဒင်ဗာမြို့) ရောက်ရှိနေတဲ့အခိုက် ဓမ္မအမှုတော်ဆောင်များ ဆရာရော့ကီ၊
ဆရာတာမနာထော၊ ဆရာမဂျူရီ တို့နဲ့အတူ ကလေးသူငယ်များစွာ
ဆုတောင်း၊သီဆိုချီးမွမ်းခြင်းတခုပါ။
http://bcffdalycity.blip.tv/#1590796

ခရစ်စမတ်လက်ဆောင် Christmas Message ဆရာဦးတင်မောင်ထွန်း
ဓမ္မမိတ်ဆွေများ ခင်ဗျာ၊
တနှစ်တခါ ခရစ်တော်ရဲ့ ဖွားသန့်စင်တဲ့ နေ့ရက်မှာ ခရစ်တော်နဲ့ပတ်သက်သော
လှုပ်ရှားမှု၊ ခရစ်တော်နဲ့ ပတ်သက်သောနေ့ရက်ကို အကြောင်းပြုပြီးတော့ အကျိုးဖြစ်တဲ့
စီးပွားရေးကအစ များစွာရှိတယ်ဆိုတာ အထူးပြောစရာလိုမယ် မထင်ပါဘူး .. လို့။
ခရစ်တော်ရဲ့ မွေးနေ့တော်ကို အကြောင်းပြု၍ အင်္ဂလိပ်စကားလုံးကတော့ Christmas လို့
ခေါ်ပါတယ်။ ခရစ်စမတ် Christ ခရစ်တော်တည်းဟူသော အရှင်တော်ကို အကြောင်းပြုလို့
စုလာကြတယ်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ အာရုံပြုပြီးတော့ ခရစ်တော်၌
စုဝေးတဲ့သူတွေက ဘယ်သူတွေတုံး။ အများဆုံးသူတွေကတော့ ခရစ်ယန်တွေလို့ ပြောမှာပေါ့၊
ခရစ်ယာန်တွေ သာလျှင် ခရစ်တော်ရဲ့ နာမ၌ စုဝေးကြတယ်။ Re-posted 09.Dec.2008
Click Here
............................................

Crusade update 06-Dec-2008
Chowkee ZawMin <amgthai@ksc.th.com>
ချစ်မေတ္တာ
လက်ဆောင်များနဲ့ အမ်စီအေခရူးဆိတ် ကိုအားပေးမှုများအတွက်
ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် မယုံကြည်သူ
၁၆၁ ဦး လာရောက်ကြပါတယ်။ ၁၂၁ ဦးဟာ ယေရှုခရစ်ကို လက်ခံခဲ့ပြီး
၈၆ ယောက်ဟာ နှစ်ခြင်းမင်္ဂလာ ခံယူခဲ့ကြပါတယ်။ မိတ်ဆွေများရဲ့
ဆုတောင်းပေးခြင်း၊ အားပေးကူညီခြင်းမပါရှိပဲ ဒီ ခရူးဆိတ်
ဧ၀ံဂေလိ အခမ်းအနား ဖြစ်မလာနိုင်ဘူးလို့ ယုံကြည်ပါတယ်။
သမ္မာကျမ်းစာအုပ် (Holy Bible) ၁၄၅ အုပ်ကို ကိုယ်ပိုင်
အမြတ်တနိုး ထားလိုသူများအတွက် (ဘုန်တော်ကြီးတပါးအပါအ၀င်) ဝေငှ
နိုင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ နိုင်ငံရေး အခြေအနေ ရှုပ်ထွေးမှုများ
ဖြစ်နေတဲ့အတွက် မြန်မာပြည်မှ ဆရာတော် ဦးတင်မောင်ထွန်း၊
ဆရာတော် ဦးမျိုးချစ် ၊ ဆရာတော် ဦးညွန့်လှ တို့နဲ့အတူ အခြား
အသင်းတော်ခေါင်းဆောင်များ မလာရောက် နိုင်ခဲ့ပါဘူး။
သို့သော်လည်း ဘုရားရှင်ရဲ့ အတူပါရှိမှုနဲ့ တန်ခိုးတော်ဟာ
အလွန် အင်အားကြီးပါတယ်။ ထာဝရဘုရားကို ကျေးဇူးတင်ပါတယ်။
ဘုရားသခင် သင့်ကို ကောင်းကြီးပေးပါစေ။ ဘုရားရှင်ရဲ့ နိုင်ငံတော်
ကျယ်ဝန်းစေရေးအတွက် ဆက်လက်လုပ်ဆောင်ကြပါစို့။
(အီးမေး သတင်းဖြစ်ပါတယ်။ ပိုမိုသိလိုပါက
Click Here)

ဆရာဦးမြအေး၊ ဒေးလီစီးတီး မြန်မာအသင်းတော် BCFF (၁ ဒီဇင်ဘာ - ၂၀၀၈)
ကျမ်းပိုဒ်
ဆာလံ ၁၀၀
၁မြေကြီးသားအပေါင်းတို့၊ ထာဝရ့ဘုရားအား ကြွေးကြော်ကြလော့။
နောက်
နှစ်ပါတ်ကြာတော့ အဲဒီအဖွားကြီး သေဆုံးသွားလို့ တာဝန်ရှိသူတွေက ဆရာကြီးဆီလာပြီး
"ခင်ဗျားကို သူ့ရဲ့ အသုဘပွဲမှာ တရားဟောပေးဖို့ စာနဲ့ရေးမှာထားတဲ့ ကြွရောက်ပါရန်"
လာပြောတယ်။ သွားပြီးတရားဟောတဲ့နေရာမှာလည်း အသုဘတရားပွဲမှာ ဆရာကြီးအပြင်
နောက်တယောက်ထဲပဲရှိတယ်။ အဲဒီ တယောက်ထဲသူကလည်း ခေါင်းထဲမှာ လဲလျှောင်းနေတဲ့ မုဆိုးမ
အဖွားကြီးရဲ့ အသက်မဲ့ ခန္တာကိုယ်ပါပဲ .. တဲ့။
Click Here

Rev. Saw Augustus (Saya Boke) . Nov 2008 Judson Baptist Church
(Singapore)
ကျမ်းပိုဒ်
ယာကုပ် ၁း၂၇ ခမည်းတော်ဘုရားသခင့်ရှေ့၌
စင်ကြယ်သန့်ရှင်း သောသီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုတ်ဆိုးမတို့သည်
ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း၊
ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်း ပေတည်း။
ခမည်းတော်ရှေ့ စင်ကြယ် သန့်ရှင်းသော သီလ ဟု မြန်မာကျမ်းစာ
တွင်ရေးထားသည်။ အင်္ဂလိပ်ကျမ်းစာတွင် ယုံကြည်သူအချင်းချင်းကို ပြောဆိုသည်
Religion ဟု သုံနှုံးထားပါသည်။ ယုံကြည်ကိုးကွယ်မှုတွင် လောကအရာများနှင့် ရောနှော၍
မရပါ။ ဘာသာတရားကိုင်းရှိုင်းခြင်းတွင် လူ့အရာများနှင့်မရောပါ။
Click Here

East Bay Burmese Christian Fellowship,
Concord
3525, Chestnut Ave, Concord, CA 94519
Rev. Sammy Myo Sett
အသင်းတော် အထိမ်းအမှတ် 501 (c) (3) California Public Charity
ကိုးကွယ်ဝပ်ပြုခြင်း
နိုဝင်ဘာ ၂၁ ၂၀၀၈ (စနေ) 2 - 5 pm ကွန်းကော့အသင်းတော်မှ အသင်းတော်
ရာဇ၀င်ကို ပြောကြားခဲ့သည်။ ၁၉၉၇ တွင် ယုံကြည်သူများ ချယ်ရီ နှင့် ရစ်ချပ်
အိုဗျောတို့ အိမ်တွင်စုစည်းပြီး Cell Group ဆုတောင်းပွဲမှ စတင်ခဲ့သည်။ FBBC မှ
ဆရာ ဒေါက်တာ လတ်ရီရှေး မှ ပွဲတော်ပေးရင်း အချိန်ပြည့် ဓမ္မဆရာရရှိရေး
ဆုတောင်း၊ကြိုးစားရင်း ဆရာဦးမျိုးဆက် (ယခင် သွားဆရာဝန် Retired ၊
ကာဝါရီအသင်းတော်တွင် ၁၀နှစ် အမှုတော်ဆောင်ပြီး ) ကိုချဉ်းကပ်ရာမှ
ပြည့်စုံသော အသင်းတော် ရရှိခဲ့ကြောင်း။ ယခင်နေရာ American Baptist Church မှ
ယခု နေရာသို့ပြောင်းရွှေ့နိုင်ခဲ့ပြီး အလှုငွေဒေါ်လာ ၂၀၀၀ ကို မြန်မာပြည်မှ
အသင်းတော် ၅ခုကို ရွေးချယ်ဆပ်ကပ်ခဲ့ရာမှ ဆရာဦးကျော်နိုင်၊ နာဂအသင်းတော်မှ
အလွန်လိုအပ်နေချိန်တွင် တခါမျှမကြားဖူးသော အမေရိကန် EBCF ထံမှ ကျပ်ငွေ
၅သိန်းကို အလှုငွေ ရရှိခဲ့ပြီး ဘုန်းတ်ာထင်ရှားစေသော ဧ၀ံဂေလိ မြန်မာပြည်
သာသနာလုပ်ငန်းများစွာလုပ်ဆောင်နိုင်ခဲ့၍၄င်း၊ နာဂစ်ဆိုင်ကလုန်းအတွက်လည်း
များစွာ လုပ်ဆောင်လှုဒါန်း နိုင်ခဲ့ခြင်းများအတွက် ကျေးဇူးတော်
ချီးမွမ်းခဲ့ပါသည်။ Click Here

ဆရာမျိုးသူ
၁၆-နိုဝင်ဘာ-၂၀၀၈ တရားဒေသနာ
၂၀၀၄ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့ ဆူနာမီကြောင့် လူ၃သိန်းမက သေဆုံးပြီး။
ထိုင်းနိုင်ငံမှာလည်း ဆုံးရှုံးမှုတွေ အများကြီးဖြစ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဆလုံကျွန်း တခုမှာ ထိုင်းမင်းသမီး အပျော်ဓါတ်ပုံ
လိုက်ရိုက် နေစဉ်ကပါ။ မြန်မာပြည်မှာလည်း ဆလုံ လူမျိုးတွေ ရှိပါတယ်။
အဲဒီမှာ ပင်လယ်ရေက အဝေးကြီး ဆုတ်သွားတဲ့အခါ ဆလုံများ ငိုယိုကြပါတယ်။
တိုးရစ်စ်တွေက ဘာဇြစ်မယ်ဆိုတာ မသိပါဘူး။ ပေါ်လာတဲ့ ငါးတွေကို
လိုက်ကောက်ကြပါတယ်။ ဆလုံတွေက သူတို့ လူကြီးတွေ ပြောစကားကို သတိရကြတယ်။
သူတို့ ဘိုးဘေးတွေက ဒီရေလှိုင်း ဆုတ်သွားရင် မြင့်တဲ့နေရာကို ပြေးကြပါ။
လူသားစားတဲ့ လှိုင်းလုံးကြီး ၇ လုံး ဆင်းလာ လိမ့်မယ်လို့ ဆိုစကားရှိတော့
တိုးရစ်စ် တွေကိုလည်း ခေါ်ပြီး အနီးနားက တောင်ကုန်း တွေပေါ်
ပြေးတက်ကြတယ်။ တကယ်ပဲ လှိုင်းလုံးကြီးတွေ လာပါတယ်။ ပစ္စည်းတွေ၊
လှေ၊အိမ်တွေ အားလုံး ဆုံးရှုံး သွားကြပေမဲ့ သူတို့အသက်တွေ
မဆုံးရှုံးခဲ့ကြပါဘူး။ ဘိုးဘေးများ စကားကို အလေးထား နာခံခဲ့ခြင်းကြောင့်
ဖြစ်ပါတယ်။ ဘိုးဘေးများ စကားဟာ တန်ဘိုးရှိပါတယ်။
Click Here

ကျွန်တော်တို့
ကိုးကွယ်သောဘုရား
ကိုသိန်းဇော် (စင်ကာပူ)
1.Nov.2008 ဂျပ်ဆင်အသင်းတော် သက်စမ်းရေလူငယ်အစီအစဉ်ကျွန်တော်တို့
မြင်ခြံ ဗုဒ္ဓဘာသာ အဖြစ် မြင်းခြံမြို့တွင် ဘုရားပေါင်းများစွာ
ပြုပြင်မွမ်းမံခဲ့သည်။ သို့သော်လည်း ခရစ်တော်ကို ရရှိပြီး သည့်နောက်
ကျွန်တော့်သူငယ်ချင်းများက ကျွန်တော့်ကို အမျိုးမျိုး
ပြောကြားခဲ့သော်လည်း စင်ကာပူ အသင်းတော် များတွင် သက်သေခံခဲ့သည်။
အီလင်းအသင်းတော်တွင်လည်း မကြာခဏ ပြောကြားသက်သေခံခဲ့သည်။
Click Here

အသစ်သော မွေးဘွားခြင်း
ဖတ်ရန်ကျမ်းချက်များ။ ယော၊ ၃း၁-၂၁။ယော၊ ၁း၁ဝ-၁၃။ယော၊ ၈း၃၂-၄၄။
သော့ချက် ကျမ်းပိုဒ်။ "ယေရှုက၊ ဒုတိယမွေးခြင်းကို
မခံ သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု
ပြန်၍မိန့်တော်မူ၏'' (ယော၊ ၃း၃)
ယခင် သင်ခန်းစာ၌ ဤကမ္ဘာကြီးတွင် အိမ်ထောင်စု နှစ်စုသာလျှင်ရှိကြောင်း လေ့လာခဲ့ရပြီး
ဖြစ်သည်။ ပဌမ လူ အာဒံ သည် အိမ်ထောင်စု တခု၏ ဦးခေါင်းဖြစ်သည်။ ဘုရားသခင်၏ဒုတိယလူ
ဖြစ်သော ခရစ်တော်သည် အခြား အိမ်ထောင်တခု၏ ဦးခေါင်းဖြစ်သည်။
Click Here (Nov 2008)

ဆန်ဖရန်စစ္စကို FBBC အသင်းတော်မှ
သီဆိုချီးမွမ်းသူများတွင် တေးရေး၊တီးခတ်၊သီဆို ဦးဆောင်သူ
ကိုဂျာလ ၏ Born Again သီချင်းသံကို နားဆင်ရန်ဖြစ်သည်။
ဒါဝိပ်မင်းကြီးလက်ထက် လွန်ခဲ့သော နှစ်ပေါင်း
၃၀၀၀ ကျော်ကတည်းက သီဆိုချီးမွမ်းခြင်းဖြင့် သမ္မာကျမ်းစာများကို
တေးဂီတဖြင့် အလွတ်ရွတ်ဖတ် သီဆို
ချီးမွမ်းရတွင် ယခုခေတ်လူငယ်များအနေနှင့် ပိုမိုလိုအပ်နေကြောင်း Praise
& Worship အစီအစဉ် လိုအပ်ပါသည်။
Click Here (You
Tube)
Click Here (Photo Show) 11-Nov-2008

ဆရာပေါင်မို (Pastor Pau Khan Mung)
ဆရာမငြမ်း (Pastor Vung Niang)၊ ဆရာမ အားပို စသော မြန်မာပြည်မှ
ဓမ္မဆရာ၊ဆရာမများ နှင့် တီးတိန်ချင်းတိုင်းရင်းသားများ
အမေရိကန်နိုင်ငံ အုတ်ကလာဟိုးမာပြည်နယ်၊ တိုဆာမြို့
တွင်ကိုးကွယ်ဝတ်ပြုခြင်း၊ ဆုတောင်းခြင်းများဖြင့် ၀ိညာဉ်ခွန်အားသာမက
အမေရိကန်ရောက်ချင်း၊မြန်မာ တိုင်းရင်းသားများ ဘ၀တိုးတက်
အောင်မြင်မှုရရှိနေခြင်းအတွက်၊ ဘုရားသခင်ကို သီဆိုချီးမွမ်းနေသော
လူငယ်များ။
Worship: TULSA SELECT, 5000 East Skelly Drive, Tulsa, OK 74135
Click Here 9-Nov-2008

ဆရာကြီး
ဦးတင်မောင်ထွန်း (ရန်ကုန်မြို့)။ ၁၇-သြဂုတ်-၂ဝဝ၃
လန်ဒန်ခရီးစဉ် တရားဒေသနာ
ဒီကနေ့က ကျွန်တော်တို့ ဘုရားသခင်ရဲ့ နေ့တော်လို့ခေါ်တဲ့ တနင်္ဂနွေနေ့၊
ရှင်ပြန်ထမြောက် ရာနေ့ လို့ ခေါ်တဲ့ တနင်္ဂနွေနေ့။ အဲဒီ ခွန်နှစ် ရက်မှာ
ပထမရက်လို့ခေါ်တဲ့ တနင်္ဂနွေနေ့၊ အပါတ်စဉ် တနင်္ဂနွေနေ့ တော့ ကျတာပါဘဲ။
ဒါပေမဲ့ ဒီအပါတ်တော့ ပို၍ မင်္ဂလာရှိတယ်။ ထူး ကဲသော မင်္ဂလာ တပါးနဲ့
ဆင်ချင် စရာဖြစ်တဲ့ ရှင်ပြန်ထမြောက်ရာနေ့ ဖြစ်ပါတယ်လို့ပြောချင်တယ်။
ဘာကြောင့်လို့လဲ ဆိုတော့ သမ္မာကျမ်း စာနေ့တဲ့။ သမ္မာကျမ်းစာ တယ်ပြီးတော့
အံ့သြစရာကောင်းပါတယ် နော်။
Click Here
1-Nov-2008

Rev. ဆရာလတ် (Rev. Dr. Latt Yishey)
ပထမမြန်မာနှစ်ခြင်းအသင်းတော် (ဆန်ဖရစ်စစ္စကို) FBBC San Francisco 18.Sep.2008ယ
Bible Study - The Fruit of Holy Sprit ၀ိညာဉ်ပကတိ အကျိုး - ၀ိညာဉ်အသီး
ဂလာတိ ၅း ၂၂ - ၂၃။ ယခင်အပတ် ရန်ကုန်မြို့ နှစ်ခြင်းသာသနာနှီးနှောဖလှယ်ပွဲမှ
ပြန်လည်ရောက်ရှိလာသော ဆရာလတ်ရီရှေး ကျမ်းစာသင်တန်း သန့်ရှင်းသောဝိညာဉ်တော်
အပတ်စဉ်ကျမ်းစာသင်တန်းမှာ ၀ိညာဉ်အသီးအကြောင်း ဟောပြောဆွေးနွေးချက်များ။
Click Here
18-Oct-2008

စင်ကာပူရောက် မြန်မာများရဲ့ ထာဝရဘုရားနဲ့ပတ်သက်ပြီး သက်သေခံချက်များ၊ ကျမ်းစာ နဲ့
ဝိညာဉ်ရေးဆိုင်ရာ စာပေ၊ဆောင်းပါး၊ နှုတ်ကပတ်တော်ဆိုင်ရာ စာစောင်ကို
ယုဒဿန်နှစ်ခြင်းအသင်းတော်တွင် ပထမအပတ်တိုင်း အခမဲ့ဝေငှပေးနေပါသည်။ ယခု အမှတ်စဉ်
(၈၆)ကိုဖတ်ရှုနိုင်ပါသည်။ မင်းအောင်သက်လွင် ဦးစီးထုတ်ဝေခြင်းဖြစ်ပြီး စာမူများကို
min_atl@yahoo.com.sg သို့ပေးပို့နိုင်ပါသည်။
Click Here ..
JBC Website Archived

Rev. ဆရာဦးမျိုးးချစ်
အမ်စီအေအသင်းတော် (ဘန်ကောက်)
၂၈ - စက်တင်ဘာ - ၂၀၀၈
ဘုရားရှင်ရဲ့ကျေးဇူးတော်ကို ဦးစွာချီမွမ်းပါတယ် နိုင်ငံပေါင်း ၁၅ နိုင်ငံ
စုပေါင်းကြတဲ့ အခု ဘန်ကောက်မှာ ရန်ကုန်က ကျွန်တော်တို့လည်း ပါဝင်ခွင့်ရပါတယ်။
တဖက်သတ် ချစ်တဲ့၊ လိုလေသေးမရှိကြည့်တဲ့ ဘုရားရှင်၊ ယေရှုက ဘယ်သူလဲ၊ ဘာဖြစ်လို့
ကယ်တင်နိုင်တာလဲ၊ ကြီးမားတဲ့အမှုတွေကို ဘာကြောင့်လုပ်နိုင်သလဲ၊ ကျွန်တော်တို့
ဘာကြောင့်ကိုးကွယ်သလဲ၊ ကျမ်းစာက (ကောလောသဲ) ပြောတဲ့အချက်များကို ဝေငှလိုပါတယ်။
Click Here

မြန်မာပြည်က ရန်ကုန်တက္ကသိုလ် ဓါတုဗေဒ ဆရာမတဦး
(ခင်ဆွေသန်း) ၁၉၉၃ စင်ကာပူမှာ နေထိုင် Provate Tutor လုပ်ခဲ့ပြီး ဘန်ကောက်မှာ ECC
Thailand အင်္ဂလိပ်စာဆရာမ၊ နောက် ၁၉၉၆မှာ မမျှော်လင့်ပဲ အမေရိကားကို H1B
အလုပ်အကိုင်ရရှိခဲ့ပါတယ်။ ကာလီဖိုးနီးယား စီလီကွန်ဗဲလီးကတဆင့် နီဗရာစကားပြည်နယ်ကို
ပြောင်းရွှေပြီး ကချင်လူမျိုးခရစ်ယန်မိတ်ဆွေများ၊ အမေရိကန်Trinity Church in Omaha
မိတ်ဆွေများနဲ့ သူ့ဘ၀အကြောင်း သက်သေခံစာအုပ် ၂၀၀၈ ပုံနှိပ်ထုတ်ဝေခဲ့ပါသည်။
ခရစ်ယန်အသက်တာရဲ့ ထူးဆန်းလှတဲ့ ဘုရားနဲ့ မိတ်သဟာရပြုခြင်းများစွာကို
သက်သေခံရေးသားထားပါတယ်။ အမေရိကန်မှာ လည်ပတ်၊လုပ်ကိုင်လိုသူများ အတွက်လည်း
ဗဟုသုတအနေနဲ့ လူနေမှု၊ သုတ၊ရသ ဗဟုသုတများစွာရစေပါတယ်။ Ekkiesia Press, Lincoin,
Nebraska USA မှထုတ်ဝေပါတယ်။ အွန်လိုင်းဝယ်လိုပါက အမေဇုံဒေါ့ကွန်းထံ
မှာယူဖတ်ရှုနိုင်ပါတယ်။
Click
Here

မြန်မာပြည် နာဂစ်ဆိုင်ကလုန်း နဲ့
ဒုက္ခရောက်သူများအတွက် ပြည်ပရောက်မြန်မာများ ငွေအား၊ လူအား နဲ့ ညီညွတ်စွာ
ကူညီခဲ့ကြပါတယ်။ ငွေလှုပေးခြင်းကို လက်တွေ့သွားရောက်အကောင်အထည်ဖေါ် ကွင်းဆင်း
သွားရောက်နိုင်တဲ့ ပြည်ပ ရောက် မြန်မာများစွာရှိပါတယ်။ စင်ကာပူ၊ ထိုင်း၊ မလေးရှားက
မြန်မာများက အများဆုံး သွားရောက် ကူညီနိုင်ပေမဲ့ ဝေးကွာလှတဲ့
အမေရိကန်ရောက်မြန်မာအများစုကတော့ လှုဒါန်းရံပုံငွေရှာခြင်းအဓိက လုပ်ဆောင်ရပါတယ်။
ဒီကြားထဲက ဆန်ဖရန်စစ္စကို ပထမမြန်မာအသင်းတော်က၃ လတာလောက် ဆိုင်ကလုန်းဒေသကို
အိမ်ဆောက်၊ လုပ်အားပေး ထိတွေ့ လုပ်ဆောင်ခဲ့တာကို သင်းအုပ်ဆရာ လတ်ရီရှေး တဲ့
အသင်းတော်တို့ရဲ့ နောက်က ဆုတောင်း ပေးသူများအတွက် သွားရောက်ခဲ့တဲ့ မတင့်တင့်၊
ကိုဒယ်နီယယ်၊ မမစ်ချယ် စသဖြင့် သက်သေခံချက်ကို နားဆင်၊ဖတ်ရှုနိုင်ပါတယ်။
Causalities: At least
84,537 people dead, 53,836 missing and presumed dead and 19,539 injured. About
2.4 million people were severely affected by the cyclone with upt to 800,000
displaced. Destruction: About 450,000 homes were destroyed and 350,000 damaged.
More than 4000 schools were damaged. About 1.5 million acres of farmland was
wiped out. AP 22-Jul-2008
Click Here

Rev. ဆရာသြဂတ်စတတ်
ကျမ်းစာသင်တန်း၊
ယုဒသန် နှစ်ခြင်းအသင်းတော် (စင်ကာပူ)
၂၈-စက်တင်ဘာ-၂၀၀၈၊
ရှင်ယာကုပ် ၃ ယခင်အပတ်များတွင် ရှင်ယာကုပ် အခန်း ၁၊ အခန်း ၂ များကို လေ့လာခဲ့ပါသည်။
အခန်းကြီး ၁ အငယ် ၄ တွင် "သင်တို့ သည် အလျှင်းမခိျု့တဲ့ဘဲစေ့စပ်စုံလင် မည်အကြောင်း၊
သည်းခံခြင်းစိတ်သည် အကုန် အစင်ပြုပြင် ပါစေ" ဟုအဓိကပြောထားပါသည်။ သာ၍စုံလင်သော
အသက်တာရရှိစေရန်အတွက် ရှင်ယာကုပ်မှ တခုချင်း သွန်သင်ခြင်းများဖြစ်ပါသည်။
Click Here