နှစ်သစ် ၂၀၀၉ တရားဒေသနာ Rev. Dr Latt Yishey
(အကျဉ်းချုပ်)  4-Jan-2009 Sunday
 

နှစ်သစ်အတွက် သံဓိဌာန် (၄ ချက်)

နိဒါန်း။ ၁ ကော ၁၆  နှစ်သစ်တွင် မိမိဘယ်သွားနေသလဲ သိရန်အရေးကြီးပါသည်။ ပိုမိုအရေးကြီးဆုံးတခုမှာ မည်သူက လမ်းပြနေသလဲ ဆိုသည့်အချက်ဖြစ်သည်။ အချို့က လူသာပဓါန ဆိုပြီး လူ့အကြံနှင့် သွားနေကြပါသည်။ လမ်းညွှန် GPS နှင့်ကားမောင်းသကဲ့သို့ ပင်ဖြစ်သည်။ ဘုရားသခင်က ငါသည် လမ်းခရီးဖြစ်သည် ဟု ပြောခဲ့ပြီးဖြစ်သည်။ ဟေရှာရ ၄၃ တွင် သင်ကို ရေမစိုစေ၊ မီးမစွဲစေပါ
သင်သည် ရေကိုရှောက်သွားသော အခါ၊ သင်နှင့်အတူ ငါရှိ၏။ မြစ်တို့ကိုရှောက်သွားသောအခါ၊ မနစ်မမွန်းရ။ မီးကိုချင်းနင်းသောအခါ လည်း မလောင်ရ။ မီးလျှံလည်းမညိရ။ ၃အကြောင်းမူကား၊ ငါသည်သင်၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။

  သံဓိဌာန်
(၁) နှစ်သစ်သည် ထူးခြားအံ့သြဘွယ်ဖြစ်စေရမည်။
အကောင်းမြင်ဝါဒကို ကိုင်ဆွဲရန်ဖြစ်သည်။ အဆိုးမြင်ဝါသည်မကောင်းကြောင်း Joel Osteen တရားတွင် ယခင်နှစ်၂၀က နာမည်ကျော် အမေရိကန်ဘောလုံးသမားသည် သူအသက်ကြီးပါက ၀တုတ်၊ဆံပင်မရှိဖြစ်မယ် ပြောဆိုခဲ့သည့်အတိုင်း နောင်ပြန်လည်တွေ့ဆုံသောအခါ ထိုအတိုင်းတွေ့ရသည်။ သူ့မှာက အမြဲရုပ်ချောစိုပြေနေမည် ဟု အကောင်းမြင်ဝါဒရှိကြောင်း။ မနက်ဖန်သည် ကောင်းကြီးမင်္ဂလာများနှင့် ပြည့်ရှံနေမည်ဖြစ်ကြောင်း ထူးခြားအံ့သြဘွယ် နှစ်သစ်ဖြစ်စေရမည် ဖြစ်ကြောင်း။

(၂) အကောင်းမြင်သော ချီးမွမ်းခြင်း
ရေငွေ့များကဲ့သို့ မိမိလုပ်ဆောင်မှုများသည် မိုးကောင်းကင်တက်သွားပြီး၊ မိုးတိမ်ဖြစ်စေ၍ လူများပေါ်သို့ မိုရွာချလိုက်သကဲ့သို့ ကောင်းကြီးမင်္ဂလားများ ရစေရပါမည်။ Shower of Blessing ကဲ့ရဲ့၊အပြစ်တင်၊ခက်ခဲခြင်းများကို တွေးတော၊ပြောဆိုနေစရာ မလိုပါ။ သီချင်းဆို၍လည်း ချီးမွမ်းနိုင်ရမည်။ နေဟမိသည် နှစ်ပေါင်းရာချီပြီး ပျက်စီးနေသော ယေရှုဆလင်မြို့ရိုးကို ဆုတောင်းနေရုံဖြင့်သာမက၊ ချီးမွမ်းခြင်း၊ အစာရှောင်ခြင်း၊ အားပေးခြင်း များဖြင့် အုတ်တတိုင်းကို တည်ဆောက်ခဲ့ပါသည်။ ၀ီလီယံ ကယ်ရီက အိန္နိယပြည်သို့ သာသနာပြုမည့် အကြံကို တင်ပြသောအခါ အသင်းတော် လူကြီးများက မဖြစ်နိုင်တာ တင်ပြချင်းဟု ပြောခဲ့ကြသည်။ သို့သော် ၀ီလီယံကယ်ရီက အိန္နိယသို့ ဘုန်းတော်ထင်ရှားစေခဲ့ပါသည်။ ၀ီလီယံဘုခ် ဆိုသူကလည်း မရှိဆင်းရဲသားများအတွက် ကူညီရန်ကြိုးစားခဲ့သော်လည်း လူအများက မဖြစ်နိုင်ပြောဆိုခဲ့ကြသည်။ သို့သော် ယခုအခါ ဆင်းရဲသားများအတွက် ဈေးနှုံးချိုသာသော Salvation Army ဆိုင်များသည် ဘုန်းတော်ထင်ရှားစေခဲ့ပြီဖြစ်သည်။  လူအများ မထောက်ခံသော်လည်း ဘုရားသခင်ထံ ဆုတောင်း၊ချီးမွမ်းခြင်းဖြင့် အကောင်းမြင်သောစိတ်နှင့် ၂၀၀၉ ကိုခရီးဆက်ရန်ဖြစ်သည်။

(၃) ယခင်နှစ်ထက် ပို၍ မင်္ဂလာရှိသော နှစ်သစ် ဖြစ်စေရမည်။
    ကမ္ဘာကျော်သူဌေးကြီး ရော့ဖဲလားက နောက်နှစ်အတွက် မိမိလုပ်ရန်ကိစ္စများအတွက် ပိုက်ဆံများများ ထပ်ရှာရဦးမည် ဟုပြောဆိုခဲ့ပါသည်။ လူတိုင်း မိမိလိုအပ်သောအရာများ ရှိစမြဲဖြစ်သည်။ နိုက်တင်ဂေးငှက်ကို နေရာပြောင်းယူဆောင်လာရာတွင် ယခင်နေရာကဲ့သို့ သီချင်းမဆိုတော့ ဖြစ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ယခင်နေရာက သူ့အတွက် ပျော်စရာကောင်းပြီး နေရာသစ်က မင်္ဂလာမရှိသောနေရာဖြစ်နေသောကြောင့် သီချင်းပင် မဆိုနိုင်အောင်ဖြစ်သွားရသည်။ မိမိပတ်ဝန်းကျင်သည် မင်္ဂလာရှိသောနေရာဖြစ်ရန်လိုပါသည်။ မိမိပတ်ဝန်းကျင်ရှိသောသူများ ပြောင်းလဲလာရန်အတွက် မိမိက စတင်ပြောင်းလဲရန် အထူးအရေးကြီးပါသည်။ ရောက်သည့်နေရာတွင် ဘုန်းတော်ထင်ရှားစေရန် "ခင်ဗျားနှင့် ကျွန်တော် အရင်ပြောင်းလဲရန်" ဖြစ်ပါသည်။

(၄) ဘုရားသခင်၏ အမှုတော်ကို တိုးမြင့်၍ ဆောင်ရွက်မည်။
    2009 တွင် High Difinition TV များပေါ်လာမည်ဖြစ်ပြီး တီဗွီဖန်သားပြင်တွင် အသေးစိတ်မျက်နှာ၊အသွင်အပြင်များ မြင်ရတော့မည်။ မိမိတို့ဓါတ်ပုံများကို ကိုရစ်ချက်က ၁၀ မိနစ်ခန့် Power Point Slide Show လုပ်ပြီး၊မိမိကျွမ်းကျင်ပညာဖြင့် အသင်းတော်တွင် တင်ပြချီမွမ်းသွားခြင်းမှာ ကျွန်တော အင်တာနက်တွင် တနှစ်လုံး တင်ပြသွားချက်များကို တချက်တည်းတင်ပြသွားနိုင်ပါသည်။ သို့သော် ထိုဓါတ်ပုံများတွင် မိမိပုံ မည်မျှ အပြစ်အနာဆာပါသည်ကို High Difinition Camera များဖြင့် မြင်နိုင်တော့မည်ဖြစ်သည်။ မိမိတို့အသင်းတော်ကြီးပွားရန်အတွက် အလှုငွေလည်း လိုအပ်ပါသည်။ High Divinition အသင်းတော်ဖြစ်ရန် လှုဒါန်း၊ပေးကမ်းခြင်းများ အရေးကြီးပါသည်။ နောက်နှစ်တွင် ၁၀ ရာနှုံးမှ ၁၅ရာနှုံးသို့ တိုးတက်လှူဒါန်းမှာ အသင်းတော်ကြီးထွားလာမည်ဖြစ်သည်။ အသင်းတော် ကြီးမားလာရေးသည် အသင်းတော် ဘက်ဂျက်ကြီးမားလာရေးနှင့် အတူရှိနေပါသည်။ ယခင်နှစ်က ဘတ်ဂျက် တသိန်းရှိလျှင် ဒီနှစ်တွင် ဘက်ဂျက် တသိန်းခွဲရှိရမည်။ သူများလည်း မထည့်ဘူး ထင်ပြီး  "နွားနို့တခွက်စီ အလှုပေးရာတွင် နွားနို့မိမိတခွက်မထည့်နွားနို့ပုန်းက ကြီးသော်လည်း နွားနို့နည်းနေမည်ဖြစ်သည်။ မည်သူမျှမသိဟု နွားနို့အစား ရေထည့်လိုက်ပါက ပုန်းကြီးသည် ရေများသာရှိနေမည်ဖြစ်ပြီး ဘယ်သူမှမသိသော်လည်း ဘုရားသခင်သိပါသည်" ဟု အမှုတော်ကို တိုးမြှင့်ဆောင်ရွက်ရန် အားပေးပြောကြားသွားပါသည်။

နိဂုံး
တော ၃၀း၂  နှင့် ဒေ ၅း၎  ကို အခြေပြု ပြောကြားသွားပါသည်။ မိမိတို့နေရာတွင် ပိုမိုကောင်းမွန်သော နှစ်သစ်ဖြစ်စေရန်အတွက် ဆက်လက်လေ့ကျင့်၊ အမှုဆောင်နေမည်။ ယမန်နေ့က အမေရိကန်ရှိ မြန်မာများ 2010 သန်းကောင်စရင်းကောက်ရတွင် မြန်မာ အမည်ပါရန် အဆက်မပြက်ကြိုးပမ်းနေကြသည်။ နော်ဘောက်ကလည်း ပိုကောင်းသော သီချင်းများဖြင့် ချီးမွမ်းသီဆိုမည်။ အသင်းတော် တေးဂီတ၊ သီဆိုတီးမှုတ်သူများ၊ ကျွေးမွေးသူများ၊ လှုဒါန်းသူများ ပိုမိုအမှုတော်ကို ထမ်းဆောင်နိုင်ရမည်။ ကျွန်တော် အိမ်နီးနားချင်း စိုင်းထီးဆိုင် (ကွယ်လွန် 2008) သီချင်းအခွေမထွက်မှီ သီချင်းတိုက်နေရသည်မှာ ထောင်နှင့်ချီအောင် သီချင်းတိုက်ရသည်။ မေးကြည့်သောအခါ ထိုမျှ လေ့ကျင့်မှသာ နားထောင်သူများအတွက် အကောင်းဆုံးဖြစ်စေရန် ဟုဆိုသည်။ ဘုရားသခင်က Hidden Talent များကို ထွက်လာစေလိုပါသည်။ အောင်မြင်လာသောအခါ ကျေးဇူးတော်ချီမွမ်းနိုင်ရမည် ဆိုသည်မှာ အလွန်ခက်ပါသည်။ မိမိအောင်မြင်နေပါသလား - အောင်မြင်ပါက လူများသည် ဘုရားကိုမေ့သွားတတ်ကြပါသည်။ ထို့ကြောင့် ဘုရားသခင်ရှေ့တွင် မိမိတို့ ကတိပြုကြပါ။ "ဂတိပြုသည်အတိုင်း သစ္စာဝတ်ကို ပြုကြလော့"  ဟု နိဂုံးပြောဆိုရင်း နှစ်သစ်ဒေသနာတော်ကို အဆုံးသတ်ခဲ့ပါသည်။
 

ဇန္န၀ါရီလ ပထမအပါတ် တနင်္ဂနွေ၊ ပွဲတော်ကို ဆရာတော် ဦးမျိုးနိုင်နှင့် ဆရာတော် လတ်ယေရှဲတို့က ဦးဆောင်ပါသည်။ ထို့နောက် နှစ်သစ် ပွဲတော်၊ လှုဒါန်းသူ၊ ကြွေးမွေးသူများအတွက် ကျေးဇူးတော်ချီးမွမ်းပြီး ၂၀၀၉ နှစ်သစ် နေ့လည်စာ အတူစားသောက်ကြပါသည်။

ဓါတ်ပုံ၊ မီဒီယာ များကို http://fbbcsfupdates.blogspot.com/ တွင်ကြည့်နိုင်၊နားဆင်နိုင်ပါသည်။


Burmese Bible
4-Jan-2008



Judson Burmese Bible
www.burmesebible.com

 

Judson Baptist Church
Singapore
jbcs.org.sg



MCA Bangkok
www.mcabangkok.org

 


 



PDF Download



 


သခင်စကား အမှတ်၈၇ Nov08




X'mas Songs သီချင်းများ


 


Rev. Augustus




Sermon Documents

Singapore
 


Rev. Dr Kyaw Win

ဦးကျော်ဝင်းမစ်ရှင် Download
2MB PDF file

 


Tokyo Kachin Baptist
Church

Rev. Yojong Yaw  Han

 


Judson (Singapore)

 


Karen KBCS

Singapore



Hakka Myanmar
Singapore

 


Myanmar Baptist Church
 NewYork


First Burmese Baptist Church
San Francisco

 


San Jose Burmese Church

http://www.bcccsv.org/

 


Oakland Burmese Church

 


Calvary Baptist Church
Bangkok

 


MCA , Thailand 

Myanmar Christian Assembly

 

 

Links


SKS Bookshop SG.







 




 


LORD WORD, sg
 


Burmese Christian Links - Click Here

 

Myanmar Audio Semons          

   

 

 

   
www.BurmeseBible.com