|

အာဒံထဲ၌
ဖတ်ရန်ကျမ်းချက်။ ရော၊ ၅း၁၂-၂၁။ ဧ၊ ၂း၁-၁၃။
သော့ချက် ကျမ်းပိုဒ်။ ''အကြောင်းမူကား၊ တယောက်သောသူသည် နားမထောင်သောအားဖြင့်၊
လူအပေါင်းတို့သည် အပြစ် ရောက်သည်နည်းတူ၊....'' (ရော၊ ၅း၁၉)
ယခင်သင်ခန်းစာများ၌ ကျွန်ုပ်တို့သည် ဤလောကထဲသို့ အပြစ် ဘယ်ကဲ့သို့ဝင်ရောက်လာသည်ကို
မြင်ခဲ့ရပြီ။ ပဌမဦး ၌ စာတန်သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ပြီ၊
ဘုရားသခင်ကိုဆန့်ကျင်ရန် သူ၏နိုင်ငံကို ထူထောင်ခဲ့၏။ ထိုနောက် အာဒံ သည်လည်း
စုံစမ်းခြင်းကိုခံရပြီးနောက် သူသည်လည်း ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့၏။
စာတန်က''ငါသည် ဖြစ်လိမ့်မည်'' ဟုဆိုကာ ဘုရားသခင်၏အလိုတော်ကိုဆန့်ကျင်ပြီး၊
သူ၏အလိုကို ဖြစ်စေ၏။ ထိုနောက် အာဒံသည်လည်း သူ၏စိတ်ထဲမှာ''ငါသည်
ဖြစ်လိမ့်မည်''ဟုဆိုကာ၊ သူ၏အလိုကိုသာ ဖြစ်စေပြီး၊ ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်
ခဲ့၏။
အာဒံ၏အပြစ်သည် မိမိ၏ ဝိညာဉ်၊စိတ်နှင့်ကိုယ်ခန္ဓာ တခုခြင်းဆီသို့ အကျိုးသက်ရောက်ခဲ့၏။
အာဒံ၏ဝိညာဉ်သည် ဘုရားသခင်၏အသက်နှင့် အဆက်ဖြတ်ခြင်းခံရ၏။ သူ၏စိတ်သည်လည်း
အပြစ်ကြောင့် ထိခိုက်ခဲ့၏။ သူ၏ကိုယ်ခန္ဓာသည် ရုပ် ခန္ဓာ သေခြင်းအောက်သို့
ရောက်ခဲ့ရပြီး၊ အဘယ်ကြောင့်ဆိုသော်''အပြစ်တရား၏အခကား သေခြင်း'' ဖြစ်သောကြောင့်
ဖြစ်သည်။
ဤသင်ခန်းစာ၌ လူသားမျိုးနွယ် အပေါ်သက်ရောက်ခဲ့သော အာဒံ၏အပြစ်၌ကြောက်ဖွယ်သော
အကျိုးဆက်များကို မြင်တွေ့ ကြရမည်။ ကျွန်ုပ်တို့ ''အပြစ်ထဲ၌လူသားများသည်
လုံးလုံးပကတိ ပျက်စီးခဲ့ခြင်း''ကိုမြင်ရလိမ့်မည်။
အဘယ်ကြောင့် အာဒံအတွက် ကျွန်ုပ်တို့ ပူပန်သင့်ပါသနည်း။ သူ၌ ဘာဖြစ်ပျက်ခဲ့ပါသနည်း။
အကြောင်းမှာ အာဒံ သည် လူသားမျိုးနွယ်၏ဦးခေါင်း ဖြစ်၏။ အာဒံသည် အခြားသောလူ
အားလုံးနှင့်ခြားနားခြင်းမှာ သူသည် အဦးဆုံးသောသူဖြစ် ခြင်းနှင့်
လူသားမျိုးနွယ်အားလုံး၏ အစအရင်းခံ ဖြစ်၏။
အာဒံသည် လူသား မိသားစု၏ဦးခေါင်းဖြစ်ခြင်းကြောင့် သူ၌ ဖြစ်ပျက်မှုသည် လူသားမိသားစု
အားလုံအပေါ် အကျိုး သက်ရောက်ခဲ့ပြီ၊ သင်နှင့်ကျွန်ုပ်အပေါ်၌လည်း အကျိုးသက်ရောက်ခဲ့၏။
ဘုရားသခင်သည် ကမ္ဘာကို လူများနှင့်ပြည့်စေရန် လူ သန်းပေါင်းများစွာနှင့်
မဖန်ဆင်းခဲ့ပါ။ သူသည် လူဖြစ်သော အာဒံ တစ်ဦးတည်းကိုသာလျှင် ဖန်ဆင်းခဲ့၏။ ဤ လူတယောက်
အားဖြင့် အသက်ရှင်သော လူသားအားလုံး ဆင်းသက်လာခြင်းဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်သည်
လူသားမျိုးနွယ်အားလုံးကို အာဒံထဲ၌ ရှိနေကြသော လူသားများအဖြစ်သာ မြင်တော်မူသည်။
ကျွန်ုပ်တို့ မည်ကဲ့သို့ အာဒံထဲသို့ ရောက်ရှိခဲ့ကြသနည်း။ မွေးဘွားလာခြင်းဖြင့်
ဖြစ်သည်။ လူသားမိသားစု ထဲသို့ မွေးလာခြင်းဖြင့် ရောက်ရှိလာသော လူသားအားလုံးသည်
အာဒံထဲ၌ ရှိကြသည်။
အာဒံထဲ၌ရှိနေခြင်းသည် မည်သည့် အဓိပ္ပါယ် ရှိပါသနည်း။
အာဒံထဲ၌ရှိခြင်း၏ အဓိပ္ပါယ်မှာ အာဒံ၌ဖြစ်ခဲ့သောအရာနှင့် သူ ပြုခဲ့သောအရာအားလုံးကို
ဝေမျှခံစားဖို့ရန်ဖြစ်သည်။ အာဒံထဲရှိသောသူတိုင်း၌ အမှန်ဖြစ်သော
သေခြာသောအကြောင်းအရာများ ရှိသည်။ ထိုအကြောင်းအရာ ငါးချက်မှာ-
၁။ သူသည် ဘုရားသခင်၏အသက်နှင့် အဆက်ပြတ်လျက်ရှိသည်။
၂။ သူသည် မှောင်မိုက်နိုင်ငံထဲ၌ရှိသည်။
၃။ သူသည် အပြစ်သား ဖြစ်သည်။
၎။ သူသည် အပြစ်တန်ခိုးအောက်၌ရှိသည်။
၅။ သူသည် သေပြစ်ကိုခံရန် စီရင်ခြင်းကို ခံထားရသည်။
ယခု ကျွန်ုပ်တို့ အထက်ပါ အကြောင်းအရာ ငါးချက်၏တချက်ခြင်းစီကို စဉ်းစားပြီး၊
ဘယ်ကဲ့သို့ ထိုအကြောင်းများ ဖြစ်လာခြင်းကို သိနားလည်ရန် ဖြစ်သည်။
၁။ အာဒံ၏အပြစ်သည် လူသားများကို ဘုရားသခင်၏အသက်နှင့် အဆက်ပြတ်စေခဲ့၏။
အပြစ်သည် ဘုရားသခင်နှင့် အဆက်ပြတ်စေသည်။ အာဒံ အပြစ်ပြုခြင်းကြောင့် သူသည်
ဘုရားသခင်၏အသက်နှင့် အဆက်ပြတ်ခဲ့ရ၏။ ဘုရားသခင်၏အသက်နှင့် အဆက်ပြတ်ခြင်းသည်
ဝိညာဉ်ရေးရာသေခြင်းဖြစ်သည်။ ''... စားသော နေ့တွင် ဧကန်အမှန် သေရမည်ဟု
လူကိုပညတ်ထားတော်မူ၏''ဟုဆို၏။(က၊ ၂း၁၇)
အာဒံအပြစ်၏ရလဒ်မှာ ဝိညာဉ်ရေးရာ သေခြင်းဖြစ်ပြီး၊ သူကိုယ်တိုင် အတွက်သာလျှင်
မဟုတ်ပါ။ လူသားမျိုးနွယ် အား လုံး အပေါ်သို့လည်း သက်ရောက်ခဲ့သည်။ လူအားလုံးသည်
ဘုရားသခင်၏အသက်နှင့် အဆက်ပြတ်ခြင်းသို့ ရောက်ရ ကြ၏။ အဘယ်ကြောင့်နည်း။
လူသားအားလုံးသည် အာဒံထဲ၌ ရှိသောကြောင့်ဖြစ်သည်။
၂။ အာဒံ၏အပြစ်သည် လူသားမျိုးနွယ် အားလုံးကို မှောင်မိုက်နိုင်ငံထဲသို့
ပို့ဆောင်ခဲ့၏။
အာဒံသည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ချိန်မှစ၍ အဦးဆုံး ပုန်ကန်သူ စာတန်နှင့်အတူနေရန်
ပူးပေါင်းပါဝင်ခဲ့၏။ သူ သည် စာတန်အုပ်စိုးသော အမှောင်နိုင်ငံတွင်းသို့
ဝင်ရောက်ခဲ့၏။ သို့ဖြစ်၍ အာဒံသည် စာတန်၏တန်ခိုးအောက်သို့ရောက်ရှိခဲ့ ၏။ အာဒံသည်
လူသားမျိုးနွယ်၏ဦးခေါင်းဖြစ်သောကြောင့် လူသားမျိုးနွယ် အားလုံးကို
မှောင်မိုက်နိုင်ငံထဲသို့ ယူဆောင်ခဲ့၏။
၃။ အာဒံ၏အပြစ် အကျိုးဆက်သည်လည်း အပြစ်သား မျိုးနွယ်ထဲ၌ သက်ရောက်ခဲ့၏။
ဘုရားသခင် ဖန်ဆင်းခဲ့သော အာဒံသည် ဘုရားသခင်ကို ဗဟိုပြုသော လူတစ်ဦးဖြစ်၏။
သူသည်ဘုရားသခင်ကို ချစ် ခြင်းနှင့် ဘုရားသခင်၏အလိုကိုသာဆောင်ရန် အလိုရှိ၏။
ဘုရားသခင်သည် သူ့စိတ်နှလုံးပလ္လင်အပေါ် ဘုရင်ဖြစ်တော်မူ၏။
အာဒံအပြစ်ပြုပြီးနောက် သူ့နှလုံထဲ၌ ပြောင်းလဲခြင်းသည် နေရာယူခဲ့၏။
ဘုရားသခင်ကိုချစ်ခြင်းနှင့် ဘုရား၏အလိုကို လုပ်ဆောင်ရန် လုပ်ရမည့်အစား ယခု အာဒံသည်
သူ့ကိုယ်သူသာချစ်ပြီး၊ သူ၏အလိုကိုသာလျှင် လုဆောင်ရန် ပြုလိုသည်။ ဘုရားသခင်သည်
သူ၏နှလုံးသားတွင် ဘုရင်အဖြစ် အုပ်စိုးခြင်း မရှိတော့ပါ။ ယခု အာဒံ၌ အပြစ်ဗီဇသဘော
ရှိနေပြီ ဖြစ်၏။
အာဒံသည် သူ၏အပြစ်ဖြစ်သော အတ္တ အုပ်စိုးသော အသက်တာ သဘောကို သူ၏သားသမီးများသို့
လက်ဆင့်ကမ်းခဲ့ ၏။ ကျမ်းစာ၌ အာဒံသည်
''မိမိပုံသဏ္ဍာန်နှင့်တသဏ္ဍာန်တည်းသောသားကိုမြင်ရ၍...''ဟုဆို၏။ အာဒံသည် ဘုရားသခင်၏
ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းခံရ၏၊ သို့သော်လည်း သူသည် မိမိ၌ အပြစ်ရှိသော
ပုံသဏ္ဍာန်နှင့်တသဏ္ဍာန်တည်းသော သားများကို သာလျှင် မွေးဘွားစေခဲ့၏။
ကမ္ဘာဦးကျမ်း အခန်းကြီး (၄)တွင် ကာဣနသည် ဘုရားသခင်ကို ဆန့်ကျင်ခဲ့ကြောင်းတွေ့ရသည်။
သူသည် ဘုရား သခင်က သတ်မှတ်ထားသောနည်းလမ်းအတိုင်း ဘုရားသခင်ကို
ကိုးကွယ်ခြင်းအမှုကိုပြုရန် ငြင်းပယ်ခဲ့၏။ သူ၏နည်းလမ်း အတိုင်း ဘုရားသခင်ကို
ကိုးကွယ်ခြင်းကိုသာပြုလုပ်ရန် သူသည် အလိုရှိ၏။ နောက်တွင် မိမိ၏ညီကို သတ်ခြင်းဖြင့်
ကာဣန သည် သူ၏အပြစ်သဘောကို ထင်ရှားစေခဲ့၏။
သို့သော်လည်း အာဒံ အပြစ်၏အကျိုးဆက်သည် သူ၏သားသမီးများ၌ မရပ်တန့်ခဲ့ပါ။ အာဒံသည်
လူသားမိသားစု အားလုံးတို့၏ ဦးခေါင်းဖြစ်သောကြောင့် သူ၏အပြစ်ဗီဇသဘောကို
လူသားမျိုးနွယ် အားလုံးသို့ လက်ဆင့်ကမ်း အမွေပေးခဲ့၏။ အာဒံ၏နားမထောင်ခြင်း
အကျိုးဆက်သည် အပြစ်သား လူသားမျိုးနွယ်ကို ဖြစ်ပေါ်စေ၏။ ကျမ်းစာက''အကြောင်းမူကား
တယောက်သော သူသည် နားမထောင်သောအားဖြင့်၊ လူများတို့သည်
အပြစ်ရောက်သည်နည်းတူ၊....''ဟုဆိုသည်။(ရော၊ ၅း၁၉)
၎။ အာဒံ၏အပြစ်သည် လူသား အားလုံးတို့ကို စာတန်၏တန်ခိုးအောက်သို့ ပို့ဆောင်ခဲ့၏။
လူသားအားလုံးသည် အပြစ်သားများ ဖြစ်သောကြောင့် သူတို့သည် အပြစ်တန်ခိုး၏အောက်၌
ရှိသည်။ ကျမ်းစာက''ဒုစ ရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်
ဖြစ်ကြ၏။''ဟုဆို၏။(ယော၊ ၈း၃၄)
မှောင်မိုက်နိုင်ငံ၌ အပြစ်သည် ဘုရင်အဖြစ် အုပ်စိုးပြီ၊ ဤနိုင်ငံ၌ ရှိကြသော လူ
အားလုံးသည် အပြစ်တန်ခိုး၏အောက် ၌ ရှိကြသည်။
၅။ အာဒံ၏အပြစ်သည် သေခြင်းနှင့်တရားစီရင်းကို လူသားမျိုးနွယ်အားလုံး အပေါ်သို့
ယူဆောင်လာခဲ့၏။
တယောက်သောသူ အာဒံအားဖြင့် အပြစ်သည် ဤလောကထဲသို့ ဝင်လာပြီး၊ အကျိုးဆက်အနေဖြင့်
သေခြင်းတရား ဝင် လာခဲ့၏။ ကျမ်းစာက''ဤအကြောင်းအရာဟူမူကား၊အပြစ်တရားသည်
တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ် တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊
လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။''ဟုဆို၏။ (ရော၊ ၅း၁၂)
သေခြင်းပြီးနောက် တရားစီရင်ခြင်းခံရမည်
သေပြီးနောက် တရားစီရင်ခြင်းကိုခံရမည်။ ကယ်တင်ခြင်းသို့ မရောက်သောသူတိုင်း
သူတို့အပြစ်များအတွက် တရား စီရင်ခြင်းကို ခံကြရလိမ့်မည်။ ကျမ်းစာက''လူသည်
တခါတည်းသေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကိုခံရသကဲ့သို့၊''ဟု ဆို ၏။(ဟေဗြဲ၊
၉း၂၇)
အာဒံ၌ရှိသော လူသားတိုင်း ဘုရားသခင်၏ရှေ့တော်မှောက်တွင် အပြစ်ရှိကြသည်။ လူအချို့သည်
မိမိတို့ရှိသည့် အတိုင်း ဘုရားသခင်က လက်ခံလိမ့်မည်ဟု ယူဆနေကြသော်လည်း သို့သော်
ဘုရားသခင်က အခြားတနည်း ဆိုခဲ့သည်။ သူသည် လူသားများ ၏စိတ်နှလုံးကို သိတော်မူပြီ၊
အာဒံမျိုးနွယ်နှင့်စပ်လျှင်း၍ ဘုရားသခင်က ကျမ်းစာ၌ဆိုသည်မှာ ''ဖြောင့်
မတ်သောသူမရှိ၊တယောက် မျှမရှိ၊ နားလည်သောသူမရှိ၊ ဘုရားသခင်ကို
ရှာသောသူမရှိ။-လူအပေါင်းတို့သည် လမ်းလွှဲကြပြီ။ တညီ တညွတ်တည်း အသုံးမရ သောသူ
ဖြစ်ကြပြီ၊ ကောင်းသောအကျင့်ကိုကျင့်သောသူမရှိ တယောက်မျှမရှိ။-အဘယ်ကြောင့်နည်း
ဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌
အသရေပျက်ကြပြီ။''ဟုဆိုသည်။(ရော၊ ၃း၁ဝ-၁၂,၂၃)

ယခု ကျမ်းစာ၌'' ယေရှုက သင်သည် ဒုတိယမွေးခြင်းကို ခံရမည်ဟု ငါ ဟောပြောသည်ကို
အံ့သြခြင်းမရှိနှင့်''ဟုဆို၏။ လူတိုင်း ဒုတိယမွေးခြင်းကိုခံရန်
အဘယ်ကြောင့်လိုအပ်ပါသနည်း။ အကြောင်းမှာ လူတိုင်းသည် ဘုရားသခင်၏တရားစီရင်ခြင်း အောက်
ခံထားရသော အပြစ်သားမျိုးနွယ်ထဲသို့ မွေးခြင်းအားဖြင့် ဝင်ရောက်လာခဲ့ကြသောကြောင့်
ဖြစ်သည်။
အာဒံထဲ၌ရှိနေကြသော လူတိုင်း၏အနေအထားကို တဖန်ပြန်၍ ကြည့်မြင်ကြပါစို့။
၁။ သူသည် ဘုရားသခင်၏အသက်နှင့် အဆက်ပြတ်လျက်ရှိသည်။
၂။ သူသည် မှောင်မိုက်နိုင်ငံထဲ၌ ရှိသည်။
၃။ သူသည် အပြစ်သား ဖြစ်သည်။
၎။ သူသည် အပြစ်တန်ခိုးအောက်၌ ရှိသည်။
၅။ သူသည် သေပြစ်ကိုခံရန် တရားစီရင်ခြင်းကို ခံထားရပြီ ဖြစ်သည်။
သို့ဖြစ်၍ ''လူသည် အပြစ်၌ လုံးဝပကတိ ပျက်စီးခြင်းသို့ ရောက်ခဲ့ပြီ''ဟု ကျွန်ုပ်တို့
နားလည်ရသည်။ အာဒံမျိုးနွယ်၌ ရှိနေကြသော လူသားတိုင်း အပြစ်စီရင်ခြင်းကို ခံထားရပြီ
ဖြစ်ကြောင်း ကျွန်ုပ်တို့ နားလည်ထားရမည်။ အာဒံမျိုးနွယ်မှ ထွက် မြောက်ရန်
ကျွန်ုပ်တို့ မတတ်နိုင်ပါ။ ကောင်းမှုပြုခြင်း၊ ဘာသာရေးသမားဖြစ်ခြင်း၊
ဘုရားကျောင်းတွင်အဖွဲ့ဝင်ခြင်း၊ ဤအရာကဲ့သို့ သောအရာ
မည်သည့်အရာလုပ်ဆောင်ခြင်းတခုကမျှသည် ကျွန်ုပ်တို့ကို အာဒံမျိုးနွယ်မှထွက်မြောက်ရန်
မတတ်စွမ်းနိုင်ပါ။
အာဒံ၏ပျက်စီးခဲ့သော မျိုးနွယ်ကို ကယ်တင်ရန် ဘုရားသခင်သည် တစုံသောအရာကို
ပြုလုပ်ရပေလိမ့်မည်။ ကျွန်ုပ်တို့ သည် မိမိကိုယ်ကို ကယ်တင်ရန် ဘာတခုကိုမျှ
မတတ်နိုင်ပါ။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ကိုချစ်သောကြောင့် သူသည်
အံ့ဘွယ်သောအကြောင်းအရာအချို့ကို ပြုလုပ်ခဲ့၏။ သူသည် သူ၏တပါးတည်းသော သားတော်ကို
ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ် စေရန် ဤလောကသို့ စေလွှတ်ခဲ့၏။
ကျမ်းစာက''လောကီသားတို့ကို ကယ်တင်သောသခင်ဖြစ်စေခြင်းငှါ၊ ခမည်းတော်သည် သား တော်ကို
စေလွှတ်တော်မူသည်...''ဟုဆိုသည်။(၁ယော၊ ၄း၁၄)
သခင်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များအတွက် လက်ဝါးကပ်တိုင်ပေါ်၌ အသေသတ်ခြင်းကိုခံခဲ့၏။
သူသည် လူသား အားလုံး၏အပြစ်များအတွက် ခံယူခဲ့၏။ကျမ်းစာက ''ထာဝရဘုရားသည် ခပ်သိမ်းသော
ငါတို့၏အပြစ်များကို သူ့(ယေရှုခရစ်) အပေါ်၌ တင်တော်မူ၏''ဟုဆိုသည်။(ဟေရှာ၊ ၅၃း၆)
ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်များကို လစ်လျှူရှုခြင်းကို မပြုပါ။ သို့သော် သူသည်
အပြစ်များအတွက် သွန်း တော်မူခဲ့သော သားတော်၏အသွေးတော်ကို မြင်တော်မူသောကြောင့်
ထိုအပြစ်များကို အပြစ်ခွင့်လွတ်ခဲ့ခြင်း ဖြစ်သည်။
သခင်ယေရှုသည် သူ၏အသေခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းအားဖြင့် လူသားများကို
အာဒံ၏အပြစ်သားမျိုးနွယ်မှ ထွက်မြောက်ခြင်းသို့ ရောက်ရန်နှင့် ဘုရားသခင်၏မိသားစုဝင်
ဖြစ်ခြင်းအခွင့်ကို ပြန်လည်ရရှိနိုင်ရန် ပြုလုပ်ပေးခဲ့ပြီး ဖြစ်သည်။ သခင်ယေရှုကို
ယုံကြည်သောအားဖြင့် လူသည် တဖန် ဒုတိယမွေးခြင်းကို ပြန်လည် ရရှိနိုင်သည်။
သို့ဖြစ်ပါ၍ ဘုရားသခင်၏ ကယ်တင်ခြင်းသည် ပုဂ္ဂိုလ်တစ်ဦးဖြစ်သော
သခင်ယေရှုခရစ်တော်၌သာလျှင် ဖြစ်သည်။ ကျမ်းစာ၌''အကြောင်းမူကား၊ တယောက် သော
သူ(အာဒံ)သည် နားမထောင်သောအားဖြင့်၊ လူအပေါင်းတို့သည် အပြစ်ရောက် သည်နည်းတူ၊
တယောက်သော သူ(သခင်ယေရှု) သည် နားထောင်သောအားဖြင့်၊ လူများတို့သည်
ဖြောင့်မတ်ရာသို့ရောက်ရကြ၏''ဟုဆိုသည်။ (ရော၊ ၅း၁၉)
နောက် သင်ခန်းစာများ၌ ခရစ်တော်၌ ဘုရားသခင်၏စုံလင်သော
ဖြေဆေး(ကယ်တင်ခြင်း)အကြောင်းကို ကျွန်ုပ်တို့ ရှာဖွေ လေ့လာတွေ့ရှိ ကြရမည်။
လူသားတိုင်း မွေးခြင်းအားဖြင့် အာဒံ၏အပြစ်သား၊ ပျက်စီးခြင်း၏မျိုးနွယ် ဖြစ်လာသည်။
ဘုရားသခင်၏သားဖြစ်ရန် ကျွန်ုပ်တို့သည် တဖန် ဒုတိယမွေးခြင်းကို ခံရပေမည်။
ဆုတောင်းချက်။ အဖဘုရားသခင် ကိုယ်တော်၏သမ္မာကျမ်းစာအားဖြင့် အကျွန်ုပ်သည် အပြစ်ထဲ၌
လုံးဝပကတိ ပျက်ခြင်းသို့ ရောက်ကြောင်းကို နားလည်ရန် ဖေါ်ပြပေးခဲ့သောကြောင့်
ကျေးဇူးတင်ပါသည်။ ဘုရားသခင်၏သားတော် သခင် ယေရှုကို ယုံကြည်သောအားဖြင့် အသစ်တဖန်
ဒုတိယမွေးခြင်းကို ခံရန် လမ်းကို ပြုလုပ်ပေးတော်မူသောကြောင့် ကိုယ်တော်ရှင် ကို
ကျေးဇူးတင်ပါသည်။ အာမင်။ (အန်ဒရူး)

Burmese Christian
Links - Click Here
Myanmar Audio Semons

www.BurmeseBible.com
|


This Month
PDF Download




Bangkok - 2008

Rev. Augustus

Tokyo Kachin Baptist
Church
Rev. Yojong Yaw Han

Judson (Singapore)

Karen KBCS
Singapore

Hakka Myanmar
Singapore

Myanmar Baptist Church
NewYork

First
Burmese Baptist Church
San Francisco

San Jose
Burmese Church
www.bccsv.org

Oakland Burmese Church

Calvary Baptist Church
Bangkok

MCA , Thailand
Myanmar Christian Assembly |