
Rev. ဆရာသြဂတ်စတတ်
ကျမ်းစာသင်တန်း
ယုဒသန် နှစ်ခြင်းအသင်းတော် (စင်ကာပူ)
၂၈ - စက်တင်ဘာ - ၂၀၀၈
ရှင်ယာကုပ် ၃
ယခင်အပတ်များတွင် ရှင်ယာကုပ် အခန်း ၁၊ အခန်း ၂ များကို လေ့လာခဲ့ပါသည်။
အခန်းကြီး ၁ အငယ် ၄ တွင် "သင်တို့ သည် အလျှင်းမခိျု့တဲ့ဘဲစေ့စပ်စုံလင် မည်အကြောင်း၊
သည်းခံခြင်းစိတ်သည် အကုန် အစင်ပြုပြင် ပါစေ" ဟုအဓိကပြောထားပါသည်။ သာ၍စုံလင်သော
အသက်တာရရှိစေရန်အတွက် ရှင်ယာကုပ်မှ တခုချင်း သွန်သင်ခြင်းများဖြစ်ပါသည်။
ယခု လေ့လာရန်
အခန်းကြီး ၃ တွင် လျှာကိစ္စ နှင့် ပညာကိစ္စ တို့ကိုပြောထားပါသည်။ လောကပညာနှင့်
အထက်မှလာသော ပညာတို့ ကွာခြားပုံကို ဖေါ်ပြထားသည်။
အခန်းကြီး၃ ၁ငါ့ညီအစ်ကိုတို့၊
ငါတို့သည်သာ၍ ကျပ်တည်းသောစစ်ကြောစီရင်ခြင်းကိုခံရမည်ဟု သင်တို့သိ၍ အများ သော
ဆရာမဖြစ်ကြနှင့်။ ၂ငါတို့ရှိသမျှသည် အများသောအားဖြင့်မှားတတ်ကြ၏။ စကားအားဖြင့်
မှားခြင်းမရှိသောသူ မည်သည်ကား၊ စုံလင်သောသူဖြစ်၏။
ကျွန်တော်တို့
ယုံကြည်သူများတွင် ကယ်တင်ခြင်းစိတ်ချပြီးဖြစ်၍ ကယ်တင်ခြင်းနှင့်ပတ်သက်သော
စစ်ကြောခြင်းမရှိတော့သော်လည်း ရှင်ယာကုပ်က သာ၍ကျပ်တည်းသော စီရင်ခြင်းခံရမည်
ဟုဆိုထားသည်။ တနေ့သောအခါ အားလုံး ဘုရားသခင်ရှေ့တွင် မတ်တပ်ရပ်ရမည်။ မေးခွန်းမှာ
ငါ့အပေါ်တွင်မည်မျှ သစ္စာရှိသနည်း ဟူသောမေးခွန်းအတွက် အကြီးဆုံးမှ အငယ်ဆုံးအမှုတိုင်
ဘုရားသခင်ကို သစ္စာရှိရန်လိုပါသည်။ အများသော ဆရာ မဖြစ်ချင်ရန်အတွက် အရေးကြီးပါသည်။
ငယ်စဉ်က မိန်းကလေးငယ်များ ဆရာမလုပ်တမ်းကစားကြပြီး ကြီးသော် အားလုံးက
ဆရာလုပ်ချင်လာသည်။ ငယ်စဉ်က ကျောင်းဂိတ်စောင့် ပင်လျှင် ဆရာခေါ်က တခါးအသာတကြည်
ဖွင့်ပေးတတ်သည်။ မြန်မာပြည်တွင် မိဘက ဆရာဖြစ်ပြီး စင်ကာပူတွင် သားသမီးများက မိဘကို
ဆရာလုပ်ပြန်သည်။ ကျွန်တော်ပင်လျှင် သူများပြောစကားနားမထောင်ပဲ ပြော၍
ဆရာလုပ်ချင်သည်။ မိမိမှားသည်ကို ၀န်မခံချင်ပါ။ အဓိကအချက်မှာ စကားအားဖြင့်
မှားခြင်းမရှိသောစူသည် စုံလင်သူဖြစ်သည် ဟုဆိုထားပါသည်။ စကားမပြောလည်း မဖြစ်
သို့သော် မြန်မာစကားပုံ အတိုင် စကားများလျှင် အမှာပါတတ်သည်။ ထို့ကြောင့် စကားကို
တတ်နိုင်သရွေ့ အနည်းဆုံးပြောရန် သိပ်အရေးကြီးပါသည်။ ထိုစကားသည် လျှာ နှင့်
ပတ်သက်ပါသည်။
ကျမ်းစာတွင် နားကြားခြင်းတွင် မြန်စေပြီး စကားပြော၊ ဒေါသဖြစ်ရာတွင် နှေးစေရန်
ဖေါ်ပြထားပါသည်။ တကယ် ၀မ်းနည်းကြေကွဲသူကို သွားပြောရန်မလို၊ သူအနားတွင် ထိုင်ပြီး
ငြိမ်ငြိမ်အတူနေပေးခြင်းသည်လည်း၊ ဘာမှမပြောပဲ သူနှင့်အတူ ထပ်တူခံစားရကြောင်း
ပြသပါသည်။
ကိစ္စတခုကို ကြားပါက ချက်ခြင်းမတုံ့ပြန်ရန်လိုပါသည်။
ကျွန်တော်တို့ ကိုးကွယ်သော ယေရှုသည် စကားနည်းသည်။ မလိုအပ်လျှပ် မပြောသူဖြစ်ပါသည်။
သခင်ယေရှုအကြောင်းကို ဟေရှာရ ၅၃း ၇ - ၈ တွင်ဖေါ်ပြထားပါသည်။
၇ထိုသူသည် ည‡င်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို
မဖွင့်ဘဲနေ၏၊၊ အသက်သတ်ခြင်းငှါ ဆောင်သွား သော သိုးငယ်ကဲ့သို့သူ့ကို ဆောင်သွား၍၊
သိုးသည် အမွေးညှပ်သော သူရှေ့မှာမမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏၊၊
၈မတရားစွာစီရင်ခြင်းအားဖြင့် သူ့ကိုထုတ်သွားကြသည်၊၊အသက်ရှင်သော သူတို့၏နေရာမှ
သူ့ကို သုတ်သင်ပယ်ရှင်းသည်ဖြစ်၍၊ သူ၏အမျိုးအနွှယ်ကို အဘယ်သူပြညွှန်မည်နည်း၊၊
ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံလေ၏။
ယေရှုသည် မလိုအပ်လျှင်မပြောပါ၊ ဖါရိရှဲများကို ပစ်ပစ်ခါခါ
အားမနာတမ်းပြောရန်လိုအပ်ပါက ပြင်းထန်စွာပြောသည်။ သူကို စီရင်ရန်ခေါ်သွားသောအခါ
စကားမပြောတော့ပါ။ ဝေဒနာပြင်းပြနေစဉ်တွင် နှုတ်မှပြန်မပြောတော့ပါ။ တခါတရံ
ကျွန်တော်တို့၏ ယုံကြည်ခြင်းကို ဝေဖန်တိုက်ခိုက်သောအခါ
ငြိမ်သက်နားထောင်ချိန်လည်း လိုအပ်သည်။ နားထောင်ရာတွင် လျှင်မြန်ရန်လိုသည်။
ဝိညာဉ်လောက၊ ခရစ်ယန်လောက တွင် နှုတ်ဖြင့် ထစ်ကနဲ မတုံပြန်ရန်၊ ပြောပြီး
ရှင်းမှဖြစ်မယ် ဆိုပြီး ရှင်းမှ ပိုရှုပ်လာတတ်ပါသည်။ အသင်းတော်တွင်ဖြစ်သော
အခက်အခဲများကို နားထောင်၊ ခွန်အားယူ၊ ဆုတောင်းခြင်းဖြင့် ပြဿနာများကို
ပြောစရာမလိုပဲ ရှင်သွားခြင်းများရှိပါသည်။ ကျွန်တော်တို့သည် တဦးကိုတဦး
လက်ညိုးထိုးမစီရင်ပါ။ ယုံကြည်သူအခြင်းခြင်း ခရစ်တော်ရှိကြောင်း
နားထောင်ဖြေရှင်းရန်လိုသည်။ စကားမပြောလေ ကောင်းလေလည်း မဟုတ်ပါ။
စကားတခွန်းသာပြောသော်လည်း ပိသာလေးနှင့်ထုသလိုလည်း မဖြစ်ရန်လိုသည်။ ကျွန်တော်တို့
ကိုးကွယ်သောဘုရားသည် ကျွဲပါးစောင်းတီးအလုပ်မျိုးဖြစ်စေသည့်အတွက် မပြောပဲ
နားထောင်သာနေရသည်။
ဆုတောင်းရာတွင်လည်း အရမ်းပြောဆိုတတ်သည်။ ဘုရားသခင်က နားပဲထောင်နေပါသည်။
ကျွန်တော်တို့သည် မိဘပြောစကားကိုလည်း ဘယ်မှဝင် ညာမှထွက်သကဲ့သို့
နားမ၀င်ဖြစ်တတ်သည်။ ဘုရားသခင်က ထိုသို့မဟုတ်ပါ။ စိတ်ရှည်စွာ နားထောင်တတ်ပါသည်။
လျှာအကြောင်းကို မရောက်သေးပါ။ နားထောင်ခြင်းအားကြီး၊ လျှင်မြန်နိုင်စေရန်
တိုက်တွန်းနိုးဆော်ပါသည်။
ဆုတောင်းခြင်း။
ဘုရားသခင် သည် အကျိုးမရှိသော စကားကိုမပြောပဲ မိမိတို့ တောင်းဆို၊
မေးမြန်းချက ဆုတောင်းချက်များကို နားထောင်သောကြောင့် ကျေးဇူးတင်ပါသည်။
နားထောင်ရန်လာသော သူများကို ဘုရားသခင် စကားပြောပြီး လျှင်မြန်သော နားထောင်ခြင်း
သာမက၊ နာခံခြင်းကိုကောင်းကြီးေ ပေးသနားတော်မူပါ။ သွန်သင်ပါမည့်အကြောင်း
မြတ်သောယေရှုနာမနှင့် ကျေးဆုတောင်း
အပ်နှံပါသည် မြတ်စွာသောဘုရားသခင်။
Burmese Christian
Links - Click Here
Myanmar Audio Semons

www.BurmeseBible.com