နှစ်သစ်အတွက် သက်သေခံခြင်းများ
BCFF အသင်းတော်၊ ဒေးလီစီတီး (အမေရိကန်၊ဆန်ဖရန်စစ္စကို Bay Area)
28-Dec-2008 (Sunday Service)


ဆရာလုခ် မှ ဦးဆောင်ပြီး ခရစ်စမတ်အလွန် နှစ်သစ်အကြို ကိုးကွယ်ဝတ်ပြုခြင်း

 


မပန်းထာ (အကျီအနီ) မှ သက်သေခံစကားပြောပါတယ်
ကျေးဇူးတော်ကို ချီးမွမ်းရင် အမေရိကန်ကို ရောက်တဲ့ တနှစ်အတွင်းမှာပဲ ကားမောင်းလိုင်စင်အတွက် အချိန်၊ငွေအင်အား စိုက်ထုတ်ရင် အောင်မြင်ခဲ့ရကြောင်း။ မဖြေခင်က FBBC အသင်းတော်မှ ခရစ်စမတ် အကြို ကယ်ရိုသီချင်းဆိုလိုက်ရန် ခေါ်ရာ မိမိကားမောင်းလိုင်စင်စာမေးပွဲကြောင့်စိုးရိမ်ပြီး မလိုက်လိုသော်လည်း မအကြည်က နိုင်ငံတော်နဲ့ ဖြောင့်မတ်ခြင်းကို အရင်ရှာ၊ကျန်သောအရာနောက်မှ ငါပေးမယ် ဆိုတဲ့အတိုင်း ဘုရားသခင် သတင်းကောင်းကို သီဆိုချီးမွမ်းဖို့ခေါ်လို့ လိုက်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆုတောင်းတဲ့အတိုင်း ဒရိုင်ဘာစာမေးပွဲ အောင်မြင်ခဲ့ကြောင်း၊ စောင့်ရှောက်တဲ့ မိတ်ဆွေ ဆွေမျိုးများနဲ့အတူ၊ ဘုရားကျောင်းသွားဖို့ ပျက်နေတဲ့ ကားမီးကိုတောင် အံ့သြဖွယ် ပြန်ကောင်းစေတဲ့အကြောင်း၊




ဒေါက်တာဆလိုင်းထွန်းသန်း (ပါမောက္ခချုပ်ဟောင်း၊ စိုက်ပျိုးရေးတက္ကသိုလ်)
တောသား တက္ကသိုလ်မသွားနိုင်၊ သွားပြန်တော့လည်း တော်လှန်ရေးပန်းခြံမှာ ပစ္စည်းရောင်းရတယ်။ အလုပ်ဟူသမျှလုပ်ရတယ်။ Visiting Professor နိုင်ငံခြားသားဆီမှာ စားသောက်နေထိုင်၊လုပ်ကိုင်ရင်း ဘွဲ့ရတယ်။ နောက် အမေရိကန်ကို ပညာတော်သင် State Scholar အဖြစ်ရောက်ခဲ့တယ်။ ၁၉၃၀ အမေရိကန်နယူးယောက်မြို့ ရောက်တာနဲ့ ဟော်တယ် ၁၀ထပ်မှာ နေရစဉ် ဓါတ်လှေခါး၊ မသုံးတတ်ပုံ၊ ဥရောပသားများချည်းရှိလို့ ကြောက်လန့်ခဲ့ပြီး မှန်ထဲက အာရှတိုက်သားတယောက် ကိုယ်နှုတ်ဆက်၊ပြုံးသလို လိုက်လုပ်ပြတာကို ကိုယ်ရဲ့ မှန်ထဲကရုပ်ပုံကိုတောင် သစ္ဆေထင်မိခဲ့ပုံများ၊ ဘုရားလုပ်ဆောင်မှုကြောင့် အမေရိကားရောက်ခဲ့ကြောင်း၊ မိခင်က ဘုရားပဲ အားကိုးဆုတောင်းရန်။ ယခုရောက်ရှိနေသော ကလေး၊လူငယ်များ ပညာကိုကြိုးစား၊ ဘုရားကို အားကိုးလျှင် ပညာကိုကြိုးစားရန် သက်သေခံပြောကြားသွားပါတယ်။

 

 


မိုင်ခင်ရွေ (ဆရာမြင့်စိုး ဇနီးသည်)
ကျွန်မ အိမ်ထောင်ရေးအတွက် သက်သေခံလိုပါတယ်။ မိမိငယ်စဉ်က ရီးစားထားခဲ့သော်လည်း အိမ်ထောင်ပြုရန် တော်တော် စဉ်းစားခဲ့သည်။ အရံသားဖွားအဖြစ် သရက်မြို့တွင်နေထိုင်စဉ်ကတည်းက အိမ်ထောင်မည်သို့ပြုမည်ကို အထူးစဉ်းစားရင်း အမကြီးများကို ကြောက်ရွံ့ကာ နေထိုင်ခဲ့သည်။ နောက်ဆုံးတွင် ဆရာမြင့်စိုးနှင့် တွေ့ရှိပြီး ကျမ်းစာကျောင်းဆင်းဆရာနှင့် လက်ထပ်ခဲ့သည်။ မိမိကို အလိုလိုက်မည့် မိမိထက်အသက်ကြီးသူကိုမှန်းခဲ့သော်လည်း ဘုရားသခင်မှ မိမိထက်ငယ်ရွယ်သူနှင့် ဆုံစေခဲ့သည်။ လက်ထပ်ပြီး နောက်ပိုင်းတွင် စိတ်ဆတ်သော လင်မယားဖြစ်သောကြောင့် အဆင်မပြေဖြစ်ပြီး စိတ်ပျက်ခဲ့သည်။ သို့သော် ဘုရားသခင်က ဆရာမြင့်စိုးကို DV အမေရိကန်ကံစမ်းမဲ ပေါက်စေသဖြင့် သူ့အားနိုင်ငံခြားသွားစေ၊ မိမိသည် မြန်မာပြည်တွင် သူဌေးမဖြစ်တော့မည် ပျော်ခဲ့သည်။ ယောင်္ကျားက သူမပါလျှင် မသွားချင် ဖြစ်သောကြောင့် နောက်ဆုံးတွင် ၂ယောက်သား အမေရိကန်သို့ အတူရောက်ခဲ့သည်။ ကိုးရိုးကားယားနှင့် အမေရိကန်သို့ ရောက်ခဲ့ပြီး ကိုလိုရာဒိုပြည်နယ်၊ ဒင်ဗာမြို့တွင် နှစ်မျာစွာနေထိုင်ပြီး နောက်ဆုံး ချင်းမိတ်ဆွေများရှိရာ ဆန်ဖရန်စစ္စကိုသို့ သွားနေတော့မည် ဆုံးဖြက်ခဲ့သည်။ ယနေ့တိုင်အောင် ဒေလီစီးတီး BCFF တွင် ခင်ပွန်းသည်နှင့် ပါဝင်ဆပ်ကပ်ခွင့်ရခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းသက်သေခံသွားပါသည်။

 


မိဘများနှင့်အတူ မြန်မာပြည်၊ စင်ကာပူ၊ မလေးရှား ခရီးထွက်စဉ်တွင် မြန်မာပြည်မှစတင်ဓါတ်ပုံရိုက်ခဲ့သည့် ကင်မရာနှင့် Memory Chip  မလေးရှား၊ ဂျင်တင်းဟော်တယ်တွင် ပျောက်ဆုံးသွားခဲ့သည်။ မလေးလူမျိုးသဦး အင်္ဂလိပ်စကားမတတ်သူနှင့်တွေ့မေးသည်။ နောက်ဆုံး Security လုံခြုံရေးကို မေးမြန်းရမှာ ဒီကင်မရာလားဟု ပြသောအခါ မိမိပျောက်ဆုံးသွားသော

 


မိုးစံ၊   ဆယ်တန်းစာမေးပွဲတွင် ၂ပုဒ်ပဲ ဖြေနိုင်ပြီး၊ ကျန်မေးခွန်း Physic Questions များကို မဖြေနိုင်သောကြောင့် မေးခွန်းများကို ကူးချပြီး ပြန်ပေးလိုက်သည်။ မိမိဖခင်ကလည်း ဆေးရုံးအသည်းအသန်ဖြစ်စဉ်၊ ဖခင်ကို မိမိအပြစ်များရှိပါက ၀န်ချတောင်းပန်စေသော်လည်း သူမှာအပြစ်မရှိပါဟုပြောခဲ့သည်။ မိမိက ဖခင်အပြစ်မရှိလျှင် မိမိစာမေးပွဲအောင်ပါစေ ဟု ဆုတောင်းခဲ့ပါသည်။ ဖခင်မှာ ကွယ်လွန်သွားပြီး မိမိမှာ အံ့သြဘွယ် မဖြေနိုင်သောစာမေးပွဲကို အောင်မြင်ခဲ့ကြောင်း သက်သေခံပြောကြားခဲ့သည်။

 


ဦဇော်အောင် (စင်ကာပူ)။  ရှင်ယုဒ  အခန်း၂ နှင့် ၃ တွင်ဖေါ်ပြထားသော နားထောင်ခြင်းတွင် လျှင်မြန်စေပြီး၊ လျှာကို ချုပ်တည်းရန်။ လူငယ်များ နားထောင်ကောင်းသူ ကြီးပြင်းလာလျှင် အောင်မြင်သူများဖြစ်လာမှာ သေချာကြောင်း၊ ချစ်ခြင်းမေတ္တာ ၁ ကော ၁၃ တွင်
မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။ လျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိ သည်ဟု မထင်တတ်၊ မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ဝမ်းမြောက်တတ်၏။  ကျမ်းပိုဒိကို မိမိဇနီးဖြစ်သူ၏ ချစ်ခြင်းမေတ္တာကြီးမားမှုကြောင့် မိမိတို့အိမ်ထောင်ရေး အဆင်ပြေခြင်၊ သူကို သားသမီး၊မိတ်ဆွေများကို ယုံကြည်၊စကားနားထောင်ကြခြင်းများကို သက်သေခံ ပြောကြားသွားပါသည်။

 


ဒေါ်မိမိခိုင်၊  အမေရိကားရောက်တာ ၈နှစ် ကြာမှာ တနှစ်တခါ ကြီးကြီးမားမား ကားတိုက်မှုများဖြစ်ခဲ့သော်လည်း ထိခိုက်မှု မရှိခဲ့ပါ။ ခရစ်စမတ်မတိုင်မီ ကားအကြီးအကျယ်တိုက်ခဲ့သော်လည်း ကားအသစ်စက်စက်မှာ ရစရာမရှိပျက်သော်လည်း ဘုရားသခင်က ကျွန်မကို လွတ်စေခဲ့သည်။ ငွေကြေးမှာလည်း အလျင်မီအောင် အခက်အခဲဖြစ်ရသော်လည်း ဘုရားသခင်က အချိန်မီအဆင်ပြေခဲ့ပါသည်။ မိမိကားမှာလည်း သိပ်မပြင်ရပဲ အဆင်ပြေခဲ့သည်။ မိမိဆွေမျိုးများကို လုပ်ကျွေးသောကြောင့် မိမိကို ဘုရားက စောင့်ရှောက်ကြောင်း၊ ယခု ၂၀၀၉ အတွက်လည်း မိမိအပြစ်များကို လူရှေ့၊ ဘုရားရှေ့တွင် ၀န်ခံပါသည်။ ဘုရားသခင်ထံ ဂတိပြုရင်း သက်သေခံပြောကြားသွားပါသည်။

 


  မညွန့်ညွန့်စိန် (ကိုစန်းအောင် ဇနီးသည်)။  ခင်ပွန်းသည်နှင့် လက်ထပ်ပြီး အဆင်မပြေမှုများ ဖြစ်ခဲ့သော်လည်း ဘုရားသခင်က အဆင်ပြေအောင် စီစဉ်ပေးပါသည်။ အထူးသဖြင့် မိမိနှုတ်ကို ဆင်ချင်ရန်အတွက် ဘုရားကို ဂတိပေးခဲ့သည်။ မိမိနှင့် ခင်ပွန်းသည်တို့ နှုတ်မစောင့်ပဲ နာအောင်ပြောဆိုခြင်းများရှိသခြင့် အခက်အခဲများဖြစ်ရသည်။ စင်ကာပူမှ ခင်ပွန်းသည် အမေရိကားသွားရန်ပြင်ချိန် ကျွန်မတို့မိသားစု မြန်မာပြည်သို့ပြန်ရပါသည်။ မိမိသားတဦး နှင့် အမွှာယောင်္ကျားလေး၂ဦးနှင့် သမီးငယ်လေးတဦး စုစုပေါင်း၎ဦး ရရှိပြီးနောက် အမွှာသားငယ်အတွက် ခွဲစိတ်ကုသရန် အလွန်စရိတ်ကြီးလှပါသည်။ ထို့ကြောင့် စင်ကာပူမှာ ဆရာဗုတ် ထံမှာ ဆုတောင်းရင်း စင်ကာပူမှအပြီးခွဲခွာပြီး၊ အမေရိကားရောက်ရန် အခက်အခဲများစွာ တွေ့ကြုံရပါသည်။ နောက်ဆုံး မိမိတို့ အမေရိကားရောက်ပြီး ဆုတောင်းရင်း သားသမီး၎ဦးနှင့် အမေရိကားတွင် မိသားစုအတူနေရသည်။ ခင်ပွန်းသည်သည် ခရစ်ယန်မဖြစ်သေးသော်လည်း ဘုရား၏ အံ့သြဘွယ်များကို အသိအမှတ်ပြုရင်း၊ ၁၀ဖို့ တစ်ဖို့ကိုလည်း ချန်ထားတတ်ပါသည်။ ဆရာလု ၏ သည်းခံစိတ်ရှည်မှုမျိုးကို ကျွန်မတို့ အသင်းတော် အသင်းသားများ ဆုတောင်းရင်းဆက်သွားကြရန်အားပေးပါသည်။ မိမိအပြစ်များ၊ ပြောဆိုမှားမှုများရှိခဲ့လျှင် ခွင့်လွှတ်ရန် သက်သေခံပြောကြားသွားပါသည်။

 


မဥမ္မာ (ကိုအေးမြင့် ဇနီးသည်)။  ဘုရားသခင်ကျေးဇူးတော်ကြောင့် မိမိ မိခင်ကို ပြန်တွေ့တော့မည် မထင်ခဲ့သော်လည်း မိခင်ကြီးအသက်ရှင်ခဲ့သည်။ ယခုနှစ်တွင်လည်း မိမိနှင့် မကြူနှင့် ဆုတောင်းခြင်းလည်း ပြည့်ပါသည်။ အမေရိကန်တနိုင်ငံ စီးပွားကျသော်လည်း မိမိတို့ကုမဏီနှင့် မိမိလုပ်ငန်းများ နံပါတ်ဝမ်းအဖြစ် အဆင်ပြေနေခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းပါသည်။ ကျွန်မ၏ သားငယ် ဇ၀န အတွက် ဟိုက်စကူးစာမေးပွဲကို အောင်မြင်စေရန် ဆုတောင်းရင်း၊ ယခု သူပြောနေသောစကားကိုကြားပါသည်။ ကွန်ပြူတာပဲ လုပ်နေသော်လည်း ယခု မိမိအလုပ်ထဲတွင် ထည့်ထားသောအခါ လူကြီးဖြစ်သူ မကြူထံ စကားကောင်းကောင်းလာပြောလာသည်။ နှစ်သစ်တွင် ဆရာလုပေးထားသော ကျမ်းစာကိုဖတ်ပြီး စာမေးပွဲကို အောင်မြင်အောင်ဖြေမည်ဟု ပြောသောကြောင့် ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ မိမိ မချမ်းသာသော်လည်း မိမိဆွေမျိုးများကို ပေးကမ်းနိုင်ခြင်းအတွက် ကျေးဇူးတော်ကို ချီးမွမ်း သက်သေခံသွားပါသည်။
 


ကိုဘောင်ချန်း နှင့် ကိုဆလိုင်းဝေလျံတို့ကလည်း တိုတိုတုတ်တုတ် သက်သေခံ ပြောကြားသွားကြပါတသည်၊ နောက်ဆုံးတွင် ဆရာလုမှ ဆက်လက် ပြီး သောမတ်အယ်ဒီဆင် စိတ်နေစိတ်ထားကို ပြောကြားပါသည်။ မီးလုံးတီထွင်သော သောမတ်အယ်ဒီဆင်နှင့် သိပ္ပံပညာရှင်များ တီထွင်ထားသော မီးလုံးကို လူငယ်တဦးကို တပ်ဆင်ခိုင်းရ လူငယ်လက်ချက်နှင့် ကွဲသွားပါသည်။ လူငယ်ကလေးကလည်း အရမ်းစိုးရိမ်သော်လည်း သောမတ်အယ်ဒီဆင်ကြီးက အပြစ်မပြောပဲ အချိန်များစွာအကုန်ခံပြီး နောက်ထပ်မီးလုံးတလုံးထပ်မံတီထွင်ရပြန်သည်။ ပြီးသွားသောအခါ ထိုလူငယ်လေးကိုပင် ပြန်လည်တပ်ဆင်ခိုင်းပြန်သည်။ မိမိတို့မှာ လူငယ်ကလေးပုံစံပင် မလုပ်တတ်မကိုင်တတ်နှင့်လုပ်ဆောင်ရာတွင် ကူညီပံ့ပိုး၊သော လူကြီးများကလည်း သောမတ်အယ်ဒီဆင်ကဲ့သို့ စိတ်သဘောထားနိုင်ကြရန် ဆုတောင်း အားပေးစကား ပြောလိုပါသည်။ ကျေးဇူးတင်စကားအနေနှင့် ခရစ်ယန်မဟုတ်သော်လည်း လာရောက်ကူညီ၊လုပ်ဆောင်ပေးသော ကိုစိုးနိုင်။ မဖြူတို့ မိသားစုကို အထူးကျေးဇူးတင်စကား ပြောလိုပါသည်။ နောက်နောင်လဲ ဆက်လက်ကူညီသွားမည် မျှော်လင့်ကြောင်း။ 

၂၀၀၉ ဇန္န၀ါရီ ၁ရက်တွင် မွေးနေ့ကျရောက်သော မပန်းထာ၊ ကိုစိုးနိုင်၊ မဖြူ နှင့် သူတို့သားငယ် ဝေလျံဦး တို့ မွေးနေ့ကိတ်မုန်နှင့် Happy Birthday သီချင်းကို သီဆိုရင်း ၀ပ်ပြုကိုးကွယ်ခြင်းကို အဆုံးသပ်ခဲပါသည်။ ယူဆောင်လာသော အစားအစာများ အတူစားသောက်ရင်း မိတ်သဟာရ ပြုကြပါသည်။


Video Clip (1 minute)

 

 


Click Here


၂၈ - ဒီဇင်ဘာ - ၂၀၀၈


BurmeseBible.org
21 Dec 2008 in Omaha & Lincon, Nebraska USA


Judson Burmese Bible
www.burmesebible.com

 

Judson Baptist Church
Singapore
jbcs.org.sg



MCA Bangkok
www.mcabangkok.org

 


 



PDF Download



 


သခင်စကား အမှတ်၈၇ Nov08

 


Sermon Documents

Singapore



 


Rev. Dr Kyaw Win

 


Bangkok - 2008

 


Rev. Augustus

 


Tokyo Kachin Baptist
Church

Rev. Yojong Yaw  Han

 


Judson (Singapore)

 


Karen KBCS

Singapore



Hakka Myanmar
Singapore

 


Myanmar Baptist Church
 NewYork


First Burmese Baptist Church
San Francisco

 


San Jose Burmese Church

www.bccsv.org

 


Oakland Burmese Church

 


Calvary Baptist Church
Bangkok

 


MCA , Thailand 

Myanmar Christian Assembly

 

Burmese Christian Links - Click Here

Myanmar Audio Semons     

  

   
www.BurmeseBible.com