|

ကျွန်တော်တို့
ကိုးကွယ်သောဘုရား
ကိုသိန်းဇော် (စင်ကာပူ)
1.Nov.2008 ဂျပ်ဆင်အသင်းတော် သက်စမ်းရေလူငယ်အစီအစဉ်
ကျွန်တော်တို့
မြင်ခြံ ဗုဒ္ဓဘာသာ အဖြစ် မြင်းခြံမြို့တွင် ဘုရားပေါင်းများစွာ
ပြုပြင်မွမ်းမံခဲ့သည်။ သို့သော်လည်း ခရစ်တော်ကို ရရှိပြီးသည့်နောက်
ကျွန်တော့်သူငယ်ချင်းများက ကျွန်တော့်ကို အမျိုးမျိုး
ပြောကြားခဲ့သောလည်း စင်ကာပူအသင်းတော်များတွင် သက်သေခံခဲ့သည်။
အီလင်းအသင်းတော်တွင်လည်း မကြာခဏ ပြောကြားသက်သေခံခဲ့သည်။ ကျွန်တော်၏
အသက်တာတွင် ခရစ်တော်၏ ကယ်တင်ခြင်းရရှိပြီးသည့်နောက် ကျွန်တော့ကို
လမ်းပြသွန်သင်သည်။ မိမိမတတ်နိုင်သည်ကို ကွယ်ကာ၊ပေးခဲ့သည်။
မိရိုးဖလာ ခရစ်ယန်များ ဘုရားကျောင်းသွားရန် ခက်ခဲနေခြင်းကို
အားမလိုအားမရ ဖြစ်ခဲ့သော်လည်း နောင်တွင် ခွင့်လွှတ်ခဲ့ပါသည်။
ယုံကြည်သူများကို မကြည့်ပဲ ယေရှုကိုကြည့်ဟု
သူငယ်ချင်းကပြောခဲ့သောစကားကို ခွန်အားယူခဲ့ရပါသည်။
ဘုရားရှင်၏ ချစ်ခြင်းမေတ္တာကို နားလည်ပါက အချိန်ပိုနေလျှင်
သမ္မာကျမ်းစာနှင့် ပျော်မွေ့သည်။ သမ္မာကျမ်းစာကို ဖတ်ရင်း မိမိသည်
သွန်သင်ခြင်းကို ခံရပါသည်။ ခရစ်တော်၏ နမိတ်လက္ခဏာများကို ပြပါသည်။
မြင်းခြံတွင် ခရစ်တော်ကိုသိသူများ သိပ်မရှိသော်လည်း မိဘ၊
မိသားစုများကို မြန်မာပြည်ပြန်ပြီး ခရစ်တော်ကောင်းမြတ်ခြင်းကို
ပြောကြားခဲ့သည်။ နိုင်ဝင်ဘာ ၂၀၀၈ တွင် မြန်မာပြည်ပြန်ချိန်တွင်
ခရစ်တော်အကြောင်းကို ပြောရန်ဖြစ်သည်။ ၂ နှစ်အတွင်း မြန်မာပြည် ၂
ခေါက်ပြန်ပြီးဖြစ်၍ ယခုခွင့်တောင်းရတွင် သူငယ်ချင်းများက
ခွင့်မရနိုင်ဟု ပြောသော်လည်း မိမိအားဖြင့် ခွင့်တောင်းခြင်းမဟုတ်၊
ဘုရားသခင်အားဖြင့် ခွင့်တောင်းခြင်းဖြစ်သည်။ သွားတောင်းသောအခါလည်း
ခွင့်တလ ရရှိခဲ့ပါသည်။ ယုံကြည်
အသက် ၂၉ နှစ်က သံဗုန္ဓေ ရွတ်ပြီး၊ ငါးပါးသီလကို
လုံအောင် စောင့်ထိန်းခဲ့ပါသည်။
စင်ကာပူ ရောက်သည်မှာ ၇နှစ်ရှိပြီ။ ကျွန်တော်သည်
ပျော်ပျော်ပါးပါးနေသော်လည်း ခံစားချက်များရှိပါသည်။ သူငယ်ချင်း
စောမြက်ထွေးက ထိုခံစားချက်မျာ ပျောက်ရန်
ငါတို့ကိုးကွယ်တဲ့ဘုရားကို ကိုးကွယ်ပါလား ဟု ပန်ဂျန်ရူး ရေကန်ဘောင်တွင်
ပြောခဲ့သည်။ ဆုတောင်းခြင်းဖြင့် အိပ်ယာဝင်ပြီး နိုးလာသောအခါ
ခံစားချက်များပျောက်ကွယ်သွားခြင်းကို တွေ့ရှိရသည်။ မဿဲ ၆း ၃၃ တွင်
နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို ဦးစွာရှာလျှင် ကျန်သောအရာများ
ပေးမည် ဆိုသည့်အတိုင်း ဘုရားသခင်ပြင်ဆင်ပေးပါသည်။
ကျွန်တော်၏ ဦးကြီးတဦးသည် ရုပ်တုဆင်းတု နှင့် နတ်များကို ကိုးကွယ်သည်။
အင်မတန်လည်း ချမ်းသာသည်။ နတ်က ကောင်းကြီးပေးချိန်တွင် ပေးပြီး
ဒုက္ခပေးသောအခါတွင်လည်း ပေးပါသည်။ နတ်များသည် သူတို့ကို မကိုးကွယ်လျှင်
တကယ်သတ်ပါသည်။ ကျွန်တော်တို့ ကိုး၏ကွယ်သော ယေရှုရှင်သည်
ချစ်ခြင်းမေတ္တာပေးပါသည်။ တကယ်လည်း အသက်ရှင်သည်။ မစသော ဘုရားဖြစ်သည်။
နှုတ်ကပတ်တော်ကို ယုံကြည်ကြလျှင် အရာခပ်သိမ်းကို ဘုရားကတတ်နိုင်ပါသည်။
မိမိကိုယ်ကိုယ် ယုံကြည်သည်၊ မယုံကြည်သည်ကို မိမိအသိဆုံးဖြစ်သည်။
တကယ်ယုံကြည်ပါက သက်သေခံ ပြောကြားခြင်းဇြစ်လာပါသည်။ ယနေ့မနက်တွင်ပင်
အိန္နိယ အမျိုးသားတဦးကို ယေရှုအကြောင်းပြောခဲ့သေးသည်။ ယုံကြည်ခြင်းသည်
မုန်ညင်းစေ့မျှရှိလျင် ပင်လုံလောက်သည်ဟု ရှင်မဿဲတွင် ဖေပြထားသည်။
ဗေဒင်ဆရာတဦးနှင့် စကားများရင်း ဗေဒင်ဆရာက မိမိကို ရူးအောင်၊
သေအောက်လုပ်မည် ခြိမ်းချောက်သည်။ ကျွန်တော်သည် ယုံကြည်သူဖြစ်သော်လည်း
ကြောက်ခြင်း ဖြစ်ခဲ့သည်။ တယ်လီဖုန်းတွင် စိမ်ခေါ်ပြောဆိုသောအခါ
စင်ကာပူရောက်နေသော သူ၏ သားနှစ်ဦးသည် ကုမ္မဏီမှ
မြန်မာပြည်ပြန်ပို့ခြင်းကို တွေ့ရသည်။
ကျွန်တော်တို့ အပြစ်အားလုံးကို ယေရှုဘုရားရှင်က ကရာနီကုန်ပေါ်တွင်
အသွေးတော်ဖြင့်ဆေးကြောခဲ့ပြီဖြစ်သည်။ ခရစ်တော်ကို ယုံကြည်သောကြောင့်
စုံစမ်းနှောက်ရှက်ခြင်းကို ခံစားရသော်လည်း မခံနိုင်သော
စုံစမ်းနှောက်ရှက်ခြင်းကို မပေးဟု ယုံကြည်ခဲ့သည်။ ကျွန်တော်သည်
ဘုရားသခင်က ကယ်တင်ရွေးနှုတ်ခဲ့ခြင်းအတွက် ချီးမွှမ်း၊ကျေးဇူးတင်ပါသည်။
မိမိသည် သုညဖြစ်သည်။
ဘုရားသခင်သည်
တရားနာသောသူထက် တရားကျင့်သောသူကို နှစ်သက်ပါသည်။ ၂၀၀၇ တွင်
ငွေသိန်းရာနှင့်ချီပြီး ဗုဒ္ဓတရားပွဲများ၊
ရှင်လောင်း ၁၀၀ လှုဒါန်းခြင်းများ၊
ဘုရားပြင်ခြင်းမျာ လုပ်ခဲ့သည်ကိုလည်း ခရစ်တော်ကိုရရှိပြီးနောက်
အချီးနှီးအဖြစ်ခံစားခဲ့သည်။ ကျွန်တော့်ညီငယ်တဦးလည်း
မိမိပြောင်းလည်းခြင်းအတွက် စိတ်ဆိုးခဲ့သည်။ သို့သော် မိမိဘ၀အတွက်
ယုံကြည်မှုအတွက် အံ့သြစရာများကို တွေ့ရပါသည်။ ဗုဒ္ဓဘာသာများသည်
ဘုရားကိုချစ်သည်။ အချိန်ပေးသည်။ လှုဒါန်းသည်။ ခရစ်တော်ကို ယုံကြည်သူများ
အချိန်ပေးရန်လိုအပ်ပါသည်။ မိမိသည် မြောင်းမြ အသင်းတော်အတွက်
အလှုခံမိသောအခါ ငါ့အသင်းတော်ကိုတောင် မလှုတာ ဘာညာ ဟု အပြောခံရသည်။
ယုံကြည်ကာစက Home Cell များသွားရောက်၍ ဘုရားကို ရှာခဲ့သည်။ ဆာလံ ၃၇
တွင် ထာဝရဘုရား၏ ကတိတော်များကို ယုံကြည်ပါသည်။ ယုံယုံကြည်ကြည်နှင့်
တောင်းရှောက်ခြင်းကို လိုလားပါသည်။
ကျွန်တော်
ပြောင်းလည်းကာစက ဘလူးစတားတွင် ဆရာမျိုးသူ တရားဟော၊ ပြောကြားသည်များကို
နားထောင်ခဲ့ရသည်။ သမ္မာကျမ်းစာကို ဖတ်ရာတွင်လည် ၀တ္တုတခုလို၊
သမိုင်းစာပေတခုလို ခံစားခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင်
သမ္မာကျမ်းစာကို နားလည် သဘောပေါက်
နားလည်လာခဲ့ပါသည်။
ကျမ်းပိုဒ်များ
ရှင်ယောဟန်ခရစ်ဝင် ၁၅း ၁ - ၇
်John
၁၅ ၁ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း
ဥယျာဉ်စောင့်ဖြစ်တော်မူ၏။ ၂ငါ၌ အသီးမသီးသော အခက်ရှိသမျှတို့ကို
ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ အသီးသီး စေခြင်းငှါ
သုတ်သင်ရှင်းလင်းတော်မူ၏။ ၃သင်တို့သည် ငါဟောပြောသောစကားအားဖြင့်
ယခုပင်ရှင်းလင်းလျက် ရှိကြ၏။ ၄ငါ၌တည်နေကြလော့။ ငါသည်လည်း
သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက်
အသီးမသီးနိုင်သကဲ့သို့ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။
၅ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည်
ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။
ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်ကြ။
၆ငါ၌မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကို
ခံရ၏။ ထိုသို့သောအခက်များကို လူတို့သည် စုသိမ်း၍
မီးထဲသို့ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ရောက်ကြ၏။ ၇သင်တို့သည်
ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကို
တောင်း၍ရကြလိမ့်မည်။
၂၀၀၇
ငွေသိန်းရာချီနှင့် ဗုဒ္ဓလှုဒါန်းခြင်းများအတွက် ယောက်ဖဆီတွင် ငွေ
ဒေါ်လာ ၃ထောင် အကြွေးတင်ခဲ့သည်။ ခရစ်တော်ကို မယုံကြည်တော့လျှင်
ငွေပြန်ပေးစရာမလိုတော့ဟု ဆိုလာသည်။ မိမိလည်း လစာကောင်းတာပဲ ဆိုသော
မာနရှိခဲ့သည်။
ဂုဏ်သိက္ခာထိန်းပြီး အခက်အခဲကို ဘယ်သူ့မျှမပြောခဲ့ပါ။ သို့သော်လည်း သူငယ်ချင်း စမြတ်ထွေးကို ပြောပြ
သက်သေခံပြီး နောက်
ကျွန်တော်တို့ အမ်အာတီ ရထားပေါ်တွင် မရှက်မကြောက် ဆုတောင်းခဲ့သည်။
မိမိအား သူငယ်ချင်းတဦးက မကြာခဏ မေးမြန်းသောအခါမှ ငွေ၃ထောင်
လိုအပ်ကြောင်းပြောပြသောအခါ ထိုသူက စောစောကပြောရောပေါ့၊ ၃ ထောင်မကဘူး
ငါးထောင် ယူထားပါ ဟုပြောလာသည်။
မိမိသည် ထိုငွေ၃ထောင်ကို တတ်နိုင်သော ဘုရားသခင်က တတ်နိုင်သည်ဟု
ယုံကြည်ခြင်းဖြင့် နောက်တနေ့တွင် အဖြေပေးပါသည်။
၁ ကော ၁၅း ၁၇ -
၁၈။ ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော် လည်း
အကျိုးမရှိ၊ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏။ ၁၈ထိုမှတပါး၊
ခရစ်တော်ကိုယုံကြည်၍ အိပ်ပျော်သော သူတို့သည်
ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။
ထိုကျမ်းပိုဒ်သည် မိမိတို့
အိပ်မပျော်ပဲ ယုံကြည်သူအချင်းချင်း မိတ်သဟာရဖွဲ့။ ဘုရားကျောင်းသွား
စသဖြင့် အချိန်ပေးရန်ဖြစ်သည်။
မိမိကိုယ်ပိုင်အချိန်များကိုပေးရန်ဖြစ်သည်။
ယာကုတ် ၂း ၂၆ ကို နောက်ဆုံးအနေနှင့် ဖတ်လိုပါသည်။
ဝိညာဉ်နှင့်ကင်း
သောကိုယ်သည်အသေဖြစ်သကဲ့သို့၊ အကျင့်နှင့် ကင်းသော ယုံကြည်ခြင်းသည်
အသေဖြစ်၏။ ထိုအချက်သည် ဘုရားသခင်၏ နှုတ်ကပါတ်တော်ဖြစ်သည်။
အပြင်တွင် အပြင်လောကတွင် ရက်တထောင်နေသည်ထက် တံတိုင်းတော်တွင်းတွင်
တရက်နေခြင်းသည် မင်္ဂလာအရှိဆုံးဖြစ်သည် ဟု
ဒါဝိပ်မင်းကြီးရေးထားသကဲ့သို့ ကျွန်တော်ခံစားရသည်။
မယုံကြည်သေးသောသူများကို၎င်း၊ ယုံကြည်ပြီးသူများကို
သာ၍ယုံကြည်စေရန်၎င်း သက်သေခံခြင်းဖြစ်ပါသည်။ အယောက်စီတိုင်းကို
ဘုရားသခင် ကောင်းချီးပေးပါစေ။
မှတ်ချက်၊
အသေးစိတ်ကို JBC Website
www.jbcs.org.sg တွင် ဗီဒီယိုဖိုင်ကို ဖွင့်ကြည့်နားဆင်နိုင်ပါသည်။
|