|

Rev. ဆရာလတ် (Rev. Dr. Latt
Yishey) ပထမမြန်မာနှစ်ခြင်းအသင်းတော် (ဆန်ဖရစ်စစ္စကို) FBBC San Francisco
18.Sep.2008
Bible Study - The Fruit of Holy Sprit ၀ိညာဉ်ပကတိ အကျိုး - ၀ိညာဉ်အသီး
ယခင်အပတ် ရန်ကုန်မြို့ နှစ်ခြင်းသာသနာနှီးနှောဖလှယ်ပွဲမှ
ပြန်လည်ရောက်ရှိလာသော ဆရာလတ်ရီရှေး ကျမ်းစာသင်တန်း သန့်ရှင်းသောဝိညာဉ်တော်
အပတ်စဉ်ကျမ်းစာသင်တန်းမှာ ၀ိညာဉ်အသီးအကြောင်းဟောပြောဆွေးနွေးချက်များ။
ဂလာတိ ၅း၂၂-၂၃
ဝိညာဉ် ပကတိ၏အကျိုးမူကား၊
ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊
ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊
ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။်
ဝိညာဉ်အသီးသည် ခရစ်ယာန်မိသားစုအတွက်ထူးခြားချက်ဖြစ်သည်။ စုစုပေါင်း
၉မျိုးပါရှိပါသည်။ အင်္ဂလိပ်အသုံးအနှုံးတွင် Fruit ဟု "s" မပါရေးသားထားချက်၏
အဓိပ္ပါယ်မှာ အသီး၉မျိုးသည် တလုံးတ၀တည်း ရှိနေခြင်းကို ဆောင်ပါသည်။
အကျိုးတခုစီခွဲပြီး မပေးပဲ အားလုံးစုပေါင်းထားသော Fruit
အသီးတခုကိုရရှိခြင်းဖြစ်သည်။ ၁ကော ၁၂ တွင်ဖေါ်ပြထားသော
ဝိညာဉ်ဆုကျေးဇူးအကြောင်းများမှာ Gift
ဖြစ်ပြီး အထူးသဖြင့် တယောက်သောသူအား ပေးခြင်းမှာ Gift ဖြစ်ပြီး
ပို၍အရေးကြီးသောအရာသည် ဂလာတိ ၅ တွင် ဖေါ်ပြထာသော ၀ိညာဉ်အသီးအကြောင်းဖြစ်ပါသည်။
၉ခုပေါင်း တခုဖြစ်သောကြောင့် တခုနှင့်တခု ခွဲခြား၍မရနိုင်ပါ။
ဆုကျေးဇူးအားလုံးကို အားလုံးစုပေါင်းရရှိခံစားရမည်ဖြစ်သည်။
အကျိုး ၉မျိုးကို ခွဲခြားစိတ်ဖြာကြည့်လျှင် ပထမ ၃ မျိုးမှာ
ခရစ်တော်အတွက်ဖြစ်သည်။ ဒုတိယ ၃ မျိုးမှာ သူ့တပါးအတွက်ဖြစ်ပြီး တတိယ ၃ မျိုးမှာ
မိမိအတွက်ဖြစ်သည်။ (ချစ်ခြင်း၊ ၀မ်းမြောင်ခြင်း၊ ငြိမ်သက်ခြင်း တို့မှာ
ခရစ်တော်အတွက်ဖြစ်သည်။
ခရစ်တော်အတွက် ၀ိညာဉ်အသီး၃မျိုး၊ ချစ်ခြင်း - ရှေးဟောင်းဂရိစာပေတွင် Agape
(ဖြူစင်သောအချစ်၊ ဘုရားသခင်၏ ချစ်ခြင်း) Eros (လင်မယားချစ်ခြင်း) နှင့်
Philia မိသားစု၊မိတ်ဆွေများကို ချစ်ခြင်း ဟုခွဲခြားထားပါသည်။ ဘုရားသခင်အတွက်
ချစ်ခြင်းမှာ Agape ကိုဆိုလိုသည်။ ၀မ်းမြောက်ခြင်း သည် ပျော်ရွှင်မှု Happy နှင့်
ကွာခြားပါသည်။ ပျော်ရွှင်မှုမှာ ရုပ်ဝတ္တုပစည်းနှင့် ဆိုင်သောကြောင့်
ကြာရှည်မတည်တံ့ပါ။ ၀မ်းမြောက်ခြင်း Joy မှာ ထာဝရတည်တံ့စေပြီး
ဘုရားသခင်အားဖြင့်သာရရှိသည်။ ငြိမ်သက်ခြင်းမှာ Prince of Peace စကားအတိုင်း
သခင်ယေရှုကိုရရှိသူတွင် ငြိမ်သက်ခြင်းရရှိပါသည်။ မြန်မာစာရေးဆရာ မြသန်းတင့်မှာ
ခရစ်ယာန်မဟုတ်သော်ငြားလည်း Jesus is Peace ဟုပြောခဲ့ပါသည်။ ပြင်ထန်လှသော
လေဆင်နှာမောင်း မုန်တိုင်း၏ အူတိုင်အလယ်တွင် ငြိမ်နေသောနေရာရှိသလို
သခင်ယေရှုကိုရရှိသူများတွင် ဘ၀မုန်တိုင်းကြားမှ ငြိမ်သက်ခြင်း
ဝိညာဉ်အသီးကိုရရှိပါသည်။
သူ့တပါးအတွက် ၀ိညာဉ်အသီး၃မျိုး ။ စိတ်ရှည်သည်းခံနိုင်ခြင်းမှာ
သခင်ယေရှု စံနမူနာပြခဲ့ပါသည်။ ရန်သူကိုပင် သည်းခံနိုင်သည်။ မနိုင်၍
အောင့်အီးသည်းခံခြင်းမဟုတ်ပါ။ သခင်ယေရှုတွင် တန်ခိုးရှိသောငြားလည်း မိမိကို
ကားတိုင်တင်သတ်သည့် ရောမစစ်သားကိုပင် မသိနားမလည်၍လုပ်သောအလုပ်အတွက်
ခွင့်လွတ်သည်းခံခဲ့ပါသည်။ မိတ်ဆွေများကို ကျေးဇူးပြုခြင်း နှင့် မိတ်ဆွေများအပေါ်
ကောင်းမြတ်ခြင်းများကိုလည်း ဆောင်ရွက်နိုင်ပါသည်။
မိမိအတွက် ၀ိညာဉ်အသီး၃မျိုး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို
ဆင်ချင်ရန်အတွက်၎င်း၊ မိမိကိုယ်ကိုယ် စာမေးပွဲစစ်နေသော အချက်ပင်ဖြစ်သည်။
သစ္စာစောင့်ခြင်းဆိုရာတွင် ဘုရားသခင်အတွက်အခက်ခဲဆုံးအချိန်တွင်
သစ္စာစောင့်ရန်လိုပါသည်။ ရှင်ပေတရုသည် ခရစ်တော်ကို ၃ကြိမ် ငါမသိဟု
ငြင်းဆိုခဲ့ခြင်းအတွက် နောင်တရပြီး သေဆုံးချိန်တွင် ကားတိုင်ကို ဇောက်ထိုးချပြီး
အသေခံ သစ္စာစောင့်ခဲ့ပါသည်။ မိမိလည်ပင်းကို ထားထောက်ပြီး
ခက်ခဲသောအချိန်ကာလသို့ရောက်လာသည့်တိုင် သစ္စာစောင့်သိရန်လိုပါသည်။
နူးညံ့သောနှလုံးသားရှိရန်လိုအပ်သော်လည်း ပျော့ညံ့သောလူ မဖြစ်ရန်လိုအပ်သည်။ Self
Control ခေါ်သော ကာမဂုဏ်ချုပ်တည်းနိုင်ခြင်း စသည် ၃ချက်မှာ မိမိအတွက်အဓိက
ဝိညာဉ်အသီးများဖြစ်သည်။
ဂလာတိ ၅း ၁၇ - ၂၁ တွင် ဇာတိပကတိအလိုများကို ဖေါ်ပြထားသည်။
ထိုအလိုများကို မလိုက်လျှောက်ခြင်းသည် ၀ိညာဉ်ပကတိအကျိုးကို ရစေပါသည်။
ဝိညာဉ်အကျိုးရစေရန်အတွက် ဂလာတိ ၅း ၂၂-၂၃ တွင်
ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ် များနှင့်
အလိုဆန္ဒများကို၎င်း၊ လက်ဝါး ကပ်တိုင်မှာ ရိုက်ထားထားကြပြီ။ သို့ဖြစ်၍ ငါတို့သည်
ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိ အတိုင်း ကျင့်ကြကုန်အံ့။
ဟုရေးသားထားသည့်အတိုင်း လူဇာတိ အကျင့်စရိုက်ဆိုးများကို လက်ဝါးကပ်တိုင်တွင်
ရိုက်ထားခြင်းဖြင့်သာ ၀ိညာဉ်အကျိုးကို ခံစားနိုင်မည်ဖြစ်သည်။
ဆုတောင်းကြပါစို့။

မှတ်ချက်။
၁။ သင်းထောက် ဆရာဦးတင်ရွှေမှ ဆန်ဖရန်စစ္စကိုတွင် ယခုဖြစ်နေသော Marriage, One Man One
Woman ကို ကမ္ဘာဦးကျမ်း ၁၉ နှင့်ယှဉ်ပြီး လိင်တူလက်ထပ်ပေးသော
ဥပဒေပြဌာန်းခြင်းအကြောင်းကို ကျမ်းစာနှင့်အညီ ဆွေးနွေးပါသည်။ ယောင်္ကျားချင်း
ဆက်ဆံလိုသော သောဒုံမြို့သားများကြောင့် ထိုမြို့ကို အပြစ်၌ ဆုံးရှုံခြင်း
ကန့်နှင့်မီးမိုဃ်း ရွာစေကာ ဖျက်ဆီးပြစ်ခဲ့ပါသည်။ အသင်းတော်များနှင့်
လိင်တူလူ့အခွင့်အရေးသမားများ ဥပဒေတိုက်ပွဲအကြောင်းကို ကျမ်းစာသင်တန်းတို
ပို့ချဆွေးနွေးခဲ့ပါသည်။
၂။ ဆရာလတ်ရီရှေး ရန်ကုန် ၂ပတ်ခရီးစဉ် ကျေးဇူးတော်ချီးမွှမ်းခြင်။
ဆရာလတ်သည် ရန်ကုန်မြို့ နှစ်ခြင်းသာသနာ နှီးနှောဖလှယ်ပွဲသွားရန်
ဗီဇာအခက်အခဲရှိသောလည်း ကျေးဇူးတော်နှင့် ဆုတောင်းလုပ်ဆောင်ပေးသော အသင်းသားများနှင့်
ဝါရှင်တန်အသင်းတော်မှ သင်းအုပ်ဆရာတို့ ကြောင့် အချိန်မီ ဗီဇာရရှိပြီး ရန်ကုန်သို့
အောက်တိုဘာ ၄ ရက်နေ့ တနင်္ဂနွေတွင် ချောမောစွာအချိန်မီရောက်ရှိခဲ့ပြီး
နှီးနှောဖလှယ်ပွဲကို နောက်တနေ့တွင် တက်ရောက်နိုင်ခဲ့ပါသည်။ နိုင်ငံခြားမှာ
သင်းအုပ်ဆရာ ၃ဦးသာတက်ရောက်နိုင်ခဲ့သည်။ (ထိုင်းနိုင်ငံ ဆရာမန်ထွန်းသန်း၊ ဂျပန် -
ဆရာဒေါ်ခေါင်း နှင့် အမေရိကန် ဆရာလတ်ရီရှေး)။ လူမျိုးစု ၁၈ ဖွဲ့နှင့်
အသင်းတော်ကြီး၂ပါး၊ ဧ၀ံဂေလိအဖွဲ့များ၊ ကျမ်းစာသင်တန်းကျောင်းများမှ ဓမ္မဆရာများ
နှီးနှောဖလှယ်ခဲ့ကြသည်။ လီစူး ဆရာ၃၀ လည်းရန်ကုန်သို့ ရောက်ရှိနေသောကြောင့်
အားသစ်လောင်း ၂ရက် သင်တန်းကို ပါဝင်နိုင်ခဲ့သည်။ အမ်အိုင်တီ
မြန်မာနိုင်ငံကျမ်းစာသင်ကျောင်း နှစ်၅၀ ပြည့်အခန်းအနား ဂျူဗလီ ၂ရက်နှင့်လည်း
တိုက်ဆိုင်နေ၍ ပါဝင်နိုင်ခဲ့သည်။ ဓမ္မဆရာ ၃၀၀၀ ကျော်စုစည်းသော အစည်းအဝေသို့လည်း
ပါဝင်နိုင်ခဲ့ပြီး အောက်တိုဘာ ၁၆၊ ၁၇ ပြုလုပ်သော အမျိုးသမီး ၂၀၀၀ လာရောက်သော
အစည်းအဝေးကြီးတွင်လည်း တက်ရောက်နိုင်ခဲ့သည်မှာ ကျေးဇူးတော်များပင်ဖြစ်သည်။
တနင်္ဂနွေတွင်လည်း အီမန်နျုရယ် အသင်းတော် လီစူးအစီအစဉ်တွင် တရားဟောခဲ့ပြီး
မြောက်ဥက္ကလာ လူမျိုးစုအသင်းတော်တွင်လည်း အားပေးစကားပြောကြားနိုင်ခဲ့ပါသည်။
အထူးသဖြင့် မြန်မာပြည်အကျဉ်းထောင်များတွင် ဧ၀ံဂေလိ ခရစ်ယာန်ဆရာတဦး
ဆိုး (ညစဉ်ခွန်အား) နှင့် တွေ့ဆုံမိတ်သဟာရပြုခဲ့သည့် အတွေ့အကြုံများကို စိတ်ဝင်စားဖွယ် ပြန်လည်ဝေငှပေးခဲ့ပါသည်။
၃။ ဆရာလတ်ရီရှေး
ကိုယ်ရေးရာဇ၀င်အကျဉ်း
Burmese Christian
Links - Click Here
Myanmar Audio Semons

www.BurmeseBible.com
|


This Month
PDF Download




Bangkok - 2008

Rev. Augustus

Tokyo Kachin Baptist
Church
Rev. Yojong Yaw Han

Judson (Singapore)

Karen KBCS
Singapore

Hakka Myanmar
Singapore

Myanmar Baptist Church
NewYork

First
Burmese Baptist Church
San Francisco

San Jose
Burmese Church
www.bccsv.org

Oakland Burmese Church

Calvary Baptist Church
Bangkok

MCA , Thailand
Myanmar Christian Assembly |