|

21-Dec-2008 , Christmas and "Peace with God" Pastor
U Myo Thu (JBCS - Singapore)
ရှေးဦးစွာ မေရီခရစ်စမတ်လို့ နှုတ်ခွန်းဆက်လိုက်ပါတယ်။ ညီမငယ်က
ကျမ်းပိုက်ဖတ်သွားပါတယ်။ လုကာ ၁ါ် ၈ - ၁၄ ကောင်းကင်တမန်က
အလွန်ဝမ်းမြောက်သတင်းယူလာ၏။ ယနေ့ ဒါဝိပ်မြို့တွင် ဖွားမြင်ခြင်းကို ခံတော်မူသည်
ဟူသော သတင်းကောင်း၊ ကယ်တင်ရှင် ဖွားမြင်တော်မူခြင်း သတင်းကောင်းကို ချီးမွမ်း၍
မြွတ်ဆိုသည်။
ယေရှုလုပ်သောအရာ လူသားများအတွက် ငြိမ်သက်ခြင်းရစေချင်သောကြောင့်
လူ့ဇာတိခံယူခဲ့ပါတယ်။
ဟေရှာရ ပရောဖက်ကြီးက ပြောခဲ့သည်။ သူငယ်ဖွားမြင်မည်၊ ငြိမ်သက်ခြင်း
ဖြစ်စေဖို့ လာခဲ့သည် လို့ဆိုပါတယ်။ ဗတ္တိဇံဆရာ ရောဟန်ရဲ့ ဆရာ ဇာဖနိကလဲ
ငြိမ်သက်ခြင်းကို ပြရန်လာမယ် လို့ ပြောခဲ့ပါတယ်။ မွေးဖွားချိန်မှာ ရောမဘုရင်
ဆီဇာသြဂတ်စတတ်လက်ထက် ငြိမ်သက်ခြင်းရှိပြီးသားဖြစ်ပါတယ်။ မြေထဲပင်လယ် ပတ်ဝန်ကျင်က
နိုင်ငံအများ ရောမလက်အောက်မှာ ငြိမ်းချမ်းစွာ ရှိနေစဉ်ဖြစ်ပါတယ်။ ရောမမြို့ ချဲနက်
နတ်ဖုရားဗိမာန်တော်ရှေ့မှာ ရောမစစ်တပ် စစ်ထွက်တိုင်း တံခါးဝ ဖွင့်ထားပါတယ်။ ချဲနက်
နတ်ဖုရားရဲ့ မစမှုကို ခံယူတဲ့ သဘောဖြစ်ပါတယ်။
ရောမသမိုင်းမှာ ၅ခါပဲ နတ်ဖုရားဗိမာန်တော် တံခါးပိတ်ခဲ့ဖူးပါတယ်။ တိုက်စရာ
စစ်ပွဲမရှိတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဆီဇာသြဂတ်စတတ် အုပ်စိုးချိန် ဗိမာန်တော် ရှေ၊
နောက် တံခါး ၂ခုစလုံး ပိတ်ထားပြီး၊ တလောကလုံး ငြိမ်သက်နေချိန်ဖြစ်ပါတယ်။ ဘာဖြစ်လို့
လောကငြိမ်သက်နေစဉ်မှာ ယေရှုခရစ်မွေးဖွားပြီး ငြိမ်သက်ခြင်းကို ပေးရန်
ကြွလာခဲ့ရပါသလဲ။ အလကား ဖြစ်မနေဖူးလား လို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
ဘာများ ကွာခြားနေရပါသလဲ။
လူတွေအလိုအပ်ဆုံး ငြိမ်သက်ခြင်းဆိုတာ ဘုရားသခင်ဖက်မှာ ရှိသော
ငြိမ်သက်ခြင်း Peace with God ပေးဖို့ရန် လာခြင်းဖြစ်ပါတယ်။ ဘုရားနဲ့ သင့်မြတ်ရာမှ
ရလာသော ငြိမ်သက်ခြင်းကို ရောမဘုရင်ကြီးလည်း မပေးနိုင်ပါဘူး။ လူများ ဘယ်လိုပဲ
ငြိမ်သက်နေပါစေ ဘုရားမနှစ်သက်ပက တမလွန်ဘ၀အတွက် ဒုက္ခရောက်သွားမှာဖြစ်ပါတယ်။
ဘုရားသခင်ရဲ့ တရားပလ္လင်ရှေ့မှာ လူသားတိုင်း မတ်တပ်ရပ်ရမယ် ဖြစ်ပါတယ်။ ဘုရားနှင့်
သင့်မြက်သော ငြိမ်သက်ခြင်း မရှိလျှင် ဘုရားနဲ့  ရန်သူဖြစ်ပါမယ်။
အပြစ်အားလုံးကို ဘုရာရှေ့မှာ ဆေးကြောခြင်း ခံရတဲ့အခါမှာ
အပြစ်သားမဟုတ်တော့ပဲ၊ ဖြောင့်မတ်သူ အနေနှင့် အသက်ရှင်ခြင်းသည် စစ်မှန်တဲ့
ငြိမ်သက်ခြင်းပင်ဖြစ်ပါတယ်။
ခရစ်စမတ်မှာ ဘုရားသခင်က ငြိမ်သက်ခြင်းကို လာပေးပါတယ်။
ရောမဘုရင်ကြီးက နှစ်တရာ စစ်တိုက်ပြီးမှာ
တိုင်းပြည် ငြိမ်သက်ခြင်း ရသလို ယေရှုကလည်း ကားတိုင်ပေါ်မှာ အသေခံပြီး စစ်မှန်သော
ငြိမ်သက်ခြင်းကို ပေးခဲ့ပါတယ်။ ကျွန်တော် ကျွန်မ တယောက်စီတိုင်းဟာ စစ်မှန်တဲ့
ငြိမ်သက်ခြင်းကို ခံစားနေရပါတယ်။
တမန်တော်ဝတ္တုကျမ်းမှာ ခရစ်ယန်များကို ညွင်းပန်း၊ နှိပ်စက်ခဲ့ပါတယ်။
ဗတ္တိဇံဆရာ ယောဟန်ကိုလည်း အသေသတ်ခဲ့ပါတယ်။ စီရင်တော့မဲ့အချိန် မတိုင်မှီညမှာ
တမန်တော်ပေတရုဟာ အိပ်ပျော်နေပါတယ်။ ဟေရုတ်မင်းကြီးနဲ့
သင့်မြတ်ခြင်းမရှိသော်လည်း ထာဝရဘုရားနဲ့ သင့်မြတ်ခြင်းရသူ ဖြစ်တဲ့အတွက်
မနက်ဖန် အသေသတ်ခံရတော့မှာ ဖြစ်သော်လည်း နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နေနိုင်ပါတယ်။ သေမင်းကိုပင် မကြောက်သော ငြိမ်သက်ခြင်း ဖြစ်ပါတယ်။
ခရစ်စမတ်နေ့အတွက် ယေရှုခရစ် မွေးဖွားယူဆောင်လာတဲ့ ငြိမ်သက်ခြင်းကို
အားလုံးခံစားနိုင်ရန် ဆရာဦးမျိုးသူမှာ ဒေသနာ ဟောကြားသွားခဲ့ပါတယ်။
Pastor U Myo Thu (JBCS - Singapore)
၂၁ - ဒီဇင်ဘာ - ၂၀၀၈

BurmeseBible.org
21 Dec 2008 in Omaha & Lincon, Nebraska USA
|

Judson
Burmese Bible
www.burmesebible.com
Judson
Baptist Church
Singapore jbcs.org.sg
MCA
Bangkok
www.mcabangkok.org



PDF Download


သခင်စကား အမှတ်၈၇ Nov08

Sermon Documents
Singapore



Rev. Dr
Kyaw Win

Bangkok - 2008

Rev. Augustus

Tokyo Kachin Baptist
Church
Rev. Yojong Yaw Han

Judson (Singapore)

Karen KBCS
Singapore

Hakka Myanmar
Singapore

Myanmar Baptist Church
NewYork

First
Burmese Baptist Church
San Francisco

San Jose
Burmese Church
www.bccsv.org

Oakland Burmese Church

Calvary Baptist Church
Bangkok

MCA , Thailand
Myanmar Christian Assembly
Burmese Christian
Links - Click Here
Myanmar Audio Semons

www.BurmeseBible.com
|