|

ကျမ်းပိုဒ်
ယာကုပ် ၁း၂၇ ခမည်းတော်ဘုရားသခင့်ရှေ့၌
စင်ကြယ်သန့်ရှင်း သောသီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုတ်ဆိုးမတို့သည်
ဆင်းရဲခံရသောအခါ၊ သူတို့ကိုကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့်
ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်း ပေတည်း။
ခမည်းတော်ရှေံ စင်ကြယ်သန့်ရှင်းသောသီလ ဟု မြန်မာကျမ်းစာတွင်ရေးထားသည်။
အင်္ဂလိပ်ကျမ်းစာတွင် ယုံကြည်သူအချင်းချင်းကို ပြောဆိုသည် Religion ဟု
သုံနှုံးထားပါသည်။ ယုံကြည်ကိုးကွယ်မှုတွင် လောကအရာများနှင့် ရောနှော၍ မရပါ။
ဘာသာတရားကိုင်းရှိုင်းခြင်းတွင် လူ့အရာများနှင့်မရောပါ။
ဧ၀ံဂေလိ မှာ တမျိုးတည်းသာရှိပါသည်။ ဂလာတိ ၁း ၄ တွင်
ဆိုးညစ်သောပစ္စုပ္ပန်ဘဝမှ ငါတို့ကို ကယ်နှုတ်ခြင်းငှါ၊ ငါတို့အပြစ်ကြောင့်
ကိုယ်ကိုကိုယ်အပ်ပေးတော်မူ၏။ ဟုဆိုထားသည်။ ယေရှုသည် သူ့ကိုယ်ကို စွန့်လွတ်
ပူဇော်ပါသည်။ အပြစ်များအတွက် အသက်ကို ပေးခဲ့သည်။ ထိုအချက်ကို ယုံကြည်လျှင်
ထာဝရအသက်ကို ရပါသည်။ ရှင်းရှင်းကလေးပင် ဖြစ်ပါသည်။
အခြားသော ဘာသာများမှ ပြောင်းလဲလာသူများ ဥပမာ ယုဒလူမျိုးများ
အရေပြားလှီးခြင်းကို လုပ်ရန် ဟောကြားကြသည်။ ကယ်တင်ခြင်း သြ၀ါဒများ
ထောင်ကျော်ရှိနေပါသည်။ ကယ်တင်ရှင် တယောက်တည်းနှင့် မလုံလောက်တော့ပဲ
သြ၀ါဒများပေါ်လာသည်။ ထိုအရာများသည် အခြားသော ဧ၀ံဂေလိများဖြစ်သည်။
ကယ်တင်ရှင်အကြောင်းကို ပြောနေရခြင်းဖြစ်သည်။ ထိုသို့ ပြောနေရာမှ အခြားသော
ဧ၀ံဂေလိများ ၀င်လာသည်။ ရှင်ပေါလုသည် အံ့သြကြောင်း၊ အလွန်မှ မြန်မြန်ကြီး အခြားသော
ဧ၀ံဂေလိများသို့ ပြောင်းလဲသွားကြခြင်းကို တွေရသည်။ မြန်မာပြည်တွင်လည်း ဆိုးပါသည်။
ကျမ်းစာထဲတွင် ခရစ်ယန် စကားလုံး ၃ခါ ပါသည်သည်။ ခရစ်ယာန် ဘာသာဟု မပါ။
ခရစ်ယာန် ဘာသာဝင် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း အပြစ်သားကို ကယ်လွှတ်ပေးနိုင်သော
ခရစ်တော်ကို ယုံကြည်သူများ ဟုဆိုက ပိုမှန်မည်။ ယခုအခါ မြန်မာပြည်တွင် ခရစ်ယန်ဟု
မပြောကြတော့ပဲ ခရစ်တော်၏ ဘာသာဟု ပြောနေကြပြီ။ ဒေဗစ် ဘက်ကန် (ကမ္ဘာကျော် အင်္ဂလိပ်
ဘော်လုံးသမား) နှင့် ဇနီးသည်လည်း ဘာသာပြောင်းတော့မည် ကြားနေရသည်။ ခရစ်ယာန်ဖြစ်ပါက
အချိန်မရွေ အခြားသောဘာသာသို့ ပြောင်းသွားနိုင်သည်။ ခရစ်တော်၏ ဘာသာဝင်များမှာ
ဘာသာပြောင်းရန် မရှိပါ။ ခရစ်တော်၏ ဘာသာသည် ဘုရားသခင်၏ သန့်ရှင်းသော
သီလနှင့်ပြည့်စုံပြီး လူ၏ ပြင်ဆင်ခြင်း တခုမျှမပါ။ လောက၏ ကျဆင်းခြင်းမှုများ၊
အပြစ်တရားများ နှင့် မပတ်သတ်ပါ။
ရှင်လုကာ ၁၁း ၄၆ တွင် ကျမ်းတတ်သူများသည် ပို၍ ဆိုးသေးသည်။
ထမ်းရမည့်ဝန်ကို သူ့တပါးအပေါ်သို့ တင်လိုက်ပြီး မိမိကတော့ ထိုဝန်ထုတ်ကို
လက်ဖျားနှင့်ပင် မတို့ထိ။ ဘုရားက ပညတ်တော် ၁၀ ချက် သတ်မှတ်ထားခဲ့သော်လည် သူတို့က
၆၀၀ ကျော် ဖြစ်စေသည်။ အသင်းသားများကို လိုက်နာခိုင်းပြီး ထိုဧ၀ံဂေလိသည်
ပညတ်များနှင့် ရောနှောနေသောကြောင့် သန့်ရှင်းသော သီလ မဟုတ်ပါ။
အသင်းတော်အချို့တွင် တနင်္ဂနွေ ၀တ်ပြုခြင်း ပရိုဂရမ်ကို
ဝေေ၀ဆာဆာရိုက်နှိပ်ထားပြီး၊ ပလ္လင်ပေါ်တွင် ထိုင်နေသူအများအပြားနှင့် ရှိကြသည်။
အသင်းတော်ဝတ်ပြုရာတွင် အလှည့်ကျ တက်ပြီး
ကျမ်းစာဖတ်သူ၊
အစီစဉ်ကြေငြာသူ၊ ဆုတောင်းသူများ ပြောဆို ဆင်းသွားကြသည်။
ကျွန်တော်တို့ အသင်းတော်တွင်
သဘာပတိနှင့် ကျွန်တော် နှစ်ယောက်သာရှိပြီး သဘာပတိလည်း ဖြုတ်သင့်က ဖြုတ်ရမည်
(ရယ်သံများ)။
ဘုရားသခင်ရှေ့တွင် မျက်နှာမရသူများ အကြောင်းကို ပြောပါသည်။
သန့်ရှင်း စင်ကြယ်ခြင်းသော သီလ ဆိုသည်မှာ ဘုရားသခင်၏ အလိုနှင့်
ညီပြီး၊ ဘုရားသခင် နှစ်သက်ရမည်၊ ကာက္ကိန နှင့် အာဗေလ တို့တွင် ကာက္ကိနသည် သူ့
စိတ်အကြိုက် လုပ်သည်။ ဥပမာ မွေးနေ့များတွင် လက်ဆောင်ပေးလိုပါက ဘာကြိုက်မည်ကို
မမေးပဲ ကိုယ်အကြိုက် ၀ယ်ကာ၊ အိမ်ထောင်ဖက်ကို ပေးသဖြင့် မွေးနေ့တွင် ပြသနာ
ဖြစ်ရခြင်းများစွာ ရှိသည်။
၁၀ ဖို့ တဖို့ ပေးခြင်းမှာလည်း ဘုရားဟာကို ပြန်ပေးခြင်းဖြစ်သည်။
အာဗြာဟံသည် မိမိ၏ သားတဦးကို ကိုးကွယ်ဝတ်ပြုရာတွင်
ပူဇော်ခဲ့သည်။ မိမိတို့လည်း တပါတ်လုံး ပင်ပင်ပမ်းပမ်း အလုပ်လုပ်ပြီး တနင်္ဂနွေနေ့တွင်
ဘုရားကြောင်းလာခဲ့သည်။ ဆရာဗုတ်၏ တရားမဟုတ်ပါ။ ဘုရားကို ကြောက်ရွံပြီး တရားကို
ရယူရန် လာရမည်ဖြစ်သည်။ သဘာပတိ ကိုအေးလွင်၏ သမီး ကျမ်းစာဖတ်သွားသည်။ သူမသည်
ဘလူစတားရှိရာ ဝေးလံသောနေရာမှ ရထား၊ ကား တတန်ဖြင့် အချိန်ကြာမြင့်စွာ လာရသည်။
ဘုရားကျောင်းတွင် ကျပ်တည်းခြင်းစွာ ၀တ်ပြုရခြင်း တို့မှာ အဖိုးအခ ပေးနေခြင်းပင်
ဖြစ်သည်။ အာဗြာဟံသည် ၃ ရက်ကြာအောင် တောင်ခြေကို ခရီးသွားပြီးမှ ကိုးကွယ်ဝတ်ပြုရန်
ပြင်ဆင်ရသည်။ မိမိတို့သည် အားသောအချိန်မှ ဘုရားကျောင်းကို လာပြီး ကုန်ရသော
ခရီးစရိတ်အတွက် ကြည့်နေရသူများရှိသည်။ အာဗြာဟံက သူ၏ သားကိုပင် ပူဇော်ရန် အတွက်
စစ်မှတ်သော သီလ ပေးဆပ်ရန် သွားသည်ကို သတိရသင့်သည်။
မိတ်ဆွေတို့ အသက်တာတွင် အချစ်ဆုံးမှာ ကိုယ်မိန်းမ၊
ကိုယ်သားသမီးမဟုတ်ပဲ ကိုယ်အတ္တ ဖြစ်နေသည်ကို တွေ့ရသည်။ ကိုယ့်အတ္တကို ဘုရားသခင်အား
ပေးဆပ်လိုက်စမ်းပါ။ ထိုအချက်သည် God Principle ပင်ဖြစ်ပါသည်။
စစ်မှန်သော ဧ၀ံဂေလိ တရားသည် တည့်တည့် ထိလျှင် ထိသွားမည်ဖြစ်သည်။
ကောလောသဲ ၃း ၂၃ လူ၏အမှုကိုသာ
ဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှ တို့၌
စေတနာစိတ်နှင့်ပြုကြလော့။ စိတ်နှလုံး အကြွင်းမဲ့ ပြုရန်လိုသည်။
ဘုရားရှေ့တွင် သန့်ရှင်းရန်အတွက် မုဆိုးမများနှင့်
မိဘမဲ့များကို ကြည့်ရှုရန် လိုအပ်ပါသည်။ သူတို့ထံ သွားရောက်ရာတွင်လည်း
လက်ချည်းမသွားရန် ဖြစ်ပါသည်။ ဃခင်လက အသင်းတော်မှာ ခင်ပွန်းသည် ဖခင် ၂ ဦးအား
ခေါ်တော်မူခြင်းခံရသောကြောင့် ကျန်ရစ်သူ နှစ်ဦးအား တို့အတွက်
အသင်းတော်မှ
မေတ္တာပြရန်ဖြစ်ပါသည်။ အားလုံးလည်း
ဆုတောင်းပေးရန် လိုပါသည်။
(ခင်ပွန်းသည် ခေါတော်မူခြင်းခံရသော အမျိုးသမီး ၂ဦး
ဒေါ်လွင်ကြည်
နှင့် မနီတာ တို့အား
အသင်းတော် ဥက္ကဌ ဦးစိုးလွင်မှ မေတ္တာပြ လက်ဆောင် ပေးအပ်၊ နှုတ်ဆက်အားပေးခြင်း
ဆက်လက်လုပ်ဆောင်ပါသည်။)
ထို့နောက် သင်းအုပ်ဆရာ Rev. Saw Augustus (ဆရာဗုတ်) မှ
ဝိညာဉ်သဘော ထိမ်းသိမ်းရန် သန့်ရှင်းသော စင်ကြယ်သည့် သီလကို ထိန်းသိမ်းရန်
တိုက်တွန်းနှိုးဆော်ကာ တရားဒေသနာကို အဆုံးသပ်ခဲ့ပါသည်။
ယုဒသန် နှစ်ခြင်းအသင်းတော်
စင်ကာပူ (နိုဝင်ဘာ - ၂၀၀၈)
www.BurmeseBible.com
|


This Month
PDF Download




Bangkok - 2008

Rev. Augustus

Tokyo Kachin Baptist
Church
Rev. Yojong Yaw Han

Judson (Singapore)

Karen KBCS
Singapore

Hakka Myanmar
Singapore

Myanmar Baptist Church
NewYork

First
Burmese Baptist Church
San Francisco

San Jose
Burmese Church
www.bccsv.org

Oakland Burmese Church

Calvary Baptist Church
Bangkok

MCA , Thailand
Myanmar Christian Assembly |