Rev. ဆရာဦးရွှေလှိုင်
Retired from San Francisco FBBC Burmese Church

သြဂုတ်-၁၇ (ဒေးလီစီးတီး မြန်မာအသင်းတော်) တွင် ဟောကြားသော ဒေသနာ။

ကျမ်းချက်။
ဆာလံ ၁၅း ၈-၁၅
အပြစ်ရှိသူကို လမ်းပြခြင်း။ နှိမ့်ချသူ ဘုရားကိုကြောက်ရွံ့သူကို သွန်သင်ခြင်းပြီး ဘုရားနှင့်မိတ်သဟာရဖွဲ့ခွင့်ရစေခြင်း။

   မြန်မာပြည်တွင် သူ့ဘ၀တသက်တာ မုန်တိုင်း၃ခုကြုံခဲ့ရာ မေ-၂၀၀၇ သည်အကြီးကျယ်ဆုံးဖြစ်သည်။ မိမိအသက် ၈၅နှစ်တွင် ကြုံရသည်။ ရွှံ့ ၅ပေတက်ပြီးနောက် ရေ၁၅ပေတက်လာသော ကြောက်မက်ဘွယ်မုန်တိုင်းကြီးပင်ဖြစ်သည်။  သူနေထိုင်ရာ မှော်ဘီတွင်ပင် အပင်အားလုံးလဲကျပြီး ဧရာဝတီတိုင်းတွင် မြန်မာ့သမိုင်းမကြုံဖူးလောက်သော သေကြေဒုက္ခရောက်ခြင်း အားလုံးသိပါသည်။ အသင်းတော် ၈၀ ကျော် ပျောက်ဆုံး၊ပျက်စီးခဲ့ပြီး မိမိကျမ်းစာဖတ်တိုင်း ၀မ်းနည်းမိသည်။ မြန်မာပြည် မုန်တိုင်းကယ်ဆယ်ရေးအတွက်လည်း အခြားအသင်းတော်များ၊ အမေရိကန်မှ ဆရာများနှင့် ပူးပေါင်းမလုပ်နိုင်သော်လည်း လုံလောက်ငှအောင်ရရှိငွေဖြင့် ကယ်ဆယ်ရေးများလုပ်နိုင်ခဲ့ပါသည်။

   အသင်းတော်တည်ဆောက်ရာတွင် ဆန်ဖရန်စစ္စကို FBBC Frist Burmese Baptist Church စတင်ခဲ့သည်မှာ နှစ်၃၀ကျော်သွားပြီ။ ပထမ မိမိတို့စတင်စဉ်က ကိုးရီးယားအသင်းတော်နှင့် အတူအချိန်ခွဲလုပ်ဆောင်ရာတွင် ငွေချမ်းသာသော ကိုးရီးယားများက အရင်ရောက်သောမြန်မာများကို အောက်ထပ်တွင် ပြောင်းရွှေ့ ကိုးကွယ်ဝတ်ပြုရန် ငွေပေးမည်ပြောသည့်အပြင် ငှားရမ်းပေးသော မူလအမေရိကန်အမျိုးသမီးကြီးများကိုပင် မလေးမစားလုပ်ခဲ့သော ဘုရားမကြိုက်သည့်အလုပ်များကြောင့် အခြားနေရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ယခုဆန်ဖရန်စစ္စကို အသင်းတော် အဆောက်ဦကို  မြန်မာများအား ပေးခဲ့သည်။ ငွေကြေးနှင့် ဘုရားနိုင်ငံတော်တည်မရသလို ဂိုဏ်းဂန၊ လူမျိုးရေး မရှိရန်အရေးကြီးပါသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကလည်း ပီယာနိုရရှိရေး ဒေါ်လာ၄၇၀၀ မတတ်နိုင်သော်လည်း ဘုရားဖန်တည်းပေးခဲ့သည်။ မိမိ အစ္စရေးနိုင်ငံသို့ ၁၉၇၀ရောက်ခဲ့စဉ်က Jew for Jesus တပည့်တော်များက ဂျူးလူမျိုးများအား ယေရှုအကြောင်းပြောကြားနေသည်ကို တွေ့ရ၍ ၀မ်းသာခဲ့ရသည်။ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်ပြီး သေခြင်းကိုအောင်မြင်သည်။ ရှင်ပြန်ထမြောက်ခဲ့ခြင်းအတွေက အီစတာပွဲတော်အထိမ်းအမှတ်မှာ အသက်ရှင်တော်မူသောဘုရားဖြစ်သည်ကို သိရသည်။

   ယခု Oakland အသင်းတော်တွင် ရောက်ခဲ့စဉ် Refugee များစွာကို တွေ့ရသောကြောင့် ကောင်းချီးမင်္ဂလာရသော အသင်းတော် ဖြစ်သည်ကိုတွေ့ရသည်။ 1John 2 တွင် သန့်ရှင်းသောဝိညာဉ် သွန်သင်ပေးလျှင် ဘယ်အရာမဆို လုပ်နိုင်သည်။ ဥပမာများစွာ မိမိသင်းအုပ်ဆရာအဖြစ် FBBC တွင်လုပ်ခဲ့စဉ်က ရှိပါသည်။ ယခု ဆရာလတ်ရီရှေးက သင်းအုပ်ဆရာအဖြစ် ဆက်ခံလုပ်ဆောင်နေသော အတွက်လည်း ကောင်းချီးမင်္ဂလာများစွာ သက်ရောက်လျှက်ရှိပါသည်။

   ဖိလိပ္ပိ ၄း ၆ ဆုတောင်းပဌနာဖြင့် ဆုတောင်းရင်း ဒေသနာတော်ကို အဆုံးသတ်ပါသည်။

   အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းနှင့် တကွ ဆုတောင်းပဌနာပြုလိုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသောအရာများကို ဘုရားသခင်အား ကြားလျောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှ ကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် သင်တို့၏ စိတ်နှလုံးတို့ကို စောင်မလိမ့်မည်။  အာမင်

Burmese Christian Family Fellowship of Bay Area
Aug 17, 2008 (Sunday),
55 San Fernando Way, Daly City, CA 4015

 


 

Burmese Christian Links - Click Here

Myanmar Audio Semons     

  

   
www.BurmeseBible.com







 


Bangkok - 2008

 


Rev. Augustus

 


Tokyo Kachin Baptist
Church

Rev. Yojong Yaw  Han

 


Judson (Singapore)

 


Karen KBCS

Singapore



Hakka Myanmar
Singapore

 


Myanmar Baptist Church
 NewYork


First Burmese Baptist Church
San Francisco

 


San Jose Burmese Church

www.bccsv.org

 


Oakland Burmese Church

 


Calvary Baptist Church
Bangkok

 


MCA , Thailand 

Myanmar Christian Assembly