|

Rev. Zau Ba ဆရာဇော်ဘ
ဧ၀ံဂေလိ ဆရာတော် (ရန်ကုန်)
August 10, 2008 First Burmese Baptist Church FBBC (San Francisco)
ှဆယ်ယူလော့
LIFT OUT
ကျမ်းချက် - ဓမ္မရာဇ၀င် စတုထ္ထ ၆း ၁-၇
ရေပေါ်တွင် ပုဆိန်ပေါ်ခြင်း
ပရောဖက်အမျိုးသားတို့က ကိုယ်တော်နှင့်အတူယခုနေသောအရပ်သည် ကျဉ်းမြောင်းပါ၏။
အကျွနိုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါရစေ။ ထိုအရပ်၌ ၀ိုင်း၍
သစ်သားကိုခုတ်ပြီးလျှင် ကိုယ်နေစရာဘို့ လုပ်ပါရစေ ဟု ဧလိရှဲထံ အခွင့်တောင်းလျှင်
သွားကြလော့ဟု အခွင့်ပေး၏။ အချို့ကလည်း မငြင်းပါနှင့်၊ ကိုယ်တော် ကျွန်တို့နှင့်
ကြွတော်မူပါ ဟု တောင်းပန်လျှင် ငါသွားမည်ဟု ၀န်ခံသည့်အတိုင်း သူတို့နှင့်အတူ
လိုက်လေသည်။ ယော်ဒန်မြစ်နားသို့ ရောက်သောအခါ သစ်သားကို ခုတ်ကြ၏။ တယောက်သောသူသည်
ခုတ်စဉ်တွင် ရေထဲသို့ ပုဆိန်ကျ၏။ ခုတ်သောသူကလည်း ခက်လှပြီ သခင်။ ထိုပုဆိန်သည်
ငှားခဲ့သောဥစ္စာဖြစ်ပပါ၏ဟု အော်ဟစ်လျှင် ဘုရားသခင်၏လူက အဘယ်မှာကျသနည်းဟု မေးသော်
ကျရာအရပ်ကိုပြပြီးမှ ဒုတ်ကိုခုတ်၍ ထိုအရပ်၌ ချသဖြင့် ပုဆိန်သည် ပေါလောနေ၏။
ဆယ်ယူလော့ဟု ဧလိရှဲက ဆိုသည့်အတိုင်း တပည့်သည် လက်ကိုဆန့်၍ ဆယ်ယူ၏။
Texas မှာ
အစည်းအဝေးလာတက်ရင်း၊ သားဖြစ်သူကိုလည်း အမေရိကန်ပြည် လာပို့ရင်း ဒီအကြိမ်နဲ့ဆို ၉
ကြိမ်မြောက် အမေရိကန်ရောက်ခဲ့တဲ့အတွက် ကျေးဇူးတော်ချီးမွမ်းပါသည်။
တခါတရံတွင် ကျွန်တော်တို့သည် မိမိကြိုးစားလုပ်ဆောင်ခဲ့သော ရည်ရွယ်ချက်များ
ကိုယ်ထင်သလိုဖြစ်မလာပဲ ကျဆုံးသွားသောအခါတွင် ရေထဲသို့ပေါက်ဆိန်ကျသွားသကဲ့သို့
ရေမှာအဆုံး၊ကုန်းမှာတ၀က် စကားပုံအတိုင်း ဆုံရှုံးသွားသောအခါ ဘာမှမတတ်နိုင်တော့ပါ။
ရည်ရွယ်ချက်၊ မျှော်လင့်ချက်များ ကုန်ဆုံးသွားပြီလား။
လူများထံသွားရောက်အကူညီတောင်းလျှင် ရေငုတ်ရှာခြင်း၊ ရှာရလျင် တ၀က်ဘိုး ပေးရမည်
စသဖြင့် ပြောကြမည်။ ပြသနာ၊ရောဂါများကို လူများထံသွားရောက်ပြောပြလျှင်
မဖြေရှင်းနိုင်ပဲ ပို၌ကြီးမားလာခြင်းများလည်း ကြုံရတတ်သည်။ လောကအရာများကို
ယုံကြည်သူများက နတ်ဗေဒင်မေးခြင်း စသည်တို့လုပ်ကောင်းလုပ်မည်။ သို့သော် ကျမ်းစာတွင်
ဘုရားသခင်က တတ်နိုင်ကြောင်းကို ဖေါ်ပြထားပါသည်။
ယုံကြည်ခြင်းဆိုသည်မှာ မျှော်လင့်ခြင်းအရာတို့ကို မျက်မှောက်ပြုခြင်း၊
မမြင်သေးသောအရာများကို သိမှတ်စွဲလမ်းခြင်းဟု ဟေဗြဲ ၁၁ တွင်တွေ့နိုင်သလို၊
ယုံကြည်ခြင်းသည် ကြားနာခြင်းမှဖြစ်သည်ဟု ရောမ ၁၀း၁၇တွင် ရေးသားထားပါသည်။ ကမ္ဘာဦး ၁
တွင် ဘုရားသခင်က ဖန်ဆင်းခြင်းအကြောင်းကို ရေးထားပါသည်။ ထို့ကြောင်
ဖန်ဆင်းရှင်ဘုရားသည် သဘာဝကိုပြောင်းပြန်လှန်ပြီး ပုဆိန်ကိုရေပေါ်တွင်ပေါ်စေပါသည်။
သားကဘိန်းစားပြီး သေခါနီးဖြစ်ချိန်၊ ဖခင်က လောကကိုအရှုံပေးပြီး
အိမ်မှထွက်သွားသည်။ မိခင်ဖြစ်သူက မျက်ရည်နှင်မျက်ခွက် ဖြစ်နေသော
မျှော်လင့်ချက်မဲ့သည့်ဘ၀မှ မမျှော်လင့်ပဲ ဘ၀ပြန်လည်ကောင်းလာခြင်။
ဝက်ရူးပြန်ရောဂါရှိသောသူတယောက် ရောဂါပျောက်ပြီး မနီလာမှ ၄ နှစ်
ကျမ်းစာသင်တန်းအောင်မြင်ပြီး မြန်မာပြည်တွင် အောင်မြင်သော ဓမ္မဆရာဖြစ်သွားခြင်း။
ဘိန်းဖြက်သော မျှော်လင့်ချက်မဲ့သူ လူငယ်တဦး ယခုအခါ အမေရိကရောက်လာပြီး
ဘ၀သစ်ကိုပြန်လည်ထူထောင်နိုင်ခြင်း။ အရက်ရောင်း၊ ငဲ့ပေးရသော မိန်မငယ်တဦး
အောင်မြင်သော သမ္မာဇိဝ လုပ်ငန်းရှင်အဖြစ်ရောက်ရှိလာခြင်း စသဖြင့် အရှုံးထဲမှတဆင့်
ကျွန်တော်တို့ မျှော်လင့်ခြင်းများ ရှင်သန်လာခြင်းများကို ယုံကြည်ခြင်း
သက်သေများစွာရှိပါသည်။
ကချင်ပြည်နယ် ဖားကန့်အရပ်ဒေသတွင်
ဘိန်း၊မကောင်းအမျိုးသမီး၊အမျိုးသားများ၊ မူးယစ်ဆေးဝါးများ အကြားတွင် ဧ၀ံဂေလိလုပ်စဉ်
သင်္ချိုင်းမြေတွင် ဘုရားကျောင်းဆောက်ခွင့်ရပြီးနောက် ယခုအခါ ထိုနေရာသည်
စည်ကားသောအရပ်ဖြစ်နေပြီး လူများစွာပြောင်းလဲစေခဲ့သည်။ မြစ်ကြီးနား၊ ဒူကထောင်
နာဇရက်တွင် မီးလောင်စဉ် မီးလောင်မြေကို ဘုရားကျောင်းဆောက်ရန်လှု၍ ဘုရားကျောင်း
တဲ၊ဓနိမိုးဖြင့်ဆောက်လုပ်ခဲ့ခြင်း။ ဘုရားကျောင်းဆောက်ရန် ငွေမရှိဖြစ်နေချိန်
ငွေနှင့်ဆောက်သည်မဟုတ် သဲ၊အုတ်ဖြင့်ဆောက်သည်ဆိုပြီ နောက်မှပေးပါ ပြောသော
အုတ်သဲ၊သစ်၊လက်သမား၊ပန်းရံများဖြင့် ဘုရားကျောင်းကို
ပြီးအောင်ဆောက်နိုင်ခဲ့ခြင်းများ မိမိဘ၀အသက်တာအတွက် သက်သေခံချက်များစွာရှိပါသည်။
ထို့ကြောင့် မျှော်လင့်ချက်လုံးဝဆုံးရှုံးနေသောသူများ
ဘုရားကိုရှေ့ထားပြီး ဘုရားကို ကျေးဇူးတော်ချီးမွမ်း၊ ယုံကြည်ခြင်းဖြင့်
ဆက်လက်လုပ်ဆောင်ပါ။ ရေထဲကျသောပုဆိန်ကို ပြန်ရခြင်းကဲ့သို့ ဆယ်ယူလော့ ကဲ့သို့
လူမတတ်နိုင်သော အရာများကို ဘုရားက လုပ်ဆောင်ပေးနိုင်ကြောင်း ဒေသနာတရား ဖြင့်
အားပေးတိုက်တွန်းသွားပါသည်။
ပထမမြန်မာနှစ်ခြင်းအသင်းတော်
ဆန်ဖရန်စစ္စကိုမြို့။ USA
www.fbbcsf.org

Saya. Zau Ba's Family Photo
Burmese Christian
Links - Click Here
Myanmar Audio Semons

www.BurmeseBible.com
|






Bangkok - 2008

Rev. Augustus

Tokyo Kachin Baptist
Church
Rev. Yojong Yaw Han

Judson (Singapore)

Karen KBCS
Singapore

Hakka Myanmar
Singapore

Myanmar Baptist Church
NewYork

First
Burmese Baptist Church
San Francisco

San Jose
Burmese Church
www.bccsv.org

Oakland Burmese Church

Calvary Baptist Church
Bangkok

MCA , Thailand
Myanmar Christian Assembly |