|
VIOCE OF GRACE GLOBAL
MISSIONARY
Tulsa, Oklahoma, USA

ကျမ်းစာသင်ကြားခြင်း။ ။ ဆရာမငြမ်း (Pastor Vung Niang)
ခရစ်ယန်ဘ၀အသက်တာတွင် အောင်မြင်သူများ၏ လျှို့ဝှက်ချက်များကို
ကျမ်းစာနှင့်အညီ ဟောကြားသွားခဲ့သည်။ အကောင်းဆုံးကိုလုပ်ဆောင်ရန်၊
ဇွဲကောင်းကြံကြံခံလုပ်ဆောင်ရန်၊ ဘ၀ကိုဝမ်းမြောက်စွာခံစားရေး၊
အကောင်းမြင်ဝါဒထားရေး နှင့် ခရစ်တော်အတွက် အသင့်ပြင်ဆင်ထားရေး
စသည်တို့ကို သင်ကြားရာတွင်၊ ထက်မြောက်ရာကျမ်း ၃တွင် မောရှေ
အသက်၄၀အချိန်ကျမှ ဘုရင့်နန်းတော်တွင် စည်းစိမ်ခံစားနေရာမှ
ဘာမှမတတ်သော၊သုညဘ၀သို့ရောက်ရှိပြီ အနှစ်၄၀တိုင်အောင် ဘုရားသခင်က
ပြုလုပ်ခဲ့သည်။ ထို့နောက် က္ကုသရေလများကို ခန္ခာပြည်သို့
ဦးဆောင်ခေါ်ယူသွားနိုင်ရန် အသုံးချခဲ့သည်။ ကမ္ဘာဦးကျမ်း ၃၇ တွင်
ယောသပ်ကို ကျွန်အဖြစ်ညီအစ်ကိုများက ရောင်းစားခဲ့သည်။ ယောသပ်သည်
ပင်ပန်းစွာကျွန်အဖြစ်သာမက၊ သခင်မ၏ အညိုးထားမှုကြောင့် ထောင်ကျခဲ့ပြီး
သုညဘ၀သို့ ရောက်ခဲ့သည်။ ပြီးမှ ဘုရားသခင်က အဲဂုတ္တုပြည်၏ ဘုရင်ခံအဖြစ်
ချီးမြှောက်ခဲ့သည်။ လုကာ ၂၂ တွင်လည်း ရှင်ပေတရုက သခင်ယေရှုနှင့်
အသေသတ်ရာသို့လိုက်ရန် အသင့်ရှိကြောင်း နှုတ်အားဖြင့် အားပါးတရ
ပြောခဲ့သော်လည်း သခင်ယေရှုပြောသည့်အတိုင်း ၃ ကြိမ်ငြင်းပယ်ခဲ့သည်။
ထိုအချိန်တွင် သခင်ယေရှုက ပေတရုကို မည်ကဲ့သို့ ကြည့်ခဲ့သနည်း
ကိုမိမိဖာသာ စဉ်းစားဖြေစေလိုပါသည်။
နောက်ဆုံးအနေနှင့် ဆုံးဖြက်ချက်ချခြင်းကို မျက်နှာရွှင်လန်းခြင်း၊
ခွင့်လွှတ်ခြင်း နှင့် သန့်ရှင်းခြင်း တို့ဖြင့် သင်ကြားသွားပါသည်။
ဟဗက္ကုတ် ၃
း ၁၇ တွင် "သင်္ဘောသဖန်းပင်မပွင့်ရ၊ စပျစ်ပင်
မသီးရ၊ သံလွင်ပင်၏ ကျေးဇူးကိုမြော်လင့်၍မခံရ၊ လယ်တို့သည် အသီးအနှံကို
မပေးရ၊ သိုးခြံ၌သိုးကုန်း၍ တင်းကုပ်၌ နွားမရှိရ။ သိုးသော်လည်း၊
ထာဝရဘုရား၌ ငါဝမ်းမြောက်၍၊ ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကို
အမှီပြုလျက် ရွှင်လန်းမည်။" ဟုပါရှိသည်။ အစ္စရေးနိုင်ငံ၏
ကမ္ဘာအကောင်းဆုံး စပျစ်၊သံလွင်အသီးအနှံများ ဥပမာနှင့်
ဝမ်းမြောက်ခြင်းကိုပြောကြားသွားသည်။ မိမိအနီးရှိမိတ်ဆွေကို
မျက်နှာရွှင်လန်းစွာဖြင့် နှုတ်ဆက်စေသည်။ ကက်နက်ဟေဂင်က လူတိုင်း ဘောနပ်စ်
ရမဲ့အချိန်ရှိသည်ဟု ဆိုပါသည်။ လုကာ ၂၃း ၃၄ တွင်
"ယေရှုက လည်း၊ အိုအဘ၊
သူ့တို့၏အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည်ကိုယ်ပြုသောအမှုကိုမသိကြဟု
မြွက်ဆိုတော်မူ၏။" ဆုံးဖြက်ချက်ချရာတွင်
မိမိစိတ်နာသောသူကိုပင် သူလာရဲလျှင် ငါလဲနှုတ်ဆက်ရဲသည်ဟု ရဲရဲရင်ဆိုင်
ဆုံးဖြတ်ကာ၊ ခွင့်လွှတ်နိုင်ရမည်။ မိမိဘ၀အသက်တာအတွက် မိမိဖာသာ
ဆုံးဖြက်ရမည်။ သူ့တပါးအတွက် ဆုံးဖြက်ခြင်း။ ဆိုင်းထိုးပေးခြင်းများ
အထူးရှောင်ရမည်း အမေရိကန်တွင် မြန်မာပြည်ကဲ့သို့ သူတပါးအား
အကူညီမတောင်းပဲ၊ သွားရောက်ကူညီ ခြင်းဖြင့် ပြဿနာများစွာဖြစ်ရသည်။
သနားစာနာမှုဖြင့် မိမိနှင့် မရင်းနှီးသူတဦးအား ဆိုင်းထိုးပေးလိုက်မိ၍
မြန်မာပြည်တရားရုံးတွင် အခေါက်ပေါင်းများစွာ တက်ခဲ့ရသော မိမိ၏
ရင်နာဖွယ်ဖြစ်ရပ်ကို ဥပမာပြောပြ၍ အတွေ့အကြုံ Experience ရှိမှုသည်
အကောင်းဆုံးဖြစ်ကြောင်း။
ဘ၀တွင်လည်း
သုတ္တံ ၂၃း ၇ အတိုင်း "သူသည်
စိတ်ထင်သည့်အတိုင်း ဖြစ်၏၊" ဆိုသည့်အတိုင်း စိုးရိမ်စိတ်ကို
စိတ်တွင်ပင်လျှင်မထားရ၊ စိတ်တွင် ထင်ပါက ထင်သည့်အတိုင်း
ဖြစ်လာတတ်ကြောင်း၊ ဆရာမွန်တောင် အင်ဂျင်နီယာကျောင်းတက်ပြီးသောလည်း
ဗိုလ်မှုကြီးဗထူး၏ ဗမာ့တပ်မတော်သို့ ခြေစုံပစ်ဝင်လိုက်သည် ဆိုသော
စာပိုဒ်ကို အတုယူကာ
အမှုတော်ဆောင်အဖြစ် ခြေစုံပစ်ဝင်ရန် ဆုံးဖြက်ခဲ့သည်။
ထို့ကြောင့်
သန့်ရှင်းသော Holiness ဖြင့် ဘုရားသခင်ကိုသာ ကိုးစား၊ဆုတောင်းခြင်းဖြင့်
အောင်မြင်သောအသက်တာအတွက်
ဆုံးဖြက်ချက်များ
ချနိုင်မည်ဖြစ်ကြောင်း သင်ကြားပို့ချသွားပါသည်။
တရားဒေသနာ။ ဆရာပေါင်မို
(Pastor Pau Khan Mung)
မာကု ၅း ၂၅ တွင် ၁၂ နှစ်လုံးသွေးသွန်သောမိန်မ၊ မည်မျှ ငွေကုန်၊
ဝေဒနာခံစားရမည်နည်း။ သူ့တွင်မျှော်လင့်ချက်ရှိသည်၊ ယေရှုကို
ထိတွေ့ရလျှင် ပျောက်မည်ဆိုသော မျှော်လင့်ချက်ဖြင့် ထိတွေ့က
ရောဂါပျေက်ရသည်။ က္ကုသရေလ ယောင်္ကျားချည်း ၆သောင်း၊
မိန်မ၊ကလေးများပေါင်းလျှင် ၂ သန်းခန့်ရှိမည့် လူအုပ်ကြီး၏
စားဝတ်နေရေးအတွက် ယခုခေတ်ပညာရှင်များတွက်ချက်သော အစား၊အသောက်များကို
ဘုရားရှင်မည်သို့ဖြေရှင်းပေးသည်မှာ အံ့သြဖွယ်ဖြစ်သည်။ ရပ်၍မနေ
ဆက်ကာသွားရမည်၊ ဧဖက် ၃း ၂၀
"ငါတို့၌ ပြုပြင်သော တန်ခိုးတော်အတိုင်း၊
ငါတို့တောင်း ပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ
ပြုခြင်းငှါတတ်နိုင်တော်မူသော ဘုရားသခင်"၊ ဟူသည့်အတိုင်း
အံ့သြဘွယ်ဖြစ်သည်။ ယခု တိုဆာတွင်ရှိနေသူများလည်း နောင် ၁၀နှစ်အကြာ
ဤနေရာတွင်ရပ်မနေပဲ ပညာသင်၊ ကြိုးစားရင်း မန်နေဂျာများ၊
အခြားတိုင်းပြည်များသို့ မစ်ရှင်လုပ်ငန်းများ လုပ်ကိုင်သူများဖြစ်ရန်
ရှေ့ဆက်သွားနေရပါမည်။ Praise Lord ...
မဿဲ ၃း ၂၃ တွင် ယေရှုသည် ပင်လယ်လှိုင်း၊ မုန်တိုင်းကိုပင်
ငြိမ်းစေနိုင်ပါသည်။ လှေထဲဝင်လာသော ရေများကို ပက်ထုတ်နေပါက ပြဿနာကို
ဖြေရှင်းနိုင်မည်မဟုတ်ပါ။ ကိုးစားခြင်းအားဖြင့် သခင်ယေရှုကို နှိုးကာ
ခရစ်တော်ကို ဖိတ်ခေါ်ရန်လိုပါသည်။ ထိုင်း နိုင်ငံမှာ မလေးရှားသို့
ခိုးဝင်သောလှေများပေါ်တွင် လိုက်ပါသူများ ပင်လယ်ခရီးမုန်တိုင်းကို
သိနားလည်မည်ဖြစ်သည်။
မာကု ၃း ၁ တွင် လက်တဖက်သေနေသောသူ ယေရှုက သေနေသောလက်ကို ဆန့်လော့ဟု
အမိန့်ပေးသည့်အတိုင်း ဆန့်လိုက်ရာမှ ပြန်လည်ကောင်းသွားသည်။ ပြဿနာကို
ရှောင်၍ မရပါ၊ ရင်ဆိုင်ဖြေရှင်းရပါမည်။ အမေရိကန်ရောက်လာပြီး
အင်္ဂလိပ်စကား တခါမှမပြောဖူးသူ၊ စက်ရုံကြီးတွင် တခါမှမလုပ်ဖူးသူ၊
ကားတခါမှ မမောင်းဖူးသူများ ပြဿနာများကို ကြောက်ပြီး ရပ်နေ၍ မရပါ။
ရင်ဆိုင်ရပါမည်။ သေသောလက်ကို ဆန့်စေသော ဘုရားရှင်တခိုးအားဖြင့်
ဟေရှာရ ၄၃း ၁၉ အတိုင်း အမှုသစ်ကို ငါပြုမည်ဟု ဘုရားသခင်က
လုပ်ပေးပါလိမ့်မည်။ မိမိသည် ထိုင်းနိုင်ငံ အမ်စီအေအသင်းတော်နှင့်အတူ
၈နှစ် အမှုဆောင်အတွေ့အကြုံများနှင့် မလေးရှားတွင် ၂၀၀၁ ၌
"အမှုသစ်ကို
ငါပြုမည်" ဟုဂတိတော်ခံခဲ့သည့်အတိုင်း ၄နှစ်အကြာ အမေရိကားသို့
မိသားစုနှင့်ရောက်ခဲ့သည်များကို သက်သေခံ ဟောကြားသွားခဲ့ပါသည်။
ညနေပိုင်း မြန်မာဘာသာ ဒေသနာ။ ဆရာမ အားပို
ဆရာမက ဘုရားသခင်ရှေ့တွင် ဆင်းရဲ၊ချမ်းသာ၊ လူမျိုးမရွေး
အားလုံးအတူတူဖြစ်ကြောင်း။ ရောမ ၈း ၁၅ အတိုင်း ယုံကြည်သူများသည်
ခရစ်တော်၏ အမွေစားအမွေခံ သား၊သမီးများဖြစ်ကြောင်း၊ ကြာကြာ ဆုတောင်းပါက
ကြီးကြီးရရှိပီး၊ အစာရှောင်ဆုတောင်းသော ဒံယေလ ၀န်ကြီးအဖြစ်သို့
ရရှိခြင်း ဥပမာများကို ပြောကြားသွားသည်။ ဘုရားရှင်သည်
ကောင်းမြက်ကြောင်းကိုလည်း ၃ ကြိမ်ကြွေးကြော်စေသည်။ တရုပ်ပြည်မှ
အမေရိကားလာလိုသူများ ဒေါ်လာ ၃သောင်းကျော်ကုန်ပြီးလာရသော်လည်း
မိမိတို့မှာ လေယာဉ်လက်မှတ်ဖိုးသာကုန်ကြောင်း။ မြန်မာပြည်တွင်
သူဌေးသားသမီးများသာ ခံစားရသော မီး၊ရေ၊ တယ်လီဗေးရှင်း၊ တယ်လီဖုန်း
စသည်များကို ခံစားရသည်မှာ ဘုရားသခင်၏ ကောင်းမြက်ခြင်းများဖြစ်ကြောင်း။
အရမ်းကောင်းသော နိုင်ငံသို့ရောက်နေခြင်းအတွက်
ချီးမွမ်းရန်အထူးလိုအပ်ကြောင်း။ ဆရာမွန်တောင်၏ သမီးသည် ၃ နှစ်တိုင်
ဒူးထောက်ဆုတောင်းခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ယခုအခါ
လစာကောင်း၊ သူများထက်သာလွန်သော လုပ်ငန်းနှင့် ၀င်ငွေများရရှိနေကြောင်း၊
မြန်မာပြည်မှလာသောမိန်းကလေး အမေရိကန်တွင်လေယာဉ်ပင်မောင်းနေခြင်း
စသဖြင့် ဘုရားရှင်ကောင်းမြက်ကြောင်း၊
ယုံကြည်သူများအတွက် မိမိတို့သည် ဘုရား၏ အမွေစားအမွေခံ
သားသမီးများဖြစ်ကြောင်းကို ဟောကြားသွားခဲ့ပါသည်။
ဆုတောင်းအားကြီးသော
အသင်းတော်
VIOCE OF GRACE GLOBAL MISSIONARY
Tulsa, Oklahoma, USA
ဆရာပေါင်မို
(Pastor Pau Khan Mung) ဆရာမငြမ်း (Pastor Vung Niang)၊ ဆရာမ
အားပို စသော မြန်မာပြည်မှ ဓမ္မဆရာ၊ဆရာမများ နှင့်
တီးတိန်ချင်းတိုင်းရင်းသားများ အမေရိကန်နိုင်ငံ အုတ်ကလာဟိုးမာပြည်နယ်၊
တိုဆာမြို့ တွင်ကိုးကွယ်ဝတ်ပြုခြင်း၊ ဆုတောင်းခြင်းများဖြင့်
ဝိညာဉ်ခွန်အားသာမက အမေရိကန်ရောက်ချင်း၊မြန်မာ တိုင်းရင်းသားများ
ဘ၀တိုးတက် အောင်မြင်မှုရရှိနေခြင်းအတွက်၊ ဘုရားသခင်ကို
သီဆိုချီးမွမ်းနေသော လူငယ်များ။
ဆရာမငြမ်း၏ ခင်ပွန်းဖြစ်သူ ဆရာမွန်တောင်သည် မြန်မာနိုင်ငံ AG
အသင်းတော်မှတဆင့် ၀ိညာဉ်တော်ထိတွေ့ခံရ၍ မြန်မာပြည်တွင် Full Gospel
အသင်းတော် ပြုစုပျိုးထောင်နိုင်ခဲ့ပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊
ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေး၊ ရန်ကုန် စသည် ဒေသ ၃၀ ခန့်တွင်
အသင်းတော်များ အပြင် ယခုအခါ စင်ကာပူတွင်လည်း အသင်းတော်တခုကိုစတင်ခဲ့ရာ
တနှစ်ပြည်ခဲ့ပြီဖြစ်သည၊ ယခုအချိန် ၉. နိုဝင်ဘာ-၂၀၀၈ တွင် ဆရာသည်
စင်ကာပူတွင် ရှိနေချိန်တွင် Tulsa မှယုံကြည်သူများ
ဆုတောင်းပေးလျက်ရှိသည်။ မြန်မာပြည်အသင်းတော်မှာ
ကောင်းကြီးမင်္ဂလာများစွာရရှိသဖြင့် နိုင်ငံခြားအကူမပါပဲ
ရပ်တည်ရှင်သန်ကြီးထွားနေသကဲ့သို့၊ အမေရိကန် Tulsa VGG မှာလည်း
ယုံကြည်သူများ ကြောင့် 501 (c) (3)
အမေရိကန်အခွန်လွတ်ခွင့်ကို
ရရှိထားသော အသင်းတော်အဖြစ် ဘုရားသခင် ချီးမြှောက်ခြင်းကိုခံရပါသည်။
မြန်မာပြည်ရှိ Full Gospel အသင်းတော်သည် မေလ ၂၀၀၈ Nargis Cyclone
ကယ်ဆယ်ရေးလုပ်ငန်းတွင် အံ့သြဘွယ်ရာ ပြည်တွင်း၊ပြည်ပမှ
ယုံကြည်မှုရရှိပြီး ခရစ်တော်အကြောင်းကို မြန်မာများအကြား ဧ၀ံဂေလိ
ထူခြားစွာလုပ်ဆောင်ခဲ့၊ လုပ်ဆောင်ဆဲ ဖြစ်သည်။ ဆရာမွန်တောင်၏ မိသားစုဇနီး နှင့် အရွယ်ရောက်သားသမီး ၃ ဦးမှာ Tulsa
တွင်အမှုဆောင် နေထိုင်နေသော်လည်း ဆရာမွန်တောင်သည် မြန်မာပြည် အတွက်
အချိန်ပေးအမှုဆောင်နေသူဖြစ်ပါသည်။ Worship: TULSA SELECT, 5000
East Skelly Drive, Tulsa, OK 74135 Contacts: 918 810
2032, 918 798 5293




မြန်မာပြည်မှ
Encounter စာစောင် ဇူလိုင်
၂၀၀၈ (July 2008) လူငယ်စာစောင်တွင် ဖေါ်ပြခဲ့ပြီး အမေရိကန်ပြည်
တိုဆာမြို့ တွင် ဆရာမွန်တောင် နှင့် ဆရာမငြမ်း၊ ဆရာပေါင်မို
တို့အသင်းတော်သို့ ပို့ပေးသောစာစောင်မှ တဆင့်ရှိပါသည်။ လိပ်စာ၊
စာတိုက်သေတ္တာအမှတ် (၁၃၀၉) ဗဟိုစာတိုက်ကြီး၊ ရန်ကုန်မြို့
Phone: 246018/ 374291 Email:
encounternews@gmail.com.
Full Gospel Church in Singapore . High street centre, basement 01, 1
North Bridge Road, fourth building from Penisula Plaza.
Pastor Kim Taung
Far East Mission Church
ျတနှစ်ပြည့်ဝတ်ပြုဆုတောင်းခြင်း
Anniversary Nov 9, 2008 တွင်
တီးတိန်ချင်းများနှင့် ဒေသခံများ။ Rev. Chin Khaw Kham, Dr. Nang Khen
Khup တို့နှင့်အတူ လူငယ်၊လူကြီးများ။ Worship: 7100 East
31st Street, Tulsa, OK 74145, USA



Christian Religious State, Tulsa
Oklamahoma ပြည်နယ်၊ တိုဆာမြို့
(Tulsa) မြို့တွင် Victory Church ရှိ ဓမ္မဆရာကြီး Pastors Billy Joe &
Sharon Daugherty အသင်းတော်ကြီးသည် Oral Roberts University
နာမည်ကြီး တက္ကသိုလ်ကြီး နှင့်အတူ ရှိနေကြသည်။ အမေရိကန်အလယ်ပိုင်း Taxas,
Oklamaho, Kansas, Nabraska စသည့်ပြည်နယ်များသည် ဘာသာရေးကို
အားပေးသောပြည်နယ်များဖြစ်သည်။ ထိုပြည်နယ်များတွင်
တီးတိန်ချင်းလူမျိုးများစွာ ခရစ်ယန်အသင်းတော်ပေါင်း အနည်းဆုံး
၆ခုခန့်ရှိကြသည်။

ORU Building

Victory Christian Center

Victory Church ( 5 Nov 2008, Wed. Worship)

Oral Roberts University

ORU Engrance Gate
YouTube 1 minutes Video
http://www.youtube.com/watch?v=JVNLrPVh2lU

|