မာရအရပ်မှ “ခါးသောရေ” ၂၉-မေ-၂၀၀၅   
  ကျွန်တော်တို့ လိုအပ်သည့် ပျော်ရွှင်မှုတော်တော်များများသည် ထင်သည့် အတိုင်းဖြစ်မလာကြပါ၊ ၀မ်းနည်းစရာ။ စိတ်ပျက်စရာများ ဖြစ်လာသည့် အခါများရှိပါတယ်၊ ဘ၀ခရီးကိုလေဋာက်ရာတွင် အခက်အခဲများ ရှိမည်ပင် ဖြစ်သည်၊ “ထွက် ၁၅း၂၂ တွင် မောရှေနှင့်လူများ ၃ ရက်တိုင်ရေရှာမတွေ့ ။ မာရအရပ်တွင်တွေ့ သောရေမှာလည်း ခါးသောရေဖြစ်၍ မသောက်နိုင်ကြဖြစ်စဉ် မောရှေက ဘုရားသခင်ထံအော်ဟစ်ဆုတောင်းရာမှာ ထာဝရဘုရားသည် သစ်ပင်တပင်ကိုပြပြီး။ ထိုအပင်ရေထဲချပြီးလျှင် ရေသည်ချိုလေသည်၊” ထိုသို့ ရောက်သည့်အရပ်တွင် တွေ့ သောအခက်အခဲများမှ မာရအရပ်မှ ခါးသောရေကဲ့သို့  သောက်သုံးရန် အလွန်ခက်ခဲလှခြင်းများကြုံတွေ့ ရပါမည်။ သို့ သော် ယေရှုခရစ်ကို အားကိုး။ ဆုတောင်း။ လိုက်နာခြင်းဖြင့် ထာဝရအသက်ရရန်အတွက် လုပ်ဆောင်ရင်ကျော်လွားနိုင်ရမည်၊

  နယူးဇီလန်တွင် တရားဟောရာလာနားထောင်သူ တဦးက “ဆရာ ပြောတာ နားထောင်ကောင်းပါတယ်။ လက်တွေ့ မှာ သူ့ ရဲ့ ကားမောင်းလိုင်စင် ၅ ကြိမ်ဖြေလည်း ကိုယ်တိုင်ကားမောင်းမကျွမ်းကျငှ်ု စာမေးပွဲကျ။ လိုင်စင်မရ ဖြစ်နေပြီ။ မိမိကိုယ်တိုင်ညံ့ဖြင်း၍ လိုင်စင်စာမေးပွဲကျခြင်းကို ဆုတောင်းခြင်းဖြင့် ဘယ်လိုရနိုင်မည်နည်း” ဟု စောဒကတက် မေးမြန်းရာ။ သိပ်မမောင်းတတ်ရင်လဲ နောက်တခါ ကားမောင်းစစ်မဲ့လူ ကို သူ့ ရဲ့ အမှား လေးတွေ မမြင်ချင်ယောင်ဆောင်ပါစေ ဆုတောင်းပါ။ ကားမောင်းမစစ်ခင် ဆုတောင်းပါ ဟုအားပေးခဲ့သည်၊ နောက်တဖန် ထိုလူနှင့်ပြန်တွေ့ သော် “ဆရာရေ။ ကားမောင်းမစစ်ခင် ခ%ဆုတောင်းလိုက်တယ်၊ ကားမောင်းစစ်ဆေးမဲ့လူက “ခင်ဗျားခရစ်ယန်လား။ ကျွန်တော်လည်း ခရစ်ယန်ပဲ” မိတ်ဆက်ရင်း နည်းနည်းပတ်မောင်းလိုက်ပါ။ ခင်ဗျားကို အအောင်ပေးပါမယ်လို့  ပြောပြီး လိုင်စင်ရပြီဗျာ” လို့  ၀မ်းသာအားရပြန်ပြောပြပါသည်၊

   လောကတွင် အသက်ရှင်နေသရွေ့  အခက်အခဲများရှိနေမည်ဖြစ်သည်၊ မောရှေသည် ဘုရားဂတိတော်ပေးသည့် ခါနန်ပြည်သို့ ရောက်လည်း တိုက်ခိုက်နေရသေးသည်၊ မောရှေသည် ဘုရားသခင်အားချီးမွမ်းပြီး အခက်အခဲများကိုကျော်လွှားပြီး။ ရေကြည်ရာ မျက်နုရာသို့  ရှေ့ သို့ ဆက်လက်သွားရသည်၊ သူ ခေါ်လာသူ ကု့သရေလတို့ သည် အခက်အခဲ များတွေ့ ရသောအခါ (၁)အဲဂုတျွှုပြည်မှာ ကျွန်ခံရတာမှ ကောင်းသေးသည် ပြောပြီး ပြန်လှည်ချင်သူများ၊ (၂) ရောက်သည့်အရပ်တွင် အဆင်ပြေနေပြီပဲဟု ရှေ့ အခက်အခဲများကို မရင်ဆိုင်ချင်တော့ပဲ နေရစ်လိုသူများ၊ (၃) ဘုရားဂတိတော်ပေးရာ ခါနန်ပြည်သို ဆက်လက်သွားသောလူအများ ဟူသည့် လူ (၃)မျိုးနှင့် မောရှေတွေ့ ဆုံရသည်၊ အလားတူ ခရစ်ယာန်များလည်း နောက်ဆုတ်ခရစ်ယန်များ။ နေရစ်ခဲ့သော ခရစ်ယန်များ ရှိပါသည်၊ ကမြာဦး ၁၉။ သောဒုံမြို့ ကို ဖျက်ဆီးရာတွင် ရပှ်ု နောက်လှည့်မကြည့်ရန် ကောင်းကင်တမန်ကပြောခဲ့သည်၊ ထို့ အတူ ကျွန်တော်တို့ သည် မြန်မာနိုင်ငံမှာ ထွက်လာပြီး နိုင်ငံခြားသို့ ရောက်သောအခါ “ခါးသောရေ သောက်ရသကဲ့သို့ ” အခက်အခဲများတွေ့ ရပါသည်၊ ဘန်ကောက်ရောက်ပြီး အခက်အခဲအမျိုးမျိုးတွေ့ ရသည်၊ ဟေရှရ ၄၀ အတိုင်း အခက်အခဲတောင်ကြီး။ငယ် အားလုံးကို ဖြိုရမည်၊ ကောက်သောလမ်းများကို ဖြောင့်ပစ်ရမည်၊ ကြမ်းတမ်းသောလမ်းများကို သုတ်သင်ပစ်ရမည်၊ ဘန်ကောက်ရောက်ခြင်းသည် “ခါးသောရေ” ဖြစ်သူများအတွက် သက်သေခံချက်များ ပြောလိုပါသည်၊

  သြစတြေးလျား။ ဘရစ်စဘိန်းတွင် အသက်၅၀ခန့်  အမျိုးသမီးတဦး ငိုချပစ်လိုက်ပြီး။ သူမသည် ယေရှုကိုယုံပြီးမှ ခါးသောရေ ဖြစ်နေသည်၊ ၀ယ်ထားသော အိမ်ကြီးကို ရောင်းချ။ အိမ်အလတ်ဝယ်၊ ထပ်မံရောင်းချပြီ အိမ်အသေးပြောင်းခဲ့ရပြီး ယခု အိမ်မရှိတော့ပဲ ငှားနေရပါပြီ၊ ယောင်္ကျားကလည်း “မင်းယုံတဲ့ ယေရှုပဲ အားကိုးတော့” ဆိုပြီး သူတို့ ဇာတိမြေ တိုင်ဝမ်သို့ ပြန်သွားပြီ။ သမီးကလည်း အဖေနှင့် တိုင်ဝမ် လိုက်သွားပြီ၊ သူမနှင့်အတူပါလာသော သားဖြစ်သူကလည်း ယေရှုကို မကြေမနပ်ဖြစ်နေပြီး မယုံကြည်နိုင်ဖြစ်နေသည်၊ လူငယ်လေးကလည်း ကျမ်းစာကို ဖတ်သော်လည်း ယေရှုကိုယုံကြည်မှုမရ။ “မောရှေ တောင်ဝှေးကို မြွေဖြစ်စေတာ ဘယ်နှစ်ခါလဲ” ဟုသော မေးခွန်းကိုမေးလှာု ၃ ခါဖြစ်ကြောင်းရှင်းပြသောအခါမှ သားဖြစ်သူလူငယ်လေးသည် ယေရှုယုံကြည်ခြင်း စကားကို နားထောင်သည်၊ လူငယ်ကလေး ဘာပညာ အရည်ချင်းရှိသလဲ မေးမြန်းရာ ကွန်ပြူတာ တပ်ဆင်ပေးနိုင်ကြောင်းပြန်ဖြေသည်၊ လုပ်ငန်း လုပ်ရန်လည်း အရင်းအနှီးမရှိ။ သို့ သော် ယေရှုကိုယုံပြီး ဆုတောင်းခြင်းဖြင့် အရင်းအနှီးမလို သူ.
Christ  For You "CFY"  လုပ်ငန်းလေးကို အင်တာနက်မှာ ကြော်ငြာခဲ့သည်၊ တလအတွင် ဗုဒ္ဒဘာသာ အဖွဲ့ ဥက္က့ဌကြီး. ကွန်ပြူတာ၂လုံးတပ်ဆင်ပေးရန် အလုပ်ရသည်၊ ကောင်းမွန်စွာလုပ်ကိုင်ပေးရင်း ခရစ်ယန်မဟုတ်သူများ. အားပေးမှုဖြင့် လုပ်ငန်းအောင်မြင်လာပြီး။ မိခင်ခင်ဖြစ်သူ. ၈နှစ် ဆုံးရှုံးခဲ့ရသော အိမ်။ ဥစ္စာများ ၂ နှစ်အတွင်း ပြန်လည်ရရှိခဲ့ပေသည်၊ မယုံကြည်သူပင် ယုံကြည်သူအတွက် အကျိုးဖြစ်စေပါသည်၊

   Australia, Gold Coast
တွင်အလွန်ချမ်းသာသော အမျိုးသမီးတဦး သူမဖခင်က အိမ်ထောင်ဖက် ကောင်းကောင်းရှာပေးသည်၊ ရုပ်ချော။ သဘောကောင်း ယောင်္ကျားနှင့် ပျော်ရွှင်စွာနေထိုင်ရင်း ကလေး ၂ ယောက်ပင်ရရှိခဲ့သည်၊ သို့ သော် မကြာမှီ ယောင်္ကျားမှာ ဖျားယောင်းမှုအောက်ရောက်ပြီး ကာစီနိုလောင်းကစား။ ရှုံှးု အကြွေးတင်။ ညဖက်တွင် နိုက်ကလပ်များတွင် သောက်စား။ပျော်ပါး ကာ နေ့ စဉ်ရန်ဖြစ်နေရသောအခြေအနေသို့ ရောက်ခဲ့သည်၊ “ခါးသောရေ”ကို သောက်နေရပြီး။ အိပ်ချိန်မှအပ စိတ်ပျက်။ ၀မ်းနည်း။ ကြေကွဲနေရသည်၊ နောက်ဆုံး ယောင်္ကျားဖြစ်သူက ပစဏည်းကုန်ပြီး သူ့ အကြွေးဆပ်ရန် အိမ်ကိုရောင်းချ ခွဲဝေရေးအတွက် တရားရုံးတွင် တရားစွှဲု ရက်ချိန်းသွားရတော့မည်၊ ၀မ်းနည်းစွာဖြင့် ခဲယဉ်းလှသောမိမိဘ၀အတွက် ခုန်ချ အဆုံးစီရင်ရန် ကလေးနှစ်ယောက်ကို ဆွေမျိုးများထံအပ်ပြီး။ လှပစွာ ၀တ်စားဆင်ယင်သည်။  Gold Coast Tower ထိပ်သို့  ၀င်ကြေး ၄၅ ဒေါ်လာပေးကာတက်သွားသည်၊ သာယာလှသော တိုက်တာ။ ရှုခင်းများကို ၀မ်းနည်းစွာကြည့်ရှုရင်း မိမိအသက်၁၄နှစ်အရွယ်က ဘုရားကျောင်းတက်ခဲ့သည်ကို ပြန်လည်သတိရလာခဲ့သည်၊ အတန်ကြာစဉ်းစားရင်း ဘုရားကို ကိုးစား စမ်းကြည့်ချင်စိတ်ပေါက်လာပြီး ပြန်လှည့်ကာ အနီးနားဘုရားကျောင်းတခု သို့ ရောက်စဉ် ကျွန်တော်တို့ . “ခါးသောရေ” ဟောကြားနေချိန်နှင့် ကြုံကြိုက်နေသည်၊ နောက်တခေါက် ထိုအမျိုးသမီး ပြန်လည်ရောက်ရှိလာပြီး သူမ. “ခါးသောရေ” ဘ၀ကို ပြောပြက ယခု ပျော်ရွင်။ ငြိမ်သက်ခြင်းရရှိနေလာကြောင်းပြောဆိုသည်၊ ဆက်လက်ဆုတောင်းဆပ်ကပ်ရန် ခွန်အားပေးခဲ့သည်၊ မကြာမှီ ဧ၀ံဂေလိလုပ်သော တခါမှ မမြင်ဘူးသည့် လူ ၆ ယောက် သူ့ အိမ်သို့ ရောက်ရှိလာပြီး အံ့သြစရာမိတ်သဟာရဖွဲ့ ကာ ငြိမ်သက်ခြင်းပိုမို ရရှိခဲ့သည်၊ နောက်တနေ့  ရုံးချိန်းတွင် သူအိမ်ကိုရောင်းချရန် တရားစွဲထားသူ ယောင်္ကျားက သူမကို ရိုးသားစွာပြုံးပြု သူမကလည်း ပြန်ပြုံးပြခဲ့သည်၊ မကြာမှီ တရားစီရင်ပွဲစသည်တွင် သူမယောင်္ကျားက တရားစွဲထားမှုကို ရုတ်သိမ်းကြောင်း။ အမှုပိတ်ခွင့်ပြုရန် တင်ပြလာသည်၊ တရားပွဲအပြီး ယောင်္ကျားဖြစ်သူက သူထံလာရောက်တောင်းပန်ပြီး သူအပြစ်များကို ခွင့်လွှတ်ပါရန် ၀မ်းနည်းစွာလာရောက်ပြောဆိုခဲ့ပါသည်၊
  မာရအရပ်မှ ခါးသောရေ ရရှိသော မောရှေတို့ လည်း နောက်ပိုင်းတွင်ဆက်လက်တွေ့ သော ရေတွင်းဆယ်နှစ်တွင်းနှင့် ပြည့်စုံရာ ဧလိမ်ရွာသို့ ရောက်ရှိပြီး။ ရေချိုများကိုသာအမြဲတွေ့ ရှိခံစားခဲ့ကြသည်၊ မောရှေနှင့် ကု့သရေလများ အော်ဟစ်ဆုတောင်းသံကို ထာဝရဘုရား နားညောင်းပါသည်၊
  ယနေ့ ကျွန်တော်တို့ အသက်တာတွင် ချိုင့်ဝှမ်း။ တောင်ကြီး။ငယ်။ ဘ၀လမ်း ကောက်ကွေးမှုများရှိပါသည်၊ ထိုအချိန်များတွင် ယေရှုခရစ်တော်တွင် ဒူးထောက် ဆုတောင်းရင်း ကျွန်တော်တို့  ခရစ်ယန်အသက်တာတွင် “ခါးသောရေ” ကဲ့သို့ အခက်အခဲများရင်ဆိုင်ရမည်ဖြစ်သည်၊ မိမိကိုယ်သာ အားကိုးခြင်းမလုပ်ပဲ ယေရှုခရစ်တော်ထံ ဆုတောင်း။ ဆည်းကပ်ပြီး နာမတော်ကျမ်းစာအားဖြင့် လုပ်ဆောင်မှု များမှ ငြိမ်သက်မှုကိုရရှိပြီး ဖြေရှင်းကျော်လွားရန် အဖြေရရှိလေ့ရှိပါသည်၊

အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ၊
ွRev. Dr ဦးကျော်ဝင်း (ဘန်ကောက်မြို့  MCA အသင်းတော် ၂၉-မေ-၂၀၀၅)


Burmese Christian Links - Click Here

Myanmar Audio Semons             

   
www.BurmeseBible.com

 







 


Bangkok - 2008

 


Rev. Augustus

 


Tokyo Kachin Baptist
Church

Rev. Yojong Yaw  Han

 


Judson (Singapore)

 


Karen KBCS

Singapore



Hakka Myanmar
Singapore

 


Myanmar Baptist Church
 NewYork


First Burmese Baptist Church
San Francisco

 


San Jose Burmese Church

www.bccsv.org

 


Oakland Burmese Church

 


Calvary Baptist Church
Bangkok

 


MCA , Thailand 

Myanmar Christian Assembly