|
ကျိန်ခြင်းအမင်္ဂလာမှ
လွတ်ခြင်း ၂၀၀၄
မာလခိ
က္ကုသရေလတို့၏အဘိုးအဖွား များဟာ ဘုရာစီစဉ်တဲ့အတိုင်းမလိုက်၊ နောက်မှာ
ဆုံးရှုံးမှု ဒုက္ခရောက်မှုများ ရောက်မည် ဟုပြောခဲ့တယ်။ ငါသည် သင်တို့အားလုံးကို
ကျိန်ခြင်းအမင်္ဂလာ မရောက်မည့်အကြောင်း ကမ္ဘာဦးမှ မလခိအထိ လောက လူများအကြောင်း၊
ဒုက္ခအမျိုးမျိုး ရောက်ပုံများဟာ ရုပ်ရှင်ကားကြီးတချပ် ကြည့်သလိုပါပဲ။ ဓမ္မဟောင်း
အသက်တာကုန်ဆုံးကာနီး မာလခိ - ကျွန်တော်တို့ ဘ၀နှင့် တူပါတယ်။
ခင်ဗျားတို့ ဘယဇတ်ဆောင်၊ ဘယ်နေရာမှာ ရောက်နေသလဲ ကျွန်တော်မသိပါ၊ အိပ်မက်လည်း
မဟုတ်၊ ကောင်းအောင် ဘယ်လိုလုပ်ရမလဲ မာလခိက က္ကုသရေလကို ပြောခဲ့တယ်။ ၂၀၀၈ ခုနှစ်
ဝင်ချိန်မှာ ပိုမိုချောမွေ့အောင် ကျမ်းစာလေ့လာရန်ဖြစ်တယ်။
မာလခိမှာ ၄ ကျမ်းရှိပါတယ်။ တနာရီအတွင်းတော့ ပီးအောင်ပြောသွားမယ်ဖြစ်တယ်။
(၁) ဘုရားသခင်နှင့် လူငြင်းခုန်ခြင်းအကြောင်း၊
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာကိုပြသော်လည်း ဧသောအမျိုးတွေက ဘုရားကို မယုံကြပါဘူး။
ဘုရားမပါပဲ ရှာတဲ့ပိုက်ဆံ ၂ မိနစ်အတွင်းမှာပဲ ကုန်သွားနိုင်ပါတယ်။
ဧသောအမျိုးတွေလည်း ဒီအတိုင်းပါပဲ။ ဘုရားသခင်ကို မပုန်ကန်ပါနဲ့။
ငါက ပူဇော်တဲ့အခါမှာ မောရှေတဆင့်မှာတဲ့အတိုင်း မလုပ်ဘူး။
ယာဇ်ပူဇော်တဲ့အခါမှာ ဆိတ်၊ သိုး များကို ရွေးချယ်ရာမှာ မျက်စိကန်း၊ ခြေဆွံ့နေတဲ့
တိရိစ္ဆာန်များ မဖြစ်ရပါဘူး။ ဘုရားကို ပူဇော်တယ်ဆိုတာ အကောင်းဆုံးများကို
ပူဇော်ရပါမယ်။
တိုင်ဝမ်မှာ အမျိုးသမီးတဦးအကြောင်း ပြောချင်ပါတယ်။ သူ့ကို
ဒေါ်ကပ်စေးနဲလို့ ပြောချင်ရပါတယ်။ ဒီကနေ့ မာလခိမှာရေးထားတဲ့အတိုင်း အကောင်းဆုံးကို
မပူဇော်ချင်ဘူး။ မလိုတဲ့ပစ္စည်းတွေ အားလုံးကို ဘုရားကျောင်းကိုလှူလိုက်တယ်။
ဆရာတွေကို ဖိတ်ပြီး ချက်ကျွေးရင် သိပ်မကောင်းတာများကို ကျွေးတယ်။ အကောင်းဆုံးတွေက
သူစားဖို့ လုပ်ထားတယ်။ သမီးယောင်္ကျား သမက်လည်းရှိတယ်။ သားကလည်း အလုပ်ရှာလို့မရဘူး။
ဒီနေ့ရှင်းပြလိုက်တော့ သဘောပေါက်သွားပါပြီ။ တကယ်ဆုတောင်းပေးတယ်။ အဆင်ပြေသွားပါတယ်။
ဘုရားကိုလှူဒါန်းတဲ့အခါမှာ ဘယ်လိုလှူရမယ်ဆိုတာ သိသွားပါတယ်။
တရုပ်ပြည်မှာ တရားဟောရင် ဘုရင်တပါးရှိတယ် ဆိုတာပြောရတယ်။
ဘုရင့်တကာထဲမှာ ဘုရင်လို့တောင် သတ်မှတ်ထားသူဖြစ်တယ်။ တကယ်ပဲ တိုင်းခန်းလှည့်လယ်တော့
သူတောင်းစားတယောက်ပုံစံလုပ်ပြီး လှည့်တယ်။
သူတောင်းစားဆိုတော့ ပြည်သူပြည်သားများ မပေးချင်ကြပါဘူး။ ပြည်သားတဦးကတော့ သူရဲ့ အငယ်ဆုံးအစေ့ကို ဘုရင်ကို ပေးတယ်၊
ဘုရင်က လက်မှတ်ထိုးပြီး အခက်ခဲကြုံရင် ရွှေနန်းတော်လာပြီး ဒီစာပြပါလို့ မှာခဲ့တယ်။
တနေ့သူအခက်ခဲတွေ့ချိန် နန်းတော်သွားတော့ ဒီလက်မှတ်ဟာ ဘုရင်လက်မှတ်မှန်းသိသွားပြီး
အကျိုးခံစားသွားရတယ်။ မရှိရင်လည်း မပေးပါနဲ့။ ရှိရင်လည်း
ဘုရားအတွက်ဆို အကောင်းဆုံးကိုပေးလိုက်ပါ။
ဝတ်ပြုရာကျမ်း ၂၇း ၃၃-၃၄ မှာ ဆယ်ဖို့တစ်ဖို့
အကြောင်းရေးထားပါတယ်။ ဘုရားသခင်က ငါတို့ပစ္စည်းကို လုယူတယ်လို့ မထင်ပါနဲ့။ ငွေကို
ကောင်းကောင်းသုံးတတ်ရန် လမ်းပြတဲ့သဘောပါ။ ဆယ်ဖို့တစ်ဖို့အတွက်လည်း တရားဟောရာကျမ်း
၁၄း ၂၂ မှာဖေါ်ပြထားပြီးသားပါ။ ဘန်ကောက် အမ်စီအေ အသင်းမှာလည်း နိုင်ငံတော်အတွက်
အလှူငွေများစွာပါဝင် တဲ့အတွက် ကောင်းကြီးမင်္ဂလာ အများကြီးခံစားနေရပါတယ်။
စေတနာရှိသူတွေ များစွာရှိတာကို တွေ့ရပါတယ်။ လှူဒါန်းသူများဟာ နောင်ဘ၀မှ မဟုတ်ပါဘူး။
ဒီဘ၀မှာတောင် အဆ ၁၀၀ ကောင်းချီးမင်္ဂလာတွေရမှာပါ။ နောင်ဘ၀အတွက်ကတော့
ထာဝရအသက်ရရှိတာနဲ့ပဲ လုံလောက်နေပါပြီ။
နှုတ်အားဖြင့်လည်း လူတော်တော်များများ ပြစ်မှားမှုတွေရှိကြပါတယ်။
ဘုရားကိုလည်း စိတ်ဆိုးပြီး ခွင့်မလွှတ်နိုင်သူတွေ ရှိကြတယ်။ တပါးသူများ
မကောင်းကြောင်းကိုလည်း နှုတ်အားဖြင့် သတင်းလွှင့်၊ ကောလဟာလ ထင်တာတွေ လျှောက်ပြော -
အထူးသဖြင့် သင်းအုပ်ဆရာအကြောင်း မကောင်းပြောသူများ မာလခိတရား နားထောင်ပြီး
နောင်တရသွားပါတယ်။ တခါက သင်းအုပ်ဆရာက လင်မယားတစုံတွဲကို
ကြက်အရှင်ဝယ်ခိုင်းပြီး စားဖို့သတ်ခိုင်းတယ်။ ကြက်အမွှေးတွေကို
နှုတ်ပစ်ရတာလွယ်ပါတယ်။ အမွှေးတွေ တပင်ချင်းပြန်ကောက်ရတာ ပိုခက်ပါတယ်။ ပြောပြီး
ပြန်တောင်းပန်ရတာတော့ လွယ်သယောင်ရှိပေမဲ့ ပြောလိုက်တဲ့သတင်းက ပြန့်သွားပြီ။
တိုင်ဝမ်မှာ ရုပ်ရှင်မင်းသားတယောက်အကြောင်း၊ သူငယ်စဉ်က
ခရစ်တော်ဘုရားကို ယုံကြည်ခဲ့တယ်။ နာမည်ကြီးလာတော့ ပိုက်ဆံ၊ ရွှေငွေ ပြည့်စုံလာတဲ့အခါ
ဘုရားကိုမေ့တယ်။ သုံးဖြုန်းပြီး မနက်ဖန်ဘာဖြစ်မယ်ဆိုတာ မသိတော့ဘူး။ ၁၉၉၇ Asia
Moneytory Crisis ဖြစ်တဲ့အခါ မမျှော်လင့်ပဲ ဒီရုပ်ရှင်မင်းသား အကြွေးတင်သွားရှာတယ်။
အမေရိကား၊ ကနေဒါ သွားပြီး ဖြေဖျော်တယ်။ ပိုက်ဆံ အရမ်းရှာပေမဲ့ အကြွေးမကြေတော့ပါဘူ။
အဲဒီအချိန်မှာ သူငယ်ငယ်ကအကြောင်း ပြန်သတိရလာပြီး ဘုရားရှင်ကို ပြန်ဆပ်ကပ်ပါတယ်။
ဘာမှမရှိတဲ့အချိန်ကျမှာ ပြန်လာရင်လည်း ရပါတယ်။ ဒူးထောက်ဆုတောင်းပြီး မျက်ရည်ကျ
နောင်တအစစ်အမှန်ရရင် ဘုရားရှင် ပြန်လည်ကြည့်ရှုပါတယ်။ ငါ့ထံသို့လာသူ
ယခင်ကငြင်းပယ်တယ်။ အခု တဖန်ပြန်လာပြီး လက်ခံရင်၊ ကိုယ်တော်ကို လိုပါတယ်လို့
ဝန်ချတောင်းပန်ရင် ဘုရားရှင်က သင်ပုန်းချေပေးပါတယ်။
ဆရာဦးထွန်းမြ ချီးမွမ်းခြင်းများကို လုပ်ခြင်းအားဖြင့်
ဘာထူးခြားနိုင်မလဲ။ လူရှေ့သူရှေ့မှာ ချီးမွမ်းဆက်ကပ်ခြင်းဟာ ထူးကိုထူးခြားလှပါတယ်။
ဘုရားရှင်ကို လုံးဝ အပ်နှံခြင်းဖြစ်ပါတယ်။
ကျွန်တော့် အားနဲ့ပဲ အသက်ရှင်ဦးမယ်။ ဘ၀ကို ဆက်ရှောက်ဦးမယ် ဆိုရင်လဲ
ရပါတယ်။ အားလုံးကုန်သွားမှပဲ ပြန်လာမယ်ဆိုရင်လဲ ရပါတယ်။ ဒါပေမဲ့
ဆုံးရှုံးသွားပြီးပဲ။ ကျေးဇူးတော်ခံစားနေချိန်မှာပဲ ဘုရားရှင်ကို ဆက်ကပ်ရင် ဘုရားက
ဥစ္စာပစ္စည်းများကို လက်တော်နဲ့ ကာကွယ်စေါင့်ရှောက်ပေးမှာ ဖြစ်တဲ့အတွက်
ဆုံးရှုံးသွားမှာလည်း မပူရပါဘူး။
သီဆို ဟာလေလုယ၊ ချီးမွမ်းရန် အလွန်ထိုက်တန် - သီချင်းကို သီဆိုချီးမွမ်းကြပါတယ်။
ဆုတောင်းကြပါစို့ ။
အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ၊
ွRev. Dr ဦးကျော်ဝင်း (ဘန်ကောက်မြို့  MCA အသင်းတော်
၂၀၀၄)
Burmese Christian
Links - Click Here
Myanmar Audio Semons

www.BurmeseBible.com
|






Bangkok - 2008

Rev. Augustus

Tokyo Kachin Baptist
Church
Rev. Yojong Yaw Han

Judson (Singapore)

Karen KBCS
Singapore

Hakka Myanmar
Singapore

Myanmar Baptist Church
NewYork

First
Burmese Baptist Church
San Francisco

San Jose
Burmese Church
www.bccsv.org

Oakland Burmese Church

Calvary Baptist Church
Bangkok

MCA , Thailand
Myanmar Christian Assembly |