ထာဝရဘုရား၏ ဗိုလ်ခြေကို အုပ်စိုးသော ဗိုလ်မှူး  ၁၅-သြဂုတ်-၂၀၀၄   
ယောရှုမှတ်စာ (၅း၁၄)
  တဖန်ပြန်လည်တွေ့ ဆုံဝေငှရခြင်းအတွက် ကျေးဇူးတော်ကိုချီးမွမ်းပါသည်၊ ညီအစ်ကိုများအသင်းတော် ကို အထူးကျေးဇူးတင်ပါသည်။ မဟာချိုင်မှအပြန်တွင် ဆရာတူးဂျာခေါ်၍ လာခဲ့ပါသည်။ ဘန်ကောက် တရုပ်အသင်းတော်တွင်လည်း ဟောကြားရန်ရှိပါသေးသည်။
   ဆုတောင်းကြပါစို့ ။

   လူတိုင်း မိမိ မျှော်လင့်ချက်၊ ရည်ရွယ်ချက် နှင့် တိုးတက်စေလိုကြပါသည်။ အခြားတိုင်းပြည်များတွင်ရောက်ရှိနေသော မြန်မာများသည် ပညာသင်၊ စီးပွားလုပ်။ လုပ်ငန်းရှင်များဖြစ်လာသော မြန်မာများမှာ ပထမဆုံး တပည့်ခံရသည်။ နှုတ်ကပတ်တော်ထဲတွင် ပါသော ပြည်ပထွက်အလုပ်လုပ်ရင်း ကြီးပွားလာသူတဦးအကြောင်းကို ဝေငှလိုပါသည်။

  ဘုရားသခင်က အပြစ်မှကယ်နှုတ်ပြီး ကြွယ်ဝချမ်းသာသောအသက်တာ ရသွားရန်အတွက် အခက်အခဲ၊ အနှောက်အရှက်များ ရှိနေဦးမယ်ဖြစ်သည်။ မောရှေ ခေါ်ထုတ်လာသော က္ကုသရေလ လူမျိုးများသည် တတောဝင်၊ တတောထွက် နှင့် ရဖရိမ်သို့ ရောက်လာသည်။  အာဖရပ် လူမျိုးများနှင့် တွေ့ သောအခါ အဲဂုတ္တု (အီဂျစ်) လူမျိုးထံ ကျွန်ခံခဲ့ရသောကြောင့် စစ်မတိုက်တတ်ကြပါ။ ဘယ်လိုပြန်တိုက်မလဲ။
  
    ထွက်မြောက်ရာကျမ်း ၁ရ တွင် ယောရှုထွက်လာပြီး ကျွန်တော့်လူမျိုး၊ ထိခိုက်လာလျှင် စစ်တိုက်ရန် အနစ်နာခံပါသည်။ သို့ နှင့် ယောရှုသည် မောရှည်၏ လက်ထောက်ဖြစ်လာပြီး သူ့ ဆရာ ဖြစ်ချင်သည့်အရာများကို ဖြစ်အောင်လုပ်ပေးသည်။ မောရှေကိစ္စများ ကို ဆရာသမား၊ အလုပ်ရှင်အတွက် ပြီးမြောက်အောင် အျနှစ် ၄၀ လုံးလုံး လုပ်ပေးခဲ့သည်။

      မည်သည့်လုပ်ငန်းကိုလုပ်ပါစေ။ လုပ်ငန်းရှင်အပေါ်တွင် သစ္စာရှိစွာ လုပ်ပေးရန်လိုအပ်ပါသည်။ စင်ကာပူတွင် လွန်ခဲ့သော ၁၇ နှစ်က အိမ်ဖေါ်မိန်ကလေး ယခု သူဌေးဖြစ်သွားပြီဟုသိရသည်။ သူအိမ်ဖေါ်လုပ်ရာတွင် အိမ်ရှင်အန်တီက ကိတ်မုန့် ပညာသင်ပေးမယ်။ လိုအပ်တဲ့ စက်တွေပေးမယ်။ ဆိုင်တွေဆီကို ကိတ်မုန့် သွင်းပေးမယ် ဟုပြောကာ လုပ်ငန်းလုပ်ကိုင်စေခဲ့သည်။ သစ္စာရှိစွာ ၄ ၊ ၅ နှစ်ခန့် လုပ်ကိုင်ရင်း ထိုအိမ်ဖေါ်မလေးမှာ ယခုအခါ ကိတ်မုန်ဆိုင် ၁၀ဆိုင်၊ ၁၅ ဆိုင် ပိုင်ဆိုင်သွားပြီဖြစ်သည်။
    
       မောရှေ အသက်ရွယ်ကြီးလာသောအခါ ယေရှုကို လူ ၇၀ ထဲမှ ရွေးချယ်ခဲ့သည်။ က္ကုသရေလလူမျိုးများ ဆန္နခံယူပွဲလုပ်ရာတွင် ၉၅ ရာနှုံး သဘောတူပြီး ယောရှုကိုရွေးချယ်ခဲ့ကြသည်။

    အဲဂုထ္တုပြည်မှ က္ကုသရေလ လူမျိုးများ ထွက်လာသောအခါ ရှိသိမ်မြို့ တွင် စခန်းချနေစဉ် ဘေးပတ်လည်မှ ရန်သူနိုင်ငံ ဘုရင်များ စည်းဝေးထိုင်ကြသည်။ က္ကုသရေလတို့ အား ဘယ်ကဲ့သို့  နိုင်အောင်တိုက်ရမည် တိုင်ပင်ရာတွင်  က္ကုသရေလတို့ နှင့်အတူ သူတို့ ၏ ထာဝရဘုရား အတူမပါရှိအောင် လုပ်ရန် ဆုံးဖြတ်ကြသည်။  ဘုရင်တပါးကို သွေးဆောင်ဖြားယောင်းကာ နက္ခတ်တာရာများကို ရှိခိုးလာအောင်လုပ်ကြသည်။ ယောင်္ကျားများကို သွေးဆောင်ရန်မလွယ်သောကြောင့် မိန်ကလေးများကို သွေးဆောင်ကြသည်။ ပျော်ပွဲရွှင်ပွဲများ ဖွင့်ပေးသည်။  (ဘန်ကောက်တွင် မနေတတ်လျှင် ပျက်စီးရပါသည်၊ အချုပ်ထဲရောက်နိုင်သည်။ နေတတ်လျှင် ဘန်ကောက်တွင် နေလို့ အင်မတန်ကောင်းပါသည်။)

    ထိုကဲ့သို ညအနားယူရင်။ ပျော်ပွဲများမှာ တပါးအမျိုးသမီးများနှင် ဆွဲဆောင်ရမှ အကြံအောင်သွားသည်။ တရက်ထဲမှာ ကာလနာကျစေ၍ လူ ၂ သောင်းသေဆုံးခဲ့ရသည်။ ယခုခေတ် SAR, Bird Flue စသည်တို့ သည် ဘုရားသခင် ခွင့်ပြုသောကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ယခု ဘန်ကောက်မြို့ ရောက်လာသော မြန်မာများအတိုင်း က္ကုသရေလတို့ သည် ရှိသိန်းမှထွက်ခွာပြီး ဂျော်ဒန်ဖြစ်ကို ဖြတ်ကျော်၍ ခန္တာပြည်ဝင်ခဲ့ကြသည်။  ဂါဒ်လူမျိုး၊ မနာရှေ တို့ က မလိုက်ချင်ပဲ သဘောတူညီချက်ယူပြီး ယော်ဒန်မြစ်တဖက်တွင်နေခဲ့သည်။

    က္ကုသရေလ လူမျိုးတို့ မှာ မိသာုးစုကဲ့သို့  အသင်းတော်လုပ်ငန်းကို လုပ်ကိုင်ရာတွင် (ကျမ်းစာကိုကိုင်ပြရင်း) သမ္မာကျမ်းစာတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးပါဝင်ပါသည်။ ကိုယ့်အကြံအတိုင်း လုပ်လျှင် အောင်မြင်မှုရမည်မဟုတ်ပါ။ ပုဌိာန်ညာဉ်သေတ္တာကို ဂျော်ဒန်မြစ်ဘေးတွင်ချပြီး ယာဇ်ပယောဟိတ် နောက်မှာ တယောက်ပြီးတယောက် ဂျော်ဒန်မြစ်ကို ဖြတ်ကျော်ကြသည်။ ယာဇ်ပရောဟိတ်မှာ ချစ်စရာကောင်းပါသည်။ လူအများ ဖြက်ကျော်ပြီးသည့်အထိ သေတ္တာကိုမပြီး စောင့်ပါသည်။ အားလုံးကုန်မှ နောက်ဆုံးမှ ဖြစ်ကိုဖြတ်သည်။

  က္ကုသရေလ လူမျိုးတို့ သည် ဂျော်ဒန်ဖြစ်ကို ဖြတ်ကျော်အပြီး မြစ်တွင် ကျောက်ခဲတတုံး ချထားခံသည်။ ယုံကြည်ခြင်း၊ အောင်မြင်ခြင်း အထိမ်းအမှတ်ဖြစ်သော်လည်း ကြာလာသောအခါ ဇာတိပကတိ ဖေါက်လာခဲသည့်၊ ဂျော်ဒန်မြစ်ရေ ကျဆင်းချိန်တွင် ဇာတိကျောက်တုံး ပြန်ပေါ်လာသကဲ့သို့ ဖြစ်သည်။ ကျမ်းစာကို နေ့ ညမပြတ် ဆင်ခြင်ဖတ်ရှုလျှင်၊ ကိုယ့်လူမျိုးများကို ကာကွယ်စောင့်ရှောက်ရန်အတွက် အကြံအစည်များ အောင်တတ်ပါသည်။

    ကျွန်တော်တို့ လည်း ဘန်ကောက်သို့ လာပြီး ယုံကြည်ခြင်းအားဖြင့် မကြာမီတွင် ချမ်းသာစွာဖြစ့် ပြန်ရမည်။ ဂျော်ဒန်မြစ် ကျော်လွားပြီးသည့်နောက် အခက်အခဲများ လာဦးမည်ဖြစ်သည်။ ဆင်းရဲခြင်း၊ ၀မ်းနည်းခြင်း၊ ကျေကွဲခြင်းများနှင့် အချိန်မကုန်ရန်လိုသည်။ က္ကုသရေလများသည်  ၁) အရေပြားလှီးမင်္ဂလာဆင်နွဲခြင်း  ၂) ပဿခါပွဲတော် ကျင်းပခြင်း နှင် ၃)မာနမုန့် ရပ်ဆိုင်းခြင်း ကြုံတွေ့ လာရသည်။ ခါနန်ပြည်ရောက်လာပြီးနောက် နေစဉ်မိုးမှ ကျလာသော မာနမုန် ရပ်ဆိုင်းသောအခါ အလုပ်လုပ်ရန်လိုလာသည်။ အလုပ်မလုပ်ပဲ နေလျင် ဆင်းရဲနေမည်ဖြစ်ပြီး ပရွတ်ဆိတ်များ နွေအခါ အစာရှာသလို မိမိအသက်မွေးဝမ်းကျောင်းအတွက် ရှာဖွေအလုပ်လုပ်ရတော့မည်။ ဘန်ကောက်တွင်သာမက ဂျပန်၊ အမေရိကား ရောက်သည်အထိ ဆက်လက် လုပ်ကိုင်သွားရမည်ဖြစ်သည်။

   ခါနန်ပြည်အ၀င် ဂျော်ဒန်မြစ်ကို ကျော်ပြီးနောက် ယေရိခေါမြို့ ကြီးက စောင့်ကြိုနေတော့သည်။ အမြင့် ၉ ဒဿမ ၆ မီတာ မြင့်ပြီး အထူ ပေ၂၀ ရှိသော မြို့ ရိုးကြီးက စုံစမ်းနှောက်ရှက်ခြင်းအဖြစ် ခံနေပြီ။ နောက်သို့ ပြန် မလှည့်ရန်ဖြစ်ပြီး ဘုရားသခင်အတူပါရှိလျှင်ရပါသည်။ ဘန်ကောက်ရောက်ခြင်းလည်း ထို့ အတူပင်ဖြစ်သည်၊

   ယေရခေါမြို့ ကြီးကို ယောရှုက လှမ်းကြည့်နေစဉ်တွင် အနား၌ ဒါးကိုင်လူတဦး ကန့် လန့် ရပ်နေသည်ကိုမြင်သည်နှင့် ယောရှုကမေးရာ ထိုလူက  မိမိသည် ထာဝရဘုရား၏ ဗိုလ်ခြေအုပ်ချုပ်ရသော ဗိုလ်မှူးဖြစ်သည်ဟု ဖြေသည်။ ယောရှု  ချက်ခြင်းနားလည်လိုက်ပြီး ဖိနပ်ချွတ် ပျတ်ဝတ်ကိုးကွယ်လိုက်ပါသည်။ ထို့ အတူ ကျွန်တော်တို့ ခရစ်ယာန်အသက်တာတွင် အောင်မြင်သင့်သလောက် မအောင်မြင်ရခြင်းမှာ ထာဝရဘုရားကို ဦးတိုက်ထားခြင်းများ လုပ်ရန်လိုအပ်ပါသည်။ ဗိုလ်ချုပ်က လက်နက်နှင့်တိုက်မှာ မဟုတ်ပါ။ ပုဋ္ဋိန်ညာဉ် သေတ္တာကို ယေရိခေါမြို့ တွင် ပထမနေ့ တပတ်၊ ဒုတိယနေ့ တပတ် စီနှင့် ၇ ရက် - ၇ ကြိမ်တိုင်ပတ်ရာတွင် စကားမပြော၊ အသံမထွက်ပဲ ပတ်ကြသည်။ ဘာမှမဖြစ်ပါ။ တပိုးမှုတ်သောအခါတွင်မှာ ဟေဗြဲကျမ်းတွင် ပါသည့် ယုံကြည်ခြင်းအတိုင် ယေရိခေါမြို့ ကြီး ပြိုသွားတော့သည်။  ဂျော်ဒန်မြစ်ကျော်ဖြတ်ခြင်၊ ယေရိခေါမြို့ ရိုးပြိုခြင်းနှင့် ဂိဘောင်တိုက်ပွဲတွင် နေ၊ နက္ခတ်တာရာများ ရပ်သွားစေခြင်းတို့ သည် ယုံကြည်ခြင်း၏ ရလဒ်များဖြစ်သည်။

   အောင်မြင်သောအသက်တာအတွက်
၁။ သမ္ဘာကျမ်းကို နေ့ ညမပျက် ဆင်ခြင်အောက်မေ့ရမည် ပါပြီးသားပင်ဖြစ်သည်။
၂။ ယောရှုလို အားယူ၍ ရဲရင့်ခြင်းရှိရမည်။ မစိုးရိမ်နှင့် မကြောက်လန့် နှင့်၊ စိတ်မပျက်နှင့် ဟု ၄ ခါပြောရမည်။
၃။ ထိုအခါ သင်သွားလေရာတွင် ထာဝရဘုရားအတူရှိမည်ဖြစ်သည်။
   တိုင်းရင်းသူ၊ တိုင်းရင်းသားများ သွားလေရာတွင် ဘုရားသခင်ကျေးဇူးတော်ကို ချီမွမ်းရမည်ဖြစ်သည်။ ၀မ်းနည်း ကျေကွဲနေသော်လည်း သီချင်းအတူ လိုက်ဆိုလိုက်ပါ။ ပွင့်သွားမည်ဖြစ်သည်။ မိမိဘယ်နေရာမှာရောက်နေသလဲ။ ကောင်းကြီးမင်္ဂလာများ ခံစားရသည့်ကျေးဇူးမျးကို ကျေးဇူးတော်ချီမွမ်းပါ၊ ဆပ်ကပ်ပါ၊ ရှေ့ ရှောက်ရမည့် ခရီးလမ်းများတွင်လည်း အလုပ်လုပ်ကိုင်ရင်း ရှေ့ လာမည့်  အခက်အခဲများကို ကျော်လွားရန် တိုက်တွန်းဝေငှလိုက်ပါသည်။

ဆုတောင်းကြပါစို့ ။
အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေ၊
ွRev. Dr ဦးကျော်ဝင်း (ဘန်ကောက်မြို့  MCA အသင်းတော်  ၁၅-သြဂုတ်-၂၀၀၄)


Burmese Christian Links - Click Here

Myanmar Audio Semons             

   
www.BurmeseBible.com

 







 


Bangkok - 2008

 


Rev. Augustus

 


Tokyo Kachin Baptist
Church

Rev. Yojong Yaw  Han

 


Judson (Singapore)

 


Karen KBCS

Singapore



Hakka Myanmar
Singapore

 


Myanmar Baptist Church
 NewYork


First Burmese Baptist Church
San Francisco

 


San Jose Burmese Church

www.bccsv.org

 


Oakland Burmese Church

 


Calvary Baptist Church
Bangkok

 


MCA , Thailand 

Myanmar Christian Assembly