
Rev. ဆရာဦးမျိုးးချစ်
အမ်စီအေအသင်းတော် (ဘန်ကောက်)
၂၈ - စက်တင်ဘာ - ၂၀၀၈
ဘုရားရှင်ရဲ့ကျေးဇူးတော်ကို ဦးစွာချီမွမ်းပါတယ် နိုင်ငံပေါင်း ၁၅ နိုင်ငံ
စုပေါင်းကြတဲ့ အခု ဘန်ကောက်မှာ ရန်ကုန်က ကျွန်တော်တို့လည်း ပါဝင်ခွင့်ရပါတယ်။
တဖက်သတ် ချစ်တဲ့၊ လိုလေသေးမရှိကြည့်တဲ့ ဘုရားရှင်၊ ယေရှုက ဘယ်သူလဲ၊ ဘာဖြစ်လို့
ကယ်တင်နိုင်တာလဲ၊ ကြီးမားတဲ့အမှုတွေကို ဘာကြောင့်လုပ်နိုင်သလဲ၊ ကျွန်တော်တို့
ဘာကြောင့်ကိုးကွယ်သလဲ၊ ကျမ်းစာက ပြောတဲ့အချက်များကို ဝေငှလိုပါတယ်။
ကောလောသဲ ၁း ၁၂ - ၁၇ ကို ဖတ်ပါသည်။
1အလင်း၌နေသော
သန့်ရှင်းသူတို့၏အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည် အကြောင်း
ကျေးဇူးပြုတော်မူ၏။ မှောင်မိုက်တန်ခိုးမှလည်း ငါ့တို့ကိုနှုတ်၍၊ ချစ်တော်မူသော
သားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။ ထိုသားတော်၏ အသွေးအားဖြင့်
အပြစ်လွှတ်တော်မူခြင်းတည်း ဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏။
ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏။ ေ၀ေနယ်သတၱာ၀ါ
အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ ၁၆အကြောင်းမူကား၊ ထိုသားတော်သည်
ကောင်းကင်ပေါ်၊ မြေကြီး ပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရှုပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊
အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဏ်အမြတ်ဖြစ်စေ၊ အာဏာ စက်ဖြစ်စေ၊
ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊
ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ သားတော်သည်လည်း ခပ်သိမ်းသော အရာမဖြစ်မှီ
ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။
ကောလောသဲ ၁း ၂၁ - ၂၃ ကိုဖတ်ပါသည်။
အထက်က ဘုရားသခင်နှင့် ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကို ကျင့်သဖြင့် စိတ်နှလုံး၌
ရန်သူဖြစ်သော သင်တို့ကို၊ ကိုယ်ခနြွာတော်၌ အသေခံတော်မူသောအားဖြင့်၊ ယခုမိဿဟာယ
ဖွဲ့စေတော်မူ၏။ အကြောင်းမူကား၊ ကောင်းကင်အောက်၌ ရှိသမျှသော ဝေနေယျသတ္တ၀ါတို့အား
ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင် ကြားရပြီးသော ဧ၀ံဂေလိတရား၏ မြော်လင့်ခြင်းမှ
မရွေ့လျော့ဘဲ တိုက်မြစ်ကျခြင်း၊ တည်ကြည်ခြင်းနှင့်တကွ မြဲမြံစွာ ယုံကြည်ကြလျှင်၊
သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် ရှိသော သင်တို့ကို ရှေ့တော်၌
ဆက်သမည်အကြောင်းတည်း။
ကျွန်တော်တို့သည် ယုံကြည်သူများဖြစ်ပါသည်။ ခရစ်ယန်များတွင် ငမူး၊ ငတေ၊ မုဒိမ်းကောင်
စသဖြင့်ရှိကြသော်လည်း ယုံကြည်သူများတွင် ငမူး၊ငတေ၊ ပေါက်လွတ်ပဲစားမရှိပါ။
ကောလောသဲကို သေချာစွာဖတ်ပြီး အခြားသူများကို ရှင်ပြလျှင် ဧ၀ံဂေလိ
လုပ်ခြင်းပင်ဖြစ်ပါသည်။
ကောလောသဲ ၂း ၆ - ၁၀
ထို ကြောင့် သင်တို့သည်သခင်ယေရှုခရစ်ကိုခံယူပြီးသည် ဖြစ်၍၊
ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်းရှိလျက်၊ နည်းဥပဒေသကိုခံပြီးသည်အတိုင်း
ယုံကြည်ခြင်း၌ မြဲမြံစွာ စွဲလမ်းလျက်၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်
တကွယုံကြည်ခြင်းတိုးပွါးပြည့်စုံလျက်၊ ထိုသခင်၌ကျင်လည်ကြလော့။ ခရစ်တော်၏
တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လောကီတရားနုကိုလိုက်၍၊ လောကီပညာနှင့်
အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကိုအဘယ်သူမျှမလုယူ မဖျက်မဆီးစေခြင်းငှါ သတိ
ပြုကြလော့။ အကြောင်းမူကား၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည်
ခရစ်တော်၌ကိုယ် ထင်ရှား၍ကျိန်းဝပ်တော်မူ၏။ အထွဏ်အမြတ် အာဏာစက်ရှိသမျှကို
အုပ်စိုးတော်မူသောထိုသခင်၌ သင်တို့သည် စုံလင်ခြင်းရှိကြ၏။
ကျေးဇူးတော်ချီးမွမ်းခြင်းသည် ကောင်းပါသည်။ ပရောဖက်ကြီး
ရွှေဝတ်ရုံဝတ်မယ်၊ လက်ညှိုးထိုးလိုက်တာနဲ့ တဒိုင်းဒိုင်း လဲကျသွားတယ်၊ မိုက်တယ်
စသဖြင့် ရန်ကုန်တွင်လည်း ဖြစ်နေပါသည်။ ဥပစယ်ဆရာသည် ခရစ်တော်ယေရှု သာဖြစ်သည်ကို
သိရန်လိုသည်။
ကောလောသဲ ၃း ၁၂ - ၁၅
ထိုကြောင့်
သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊
သနားစုံမက်ခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊
စိတ်ရှည်ခြင်းတို့ကိုယူတင်ဝတ်ဆောင်ကြလော့။
တယောက်၌တယောက်အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။
ခရစ်တော် သည်သင်တို့၏ အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူ ပြုကြလော့။
စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကိုထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။
သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်းအုပ် စိုးစေ။ ထိုသို့အလိုငှါ
သင်တို့သည် တလုံးတကိုယ်တည်း၌ ခေါ်ထားတော်မူခြင်းကိုခံကြသည်ဖြစ်၍၊ ကျေးဇူးတော်
ကိုသိသောစိတ်ရှိကြလော့။ ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌
ကြွယ်ဝစွာတည်နေ၍ သင်တို့ သည်ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊
အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်း ကိုပြု၍၊
နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင့်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ
သီချင်းဆိုကြလော့။ စကားပြော သော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကိုထောက်၍
ခပ်သိမ်းသောအမှု တို့ကိုပြုမူလျက်၊ ကျေးဇူးတော်ကြီးလှပါ၏ဟု ထိုသခင်ကိုအမှီပြု၍
ခမည်းတော်ဘုရားသခင့်ရှေ့၌ ၀န်ခံကြလော့။
တယောက်ကိုတယောက် သည်းခံကြရန်လိုသည်။ သီချင်းဆိုခြင်းအားဖြင့်လည်း
ကြီးမားသောဘုရားရှင် ဆုကျေးဇူးဖြစ်သည်။ စည်းလွတ်ဝါးလွတ် မလုပ်ရန် - လုပ်ပါက
ကောင်းကင်တမန်ပင် ထွက်ပြေးနိုင်သည်။ အဖိုးကြီး သီချင်းကျယ်လောင်စွာဆိုသူများကို
မကြိုက်တော့၍ ပြောခြင်းမဟုတ်ပါ။ ယုံကြည်သူများဆိုသော သီချင်းသည်
နူညံသိမ်မွေ့သော သီချင်းများဖြစ်ရန် ကျမ်းစာတွင်ပြောထားပါသည်။ ဇနီးခင်ပွန်းပင်လျှင်
မကြေနပ်၍ ပြောဆိုပါက ခရစ်တော် နာမတော်ကိုထောက်၍ ပြောရန်လိုအပ်ပါသည်။
၁း ၁၂
- ၁၃ အလင်း၌နေသော သန့်ရှင်းသူတို့၏အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည် အကြောင်း
ကျေးဇူးပြုတော်မူ၏။ မှောင်မိုက်တန်ခိုးမှလည်း ငါ့တို့ကိုနှုတ်၍၊ ချစ်တော်မူသော
သားတော်၏ နိုင်ငံထဲသို့ သွင်းတော်မူ၏။
စာတန်ချည်နှောင်ခြင်းခံရသူများစွာကို တွေ့မြင်ခဲ့ဖူးပါသည်။ ရွာတွင် ၀က်ခြံတွင်
ချည်နှောင်ထားသောသူအား ကြိုးဖြေစေ၍ မှောင်မိုက်တန်းခိုးမှ လွတ်မြောက်စေခြင်းကြောင့်
တရွာလုံးပြောင်းလဲခဲ့ခြင်းများ ကြုံတွေ့ခဲ့ပါသည်။ မိမိသည် အမှုတော်ကို ၅၆
နှစ်ထမ်းဆောင်သည့်ကာလတွင် ဘန်ကောက်တွင်လည်း ယခုရှိနေသောဆရာများသည် လာရောက်စက
အလွန်ခက်ခဲစွာ သက်သေခံသူများဖြစ်သည်။ မြန်မာပြည်တွင်လည်း ကြီးမားသောအမှုများကို
ပြုခဲ့ပြီး ဆက်လက်ပြုလုပ်နေကြပါသည်။ နာဂစ်မုန်တိုင်းကြောင့်လည်း ဂိုဏ်းဂနများ၊
ဆရာကြီးများ ညီညွတ်လာသည်။ တွေ့ဆုံစည်းဝေးနိုင်ပြီး ဟိုတုံးက မတွေ့ချင်သောသူများ
ယခုအခါ ခရစ်တော်နာမ၌ ပေါင်းစည်းလုပ်ကိုင်လာကြပါသည်။
ဘုရားရှင်၏ ကျေးဇူးတော် အရမ်းကြီးပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။
ဆရာထွန်းမြ၏ ကျေးဇူးတော်ချီမွမ်းခြင်းသီချင်း (ယေရှုကိုယ်တော်အကောင်းမြတ်ဆုံး)
စုပေါင်းသီဆိုပြီး ဆရာကြီးမှ ကောင်းကြီးပေးကာ ကိုးကွယ်ဝတ်ပြုခြင်းကိုအဆုံးသတ်ပါသည်။
Ref:
1. ကောလောသဲသြ၀ါဒ စာစောင်။
Burmese Christian
Links - Click Here
Myanmar Audio Semons

www.BurmeseBible.com