ဆရာဦးမြအေး  နေ့စွဲ၊ ၁ ဒီဇင်ဘာ ၂၀၀၈ (တနင်္ဂနွေ)။   ကျမ်းပိုဒ်
ဆာလံ ၁၀၀ 
၁မြေကြီးသားအပေါင်းတို့၊  ထာဝရ့ဘုရားအား ကြွေးကြော်ကြလော့။ ၂ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက်၊ အထံတော်သို့ ဝင်ကြလော့။ ၃ထာဝရဘုရားသည် ဘုရားသခင်ဖြစ် တော်မူသည်ကို သိမှတ်ကြလော့။ထာဝရဘုရားသည်ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏ အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသောသိုးစုလည်း ဖြစ်ကြ၏။ ၄ကျေးဇူးတော်ကို ကြီးမားပါသည်ဟု ဝန်ခံလျက်၊ တံခါးတော်တို့ကို၎င်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တန်တိုင်းတော်တို့ကို၎င်း ဝင်ကြလော့။ ကျေးဇူးတော်ကို ချီမွမ်း၍ နာမတော်ကို ကောင်းကြီးပေးကြလော့။ ၅အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။  ကရုဏာတော်သည် အစဉ်အမြဲ ရှိ၍၊ သစ္စာတော် သည် ကာလအဆက်ဆက် တည်လေသတည်း။


   ဒာရင်အပတ်က Thanks Giving  နေ့ ဖြစ်တဲ့အတွက်၊ ဖြစ်ပေါ်လာပုံ အနည်းငယ် ပြောလိုပါတယ်။ ကမ္ဘာမှာတော့ အမေရိကား နဲ့ ကနေဒါ နှစ်နိုင်ငံပဲ ကျင်းပကြတယ်။ မြန်မာပြည်မှာတော့ သီးနှံပွဲတော် တနင်္ဂနွေ ၀တ်ပြုခြင်း ကျင်းပကြပါတယ်။  ၁၆၂၀ လောက်က ဥရောပတိုက်၊ အင်္ဂလန်ပြည်မှာ ဘုရင်ကို ဘုရားလို ကိုးကွယ်တဲ့အချိန်ကာလ၊ လွတ်လပ်မှုလိုလားပြီး ထာဝရဘုရားကို ကိုးကွယ်တဲ့ လူ ၁၀၂ဦး မေဖလားဝါး အမည်ရှိတဲ့ သင်္ဘောနဲ့ နယ်မြေသစ် အမေရိကားကို စွန့်စားရွက်လွှင့်ထွက်လာခဲ့ပါတယ်။ တ၀က်လောက် လမ်းမှာသေဆုံးပြီး လူကြီး၂၀၊ ကလေး ၃၀ လောက်ပဲ ကျန်တယ်။ အမေရိကားရောက်တော့ လူနီ Red Indian တွေ ပလိပ်ရောဂါ နဲ့သေဆုံးနေချိန်၊ အခက်အခဲများစွာနဲ့ဆိုတော့ ဆေးရုံ စတင်ဆောက်လုပ်ပြီး အခြေချခဲ့ကြတယ်။ သူတို့မှာ ပါလာတဲ့ပစ္စည်း၊ ပညာတွေမှာ အဖိုးအထိုက်တန်ဆုံး ဒီကျမ်းစာအုပ် ပါလာတယ်။ ကျောင်းတွေမှာ နှုတ်ကပတ်တော်ကို သင်ကြားရင်း တိုင်းပြည်တည်ဆောက်လို့ အမေရိကန် ဒေါ်လာ ငွေစက္ကူမှာတောင် "In God We Trust"  လို့ ရေးထားခဲ့ပါတယ်။  အခုခေတ်မှာတော့ Thanks Giving နေ့မှာ ကြက်ဆင် (တာကီ) ကင်ပြီး မိသားစု၊မိတ်ဆွေများ ဆုံရင်း၊ ယခင်က ၃ရက်တိုင် ကျင်းပကြတယ်။ ယခုတော့ ကြာသပတေး တရက်ပဲ ကျင်းပါတယ်။
  ဒီပွဲဟာ တရာသီမှ တခါပေါ်တဲ့ ပွဲမျိုးမဟုတ်ပါဘူး။ ဓမ္မသစ်မှာ ရှင်ပေါလုက အရာရာတိုင်း၊ အချိန်ခါတိုင်းမှာ ဘုရားကို ချီးမွှမ်းခဲ့ပါတယ်။ ကျွန်တော်တို့မှာ အဆင်ပြေ၊ အလုပ်ကောင်းရ၊ ငွေရ နေချိန်မှာ ကျေးဇူးတော် ချီမွှမ်းကြပါတယ်။ အဆင်မပြေ၊ ဒုက္ခရောက်၊ မကျန်းမမာ၊ အလုပ်ပြုတ်ချိန်မှာ ချီမွှမ်းနိုင်ဘို့ အထူးလိုအပ်ပါတယ်။ သေမင်းချိုင့်ဝှမ်းအောက် ရောက်နေချိန်၊ ကျွန်တော်တို့နှင့်အတူ ဘုရားသခင်ရှိနေကြောင်း အော်ဟစ်ပြီး၊ ဟာလေလုယ လုပ်ကြပါတယ်။ တမန်တော်ကြီး ရှင်ပေါလုဟာ ခရစ်ယာန်ဖြစ်ကတည်းက ချီးမွှမ်းခဲ့ပါတယ်။  ခရစ်တော်နဲ့တွေ့ပြီး မျက်လုံးကန်းခဲ့တယ်။ ဘ၀တလျှောက်လုံးမှာ သစ္စာရှိစွာ အမှုတော်ထမ်းခဲ့တယ်။ ရောမမြို့မှာ ထောင်ကျခဲ့တယ်။ သက်သာလောနိမြို့မှာ ဒရွတ်တိုက်ဆွဲခြင်းကို ခံခဲ့ရတယ်။ ရောက်ရာ မြို့တွေမှာ ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့တယ်။ ဘာကြောင့်ဖြစ်ရသလဲ ဆိုတော့ ဟောတဲ့တရားတွေက မှန်ကန်တယ်၊ မငြင်းနိုင်အောင် ခိုင်လုံတယ်ဆိုတော့ ညှင်းဆဲခံခဲ့ရတယ်။

   ဒါကြောင့် ဓမ္မဆရာတွေ အဆင်းရဲခံရစဉ်၊ ကူညီပံ့ပိုးဖို့လိုပါတယ်။ တမန်တော်များ ခဲထု၊ ဆဲဆို၊ ကြိမ်ရိုက် ခံရစဉ်မှာ (တမန်တော်ဝတ္တု၊ ကောရိန္ဒု စာစောင်) တွေမှာ ကျေးဇူးတော်ချီးမွှမ်းခဲ့ကြတယ်။ သက်သာလောနိ၊ ဖိလိပိ၊ တွေမှာလည်း တမန်တော်များ ကျေးဇူးတော်ချီမွှမ်းရေးထားတယ်။ ဒုတိယအကြိမ် သွားဟောတဲ့အခါ လူအများ ပြောင်းလဲသွားကြတယ်။ ဒါပေမဲ့ ရှင်ပေါလုက ဒီပြောင်းလဲမှုဟာ သူကြောင့်မဟုတ်ကြောင်း။ စာတန်ကျွန်ဘ၀မှ ဘုရားကျွန်ဘ၀သို့ ပြောင်းလဲခြင်းမှာ ၀မ်းမြောက်ခြင်းရှိကြတယ်။ အဖမ်းခံစဉ်မှာတောင် ထောင်ထဲမှာ ဒုက္ခတွေစဉ်မှာတောင် မင်းတို့နဲ့တွေ့ရတဲ့အတွက် ကျေးဇူးတော် ချီးမွှမ်းခဲ့တယ်။

  ရှင်ပေါလု နဲ့ အကျဉ်းသား ၂၀၀ ကျော် မုန်တိုင်းကျမဲ့အချိန် ခရီးမသွားရန်ပြောသော်လည်း ရောမစစ်ဗိုလ်က စစ်အမိန့်အတိုင် တသွေမတိမ်းလိုက်နာခြင်းအားဖြင့် ပင်လယ်ခရီးထွက်ခဲ့တယ်။ ပြောတဲ့အတိုင်း မုန်တိုင်းခံရပြီး စစ်ဗိုလ်က အကျဉ်းသားအားလုံးကို သတ်ရန်လုပ်တဲ့အခါ ရှင်ပေါလုက တားမြစ်ခဲ့ပါတယ်။ မသတ်ဖြစ်ပဲ နီးရာကျွန်းကို ကပ်ပြီး ကျွန်ပေါ်က လူရိုင်းများနဲ့ တွေ့ခဲ့တယ်။ မီးလှုံစဉ် ရှင်ပေါလုကို မီးဖိုထင်းက မြွေကိုက်လိုက်လို့ အဆိပ်ပြင်းထန်တဲ့ မြွေကြောင်း မကြာခင် သေမယ်ထင်ခဲ့တယ်။ ကျေးဇူးတော်ကြောင့် မသေပါဘူး။ ကျွန်းသူကြီးရဲ့ ဖခင်ကို အသက်ကယ်တင် ဆုတောင်းပေးခဲ့ပြီး ပြန်ချိန်မှာ ကျွန်းသားများက ရိက္ခာအပြည့်တင်ပေး လိုက်ပို့ပေးခဲ့တဲ့အတွက် ကြွားမယ်ဆိုရင် တမန်တော်ရှင်ပေါလု တတိယအဆင့် ကောင်းကင်နိုင်ငံတော်ရောက်နေသလို ပြောနိုင်ပါတယ်။

   ဥက္ကလာဟိုးမားမှာ လွန်ခဲ့တဲ့ အနှစ် ၁၀၀ ကျော်လောက်က ဆရာကြီးတပါး အသင်းတော်တည်ရန် တာဝန်နဲ့ ရောက်လာခဲ့ပါတယ်။ ဘယ်သူနဲ့မှ အဆင်မပြေတဲ့ မုဆိုးမတဦးအိမ်ကို သွားရောက်လယ်ပတ်တဲ့အချိန်မှာ အိမ် တံခါးကိုခေါက်တော့ အဖွားကြီး ဖွင့်ပေးပါတယ်။ ပြီးတော့ "What do you want" .. လို့မေးတော့   "Just . . Visiting" . .   လို့ ဖြေလိုက်တယ်။  အဲဒီအမျိုးသမီးကြီးက "WHO ARE YOU ?!#" ဆိုပြီး မေးခွန်းထုတ်လိုက်တဲ့အခါ  ငါဟာသင်းအုပ်ဆရာ အသစ်ဖြစ်ကြောင်း၊ မင်းကို ၀ိညာဉ်ခွန်အားပေးဖို့ လာရကြောင်း၊ ကောင်းကောင်းမွန်မွန် ပြောပြရင်း   "မင်း ဘုရားသခင်ကို ယုံကြည်ပါသလား" လို့ မုဆိုမကြီးကို မေးလိုက်တယ်။ အဲဒီအခါ YES.. ဟုတ်ကဲ့လို့ ပြန်ဖြေရင် တဆက်ထဲ  "I curse the Lord" ဘုရားသခင်ကို ငါကျိန်ဆဲတယ်၊ ပြောရင်းကနေ တဆက်ထဲ သူ့ဒုက္ခတွေ မုဆိုးမကို ပြစ်ထားတဲ့ဘုရားသခင်၊ ကယ်မမဲ့လူမရှိတဲ့ ဘ၀အကြောင်း ဒုက္ခအမျိုးမျိုးကို လောကကို မကြေမနပ်နဲ့ ပြောတယ်။ ငြိမ်နားထောင်နေတဲ့ သင်းအုပ်ဆရာအသစ်ကို ထပ်ပြီး မေးလိုက်တာကတော့  "ငါ ရေးထားတဲ့ ကဗျာရှိတယ်၊ ဖတ်ကြည့်မလား"  ဆိုပဲ။ အေး .. ဖတ်တာပေါ့ ပြန်ပြောတော့ အခန်းထဲဝင်ပြီး ကဗျာစာရွက်ယူလာတယ်။ ကဗျာကလည်း စကတဲက အဆိုးနဲ့စတာ  ယောင်္ကျားသေဆုံးခြင်း၊ သားသမီးများ သေဆုံးခြင်း၊ ဘုရားက ငါ့ကို လစ်လျူထားခြင်း စုံနေအောင် ဖွဲ့နွဲ့ရေးထားတဲ့ မုဆိုးမရဲ့ မည်တမ်း ကဗျာပါပဲ။ ကျေးဇူးတော် ချီးမွမ်းတာတော့ မပါဘူး။

   ဆာလံ ၁၀၀ မှာ ရေးထားပါတယ်။ ဖန်ဆင်းရှင် ထာဝရဘုရားကို ချီးမွမ်းခြင်း၊ ဘုရားဟာ ဖန်ဆင်းရှင် Creator ဖြစ်ကြောင်း၊ ဂုဏ်တော်ချီးမွမ်းခြင်၊ နာမတော်ကို ကောင်းကြီးပေးကြ စသဖြင့် ချီးမွမ်းခြင်းများနဲ့ ခံစားရတဲ့ ကောင်းချီးမင်္ဂလာများကို ချီးမွမ်းရမဲ့အစား ဒုက္ခပြသနာတွေ ဖွဲ့နွဲ့စဉ်းစားနေတာကို ၀မ်းနည်းစွာတွေ့ရပါတယ်။  အဖွားကြီးက ချီးမွမ်းရမဲ့အစား Bitterness, Anger စတဲ့ ခါးသည်းမှု၊ ဒေါသ များကိုသာ စဉ်းစားနေတာကို နားထောင်ခဲ့ပြီး ပြန်လာခဲ့ရတယ်။

   နောက် နှစ်ပါတ်ကြာတော့ အဲဒီအဖွားကြီး သေဆုံးသွားလို့ တာဝန်ရှိသူတွေက ဆရာကြီးဆီလာပြီး "ခင်ဗျားကို သူ့ရဲ့ အသုဘပွဲမှာ တရားဟောပေးဖို့ စာနဲ့ရေးမှာထားတဲ့ ကြွရောက်ပါရန်"  လာပြောတယ်။ သွားပြီးတရားဟောတဲ့နေရာမှာလည်း အသုဘတရားပွဲမှာ ဆရာကြီးအပြင် နောက်တယောက်ထဲပဲရှိတယ်။ အဲဒီ တယောက်ထဲသူကလည်း ခေါင်းထဲမှာ လဲလျှောင်းနေတဲ့ မုဆိုးမ အဖွားကြီးရဲ့ အသက်မဲ့ ခန္တာကိုယ်ပါပဲ .. တဲ့။

  ရှင်လုကာ ၁၇ မှာလည်း သခင်ယေရှုက အနူရောဂါသည် ၁၀ ဦးကို နာမတော်အားဖြင့် ပကတိ ပျောက်ကင်းစေလိုက်တယ်။ (ယေရှုခေတ်ကာလက အနူရောဂါဆိုတာ အခုခေတ် AIDS လိုသဘောထားပါတယ်။ အယ်ဒီတာ) ။ အားလုံး ပျော်ရွှင် ခုန်ပေါက် မြူတူး ပြေးလွား ပျောက်သွားကြတယ်။  တယောက်ထဲသောသူက ယေရှုဆီကို ပြန်လာပြီး ကျေးဇူးတော်ကို ချီးမွမ်းတယ်။  ယေရှုက "ကိုးယောက်သောသူတို့သည် အဘယ်မှာ ရှိကြသနည်း"  လို့ ပြန်မေးခဲ့တယ်။

   ကျွန်တော်တို့ဟာ အလုပ်ရ၊ လစာတိုး၊ အဆင်ပြေနေတဲ့ အချိန်မှာ ကျေးဇူးတော်ချီးမွမ်းတာ ကောင်းပါတယ်။ ဒုက္ခရောက်၊ အလုပ်ပြုတ်၊ ဖျားနာ၊ ဆေးရုံတက်၊ အဆင်မပြေတဲ့အချိန်တွေမှာ ကျေးဇူးတော်ကို ချီးမွမ်းနိုင်ဘို့ အင်မတန်ခဲယဉ်းပါတယ်။ ရှင်ပေါလုလို အံ့သြစရာကောင်းတဲ့ နာမတော်ကို ချီးမွမ်းနိုင်သူများကို ဘုရားသခင်က ပိုမို နှစ်သက်ပါတယ်။

   ကျွန်တော်တို့ အားလုံး မတ်တပ်ထပြီး ဘုရားသခင်နှစ်သက်တဲ့ ချီမွမ်းခြင်းကို အတူ ၃ခါ အော်ဟစ်ကြရအောင်  ဟုတိုက်တွန်းနိုးဆော်လိုက်ပါတယ်။   တက်ရောက်လာသူအားလုံး ဘုရားသခင်ကို  Thank You Jah..     Thank You Jah      Thank You Jah  ၃ခါ ဟစ်ကြွေးချီးမွမ်းခဲ့ကြပါသည်။  (Jah ဆိုသည်မှာ ဘုရားသခင်ကို ဟစ်အော်ချီးမွမ်းသာ  ဟာလေလုယ  Hallelujah  အတိုကောက်ဖြစ်သည်။ )
 

ဒေးလီစီးတီး မြန်မာအသင်းတော် BCFF
 (၁ ဒီဇင်ဘာ - ၂၀၀၈)
Internet Blog: http://bcffbayarea.blogspot.com/

 

ဆရာဦးမြအေး နှင့် သူ၏ဇနီးသည် ဒေါ်ခရစ်စတင်း တို့ အနှစ်၄၀မြောက် မင်္ဂလာ ကျေးဇူးတော်ချီမွမ်းခြင်းကို ယခင်လက ပြုလုပ်ခဲ့ပါသည်။ ဓါတ်ပုံ မီဒီယာ သတင်း Click Here

 

   
www.BurmeseBible.com


 


This Month
PDF Download





 


Bangkok - 2008

 


Rev. Augustus

 


Tokyo Kachin Baptist
Church

Rev. Yojong Yaw  Han

 


Judson (Singapore)

 


Karen KBCS

Singapore



Hakka Myanmar
Singapore

 


Myanmar Baptist Church
 NewYork


First Burmese Baptist Church
San Francisco

 


San Jose Burmese Church

www.bccsv.org

 


Oakland Burmese Church

 


Calvary Baptist Church
Bangkok

 


MCA , Thailand 

Myanmar Christian Assembly