၂၄- မေ - ၂၀၀၈
မုန်တိုင်းအကူ ရံပုံငွေ ဈေးရောင်းပွဲ နှင့် ဂီတပွဲ San Francisco

  ဆန်ဖရန်စစ္စကိုမြို့ ရောက် မြန်မာလူငယ်များ မုန်တိုင်းကယ်ဆယ်ရေးအတွက် ရံပုံငွေရှာတဲ့အနေတဲ့ ဈေးရောင်းပွဲ နဲ့ ဂီတပွဲကို မေလ-၂၄ ရက် (စနေ နေ့ ၃ နာရီကနေ ည၈နာရီအထိ) ကျင်ပခဲ့ပါတယ်။  Oakland Burmese Church www.obmbc-ca.org မှ ခရစ်ယန်လူငယ်များနဲ့  ဆရာ Rev. L လွန်းဝါ တို့ စည်းရုံးလုပ်ဆောင်ကြပါတယ်။ ဆရာ L.လွန်းဝါ ဟာ စင်ကာပူ Far Eastern Bible Colleage မှာ ၄ နှစ် (1991-95) ကျောင်းတက်ခဲ့ဖူးပြီး အမေရိကန်မှာ မာစတာဘွဲ့ ဆက်လက်ဆည်းပူးခဲ့သူဖြစ်ပါတယ်။ ယခင်အပတ်ကလည်း First Burmese Baptist Church  www.fbbcsf.org မှ အသင်းတော်နဲ့  ဆရာ Rev. Dr. လတ်ရီရှဲ တို့ လည်း Cyclone Relief Fund Raising လုပ်ခဲ့ကြပါတယ်။ FBBC အနေနဲ့  မြန်မာပြည် နှစ်ခြင်းအသင်းအပါအ၀င် ကယ်ဆယ်ရေးလုပ်ဆောင်သူများအတွက် ငွေများပို့ ပေးပြီး  မြန်မာပြည်ပြန် ကယ်ဆယ်ရေးသွားရောက်ကြည့်ရှုမဲ့ မြန်မာ၇ယောက် ဗီဇာရရှိထားပြီး၊ လာမဲ့ May-28,29 မှာ ရန်ကုန်သွားရောက်မယ်သိရပါတယ်။ အခြားအသင်းတော်များလည်း အလားတူ အလှူငွေရှာဖွေ ပေးပို့ ရုံမက အသင်းတော်ကိုယ်စားပြု လုပ်အားပေးများ လွှတ်ရေးအတွက် ကြိုးစားနေတယ် သိရပါတယ်။


ဓါတ်ပုံသတင်းဖြစ်ပါတယ်။

   ကိုးရီးယားများရဲ့ New Life Church က ရံပုံငွေပွဲအတွက် နေရာအသုံးပြုခွင့်ပေးခဲ့ပါတယ်။


လူငယ်ကလေးများက လမ်းအ၀င်မှာ Bill Boards များနဲ့ ၊ တီရှပ်များ ၀တ်ဆင်ကာ လမ်းပြဆိုင်းဘုတ်နဲ့ ဧည့်သည်ကားများကို ကြိုဆိုနေကြပါတယ်။

 


အ၀င်ပေါက်မှာ ဧည့်ကြိုလုပ်သူ လူငယ်များ



သမီးပါလာသူများအတွက် ကလေးကစားကွင်း
 


အစားအသောက်များ ၀ယ်ယူစားသောက်ရင်း ဂီတပွဲအတွက် ထိုင်ခုံများ ခင်းကျင်းမှု


ရံပုံငွေ ဂီတပွဲကြည့်လက်မှတ် $20 donation, တီရှပ်တထည် $15 donation၊ လုပ်အားပေးရောင်းချနေတဲ့ လူငယ်များ။ ဂီတပွဲက အဆိုတော် မီမီဝင်းဖေ၊ ထွန်းထွန်း၊ညီပုလေး၊ဖိုးပန် တို့ နဲ့  ဆန်ဖရန်စစ္စကိုမှ ဂီတပညာသည်များ တီးခတ်ကြပါတယ်။


ဂီတပွဲကြည့်ရန် စားသောက်ရင်းစောင့်နေသူများ



မုန့် ဟင်းခါး၊ အုန်းနို့ ခေါက်ဆွဲ၊ မုန်တီ နဲ့  အအေးဆိုင် တန်းစီဝယ်စားသူများ၊ အလှူငွေ တပွဲ $5.00

 


ကြာဇံ၊ စမူစာ၊ အသုတ်စုံ ရောင်းချလုပ်အားပေးနေသူများ



ထမင်းဟင်း၊ အမဲသား၊ အာလူးဟင်း၊ မျစ်ချဉ်၊ လဘက်သုတ်၊ ကောဖီ၊ လဘက်ရည်၊ ပေါက်ဆီ




တိုဟူးသုတ်၊ ကိုးရီးယားခေါက်ဆွဲ၊ ဖွာလူဒါ၊ ရေခဲသုတ် - ငါ့ကိုဝယ်ကျွေးပါဦးဟယ် ဆိုပဲ၊


အကြော်စုံ၊ အသုတ်စုံ၊ ဆလပ် အသီး၊ အရွက်များ နဲ့  အအေးမျိုးစုံ ရံပုံငွေလှူဒါန်းပွဲပါ



အော်ဒီယို၊ ဗွီဒီယို အဖွဲက အသင့်ဖြစ်နေပြီ၊ တီးမှုတ်ဖြေဖျော်သူများ စင်ပေါ် ပြင်ဆင်နေပါပြီ

 


တေးဆိုသူ မချောလေး နဲ့  ဂစ်တာ၊ကီးဘုတ်၊ ဒရမ်တီးသူများ စတင်သီဆိုေ ချီးမွမ်းပါပြီ

 


ဆရာ Rev. လွန်းဝါ လာရောက်အားပေးသူများ၊ လှူဒါန်းသူများကို ကျေးဇူးတင်စကားပြောခြင်း။



2 minutes - Google Video,  Fund Raising Music and Group Soung

 


အဆိုကျော် မီမီဝင်ဖေ နဲ့  ညီပုလေး၊ ဖိုးပန် တို့  Group Music အားရပါရ သီဆိုချီမွမ်းပါတယ်။



ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုကျော် ဗဒင် သီဆိုခဲ့တဲ့  “နေရာ” သီချင်းကို သီဆိုနေတဲ့ မီမီဝင်ဖေ
တီးဝိုင်းက ဂီတပညာရှင်များဟာ ဗလကောင်းကြတဲ့အတွက် ကျွန်မသီချင်းဆိုရတာ အားငယ်သလိုဖြစ်မိပါတယ်။ ဗလကောင်း ခန္တာကိုယ်ထွားကြိုင်းကြပေမဲ့ သူတို့ နှလုံးသားကတော့ အားငယ်တတ်ပါတယ်လို့ ။ ပြင်ဆင်ချိန်သိပ်မရတဲ့အတွက် တီးဝိုင်းနဲ့ အဆင်ပြေမဲ့ သီချင်းလေးများကို ရွေးချယ်သီဆိုပါမယ်၊
 

မြန်မာပြည်မှ မုန်တိုင်းဒါဏ်ကြောင့် လူ ၁သိန်းကျော်သေဆုံးပြီး ၂သန်းကျော် အိုးအိမ်မဲ့ ဒုက္ခသယ်များအတွက် လှူဒါန်းပါဝင်၊ ဆည်းကပ်သူအားလုံးကို ဘုရားသခင်ကောင်းချီးပေးပါစေ။ နေ့ စွဲ ၂၄-မေ-၂၀၀၈ (စနေ) New Life Church, 4130 Technology Dr,  Freemont CA 94538.  Time 3 to 8:30pm



Oakland Burmese Church

   အမေရိကန်ရောက် မြန်မာများမှာ အရှေ့ တောင်အာရှ မြန်မာများကဲ့သို့  မြန်မာအစာ အလွယ်တကူ ၀ယ်စားနိုင်သော ဆိုင်များ ရှားပါးပါသည်။ ရောင်းသူရှိပြီး ၀ယ်စားရလျင်လဲ ကိုယ့်ဖာသာ ချက်သလောက် သိပ်မကောင်းသည့်အပြင် ဈေးလည်းကြီးပါသည်။ ထို့ ကြောင့် စေတနာနှင့်ချက်ရောင်းသော ဈေးရောင်းပွဲများမှ မြန်မာအစာများကို ၀ယ်ယူအားပေး စားသောက်ခွင့် ရခြင်၊ တဦးနှင့်တဦး သိပ်မတွေ့ ရသူများ ဈေးရောင်းပွဲများတွင် တွေ့ ဆုံစားသောက်နိုင်ခြင်းအကျိုးကျေးဇူးကြောင့် Food Fair - Fund Raising များစွာ လုပ်ဆောင် နိုင်ခြင်းသည် မိတ်သဟာရပြုခြင်းပင်ဖြစ်သည်။
 


အမေရိကန်အရှေ့ ပိုင် မေရီလင်းပြည်နယ်၊ ၀ါရှင်တန်၊ ဘာတီမိုးမြို့ အနီး ဂျွန်လ ၇ ရက်နေ့ တွင် Fund Fair ကြော်ငြာစာရရှိပါသည်။  Washinton Burmese Food Fair,  Mid-County Hwy, Germantown, MD 10876  Contact Rev. Saw Ler Htoo 703 403 4385.

 

Burmese Christian Links - Click Here

Myanmar Audio Semons        

   
www.BurmeseBible.com

 








 


 


Bangkok - 2008

 


Rev. Augustus

 


Tokyo Kachin Baptist
Church

Rev. Yojong Yaw  Han

 


Judson (Singapore)

 


Karen KBCS




Hakka Myanmar
Singapore

 


Myanmar Baptist Church
 NewYork


First Burmese Baptist Church
San Francisco

 


San Jose Burmese Church

www.bccsv.org

 


Oakland Burmese Church

 


Calvary Baptist Church
Bangkok

 


MCA , Thailand 

Myanmar Christian Assembly