|
13-Oct-2010
အင်တာနက်အများဆုံးသုံးတာကတော့
Internet Explore, Firefox ပြီးရင် Google Chrome ဖြစ်ကြပါတယ်။
မြန်မာစာလုံးဖတ်ရန်၊ ရိုက်ရန် UNOBUSA ကိုလေ့လာကြည့်ပါ။
http://unobusa.org/2009/11/12/zawgyi-font-and-firefox-browser/
မြန်မာစာ Type Tutor လေ့ကျင့်ဖို့လည်း ကိုကျော်မြင့်ဦး
http://kokyawmyintoo.blogspot.com/2008/01/english-myanmar-typing-totur.html
Google Chrome
သုံးပြီးကျမ်းစာဖတ်ရန်
မြန်မာကျမ်းစာကို ၀င်းဘားမိစ် နဲ့ ဇော်ဂျီ နှစ်မျိုးသုံးပြီး
အင်တာနက်စာမျက်နှာဖန်တီးခဲ့သော်လည်း Resources
ရုပ်ဝတ္တုအင်အားမရှိတဲ့အတွက် များပြားစွာသော ချို့ယွင်းချက်များကို
တွေ့ရမှာဖြစ်ပါတယ်။ မကြာခင်မှာ မြန်မာဘာသာကျမ်းစာများစွာ
အင်တာနက်မှာရရှိလာပါမယ်။ လောလောဆယ်တော့...
မြန်မာဖောင့်၂ခုစလုံးမှာ အားသာချက်၊ အားနည်းချက်တွေရှိပါတယ်။
တချို့ကွန်ပြူတာတွေမှာ ၀င်းဘားမိစ် သုံးရင် (ဥပမာ BurmeseBible Hymn
ဓမ္မသီချင်းဆိုရင် ပေါက်ကရ အင်္ဂလိပ်အက္ခရာတွေပဲမြင်ရပါတယ်။ ဒီပြဿနာကို
ရှင်းဖို့ Google Chrome ကိုအသုံးပြုခြင်းဟာ Microsoft Internet
Explore ထက်ပို အဆင်ပြေတာ တွေ့ရပါတယ်။
ဘယ်လိုသုံးမလဲ
၁။ Google Chrome ကို အင်တာနက်က ဒေါင်းလုပ်ပါ
၂။ ဂူဂယ်ခရုမ်း ကိုဖွင့်ကြည့်ရင် ညာဘက်ထိပ်ဒေါင့်မှာ Control Icon
ကို Right Click နှိပ်ပြီး
Option ကိုသွားပါ။
Under Option -> Under the Hood -> Change font and language settings
-> Change all the original fonts to zawgyi-one, then Default
Encoding to Unicode(UTF-8).
ဒါလောက်ပါပဲ၊ အဆင်ပြေပါစေ။
သြော် .. ဒါနဲ့ တစ်ချို့ ရုံးသုံးကွန်ပြူတာ၊ အင်တာနက်ကဖေးကွန်ပြူတာတွေက
ဖောင့်ထည့်သွင်းခြင်းကို Security Reason အရ လက်မခံပါဘူး။
ဘာမှမတတ်နိုင်ပါဘူး၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ကြည့်ရမှာပါ။
အခုရေးထားတာက မိမိကိုယ်ပိုင် ကွန်ပြူတာအတွက်ဖြစ်ပါတယ်။ အီးမေးမှာ
လေးထောင့်လုံးတွေပဲတွေ့နေရတယ်ဆိုရင်
zerf-EW
installer ကိုနှိပ်ပြီး
Install လုပ်ကြည့်ပါ။
၁- ဇွန်လ - ၂၀၀၈
မြန်မာစာ ဖေါင့် ရွေးချယ်ခြင်း
ဇော်ဂျီ ဖောင့် (Zawgyi Font) သည် ယခုခေတ် ပြည်တွင်းနှင့် ပြည်ပ
မြန်မာလူငယ် အင်တာနက် ၀က်ဆိုက်များ၊ ဘလောက်များ၊ အီးမေး၊ ဂျီတော့ခ်၊
စကိုက် စသည်တို့တွင် ကျယ်ပြန့်စွာအသုံးချနေပါသည်။ မြန်မာကျမ်းစာအသင်း
ဝက်ဆိုက် www.myanmarbible.com
တွင် ယူနီကုတ် ပိတောက် Padauk Font ကိုအသုံးပြုထားပါသည်။ စာရိုက်ရာတွင်
ကျမ်းစာနှင့်ပတ်သတ်ပါက ၀င်းရီဆပ်ခ်ျ Win_research Font နှင့်
ဝင်းဘားမိစ် ဖေါင့် (win_burmese font) ကိုအသုံးပြုထားပါသည်။
BurmeseBible.org တွင် စတင်ခဲ့စဉ်က မြန်မာပြည်တွင်းတွင်
အင်တာနက် သုံးခွင့်သိပ်မရသေးပါ။ ထို့ကြောင့် ပြည်ပရောက်မြန်မာများ
အများဆုံးအသုံးပြုသော Win_Innwa, Win_Burmese, Win_researcher,
Win_Mynmar စသဖြင့် ဖောင့်များစွာအနက် ၀င်းဘားမိစ် Win_burmese
ကိုအသုံးပြုခဲ့ပါသည်။ မြန်မာပြည်တွင်းတွင် Win_Innwa ကိုကျယ်ပြန့်စွာ
သုံးစွဲနေကြသော်လည်း ပြည်ပ အင်တာနက်လွယ်ကူစွာ သုံးနိုင်သော
ပြည်ပမြန်မာများကို ဦးတည်ကာ Win_burmese Font အသုံးပြုရန်
ရွေးချယ်ခဲ့ပါသည်။ Font Converters များ အလွယ်တကူရရှိသောကြောင့်လည်း
ကိုယ်နှစ်သက်သော ဖောင့်ကို အနာဂါတ်တွင် ပြောင်းသုံးရန်ဖြစ်ပါသည်။
ယခုအခါ အင်တာနက်သည် ပြည်ပမြန်မာများအတွက်ပဲ မဟုတ်တော့ပါ။
ပြည်တွင်းမြန်မာ အထူးသဖြင့် လူငယ်များလည်း တွင်ကျယ်စွာအသုံးပြုနေပါပြီ။
နယ်မြို့များ ပုသိပ်၊ ဟင်္သာတ၊ မြောင်းမြ၊ မုံရွာ၊ မကွေး၊ မြစ်ကြီးနား
စသဖြင့် နယ်များတိုင်အောင် အင်တာနက် ရရှိနေပြီ သိရသည်။
ရုံးသုံးမြန်မာဖောင့်မှာ Win_Innwa, Win_Myanmar စသဖြင့်
တွင်ကျယ်စွာအသုံးပြုနေသော်လည်း အင်တာနက်တွင် ယူနီကုတ် ဖောင့်များ
အထူးရေပန်းစားလာပါသည်။ ပြည်တွင်း၊ ပြည်ပ မြန်မာလူငယ်များ အင်တာနက်
ဘလောက်များစွာ တည်ဆောက်၊တင်ပြလာခြင်းသည် ၂၀၀၇ နှစ်တွင်
အထူးတိုးတက်လာသည်နှင့်အမျှ စာရိုက်ရာတွင် အလွယ်ကူဆုံး Keyboard
System ဖြစ်သော ဇော်ဂျီဖောင့် Zawgyi Font သည် တဟုန်ထိုး
နာမည်ကျော်ကြားလာခဲ့သည်။ ဇော်ဂျီဖောင့် တီထွင်သော မြန်မာလူငယ် ၅ ဦး
zawgyi.net ကိုအထူး ဂုဏ်ပြုပါသည်။ သူတို့သည် မြန်မာများအတွက်
အမြက်အစွန်းအဓိကမထား ရည်ရွယ်သူများဖြစ်ပုံရပါသည်။
ဇော်ဂျီဖောင့်မှာ အင်တာနက်လူငယ်များအတွက် ၂၀၀၈ တွင် တော်တော် ပေါ်ပြူလာ
ဖြစ်လာပါသည်။ သခင်ယေရှုအကြောင်းကို ကောင်းကောင်းမသိသေးသော တိုးတက်သည့်
မြန်မာလူငယ်များကို သက်သေခံချက်များ အင်တာနက်မှတဆင့်
ဖတ်ရှုနားလည်စေရန်မှာ သူတို့အသုံးပြုသော ဇော်ဂျီဖောင့်ကို အသုံးပြုသည့်
အင်တာနက် ၀က်ဆိုက်၊ ဘလောက်များ ဖန်တီးပြီး ဖြန့်ဝေရန်ဖြစ်ပါသည်။
ဘုရားသခင် အလိုတော်ရှိပါက ဇော်ဂျီဖောင့် မြန်မာကျမ်းစာကို အင်္ဂလိပ်၊
မြန်မာ ၂ ဘာသာဖြင့် အချိန်တိုတိုတွင် ပြီးစီးနိုင်ပါသည်။
ဆုတောင်းပေးခြင်းဖြင့် အလိုတော်ကို လိုက်လျှောက်ပြီး၊
ကိုးစားလုပ်ဆောင်သွားရန်ဖြစ်ပါသည်။
မြန်မာ၊အင်္ဂလိပ် ၂ ဘာသာ ယှဉ်တွဲရေးသားခြင်းကို အင်္ဂလိပ်စာ
အထူးလေ့လာလိုက်စားလိုသူ မြန်မာများ၊ မြန်မာစာ အထူးလေ့လာ လိုက်စားလိုသူ
နိုင်ငံခြားမှာကြီးပြင်းသော မြန်မာလူငယ်များ အတွက် ရည်ရွယ်ပါသည်။
ဂျပ်ဆပ်ကျမ်းစာသည် မြန်မာ့စာပေသမိုင်းတွင်လည်း ယခုတိုင်အောင်
မြန်မာရှိတ်စပီးယား ၀တ္တုကြီးကဲ့သို့ Burmese Literature
အဖြစ်ထင်ရှားနေသည်မှာ နှစ်၂၀၀ ရှိပြီဖြစ်သည်။ အင်္ဂလိပ်စာ
အထူးလေ့လာလိုသူများသည် ဂျပ်ဆန်မြန်မာကျမ်းစာကို လက်ကိုင်ပြုရပါသည်။
ထို့ကြောင့် မြန်မာ-အင်္ဂလိပ် ၂ဘာသာဖြင့် တင်ပြလိုခြင်းဖြစ်သည်။
BurmeseBible.org တွင် ၀င်းဘားမိစ် ကိုသာ သုံးထားပါသည်။
မိတ်ဆွေများ Cut and Paste နည်းဖြင့် ကျမ်းပိုဒ်များ၊
ဓမ္မသီချင်းများကို လွတ်လပ်စွာ သုံးစွဲနိုင်စေရန် ရည်ရွယ်ပါသည်။
ဇော်ဂျီစာလုံးစနစ်သည် အင်တာနက်တွင် ကြည့်ရှုရန်နှင့် စာရိုက်နှိပ်ရန်
အင်မတန်ကောင်းလှသော်လည်း ယူနီကုတ်အပြည့်အ၀ မဖြစ်သေးပါ။ Printing
Problem များစွာရှိနေပါသည်။ ဥမာ “အ” စာလုံးကို Print out တွင်
“A” အဖြစ် ထွက်လာခြင်းကဲ့သို့ အခက်အခဲများ ရှိနေဆဲပင်ဖြစ်သည်။ မကြာမီ
အဆင်ပြေသွားမည် မျှော်လင့်ပါသည်။
Win_Burmese, Zawgyi ဒေါင်းလုပ် လုပ်ရန်နှင့် ကီးဘုတ်စနစ် ပုံစံများ
Installation Procedure အကျှဉ်းချုံးရေးထားပါသည်။ အသေးစိပ်ကို
www.monywa.org/fonts
မှတဆင့် ရယူကြပါ။
Alternately, you can search by "myanmar traditional song" at
google.com
Download ZawGyi Font to be able to read in burmese
After Install the Zawgyi Fonts, you will not see other fonts eg. Win
Burmese..
Then, need to follow instruction..
Tool --> Internet Option
Click General tag / Accessibility --> tick "Ignore font
styles specified on webpages"

--- End ---
Burmese Christian
Links - Click Here
Myanmar Audio Semons

www.BurmeseBible.com
|







Bangkok - 2008

Rev. Augustus

Tokyo Kachin Baptist
Church
Rev. Yojong Yaw Han

Judson (Singapore)

Karen KBCS

Hakka Myanmar
Singapore

Myanmar Baptist Church
NewYork

First
Burmese Baptist Church
San Francisco

San Jose
Burmese Church
www.bccsv.org

Oakland Burmese Church

Calvary Baptist Church
Bangkok

MCA , Thailand
Myanmar Christian Assembly |