|
13-Nov-2010
အင်တာနက်အများဆုံးသုံးတာကတော့ Internet Explore, Firefox ပြီးရင်
Google Chrome ဖြစ်ကြပါတယ်။
မြန်မာစာလုံးဖတ်ရန်၊ ရိုက်ရန် UNOBUSA ကိုလေ့လာကြည့်ပါ။
http://unobusa.org/2009/11/12/zawgyi-font-and-firefox-browser/
မြန်မာစာ Type Tutor လေ့ကျင့်ဖို့လည်း ကိုကျော်မြင့်ဦး
http://kokyawmyintoo.blogspot.com/2008/01/english-myanmar-typing-totur.html




After installation of Zawgyi
font, click here to see (If
you see square boxes, need to restart computer).
Download ZawGyi Font to be able to read in burmese
After Install the Zawgyi Fonts, you will not see other fonts eg. Win
Burmese..
Then, need to follow instruction..
Tool --> Internet Option
Click General tag / Accessibility --> tick "Ignore font
styles specified on webpages"

--- End ---
Update Oct 2008
မြန်မာစာ ကျမ်းစာ (ဂျပ်ဆင်) ကို အင်တာနက် မြန်မာစာမျက်နှာ နဲ့
ဘလောက်များမှာ အများဆုံး အသုံးပြုနေတဲ့ ဇော်ဂျီဖောင့်နဲ့ New Version
ပြင်ဆင်ထားပါတယ်။ ကနောင်မင်းသားအဖွဲ့ Converter ရဲ့ အကူအညီကြောင့်
လျှင်မြန်မာစွာ ပြီးစီးသွားခြင်းဖြစ်ပါတယ်။ အီးအိုတီ Zawgyi eot
နည်းစနစ်နဲ့ Window XP, Vistor ကွန်ပြူတာများမှာ
မြန်မာဖောင့်ရှိစရာမလိုပဲ တိုက်ရိုက်ကြည့်နိုင်ပါပြီ။ ဘလောက်ဂါး
များအတွက် ရန်အောင်လမ်းညွှန်ချက်နဲ့ ရဲ့ မိုက်ကရိုဆော့ပ် Weft Open Tool
ကိုအသုံးပြုထားပါတယ်။ ငွေကြေးအချိန် အနည်းဆုံးနဲ့
လုပ်ဆောင်နိုင်ခြင်းအတွက် ဘုရားသခင်ကျေးဇူးတော်ဖြစ်ပါတယ်။ Burmese
Bible ကျမ်းစာအတွက် ကူညီရိုက်နှိပ်၊ ပရုဖတ်ပေးတဲ့ မြန်မာပြည်မှ
ကိုတူးဂျာ၊ ဆရာဇော်သူလင်း၊ မနန္တာ၊ မမီမီချို တို့နဲ့အတူ
ကူညီအားပေးကြတဲ့ စင်ကာပူယုဒဿန် အသင်းတော်၊
ဘန်ကောက် အမ်စီအေအသင်းတော် များနဲ့ ကချင်တူဒေးယူအက်စ်အေ သတင်းအဖွဲ့ကို
ဘုရားသခင် ထာဝရကောင်းကြီးပေးပါစေ။
မကြာခင်အချိန်အတွင်းမှာ မြန်မာ၊အင်္ဂလိပ် ၂ဘာသာ ကျမ်းစာလေ့လာသူများအတွက်
ဇော်ဂျီဖောင့်ကိုပဲအသုံးပြုတဲ့ အင်တာနက်စာမျက်နှာ Full Release
လုပ်ရန်ရှိပါတယ်။ Test Website (Burglish)ကိုတော့
www.burmesebible.com/buglish မှာလေ့လာနိုင်ပါတယ်။
မြန်မာနိုင်ငံကျမ်းစာအသင်းကြီးရဲ့ လူမျိုးစု ကျမ်းစာများစွာကို
အွန်လိုင်း
www.myanmarbible.com မှာရနိုင်ပါတယ်။ အထူးသဖြင့်
မြန်မာစာလုံးဖောင့်ကို ပိတောက် နည်းစနစ်ကို အသုံးပြုထားပါတယ်။
ပိတောက်ဖောင့်ဟာ မြန်မာစာလုံး သမ္မာကျမ်းစာအတွက်
အထူးဖန်တီးပေးထားခြင်းဖြစ်ပုံရပါတယ်။ ကနောင် ဖောင့်ကွန်ဘတ်တာ မှာလည်း
ပိတောက်ဖောင့် ထည့်သွင်းဖေါ်ပြထားပါတယ်။ ယူနီကုတ်စနစ်ကို
မြန်မာလူမျိုးစုအားလုံးအတွက် မြန်မာပြည်အစိုးရက လုပ်ဆောင်နေသော်လည်း
တဦးချင်းလုပ်ဆောင်မှုများက အင်တာနက်လောကမှာ အစွမ်းထက်နေဆဲပါပဲ။
မြန်မာ့ယူနီကုတ်အတွက် ဆန်ဟိုစေးယူနီကုတ်ကွန်ဖရင် (စက်တင်ဘာ ၂၀၀၈) မှာ
တဦးချင်းအနေနဲ့ မြန်မာပြည်က
ကိုဝဏ္ဍ လာရောက်တင်ပြသွားခဲ့ပါတယ်။
မြန်မာလူငယ်များအားလုံးကို လေးစားလျှက် မြန်မာစာနဲ့ အတတ်ပညာ၊
အသိပညာများ ဖြန့်ဖြူးပေးနေတဲ့ Wikipedia အယ်ဒီတာအဖွဲ့များကိုလည်း
ကျေးဇူးတင်ပါတယ်။
မြန်မာစာ အင်တာနက်စနစ် မကြာခင်မှာ
ကျယ်ပြန့်စွာ အသုံးပြုလာရေး ကြိုးစားပေးတဲ့ လူငယ်မျိုးဆက် အားလုံးကို
ဂုဏ်ပြုလိုက်ပါတယ်။
အွန်လိုင်း မြန်မာကျမ်းစာအတွက် လုပ်ဆောင်၊နှီးနှောပေးတဲ့
MyanmarBible.com နဲ့ MyanmarBible.net ၀က်မာစတာများကိုလည်း
BurmeseBible မှ ကျေးဇူးတင်ကြောင်း၊ သူတို့အဖွဲ့အစည်းများရဲ့ Online
Bible .. Audio, Video .. media လုပ်ငန်းများကိုလည်း ဘုရားသခင် ဆက်လက်
ကောင်းကြီးပေးပါစေ။
ကမ္ဘာအနှံ့ လွင့်ပြားရောက်သွားကြတဲ့ မြန်မာများ BurmeseBible
ဖတ်ရှုတဲ့မြေပုံကို ကြည့်ရှုကောက်ချက်ချရမယ်ဆိုရင် အမေရိကန်မြန်မာများ
အများဆုံးဖြစ်ပါတယ်။ ဥရောပတ၀ိုက်မှာလည်း အများဆုံးတွေ့ရပေပါတယ်။
စင်ကာပူက ဒုတိယအများဆုံး ကြည့်ရှုကြတယ်။ မြန်မာ၊ ထိုင်း၊ မလေးရှား
နိုင်ငံတွေက သိပ်မကြည့်နိင်တာကတော့ အင်တာနက်ကြည့်ဖို့
အချိန်မရတာတကြောင်း၊ အင်တာနက်နဲ့ဝေးနေတာကြောင့်တကြောင်း။ သူတို့မှာ
Cell Group Fellowship နဲ့
များပြားတဲ့မြန်မာအသိုင်းအ၀ိုင်းရှိတာကြောင့် ဖြစ်နိုင်ပါတယ်။
အမေရိကားရောက် မြန်မာများကတော့ အင်တနက် လူတိုင်းအလွယ်တကူရပြီး၊
အားလပ်ချိန်လည်းပေါတဲ့အပြင် ကျယ်ပြန့်လှတဲ့ အမေရိကားမှာ
မြန်မာအသိုင်းအ၀ိုင်းအနီးကပ် Cell Group အားနည်းပုံရပါတယ်။
အမေရိကားကတော့ အင်အားကြီး၊ ချမ်းသာတဲ့နိုင်ငံဖြစ်တော့ In God We Trust
ကနေ မလွဲမဖယ်ပဲ ရှောက်သွားပါစေ ဆုတောင်းနေရပါတယ်။ ဘာပဲဖြစ်ဖြစ်
အင်တာနက်က Gospel Music, Gospel Video, Audio တွေများစွာရှိနေတော့
ဘုရားနဲ့နီးစေခြင်းဟာ ခေတ်သစ် Mission ဖြစ်ပါတယ်။
မြန်မာနိုင်ငံကျမ်းစာအသင်းကြီးအတွက် အင်တာနက်
www.myanmarbible.com တာဝန်ခံ Denial & Levi တို့
မြန်မာပြည် နာဂစ်ဆိုင်ကလုန်းအတွက် ၃လတာ သွားရောက် အမှုတော်ဆောင်ခရီး
မြန်မာပြည်မှာ ၁၁လ သမီးငယ် ဖျားနာပြီး ခေါ်တော်မူခြင်းကို
ခံရပါတယ်။ သမီးငယ်လေးရဲ့ "ဧမာနွေလ" နာမည်ကို
ပြန်လည်တည်ဆောက်နေဆဲရွာအချို့ရဲ့ လမ်းအမည်အဖြစ်
ဂုဏ်ပြုခေါ်ဝေါ်စေခြင်းအားဖြင့် ဘုန်းတော် ထင်ရှားစေပါတယ်။
ယေရှုခရစ်အားဖြင့် ကမ္ဘာအဆက်ဆက်
ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ (ရောမ ၁၆း၂၇)

မြန်မာများ ကမ္ဘာအနှံ့ ရောက်ရှိနေသောမြေပုံ (Online Bible
လာရောက်ကြည့်သူ IP address)
www.BurmeseBible.org
Oct 2008
Burmese Christian
Links - Click Here
Myanmar Audio Semons

www.BurmeseBible.com
|







Bangkok - 2008

Rev. Augustus

Tokyo Kachin Baptist
Church
Rev. Yojong Yaw Han

Judson (Singapore)

Karen KBCS

Hakka Myanmar
Singapore

Myanmar Baptist Church
NewYork

First
Burmese Baptist Church
San Francisco

San Jose
Burmese Church
www.bccsv.org

Oakland Burmese Church

Calvary Baptist Church
Bangkok

MCA , Thailand
Myanmar Christian Assembly |