|
၂၀- ဇွန် - ၂၀၀၈
သက်စမ်းရေ (ခရစ်ယန်တို့၏
ယုံကြည်ချက်)
ကျွန်တော်တို့ ပတ်ဝတ်ကျင်မှာ
အသံအများကြီးရှိပါတယ်။ သာယာသံ၊ ဆူညံသံ များနဲ့အတူ
ဘုရားခေါ်သံလည်းရှိပါတယ်။ အာရုံစိုက် ကြားတတ်ရန်လိုပါတယ်။
ဧ၀ံဂေလိတရားနဲ့ ခေါ်နေတဲ့ ၀မ်းမြောက်ဖွယ်သတင်းစကားကို ကြားရဖို့
အရေးကြီးပါတယ်။
ဘာအကြောင်းလဲ ဆိုတော့
ဘုရားရှိတော်မူခြင်း နဲ့ ဘုရားဖြစ်တော်မူခြင်းအကြောင်းပါ။
ရှိသလားဆိုတာကို လက်၊မျက်စိနဲ့ မစမ်းနိုင်၊ မမြင်နိုင်၊ နားနဲ့လည်း
မကြားနိုင်ပါဘူး။ သို့သော် ဘုရားရှိကြောင်း သက်သေပြနိုင်ပါတယ်။
သူဖန်ဆင်းတဲ့အရာများဟာ သက်သေတွေပါ။
ဥပမာ လက်ကနာရီကိုကြည့်ပါ။ လုပ်သူရှိပါတယ်။ ဘယ်သူလဲ
ပြဖို့တော့ ခက်ပါတယ်။ ဒါပေမဲ့လည်း နာရီကိုကြည့်ပြီး
လုပ်ထားသူရှိတာတော့သေချာပါတယ်။
အဲဒီလိုပါပဲ။ စင်္ကြာဝဌာ၊ ကြယ်၊ နက္ခတ်၊ ကမ္ဘာ၊
သစ်ပင်၊ ရေမြေ၊တော်တောင်များများကို လေ့လာကြည့်ရင်
စနစ်တကျပြုလုပ်ထားပြီး ဆန်းကြယ်စွာဖြစ်ပေါ်နေတာတွေ့ရပါမယ်။ တစုံတယောက်က
စနစ်တကျ ဖန်တီးထားပါတယ်။
ရိုးရိုးပဲ စဉ်းစားကြည့်ပါ။ မိတ်ဆွေတသိုက် ဓါတ်ပုံရိုက်ထားရင်
ရိုက်သူရဲ့ပုံကတော့ ဓါတ်ပုံထဲမှာမပါဘူး။ သူ့ပုံမပါတဲ့အတွက် ဓါတ်ပုံဆရာ
မရှိဘူး ပြောရင် မှားသွားပါလိမ့်မယ်။ မြင်ရတဲ့ အရာဝတ္တုနောက်မှာ
မမြင်ရတဲ့ ဘုရားရှိနေပါတယ်။
တစုံတရာကို ကိုးကွယ်ရမယ်လို့ ၀န်ခံထားမထားရင်တော့ ဒီလူဟာ ဘာမှမကိုးကွယ်သူ၊
ကိုယ့်ကိုယ်ကိုပဲ ကိုးကွယ်သူ လို့မှတ်ယူရပါမယ်။
တစုံတရာကို ကိုးကွယ်ရမယ် ဆိုတာ ထင်ရှားစွာပြခဲ့တဲ့ ပုဂ္ဂိုလ်ကတော့
ယေရှုလို့ ခေါ်ပါတယ်။ သူဟာ ဘာစာအုပ် တအုပ်မှ မရေးခဲ့ပါဘူး။
လူတယောက်မှလည်း မသတ်ခဲ့ပါဘူး။ သူ့ နာမကြောင့် အသက်သေသူများစွာကို
ကယ်တင်ခဲ့ပါတယ်။ ခရဇ်သက္ကရာဇ်ဆိုတာ သူ့မွေးဖွားတဲ့နှစ်ကို
စပြီးရေတွက်ခဲ့တာပါ။ သေသူကို ရှင်အောင်လုပ်ခဲ့ပါတယ်။ သူကိုယ်တိုင်လည်း
ရှင်ပြန်ထမြောက်ခဲ့တယ်။ သေတတ်တဲ့ လူရဲ့ဖြစ်အင် နဲ့ မသေတတ်တဲ့
ဘုရားဖြစ်အင် ပေါင်းစပ်ထားခြင်းကိုဖြစ်ပါတယ်။
ထူးခြားတဲ့ စာအုပ်ကျမ်းဂန်တခုရှိပါတယ်။
ခရစ်ယာန်စာပေမဟုတ်ပါဘူး။
ရေးသားချိန်ဟာ နှစ်ပေါင်း ၁၅၀၀ ကျော် ကြာမြင့်ခဲ့ပါတယ်။ လူ၄၀
ကျော်ရေးသားခဲ့တယ်။ မတူတဲ့နေရာ၊ မတူတဲ့အချိန်၊ မတူတဲ့အယူအဆ၊
အဆင့်အတန်းမတူသူများ ဖြစ်ပေမဲ့ တခုတည်းသော တူညီမှုကို ဖေါ်ပြခဲ့ကြပါတယ်။
လူကို ဘုရားက သုံးပြီးရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။
ဘာသာစကားအများဆုံးနဲ့ ရေးသားထားပြီး၊ အရောင်းရဆုံးစာအုပ်လည်းဖြစ်တယ်။
ပြည့်စုံတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ လူ့အသက်တာကိုလည်း
ပြောင်းလဲစေပါတယ်။
ဘုရားမရှိဘူးလို့ မိုက်သောလူ ထင်တတ်ပါတယ်။ ထာဝရအသက်ဆိုတာရရင် သေခြင်းက
အစဉ်ကင်းလွတ်ပါတယ်။ ထာဝရတည်မြဲပြီး တန်ခိုးဟာ တိုးပွားခြင်၊
မှေးမှိန်သွားခြင်း မရှိပါဘူး။ ပြောင်းလဲခြင်းလဲ မရှိပါဘူး။
အစလည်းမရှိသလို အဆုံးလည်းမရှိပါဘူး။ ထာဝရ မေတ္တာရှင်ဖြစ်ပြီး
ခွင့်မလွှတ်တတ်ခြင်းလည်း မရှိပါဘူး။ ကျွန်တော်တို့မှာ ခွင့်လွှတ်တတ်ခြင်း
မရှိတာ သူကဆိုးနေလို့မဟုတ်ပါ၊ ကိုယ်က ခွင့်လွှတ်ခြင်း
နည်းနေလို့ဖြစ်ပါတယ်။ ထာဝရဘုရားကတော့ သူ့ရဲ့ခွင့်လွှတ်ခြင်းဟာ
အလွန်ကြီးမားပါတယ်။
ထာဝရဘုရားရဲ့ ချစ်ခြင်းဟာ သစ္စာတော်နဲ့ တွဲနေပါတယ်။
ချစ်ပြီးတော့ ခွင့်လွှတ်ပါတယ်။ သို့ပေမဲ့ လူတွေကို တိကျစွာ
အပြစ်စီရင်မဲ့သူ ဖြစ်ပါတယ်။
ထာဝရဘုရားဟာ အစဉ်အသက်ရှင်ပြီး လူကတော့ သေရတယ်။
ထာဝရဘုရားဟာ ထာဝရတည်မြဲပြီး လူကတော့ သက္ခာရတရားမှ ဖေါက်ပြန်ရတယ်။
ထာဝရဘုရားဟာ ထာဝရမေတ္တာရှင်ဖြစ်ပြီး လူတွေကတော့ ဘာကြောင့်
မေတ္တာတရားခေါင်းပါးနေရတာလဲ။
မိမိကို ဖန်ဆင်းထားတဲ့ ဘုရားနဲ့ ဆန့်ကျင်ပြီး
အဆက်ပြတ်ကွဲကွာနေပါတယ်။ အဲဒီ ကွဲကွာစေတဲ့အရာကတော့
အပြစ်
လို့ခေါ်ပါတယ်။
ဘုရားသတ်မှတ်ထားတဲ့ စံချိန်ကို လူတွေ မမှီနိုင်ပါဘူး။ လူရဲ့
စိတ်နှလုံးထဲမှာ အနည်းငယ် လုပ်သင့်၊ မလုပ်သင့် သဘောပေါက်လာပေမဲ့
မလုပ်သင့်မှန်းသိသော်လည်း လုပ်မိတာပါပဲ။ တားမြစ်တာလည်း ချိုးဖေါက်၊
ကောင်းတဲ့လူရှိရင် ပိုကောင်းသူလို့ပဲ သတ်မှတ်ပါတယ်။ ဘုရားရဲ့
စံချိန်ကိုတော့ မမှီပါဘူး။ အပြစ်အမျိုးမျိုးကို ကိုယ်ထိလက်ရောကဖြစ်စေ၊
နှူတ်နှင့်ဖြစ်စေ၊ စိတ်နှင့်ဖြစ်စေ ကျူးလွန်ကြပါတယ်။ အပြစ်နဲ့
ပြည့်ဝနေတဲ့ဘ၀ အချိန်တိုင်း၊ နေ့တိုင်း အပြစ်အားလုံးဟာ ငါကို
ဗဟိုပြုခြင်းကြောင့် ဖြစ်ပါတယ်။ ဘုရားကို ဗဟိုပြုရမဲ့ အစား ငါကို
ဗဟိုပြုနေခြင်းကြောင့် အပြစ်ရဲ့ အဖိုးအခကား သေခြင်းပဲဖြစ်ပါတယ်။ လူသေတာ
ရောဂါ ကပ်ဆိုးကြောင့်မဟုတ်ပါ။ အပြစ်ကြောင့်ဖြစ်ပါတယ်။
သေခြင်း ၃ မျိုးရှိပါတယ်။
တချိန်မှာ လူဟာ သေမှာပဲလို့ ဆိုကြပေမဲ့ သမ္မာကျမ်းစာထဲမှာတော့ လူဆိုတာ
အခုကတည်းက သေနေပါတယ်။ စိတ်၊ ခန္တာကိုယ် အသက်ရှင်နေပေမဲ့
ဝိညာဉ်သေနေပါတယ်။ ဘုရားနဲ့ ဆက်ရမဲ့ ၀ိညာဉ်သေခြင်း ပထမ သေခြင်း
ဖြစ်ပါတယ်။ လူဟာ တနေ့မှာ ခန္တာကိုယ် သေရပါမယ်။ အဲဒီ
ခန္တာကိုယ် သေခြင်းကို ဒုတိယသေခြင်း လို့ခေါ်ပါတယ်။
နောက်ဆုံးသေခြင်းကတော့ ထာဝရသေခြင်းလို့ခေါ်ပါတယ်။ အသက်ရှင်နေသောဘုရားနဲ့
ထာဝရကွဲကွာခြင်းကိုခေါ်ပါတယ်။
လူဟာသေမျိုးဖြစ်တယ်။ သေခြင်းတရားကိုသိရင် လွတ်အောင်ဘယ်လိုလုပ်ရမလဲ။
အပြစ် နဲ့ သေခြင်းမှ လွတ်ရန်အတွက် ဘယ်လိုလုပ်ရမလဲ ဆိုပြီး လူတွေက
ကြိုးစားကြတယ်။
ကိုယ်ကျင့်တရား နဲ့
ကုသိုလ်ကောင်းမှု
၁။
ကုသိုလ် တပဲ၊ ငရဲ တပိသာလို့ စကားပုံရှိပါတယ်။ ကိုယ်လုပ်တဲ့ ကုသိုလ်က
ပိုများနေတယ်ဆိုရင် အပြစ်လွတ်နိုင်မလား။ ဥပမာ - ဆရာဝန်ကြီးတယောက်
လူပေါင်းများစွာကို အသက်ကယ်ခဲ့ပါတယ်။ တနေ့တော့ စိတ်ဒေါသကြောင့်
လူတယောက်ကို ကပ်ကြေးနဲ့ ထိုးသတ်ပစ်လိုက်တယ်။ ကယ်ခဲ့တာက ၁၀ ယောက်၊
သတ်ခဲ့တာက တယောက်၊ လွှတ်ပေးပါဆိုရင် တရားသူကြီးက
လွှတ်ပေးနိုင်ပါ့မလား။ တရားဥပဒေအရ မလွှတ်နိုင်ပါဘူး။
ကုသိုလ်ကောင်းမှူတွေဆိုတာ ကောင်းပါသလား လို့မေးရင်၊ ကောင်းပါတယ်လို့
ဖြေရပါမယ်။ ကုသိုလ်ကောင်းမှူတွေဟာ ဒီဘ၀မှာပဲ အသုံးဝင်ပါတယ်။
လေယဉ်၊ မီးရထားဆိုတာ ဒီကမ္ဘာမှာပဲအသုံးဝင်ပြီး စင်္ကြာဝဌာမှာတော့ သုံးမရ
သလိုပါပဲ။ ဒါကြောင့် ကုသိုလ်ကောင်းမှူဆိုတာ တမလွန်ဘ၀ကို ကူးဖို့ရာ
အသုံးမကျပါဘူး။ ကိုယ်တိုင်ကလည်း မစင်ကြယ်တော့ ကိုယ်လုပ်တဲ့ ကုသိုလ်လဲ
မစင်ကြယ်ပါဘူး။ ဘုရားရှေ့မှာ ကြယ်ကလည်း မဖြူစင်ပါဘူး။ အဝေးက ကြည့်ရင်
ကြယ်ဟာ ဖြူစင်ပေမဲ့ အနီးကပ်သွားပြီး ကြည့်ရင်တော့ မဖြူစင်တော့ပါဘူး။
ဒါကြောင့် တချို့ အနီးကပ်ပေါင်းကြည့်မှ အကြောင်းသိသွားတဲ့ ဥပမာတွေ
အများကြီးရှိပါတယ်။ ကျမ်းစာမှာ တီကောင်၊ ပိုးရွကောင် အဆင့်မျှသာရှိတဲ့
လူဟာ လောက်ကောင်အဆင့်လောက်ပဲရှိတယ်ဆိုပါတယ်။ အထင်ကြီးစရာ၊
မာနကြီးတဲ့လူများ ဘုရားရှေ့မှာ အလွန်ညစ်ညမ်းပါတယ်။ ကိုယ့်ရဲ့
ကုသိုလ်များဟာ စင်ကြယ်ခြင်းမရှိပါဘူး။ ပြုဖူးသမျှ ကောင်းမှုများဟာ
ဘုရားသခင်ရှေ့မှာ အ၀တ်စုတ်မျှသာဖြစ်တယ်လို့ ကျမ်းစာမှာ ရေးထားပါတယ်။
၂။
ကျင့်ကြံအားထုတ်မှုနဲ့ကော ရမလား။
ကိုယ်အားရလောက်တဲ့အထိ အကျင့်ကောင်းတွေကို ကျင့်ကြံနိုင်ပါ့မလား။
အားရတဲ့အထိ ကိုယ့်ကိုယ်ကို ကိုးကွယ်တဲ့ ဘာသာနဲ့ အညီး
လေ့ကျင့်နိုင်ပါ့မလား။ ကျင့်နိုင်တယ်ဆိုရင် ဘုရားရှေ့မှာ
စံချိန်မှီရဲ့လား။
အပြစ်တခုမှ မရှိရဘူး။ အရင်ကလည်း မရှိဘူး။ အခုလည်းမရှိဘူး။ နောင်လည်း
ဘယ်တော့မှ အပြစ်မရှိရဘူး ဆိုတဲ့အထိ ကျင့်နိုင်မလား။ မဖြစ်နိုင်ပါဘူး။
အချုပ်အားဖြင့် အဲဒီလိုကျင့်နေခြင်းဟာလည်း
ငါကိုဗဟိုပြုခြင်းဖြစ်တဲ့အတွက် အကြီးမားဆုံးသော အပြစ်ကြီးဖြစ်နေပါတယ်။
ကျင့်ကြံအားထုတ်ခြင်းနဲ့ မရနိုင်ပါဘူး။
ဒါကြောင့် အပြစ်က
ဘယ်လိုနည်းနဲ့မှ မလွတ်နိုင်ပါဘူး။ လွတ်အောင်ဆိုရင် ကယ်တင်ရှင်
လိုပါတယ်။
လူနဲ့ ဘုရား အဆက်ပြတ်နေတဲ့အတွက် အိုခြင်း၊ နာခြင်း၊ သေခြင်း
များဖြစ်နေပါတယ်။ အပြစ်မှ လွတ်ရန်အတွက် ကြားခံဆက်ပေးသူ
ခရစ်တော်ယေရှုတည်း ဟူတဲ့ အာမခံပေးသူ တဦးထဲရှိပါတယ်။ သူ့မှာ
လူဖြစ်ခြင်းနဲ့ ဘုရားဖြစ်ခြင်း ၂ မျိုးနဲ့ ရောနေပါတယ်။
သူဟာ လူအပြစ်သဘောနဲ့ သေသွားခဲ့ပါတယ်။
ဘုရားဖြစ်နေတဲ့အတွက် ၃ရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်ပါတယ်။
ကိုယ်တိုင် အပြစ်နှင့် ကင်းစင်ပါတယ်။
ပျိုကညာဝမ်းကနေ သန့်ရှင်းစွာ ပနိုတ်သန္ဒေ တည်ခဲ့ပါတယ်။
ဖခင်ထံမှ မျိုးရိုးအပြစ်ဗီဇ မပါပါဘူး။
ကျွန်တော်တို့မှာ ဖခင်ဆီက အပြစ်ဗီဇ ပါပြီးသားပါ၊
သူဟာ ဘုရားစကားကို တခါမှ မငြင်းခဲ့ပါဘူး၊
စာတန်ရဲ့စကားကိုလည်း တခါမှ နားမထောင်ခဲ့ပါဘူး၊
လက်ဝါးကပ်တိုင်မှာ ဘာကြောင့် နာကြင်စွာသေသွားရပါသလဲ။
ကျွန်တော်တို့အပြစ်တွေအတွက် အသေခံသွားခြင်းဖြစ်ပါတယ်။
ဥပမာ - အကြွေးတင်ရင် တစုံတယောက်က ကိုယ်အကြွေးတွေကို ၀င်ပြီး ဆပ်သွားတဲ့
သဘောပါပဲ။ သူကျင့်တဲ့ တရားတွေဟာ ကိုယ်ကျင့်တရား မဟုတ်ပါဘူး။
ကိုယ်တော်ကျင့် တရားတွေဖြစ်ပါတယ်။ မကျင့်နိုင်သော ကျွန်တော်တို့အစား
အသေခံသွားသူ ကယ်တင်ရှင်ဖြစ်ပါတယ်။
ကယ်တင်ရှင်ဟာ လမ်းညွှန်သူ မဟုတ်ပါဘူး။ လမ်းပြသူဖြစ်ပါတယ်။ လမ်းညွန်သူက
ပြောပြရုံ ပြောတယ်။ လမ်းပြသူကတော့ မစ ပို့ဆောင်သူဖြစ်တယ်။ ငါကိုယ်တိုင်
လိုက်ပို့မယ် ဆိုပြီး မရောက်ရောက်အောင် ပို့ပေးတယ်။ ကိုယ့်အပေါ်မှာလည်း
မူမတည်ပါဘူး။ ပို့သူမှာသာ မူတည်ပါတယ်။ ဘုရားသည် မကောင်းသောအမှု
ရှိသမျှတို့မှ ငါ့ကိုကယ်တင်၍ ငါ့ကို ကောင်းကင်နိုင်ငံတော်သို့
တိုင်အောင်ပို့ဆောင်ပေးပါတယ်။ ထာဝရ အို၊နာ၊သေခြင်းမှ လွတ်သည့်ဘ၀သို့
ပို့ဆောင်ပေးသော အရှင်ဖြစ်ပါတယ်။ ယေရှုခရစ်တော်ဟာ အပြစ်ထဲက
ကျွန်တော်တို့ကို ရွေးနှုတ်ကယ်တင်သူ ဖြစ်ပါတယ်။
ကောင်းပါပြီ။
ကျွန်တော်တို့ကို သေခြင်းတရားမှ ကယ်တင်ရန် ကြွလာခြင်းဟာ
ဝမ်းသာစရာ သတင်းဖြစ်ပါတယ်။ ယေရှုတရားဟာ ကျွန်တော်တို့ ခန္တာကိုယ်
မြေမှုန့် အဖြစ်ပြန်သွားရင်တောင်မှ ထာဝရသုခကို ခံစားရမှာဖြစ်ကြောင်း
နဲ့ ယေရှုသည် ကယ်တင်ရှင်ဖြစ်ကြောင်း ဧ၀ံဂေလိတရားဖြစ်ပါတယ်။
အားလုံးကို ဆန္ဒပြု ဆုမွန်ကော်းတောင်းပေးလိုက်ပါတယ်။
ဦးဇော်မင်း
Audio
Click to listen
Rev. U
Zaw Win
--- End ---

|







Bangkok - 2008

Rev. Augustus

Tokyo Kachin Baptist
Church
Rev. Yojong Yaw Han

Judson (Singapore)

Karen KBCS

Hakka Myanmar
Singapore

Myanmar Baptist Church
NewYork

First
Burmese Baptist Church
San Francisco

San Jose
Burmese Church
www.bccsv.org

Oakland Burmese Church

Calvary Baptist Church
Bangkok

MCA , Thailand
Myanmar Christian Assembly
Burmese Christian
Links - Click Here
Myanmar Audio Semons

www.BurmeseBible.com
|