ဒေါက်တာမြင့်မြင့်စန်း တရားဒေသနာ
၁၁-စက်တင်ဘာ-၂၀၀၇  စင်ကာပူဂျပ်ဆင်အသင်းတော်
Baptist Women World Day of Pray

  ဘုရားသခင် ကျေးဇူးတော်ကိုချီးမွမ်းပါသည်။ လွန်ခဲ့သော၃နှစ်က စင်ကာပူမှ ခွဲခွာရန် နှုတ်ဆက်စကားပြောခဲ့သည်၊ ယခုမိတ်ဆွေဟောင်း၊ မိတ်ဆွေသစ်များနှင့် ပြန်လည်တွေ့ရပါသည်။ အန်တီ ဒေါက်တာဒိုရင်းဆက် ဦးဆောင်ပြီး တအိမ်တက်တအိမ်ဆင်း ဆုတောင်းရာမှ အသင်းတော်အဖြစ် မိမိတို့ လက်ထက်တွင် ဆက်လက်ဆောင်ရွက်ခဲ့ပြီး ယခုလက်ရှိ အသင်းတော်ဦးဆောင်သူများ အထူးအဖြင့် ဆရာသြဂတ်စတပ်နှင့် ဆရာမမိုရင်းတို့ကို ကျေးဇူးတင်ပါသည်။ မသင်းသင်းထူးမှတဆင့် ဖိတ်ကြားချက်ကို လက်ခံရခြင်းသည် ဘုရားသခင်၏ နှိုးဆော်မှုဖြစ်ပါသည်။ ဆုတောင်းခြင်းဖြင့် စတင်ခဲ့ပါသည်။

   အမျိုးသမီးနှစ်ခြင်းအသင်း၏ Thames   "God's Compassion seeing with new eyes"  ဘုရားသခင်၏ ဂရုနာကို အသစ်သော  Lamentation 3: 21 - 25  ယုဒလူမျိုးများ ဘုရားသခင်စကား နားမထောင်သောအခါ ဘေဘီလုံမှ ယေရှုဆလင်မြို့ကို လာရောက်ဖျက်ဆီးခံရခြင်းအတွက် တွင် ငိုကြွေးမြည်တမ်းသော ပရောဖက်ကြီး ရေးထားသောကျမ်းဖြစ်သည်။ သူချစ်သောမြို့ကြီးပျက်စီးရာတွင် မျှော်လင့်ခြင်းကိုတွေ့ရသည်။ အသစ်သောမျက်စိနှင့် မျှော်လင့်ခြင်းကို တွေ့ရှိရသည်။

Lamentation 3: 21 - 25
21 Yet this I call to mind
       and therefore I have hope:

 22 Because of the LORD's great love we are not consumed,
       for his compassions never fail.

 23 They are new every morning;
       great is your faithfulness.

 24 I say to myself, "The LORD is my portion;
       therefore I will wait for him."

 25 The LORD is good to those whose hope is in him,
       to the one who seeks him;

ဘုရားရှင်ကိုရှာသောသူများအတွက် ဘုရားရှင်သည် ကောင်းကြီးပေးပါသည်။
 

   ယေရုဆင်လင်မြို့ပုံကို ဆလိုက်ထိုးပြပြီး နှစ်ကြိမ်တိုင်ဖျက်ဆီးခြင်းခံပြီး Lamentation ဆိုသည်မှာ အသုဘသီချင်းဟုပင် အဓိပ္ပါယ်ပေါက်ကာ ငိုကြွေးမြည်တမ်းစာဖြစ်ပါသည်။ ထိုကျမ်းစာသည် ဘုရားရှင်စကားကို နားမထောင်လျှင် ဒုက္ခဆင်းရဲရောက်ရမည်။ ထိုအခါ ဘုရားရှင်သည်လည်း စိတ်ဆင်းရဲခြင်းရောက်ရကြောင်း။ BC 800 တွင်ရေးထားခြင်းဖြစ်ပြီး ဘုရားရှင်၏ သားသမီးများ မီးလောင်း၊ပျက်စီး၊ သေကြေ၊လမ်းပေါ်တွင် ဒုက္ခပြင်းထန်စွာရောက်ချိန် ငိုစရာမျက်ရည် ကုန်ခမ်းသည်အထိ ၀မ်းနည်းခဲ့ရသည် ပရောဖက် ယေရမိ၏ မှတ်တမ်းစာဖြစ်သည်။ အနှစ်သာရမှာ မိမိတို့ဘ၀တွင် ဒုက္ခဆင်းရဲဝမ်းနည်းကြေကွဲခြင်းများ တွေ့ကြုံရမည်မှာ မုချအမှန်ပင်၊ သို့သော် ထိုအခက်အခဲများအကြားတွင် မျှော်လင့်ခြင်းဆိုသော ဘုရားရှင်ထံမှ ခွန်အားယူရန်ရသေးကြောင်း။

   ယခုမြင်နေရသော ယေရုဆင်မြို့သစ်ဖြစ်ပါသည်။ ယခင်ပျက်စီးသွားသော မြို့ဟောင်းကိုမူတည်၍ အသစ်ကို တည်ဆောက်ရန် ခွန်အားယူရပါသည်။ ဘုရားရှင်၏ မေတ္တာဂရုနာကြောင့်သာ ခွန်အား ယူနိုင်ခြင်းဖြစ်ပါသည်။ ယနေ့လာရောက်ကြသော မိတ်ဆွေများလည်း နောက်တနေ့ ကိုမြင်ရသောအခွင့်ရကြရန် ဘုရားရှင်အခွင့်ပေးရန် ယနေ့အသက်ရှင်ခွင့် ဘုရားသခင်က ပေးသနားခြင်းကို အံ့သြဘွယ်စဉ်းစားမိပါသည်။ အသက်အန္တရယ်များစွာကြုံတွေ့ခဲ့သော်လည်း အသက်ရှင်ခွင့်ကိုပေးပါသည်။ မိမိကိုယ်ကို အမြဲမေးသော မေးခွန်းတခုမှာ  "ဘာကြောင့်ဘုရားရှင်က ယနေ့အသက်ရှင်ခွင့်ကိုပေးထားပါသလဲ" ပင်ဖြစ်သည်။ ဘုရားရှင်က မိမိတို့ကို သစ္စာဂတိတော်ဖြင့် အသက်ရှင်ခွင့်ပေးရာတွင် မိမိတို့က ဘုရားရှင်ကိုသစ္စာ ပြန်လည်ထားကြသလာ ဟူသောမေးခွန်းကို ဆန်းစစ်မိပါသည်။

   ယနေ့သည် Baptist Women World Day of Pray ကမ္ဘာနှစ်ခြင်းအမျိုးသမီးအားလုံး ဆုတောင်းရန်နေ့ဖြစ်ပါသည်။ မသင်းထူးထူး ပြောသွားသည့်အတိုင်း အဖရိကသည် အဓိကဦးတည်ပြီး ဆရာမ မိုရင်းကလည်း ဆုတောင်းသွားပါသည်။ အာဖရိကတွင် ဒုက္ခပေါင်းများစွာ ရေတွက်၍ မကုန်နိုင်အောင်ရှိပါသည်။ လူဦးရေ၊ဆင်းရဲမှု၊ ရောဂါဘယ HIV, TB စသဖြင့် များပြားလှပါသည်။ အစာခေါင်းပါးခြင်း၊ အစုလိုက်အပြုံလိုက် သေကြေခြင်းများ ရှိကြသည်။ သို့သော် အာဖရိက နှစ်ခြင်း ခရစ်ယန်အမျိုးသမီးများသည် ငိုကြွေးမည်တမ်းခြင်းမလုပ်တော့ပဲ ဘုရားရှင်ထံတွင် ဆုတောင်း ခွန်အားယူနေကြပြီဖြစ်သည်။

   အာဖရိကကို အဓိကထားရန် ကမ္ဘာ့နှစ်ခြင်းအမျိုးသမီးများက လုပ်ဆောင်နေသော်လည်း ဤလောကကြီး၊ စင်္ကြာဝဌာတွင် မိမိတို့အတွက် အာဖရိကထက် ဆိုးသောနေရတခုရှိပါသေးသည်။ မိမိတို့သည် မြန်မာလူမျိုးများဖြစ်သောကြောင့် စင်ကာပူတွင်ရှိသော မြန်မာများအတွက် အဓိကထားရမည့်အချက်တခု ပြောချင်သည်မှာ မြန်မာနိုင်ငံအတွက် သတိရဆုတောင်း လုပ်ဆောင်ရန်ဖြစ်ပါသည်။ နိုင်ငံပြောင်းနေခြင်၊ နိုင်ငံသားပြောင်းလဲခြင်းများ ပြုလုပ်ရနိုင်သော်လည်း မြန်မာလူမျိုးဖြစ်နေခြင်းကို ပြောင်းလဲ၍မရပါ။ မိမိလူမျိုးအတွက် လုပ်ဆောင်ရန် ဘုရားအလိုရှိပေသည်။

   ယခု စက်တင်ဘာလတွင် မိမိတို့မြန်မာနိုင်ငံသို့ရောက်ရှိရာ ဗုဒ္ဓဘာသာ ဘုန်းကြီးအရေးအခင်းနှင့်အတူ မြန်မာပြည်သားများ အခက်အခဲများစွာကိုတွေ့ရသည်။ မြန်မာပြည်တွင် မိတ်ဆွေ ၃ ဦးကို သူတို့အမြင်များအားမေးမြန်းခဲ့ရာ အကောင်းမမြင်နိုင်သေးသူများဖြစ်၍ သူတို့အမြင် မကြည်လင်ကြပါ။
 

မြန်မာပြည်သားများအတွက် မိမိတို့လုပ်ဆောင်ရန် ကျမ်းပိုဒ်များ

ရှင်ယောဟန် ၉း ၃၈ (မျက်မမြင်)
  ၃၈သခင်၊ အကျွန်ုပ်ယုံကြည်ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုးကွယ်လေ၏။ ၃၉ထိုအခါ ယေရှုကလည်း၊ မျက်စိမမြင်သောသူသည် မြင်စေခြင်းငှါ၎င်း၊ မြင်သောသူသည် မျက်စိကန်းစေခြင်းငှါ၎င်း၊ ငါသည်တရားစီရင်၍ ဤလောကသို့ ရောက်လာပြီ ဟု မိန့်တော်မူ၏။

ရှင်လုကာ ၇း ၁၁ - ၃၃  (မုဆိုးမသား၊ မြန်မာပြည်တွင် တိုင်းပြည်မုဆိုးမများရှိပါသည်။)
  ၁၁နက်ဖြန်နေ့၌ နာဣနမြို့သို့ ကြွတော်မူ၍၊ တပည့်တော်များနှင့် လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။ ၁၂မြို့တံခါးအနီးသို့ရောက်သောအခါ၊ မုတ်ဆိုးမ၌တယောက်တည်းသောသား အသေကောင်ကို သင်္ဂြိုဟ်ခြင်းငှါ ထုတ်သွား၍၊ မြို့သူမြို့သားများတို့သည် လိုက်ကြ၏။ ၁၃သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍၊ မငိုနှင့်ဟု မိန့်တော်မူလျက် အနီးသို့ကြွ၍ တလားကို လက်နှင့်တို့ တော်မူသဖြင့်၊ ထမ်းသောသူတို့သည် ရပ်၍နေကြ၏။

ရှင်မာကု ၆း ၃၄ 
  ၃၄ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသော ဆုံးမသြ၀ါဒကို ပေးတော်မူ၏။

ရှင်လုကာ ၂၅း ၃၄ - ၃၆
  ၃၄ထိုအခါ လကျာ်တော်ဘက်၌ ရှိသောသူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဘို့ ပြင်ဆင်သော နိုင်ငံကိုလာ၍ အမွေခံကြလော့။ ၃၅အကြောင်းမူကား၊ ငါသည် မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် သောက်ဘို့ ပေးကြ၏။ ငါသည် ဧည့်သည် ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို ပြုကြ၏။ ၃၆ငါသည် အ၀တ်အချည်းစည်း ရှိသောအခါ သင်တို့သည် အ၀တ်နှင့် ဖုံးလွှမ်းကြ၏။ ငါသည် အနာရောဂါ စွဲသောအခါ သင်တို့သည် ကြည့်ရှု ပြုစုကြ၏။ ငါသည် ထောင်ထဲမှာ နေရသောအခါ သင်တို့သည် ငါ့ထံသို့ လာကြ၏ဟု မိန့်တော်မူလျှင်၊

ရှင်လုကာ ၁၀း ၂
၂သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သော သူတို့ကို စပါးရိတ်စေခြင်းငှါ စပါးရှင်စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြလော့။

 

  ဘုရားရှင်ဆီကို မျှော်လင့်ခြင်းရှိလျှင် ဘုရားရှင်ကောင်းချီးပေးပါသည်။ မိမိတို့အယောက်စီတိုင်းတွင် ဘ၀ ဒုက္ခ၊ဆင်းရဲ၊ ခက်ခဲမှုများရှိမည်ဖြစ်သည်။ ထိုအခက်အခဲများကြားတွင် နစ်မြုတ်မနေပဲ ဘုရားရှင်ထံတွင် ခွန်အားယူကြရန်ဖြစ်သည်။ ဘုရားရှင်ထံတွင် မျှော်လင့်ခြင်းရှိပါသည်။
ကြားနာရသူ အယောက်စီတိုင်းတွင် ဘုရားသခင် ကောင်းကြီးပေးပါစေ။ God bless you all..
 

Editor Note:
Baptist Women's World Day of Prayerး Date: Monday, November 03, 2008
1. Re-published as 1 year anniversary of Sep 2007
2. Another Big crisis in May 2008,  "Nargis Cyclone" killed 150,000 Burmese and 2 millions homeless as historic event.  Congratulation to Dr. Myint Myint San's family remarkable cyclone relief work in Myanmar. (News was published in Singapore, Myanmar news papers)
3. Always remember, listen and follow and surrender to Lord for Burmese who are under poverty.