Sermon:  I saw the "Lord",  Dr. Ramond Mu
ကျွနိုပ် ဘုရားသခင်ကို မြင်သည်။  ဟေရှာရ ၆း ၅

ဟေရှာရ အခန်း၆တွင် သြဇိမင်းအနိစ္စရောက်သောနှစ်၊ ပရောဖက် ဟေရှာရ ကောင်းကင်ဘုံခြေအရှင်ထာဝရဘုရား တည်းဟူသော ရှင်ဘုရင်ကို မျက်စိနှင့်မြင်လေပြီတကား ဟုဆိုသည်။ ဘီစီ ၇၀၀ ခန့်က ယုဒလူမျိုးတို့ ဘုရားရှင်ကိုသိလျှက်နှင့် ဘုရားရှင်နှင့် ဝေးရာရောက်သွားသည်။ ပြန်လှည့်ရန်အတွက် ခက်ခဲနေကြ။ ဒွိဟဖြစ်နေသော သူများ ဘုရားရှင်အတွက် ပြောကြား၊သက်သေခံရန်အတွက် ကြောက်ခြင်း၊ စိုးရိမ်ခြင်းများရှိနေကြသော 29th Family Camp, San Francisco လာရောက်သူမိတ်ဆွေများ ဤအစီစဉ်ပြီး သည့်နောက်  "တဖန် ထာဝရဘုရားက ငါသည် အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဖို့ အဘယ်သူသွားမည်နည်း" ဟူသော စခန်း၏ ဆောင်ပုဒ်ကို အခြေပြုပြောကြားပါသည်။

ဘုရားရှင်ထံသို့ တိုးဝင်သော Process လုပ်ငန်းတွင် မောရှခေတ် ရှေးကာလကတည်းက တဲတော် (ထွက်မြောက်ရာကျမ်း ၄၀) ကိုရှင်းလင်းပါသည်။ တဲတော်ရှေ့တွင် ယာဇ်ပူဇော်ရာပလ္လင်ရှိသည်၊ ဆေးကြောရာ အင်တုံရှိသည်။ သန့်ရှင်းရာနေရာအတွင်းတွင် စားပွဲ၊ မီးခွက်မီးခုံ၊ နံ့ သာပေါင်းရှို့ရာ ရွှေပလ္လင် တို့ရှိပြီး၊ အသန့်ရှင်းဆုံးနေရာတွင် အတွင်းကန့်လန့်ကာနောက်၌ သက်သေခံချက်သေတ္တာကို ထည့်သွင်း ထားသည်။ ဘုရားသခင်ကို မြင်တွေရန်အတွက် ယာဇ်ပူဇော်မှု (သခင်ယေရှု အသက်အသေခံခြင်း)၊ အပြစ်ဖြေလွှတ်ခြင်း (အင်တုံ) တို့မှတဆင့် သန့်ရှင်းရာနေရာသို့ရောက်ရန် အဆင့်ဆင့်သောလုပ်ဆောင်ချက်များမှာ ယခု ကိုးကွယ်ဝတ်ပြုခြင်း အဆင့်ဆင့်နှင့် ထပ်တူထပ်မျှပင်ဖြစ်သည်။



ထာဝရဘုရားကို မြင်ရန်တွက် အဆင့်ဆင့်ကို ဖေါ်ပြပါသည်။

ကျမ်းစာဖတ်ခြင်း
သန့်ရှင်းသောဝိညာဉ်ဖေါ်ပြမှုဖြစ်သည။ လက်ခံရန်နှင့် နားလည်းရန်လိုအပ်ပါသည်။

ဆုတောင်းခြင်း
ဘုရားထံအပ်နှံခြင်းဖြစ်သည်။ မိမိလိုအပ်တာများချည်း ဆုတောင်းနေခြင်းထက် လိုအပ်သည်များကို မိမိလက်ဖြင့်မြှောက်ပြီး အပေါ်ရောက်ချိန်တွင် ဘုရားအလိုတော်အတိုင်းဖြစ်စေရန် ဆပ်ကပ်လွှတ်ချ ဆုတောင်းတတ်ရမည်ဖြစ်သည်။

မိမိတို့၏ ကျမ်းစာဖတ်၊ဆုတောင်း၊ ဘုရားကျောင်းတက်၊ မိတ်သဟာရဖွဲ့၊ သီဆိုချီးမွှမ်း၊ ဆယ်ဖို့တစ်ဖို့၊ အဦးသီးသောအသီး၊ သက်သေခံခြင်း၊ ဧ၀ံဂေလိတရားဟောခြင်း စသည်တို့ နှင့်ပြီးသွားပြီလား၊ ဘုရားသခင်သည် သူကို ကျိုးပဲ့ကြေမွသောစိတ်နှလုံးဖြင့် ပျပ်ဝပ်ကိုးကွယ်ချီးမွမ်းခြင်းကို အထူးနှစ်သက်ပါသည်။

အသန့်ရှင်းဆုံးနေရာ Holy of Holies
ထိုနေရာရောက်ရှိရန်အတွက် ကိုးကွယ်ဝတ်ပြုရာတွင် အဆင့်ဆင့်သွားရသည်။ Praise and Worship, အချိန်ယူ သီဆိုချီးမွှမ်းခြင်း။ အပြစ်လွှတ် ၀န်ချခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း အဆင့်ဆင့်အပြီးတွင် နောက်ဆုံး ဘုရားရှင်ဘာကို ဖေါ်ပြသည်ကို သိရှိမြင်တွေ့ရန်လိုသည်။ ဘုရားဝတ်ပြုရာတွင် နောက်ဆုံး ဓမ္မဆရာ ဟောကြားချက်သည် Holy of Holies ပင်ဖြစ်သည်။ ဟောကြားချက်ကို မြင်နိုင်ရမည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း သမိုင်းတွင် မကြုံဖူးသော ဆိုင်ကလုန်းမုန်တိုင်းဖြစ်ခဲ့သည်။ အရာရာတွင် စနစ်တကျလုပ်တတ်သော ကမ္ဘာအချမ်းသာဆုံး၊ အင်အားအကြီးဆုံး အမေရိကန်နိုင်ငံသည်လည်း စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး ပြဿနာများစွာကြုံနေရသည်မှာ  ၀ိညာဉ်ရေးရာ ပြောင်းလဲမှု ဖြစ်တော့မည့် လက္ခဏာပင်ဖြစ်သည်။ ထို့ကြောင့် ကျွနိုပ်တို့ တဦးစီကို ဘုရားရှင်အား ရှင်းလင်းစွာမြင်နိုင်ရန်အတွက် ခေါ်နေပြီဖြစ်သည်။ ဤစခန်းမှအပြန်တွင် ဘုရားရှင်ခေါ်ချိန် ဟေရှာရကဲ့သို့   "အကျွနိုပ်ရှိပါသည်။ အကျွနိုပ်ကို စေလွှတ်ပါ" ဟု ဖြေကြားနိုင်ရန်အတွက် ပြင်ဆင်ကြရန် တိုက်တွန်းကာ ဆုတောင်းခြင်းဖြင့် ဒေသနာကို အဆုံးသတ်ခဲ့ပါသည်။

(မှတ်ချက်  - တစ်နာရီ ဒေသနာကို အကျဉ်းချုပ် ဖေါ်ပြခြင်းဖြစ်ပါသည်။)


29th Burmese Christian Family Camp
WHOM SHALL I SEND, AND WHO WILL GO FOR US? Isaiah 6:8

August 30th to September 1st , 2008
Silver Spur Christian Camp & Conference Center
17301 SILVER SPUR DRIVE, TUOLUMNE, CA 95379

Camp Pastors  Rev. Dr Latt Yishey, Rev. Zauya Lapai, REv Harold Ho, Rev Sammy Myosett, Rev. Lne Wah Lazum
Website: http://revival2008.blogspot.com/2008/08/all-you-need-to-know-about-family-camp.html


Other Camp Photos

... The End ...