
East Bay Burmese Christian Fellowship,
Concord
3525, Chestnut Ave, Concord, CA 94519
Rev. Sammy Myo Sett
အသင်းတော် အထိမ်းအမှတ်
501 (c) (3) California Public Charity
ကိုးကွယ်ဝပ်ပြုခြင်း
နိုဝင်ဘာ ၂၁ ၂၀၀၈ (စနေ) 2 - 5 pm
ဆန်ဖရန်စစ္စကိုတွင် ရှိသော မြန်မာခရစ်ယာန် မိသားစုများ လာရောက်စုစည်း
ဝပ်ပြုကိုးကွယ်ကြပါသည်။ လာရောက်သူများကို
နွေးထွေးစွာကြိုဆိုနေရာချထားပြီး ဆုတောင်းခြင်းဖြင့် စတင်ခဲ့သည်။
ပထမဆုံး ကွန်းကော့ အသင်းတော်အဖွဲ့ သီဆိုချီမွမ်းခြင်းဖြင့် ဆာလံ ၁၁၇
"ထာဝရဘုရားကို ချီးမွမ်းကြလော့" ဖြင့် အားရပါးရ မတ်တပ်ရပ်ပြီး
စုပေါင်းသီဆိုချီးမွမ်းပြီးပါသည်။ လာရောက်သော အသင်းတော်များကလည်း အဖွဲ့
Praise Songs, Hymn, Choir စသဖြင့် တဖွဲ့ပြီးတဖွဲ့ စင်ပေါ်တက်ရောက်သီဆို
ချီးမွမ်းကြပါသည်။ အသင်းတော် ၀ိညာဉ်ရေးရာ ခေါင်းဆောင် ဓမ္မဆရာများကလည်း
ကျေးဇူးတော်ချီးမွမ်း ဂုဏ်ပြုစကားပြောကြားရင်း လက်ဆောင်များကို
အသင်းတော် ဥက္ကဌထံသို့ ပေးအပ်ကြသည်။ FBBC အသင်းတော်မှ
ဆရာဦးတင်ရွှေကလည်း အသက်အရွယ်ကြီးရင့်ပြီး ဆေးရုံမကြာခဏ သွားနေရသူ Rev
ဦးရွေလှိုင်ဘွား အတွက်သက်သေခံ အမှာစကားပြောကြားခဲ့သည်။ ဆရာ
လဖိုင်ဇော်ရာ (BCCCSV) မှ ဆုတောင်းခြင်းဖြင့်၎င်း၊
ကွန်းကော့အသင်းတော်မှ အသင်းတော် ရာဇ၀င်ကို ပြောကြားခဲ့သည်။ ၁၉၉၇ တွင်
ယုံကြည်သူများ ချယ်ရီ နှင့် ရစ်ချပ် အိုဗျောတို့ အိမ်တွင်စုစည်းပြီး
Cell Group ဆုတောင်းပွဲမှ စတင်ခဲ့သည်။ FBBC မှ ဆရာ ဒေါက်တာ လတ်ရီရှေး
မှ ပွဲတော်ပေးရင်း အချိန်ပြည့် ဓမ္မဆရာရရှိရေး ဆုတောင်း၊ကြိုးစားရင်း
ဆရာဦးမျိုးဆက် (ယခင် သွားဆရာဝန် Retired ၊ ကာဝါရီအသင်းတော်တွင်
၁၀နှစ် အမှုတော်ဆောင်ပြီး ) ကိုချဉ်းကပ်ရာမှ ပြည့်စုံသော အသင်းတော်
ရရှိခဲ့ကြောင်း။ ယခင်နေရာ American Baptist Church မှ ယခု
နေရာသို့ပြောင်းရွှေ့နိုင်ခဲ့ပြီး အလှုငွေဒေါ်လာ ၂၀၀၀ ကို မြန်မာပြည်မှ
အသင်းတော် ၅ခုကို ရွေးချယ်ဆပ်ကပ်ခဲ့ရာမှ ဆရာဦးကျော်နိုင်၊
နာဂအသင်းတော်မှ အလွန်လိုအပ်နေချိန်တွင် တခါမျှမကြားဖူးသော အမေရိကန်
EBCF ထံမှ ကျပ်ငွေ ၅သိန်းကို အလှုငွေ ရရှိခဲ့ပြီး ဘုန်းတ်ာထင်ရှားစေသော
ဧ၀ံဂေလိ မြန်မာပြည် သာသနာလုပ်ငန်းများစွာလုပ်ဆောင်နိုင်ခဲ့၍၄င်း၊
နာဂစ်ဆိုင်ကလုန်းအတွက်လည်း များစွာ လုပ်ဆောင်
လှုဒါန်းနိုင်ခဲ့ခြင်းများအတွက် ကျေးဇူးတော် ချီးမွမ်းခဲ့ပါသည်။
Some Photos

Concord Church - Praise Songs

Daly City Church (BCFF) Praise Song

Okland Church (OBMBC) Youth Praise Song
Praise Songs 1 min YouTube videos
http://www.youtube.com/watch?v=orrrOB7_jMA
http://www.youtube.com/watch?v=OHlf8Riv6F8
တရားဒေသနာ
ဆရာ Dr. လတ်ရီရှေး
(Frist Burmese Baptist Church FBBC, San Francisco)
တိုရင်းလိုရှင်းဖြင့် ဆုတောင်းခြင်း၊ကျေးဇူးတော်ချီးမွမ်းရင်း
တရားဒေတနာကို စတင်ခဲ့သည်။
ဇာခရိ
၎း၆
ကောင်းကင်တမန်ကလည်း။ ဇေရုဗဗေလသို့ ရောက်လာ သောထာဝရဘုရား၏
နှုတ်ကပတ်တော်ဟူမူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့် မဟုတ်၊
အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
Zechariah 4:6
So he said to me, “This is the word of the LORD to Zerubbabel: ‘Not
by might nor by power, but by my Spirit,’ says the LORD Almighty.
အချက်၃ ချက်ကို အဓိကထားဟောကြားပါသည်။
၁။ ကြီးမြတ်သောအမှုကို လက်တော်ဖြင့် ပြုလုပ်ကြောင်း၊ ဆီမီးခွက် နျင့်
သံလွင်ပင်၊ ဆီစက် ဥပမာနှင့် တရားပလ္လင်ရှေ့တွင်ရှိသော ဆီမီးခွက်
ဖယောင်းတိုင် ၇ ခုကို မီးထွန်းထားခြင်းကို ဘုရားသခင်က
အားလုံးကိုလုပ်ဆောင်နေကြောင်းပြောကြားသွားပါသည်။
၂။ ထို ကြီးမြတ်သော အလုပ်ကို ဘုရားသခင်က သူရွေးချယ်သူများ
စေလွှတ်လုပ်ကိုင်စေပါသည်။ ဇာကရိ ၄း ၉ တွင် ဘုရားသခင်၏
ရုပ်သေးများအကြောင်း ရေးထားပါသည်။ ဘုရားတန်ခိုးဖြင့်
ကြောက်စိတ်မရှိတော့ပဲ အံ့သြဘွယ်များစွာ ပြခဲ့သည်။ နေရောင်ခြည်သည်
ရေခဲကို ပျော်စေသကဲ့သို့ ရွှံ့ကိုခြောက်သွေ့စေပါသည်။ ဘုရားသခင်သည်လည်း
အဲဂုတ္တုပြည် ဖာရိုးဘုရင်ကို ဘေးဒဏ် ၁၀မျိုးဖြင့် က္ကုသရေလများကို
ကယ်ထုတ်ခဲ့သည်။ ဗာဗုလုံဘုရင်ကို ပရောဖက် ၃ဦးအားဖြင့်
ပျော့ပြောင်းစေပြီး ယေရုဆလင်ကို ဗိမာန်တော်ကို တည်ဆောက်စေခြင်၊
မြို့ရိုးကို ပြန်လည်ထူထောင်ခွင့်ပေးခဲ့သည်။
၃။ အားလုံးကို ဘုန်းတော်ထင်ရှားစေခြင်း။
ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ရွှင်လန်း၊ ၀မ်းမြောက်သောစိတ်ဖြင့်
ဗိမာန်တော်တည်ဆောက်ရန်ဖြစ်သည်။ ဘုရားရွေးချယ်သူများသည်
ဆန်ဖရန်စစ္စကိုတွင် ဥပမာ ဆရာဇော်ရာ (ဆန်ဟိုစေး)၊ ဆရာမျိုးဆက်
(ကွန်းကော့)၊ ဆရာလွန်းဝါ (အုတ်ကလန်)။ ဆရာဟိုး၊ ဆရာထွေး စသဖြင့်
အမှုတော်ဆောင်စေသလို နောက်ကွယ်တွင် လုပ်ဆောင်နေသော
ရွေးကောက်ခံရသူများစွာရှိသည်။ ဥပမာ ကွန်ပြူတာလုပ်ပေးသူ၊
ချက်ပြုတ်၊ဧည့်ခံသူ၊ ကန့်လန့်ကာ နောက်ကွယ်တွင် လုပ်ဆောင်နေသောသူ
များစွာရှိပါသည်။ ထိုသူအားလုံးကို ဘုရားသိပါသည်။ မျက်ရည်ကျပြီး
မျိုးစေ့ကျဲနေရသော်လည်း ရွှင်လန်းစွာဖြင့် ရိတ်သိမ်းရမည့်အကြောင်း
အားပေးရင်း အသင်းတော်တည်ထောင်သူများကို အားပေးဟောကြားသွားပါသည်။
ဆက်လက်၍
ဆရာဦးမျိုးဆက်မှ ရင်တွင်းခံစားချက်ကို နှုတ်ဖြင့်မပြောနိုင်လောက်အောင်
ကျေးဇူးတင်စကား ပြောကြားပြီး ဆရာ Rev Ho မှကောင်းချီးပေးကာ
ကိုးကွယ်ဝပ်ပြုခြင်းကို အဆုံးသတ်ခဲ့ပါသည်။
ထို့နောက် ကွန်းကော့အသင်းတော်မှ ချက်ပြုတ်ကျွေးမွေးသော
မြန်မာ့အစားအစာမျာ၊ တရုပ်အစားအစာများ၊ အမေရိကန် အစားအစာများနှင့်
သစ်သီး၊ဖျော်ရည်၊ ကော်ဖီ၊ လဘက်ရည်များကို သုံးဆောင်ရင်း
မိတ်သဟာရဖွဲ့ကြပါသည်။
၂၁ - နိုဝင်ဘာ ၂၀၀၈