အင်တာနက် eBooks များ ခေတ်စားသည့်အချိန်တွင် Burmese Bible မှ စာအုပ် နှင့် ဆောင်းပါးအချို့ကို Scribd တွင် အလျှင်းသင့်သလို တင်ပြထားပါသည်။ ထိုအထဲမှာ လူဖတ်များသော စာအုပ်အချို့ကို စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။  
 

   မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရောက် မြန်မာများရဲ့ တပ်ပုန်းအသင်းတော်မှ ထုတ်ဝေသော ဓမ္မသီချင်းစာအုပ်ဖြစ်ပါတယ်။ ရိုးရာ ဓမ္မသီချင်းများနဲ့ ခေတ်ပေါ် မြန်မာဓမ္မသီချင်းများစွာကို စုစည်းဖေါ်ပြထားပါတယ်။
http://www.scribd.com/doc/21454203/Hymn-book-From-malaysia-burmese

 

   ခရစ်ယာန် ဘာသာရဲ့ သမိုင်းအကြောင်း မြန်မာလိုဘာသာပြန်တင်ပြထားသော စာအုပ်ငယ်ဖြစ်ပါတယ်။ လွန်ခဲ့သောနှစ်ပေါင်း၅ထောင်မှ ဂျူး၊ အာရပ်များ စတင်ကိုးကွယ်ခဲ့တဲ့ဘုရားမှ လွန်ခဲ့သောနှစ်၂၀၀၀ မှာ ခရစ်တော် Jesus လူသားအဖြစ် ဤလောကသို့ ကြွဆင်းလာခြင်းကို ယုံကြည်သူများအား ခရစ်ယာန်ဘာသာကို ယုံကြည်သူများခေါ်ကြောင်း၊ သမ္မာကျမ်းစာ အကြောင်း၊ သန့်ရှင်းသော ၀ိညာဉ်တော်အကြောင်းများ နှင့် ယခု၂၁ ရာစုတွင် အာရှတိုက်ရှိ ကိုးရီးယား၊ တရုပ်ပြည်မကြီးများသို့ တိုင်း ယေရှု၏ ချစ်ခြင်း၊ ကယ်တင်ခြင်း တရားများ ရောက်ရှိလာခြင်းဖြင့် အဆုံးသတ်ထားပါသည်။
http://www.scribd.com/doc/21047743/History-of-Christianity-1

 

   ခရစ်ယာန်လူငယ်များ ..ဘ၀ကြင်ဖေါ် ရှာဖွေရာတွင် မည်ကဲ့သို့အားဖြင့် မိမိအလိုမဟုတ်ပဲ .. ဘုရားသခင်အလိုတော်အားဖြင့် ရွေးချယ်နိုင်ရေးကို ရည်စူးရေးသားထားသော စာအုပ်ငယ်ဖြစ်ပါသည်။
http://www.scribd.com/doc/19985960/How-Can-I-Know-Who-to-Marry



ရန်ကုန်မြို့ ၆မိုင် ညီအစ်ကိုများအသင်းတော်မှ လစဉ် ထုတ်ဝေသော ဓမ္မပညာအထောက်အကူပြုစာစောင် ဖြစ်ပါသည်။ ၂၀၀၉ စက်တင်ဘာလ ထုတ်ဖြစ်ပါသည်။ ဆရာဦးတင်မောင်ထွန်း နှင့် ညီအစ်ကိုများ၊ ညီအစ်မများ စုပေါင်းရေးသားကြပါသည်။
http://www.scribd.com/doc/19447143/2009-09Sept-MPPH
 

 

  သင့်လက်၌ ရှိသောအရာများအကြောင်း ရေးသားထားသည့် ဆောင်းပါးတိုဖြစ်ပါသည်။
http://www.scribd.com/doc/19409250/Things-That-in-Your-Hands



  တိုကျိုမြို့တွင်ရှိသော ကချင် ခရစ်ယာန်အသင်းတော် ၂ပါး အကြောင်း ခရီးသွားဆောင်းပါးတိုဖြစ်ပါသည်။
http://www.scribd.com/doc/19215079/Kachin-Churches-Tokyo

 

  ဆရာကြီးမူလယ် လွန်ခဲ့သော နှစ်၅၀ခန့် အမေရိကန်ပြည် ခရီးစဉ်ကို သူ့၏ ကိုယ်တိုင်ရေးအထုပ္ပတိ စာအုပ်ငယ်မှ ထုတ်နုတ်ထားသော ဆောင်းပါးတိုဖြစ်ပါသည်။
http://www.scribd.com/doc/19006682/mule1




  ဆန်ဖရန်စစ္စကိုမြိုမှ ယုံကြည်သူ မြန်မာများရဲ့ အနှစ် ၃၀ကျော်က စတင်ခဲ့တဲ့ First Burmese Baptist Church - ပထမမြန်မာ နှစ်ခြင်းအသင်းတော်ရဲ့ သင်းအုပ်ဆရာတော် Dr. Latt Yishey ဆရာလတ် ဖန်တီးသော အသင်းတော်၏ အမှုတော်ဆောင်ခြင်းအကြောင်းများဖြစ်ပါသည်။
http://www.scribd.com/doc/18983836/First-Burmese-Baptist-Church




 

  နေ့စဉ်ခွန်အား Our Daily Bread တွင် ရေးသားသော ခရစ်ယာန်စာရေးဆရာများ ၂၀၀၉ စာရင်းဖြစ်ပါသည်။ စင်ကာပူနိုင်ငံလေးမှ စာရေးဆရာ ၄ဦး ပါဝင်ပါသည်။
http://www.scribd.com/doc/18659628/Creationarticles

 

   မြန်မာဘာသာဖြင့် ထုတ်ဝေသော စာအုပ်ငယ်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံ Christ Esbassy Church - မြန်မာမိတ်သဟာရမှ တဆင့် ဖြန့်ဝေပါသည်။   http://www.scribd.com/doc/18030896/Christembassychurchsingapore

 

   မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်မှ အမေရိကန်နိုင်ငံ မြန်မာအသင်းတော်များသို့ သွားရောက်ခဲ့ပြီး အပြန် စင်ကာပူ၊ ယုဒဿန်နှစ်ခြင်းအသင်းတော်တွင် ဟောကြားသော ဒေသနာဖြစ်ပါသည်။ ဆရာ အာသာကိုလေး
   
http://www.scribd.com/doc/18029119/Kolayautherajudson200Years

 

  ဆရာဇော်သူလင်း ရေးသားထုတ်ဝေခဲ့သော သမ္မာကျမ်းစာ (ဓမ္မသစ် အခြေခံလမ်းညွန်) စာအုပ်ငယ်ဖြစ်ပါသည်။ http://www.scribd.com/doc/17528880/RevzawThulinnBook

 

 

  ဆရာအင်ဒရူး ရေးသားပြီး စင်ကာပူမြန်မာများ၏ Grace Baptist Church, HCF Health Care Fellowship တို့တွင် ဝေငှပို့ချခဲ့သော ကျမ်းစာလေ့လာခြင်း များကို (၂၀၀၇ - ၂၀၀၈) ကို စုစည်းတင်ပြထားခြင်း ဖြစ်ပါသည်။
 
http://www.scribd.com/doc/18057270/Andrewseries


  စင်ကာပူ ယုဒဿန် နှစ်ခြင်းအသင်းတော် အင်တာနက်တွင် ဖေါ်ပြခဲ့သည်  ၆လတာ စာပေများကို စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။     http://www.scribd.com/doc/17088411/Jbcs2009Jan-Junblog

 

 

  အမေရိကန်တွင် Feb.2008 - Feb.2009 ရောက်ရှိစဉ် မြန်မာအသင်းတော်များ၊ ဓမ္မဆရာများ၏ တရားဒေသနာများကို ပြန်လည်တင်ပြထားခြင်းဖြစ်ပါသည်။ စီးပွားရေးကပ်ကြီးမှ လွတ်မြောက်ရန် ပထမဆုံး လူမည်းသမ္မတအရွေးခံရသောအချိန်၊ စီးပွားရေးအခက်အခဲကြောင့် အလုပ်ပြုတ်၊ နေအိမ်လည်းဆုံးရှုံး .. ဖြစ်ရသော အထူးသဖြင့် အရှေ့၊အနောက်ကမ်းခြေမှ ပြည်နယ်များဖြစ်ပါသည်။ ထိုအချိန်တွင်.. အမေရိကန်ရောက် မြန်မာများ .. ခံစားရသော ရုပ်ဝတ္တုရေးရာ ဒုက္ခများအား ၀ိညာဉ်ရေးရာအားဖြင့် ဖြေရှင်းစေကြောင်း .. ယုံကြည်ခြင်းနှင့်ဆိုင်သော တိုက်တွန်းအားပေးချက်များဖြစ်ပါသည်။
   http://www.scribd.com/doc/16923828/usa20082009spritual


The End...
Burmese Bible Media...10-Feb-2010

Due to "scribd no longer free download", Free download link updated (Nov-2010)
http://burmesebible.com/document/murann2010/