*******************************************************************

 

မြန်မာဝက်ဆိုဒ်တစ်ခု ပိုင်ဆိုင်ခြင်း

  အခုခေတ်မှာ လူတိုင်း ကိုယ်ပိုင်ဝက်ဆိုဒ်ရှိကြတဲ့ခေတ်ပါ။ ခေတ်မီသူတိုင်း အီးမေးရှိကြသည် .. ဆိုတာ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်အခြေအနေ၊ အခုတော့ Facebook, Twitter, Hi5 စတဲ့ နက်ဝပ်တွေမှာ ကိုယ်ပိုင် ၀က်ဆိုဒ်ကလေးရှိကြတယ်။ ကိုယ်စိတ်ဝင်စားတာတွေ တင်ထားကြတယ်။ ပိုပို တင်ပြလိုသူများကတော့ Blog ဘလောက်များ ပိုင်ဆိုင်ကြပါတယ်။ တကယ်တော့ ၀က်ဆိုဒ်ဆိုတာ ကုမ္မဏီတွေ၊ အဖွဲ့အစည်း၊ သတင်းဌာနတွေရဲ့ ငွေ၊ အချိန်ကုန်ခံပြီး ကြော်ငြာ်တဲ့ အင်တာနက်စာမျက်နှာပါ။ တစ်ချို့က ၀က်ဆိုက် တက်ကနိုလိုဂျီကို သုံးပြီး လူအများလာကြည့်အောင်လုပ်နိုင်တယ်။ ပြီးတော့ ကိုယ့်ပစ္စည်းရောင်း၊ ကြော်ငြာလုပ်ရင်း အောင်မြင်ကြီးပွားသွားကြပါတယ်။ အထူးသဖြင့် လက်ရှိခေတ်စားနေတဲ့ Yahoo, Google, Facebook, Skype, Paypal, hotmail, YouTube စတဲ့ လူအချင်းချင်းဆက်သွယ် ပြောဆို၊ ချစ်ချက်လုပ်တဲ့ စနစ်တွေပါ။

  ဘာပဲဖြစ်စေ ၀က်ဆိုဒ်တခုကို ပိုင်ဆိုင်ပြီး ကိုယ်တိုင်လဲ လုပ်တတ်ဖို့ အတတ်ပညာဆိုင်ရာ အောက်ပါအဆင့်၃ဆင့်ကို ကြည့်ပါ။

၁။ ကြည့်ရှုအသုံးချတတ်ခြင်း
၂။ ရေးသား၊တင်ပြတတ်ခြင်း
၃။ တည်ဆောက်၊ ပရိုဂရမ်လုပ်တတ်ခြင်း ..


မိတ်ဆွေများဟာ နံပါတ် (၁) အဆင့်ကို ပြောပြစရာမလိုဘူးလို့ သတ်မှတ်သလို၊ နံပါတ် (၃) အဆင့် ပရိုဖက်ရှင်နယ်ပညာကိုလည်း လေ့လာဖို့ အချိန်မရှိဘူးလို့ ယူဆပါတယ်။ ဒါကြောင့် အလယ်လတ်အဆင့်  နံပါတ် (၂) ရေးသားတင်ပြတတ်ခြင်း အတတ်ပညာအကြောင်း ရေးပါမယ်။ နမူနာအဖြစ် ဂျိုမားလား Jomla! ဆိုတဲ့ အခမဲ့ပေးဝေတဲ့ ပရိုဖက်ရှင်နယ်အဆင့် ဘလောက်တစ်ခုကို အခြေခံ တင်ပြပါမယ်။
Joomla! is Free Software released under the GNU/GPL License.

ရေးသားတင်ပြတတ်ခြင်းမှာ နာမည်အကြီးဆုံး ၀က်ဆိုဒ်ကြီးကတော့ ၀ီကီပီဒီယာ Wikipedia ပါပဲ။ လေးစားစရာကောင်းတဲ့ လူငယ်တစ်ဦး .. အံ့သြဘွယ်ရာ တီထွင်မှု၊ လူအများကို အခမဲ့ဗဟုသုတပေးမှု ပြုလုပ်ပါတယ်။ နိုင်ငံတကာ ဘာသာပေါင်းများစွာနဲ့ ရေးသားကြပြီး မြန်မာဘာသာလဲပါဝင်ပါတယ်။ လူတိုင်းလူတိုင်း အယ်ဒီတာများဖြစ်သည် ... ဆိုတဲ့ မူဝါဒနဲ့ စတင်ခဲ့ပါတယ်။ ရေးသားတင်ပြမှု များလာရင် စာရေးသူ Author - တပ်သားအဆင့်ကနေ ရာထူးတိုးမြှင့်ခံရပြီး နောက်ဆုံး Administrator အဆင့်တွေကို ရောက်သွားပါတယ်။ ဒီလိုပါပဲ .. အခုခေတ် ၀က်ဆိုက်တွေမှာ စုပေါင်းလုပ်ဆောင်ရပါတယ်။

Joomla! ၀က်ဆိုဒ်မှာ Author တပ်သားအဆင့်က စတင်ပါတယ်။ ကိုယ့်ဖာသာ ၀က်ဆိုဒ်မှာ Login နာမည်၊ အီးမေးထည့်လိုက်ရင် အသင်းဝင်ပြီးသားဖြစ်သွားပါတယ်။ နဲနဲ ကန့်သတ်တတ်တဲ့အသင်းများကတော့ ကိုယ့်လိပ်စာ၊ တယ်လီဖုန်းနံပါတ် ... စသည်တို့ကို အတင်းတောင်းတတ်ပါတယ်။ အသင်းဝင်ဖြစ်သွားရင် သာမန်စာဖတ်သူအဆင့်ထက်သာသွားပါပြီ။ ရေးသားတင်ပြခွင့်ရသွားပြီပေါ့။ အချို့ဝက်ဆိုဒ်၊ ဘလောက် တွေမှာ ကွန်မင့်ပေးခြင်း (လူထုအော်သံ) အခန်းကို အသင်းဝင်ဖြစ်မှ လုပ်ခွင့်ပေးတတ်ပါတယ်။



သာမန်အသင်းဝင်များကတော့ ၀က်ဆိုဒ်စာမျက်နှာကနေ Login လုပ်ခိုင်းပါတယ်။ အယ်ဒီတာအဆင့်ရောက်နေတဲ့ အသင်းဝင်များအတွက် Login စာမျက်နှာ သီးသန့်ထားပါတယ်။ အောက်က စာမျက်နှအတိုင်း Username, Password, Language တွေကိုရွေးပြီး Login လုပ်ရပါတယ်။


http://www.murann.com/ezine/administrator/

အဲဒီနောက်တော့ Control Panel - cPanel ကိုရောက်သွားပါမယ်။ သာမန်အသုံးချတတ်ဖို့တော့ Add New Article, Articl Manager, Front Page Manager ၃မျိုးပဲ အနည်းငယ် ရေးပြပါတယ်။ လွယ်လွယ်လေးပါ။ အထူးသဖြင့် ဘလောက်ကာ လုပ်ဖူးသူများအတွက်တော့ ပိုလွယ်ကူရှင်းလင်းပါတယ်။

အောက်ပါပုံကတော့ cPanel လို့ခေါ်တဲ့ ကွန်ထရိုးလုပ်တဲ့ စာမျက်နှာပါ။ အယ်ဒီတာ၊ ပါပလစ်ရှာ အဆင့်တွေပဲ မြင်ရပါတယ်။



ဝက်ဆိုက်ရဲ့ Front Page Design ကိုတော့ Template ရွေးချယ်ပြီး ဒီဇိုင်းလုပ်ရပါတယ်။ ဒီအဆင့်ကတော့ လုပ်နေကျရှိရင် တတ်သွားမှာပါ။ ပထမအဆင့်အနေနဲ့ Article တွေကို ဘယ်လိုတင်ပြသလဲ .ဆိုတာ ရေးပါမယ်။  အခု နမူနာ ၀က်ဆိုဒ်ဒီဇိုင်ကို အောက်ပါအတိုင်း မြင်ရအောင်လုပ်ထားပါတယ်။


http://monywa.org   (or)


အထက်က ကွန်ပြူတာမှာ ပေါ်တဲ့ ၀က်ဆိုဒ်စာမျက်နှာကို ကြည့်မယ်ဆိုရင် Category ဆယ်ခုကို ၀က်ဆိုဒ်ဝင်လာတဲ့လူတွေ မြင်နေရပါတယ်။
  ပင်မစာမျက်နှာ
  ပရိုဖက်ရှင်ပညာရပ်များ
  ဗဟုသုတလုပ်ငန်းများ
  ရသ
  ကဗျာ
  ဘ၀အတွေ့အကြုံ
  ခရီးသွားမှတ်တမ်း
  ဟာသများ
  ကာတွန်း
  ဆောင်းပါးစာရင်း   ... စသည် ကက်သီဂိုရီ ၁၀ခု တို့ကို မြင်ရမှာဖြစ်ပါတယ်။

ပင်မစာမျက်နှာမှာ Front Page မှာပေါ်စေချင်တဲ့ Articles များကို တွေ့နိုင်ပါတယ်။ Categories ၁၀ခုကို အောက်မှာအစဉ်လိုက် တွေ့နိုင်ပါတယ်။ Category တခုစီမှာပါတဲ့ Article များကိုလည်း နံပါတ်စဉ်အတိုင်း တွေ့နိုင်ပါတယ်။


ဒါဆိုရင် အာတီကယ်၊ စာသားနဲ့ ရုပ်ပုံ မီဒီယာတွေ တင်ပြတဲ့နည်းကို ဆက်ကြပါမယ်။ Add New Article,  Article Manager, Front Page Manager (၃)ခုနဲ့ အစဉ်တိုင်း စတင်ကြပါစို့။ ဒါနဲ့ မစတင်ခင်မှာ ကိုယ်တင်မဲ့ စာသား၊ ဓါတ်ပုံတွေကို ကိုယ့်ကွန်ပြူတာမှာ eZing Folder တခုဖွင့်ထားပြီး၊ Category အလိုက် Directory တွေမှာ အသင့်ထည့်ထားစေလိုပါတယ်။ အင်တာနက် ဆာဗာမှာတော့ စာသားတွေကို သက်ဆိုင်ရာ Category အောက်မှာ အော်တိုမက်တစ် ရောက်သွားပေမဲ့၊ ဓါတ်ပုံတွေကိုတော့ အင်တာနက် Image Folders ထဲမှထည့်စေလိုပါတယ်။ ဒါမှမဟုတ်ရင် Image တွေအများကြီးဖြစ်လာတဲ့အခါ တစ်ယောက်တည်းပိုင်တဲ့ ၀က်ဆိုဒ်ဆို ကိစ္စမရှိပေမဲ့ အယ်ဒီတာအများကြီးရှိတဲ့ ၀က်ဆိုဒ်ဆိုရင် ကိုယ့်ရုပ်ပုံဖိုင်ကို သတ်မှတ်ထားတဲ့နေရာမှာ ထားသိုခြင်းအားဖြင့် စည်းကမ်းလိုက်နာတတ်ပါတယ်။ စည်းကမ်းလိုက်နာလိုသူများကတော့ အများပိုင်ဝက်ဆိုဒ်မှာစနစ်တကျ ထားသို၊ လုပ်ကိုင်စေပါတယ်။