Burmese Bible       Burglish Version - Test Page     ODB Sep~Nov

<

OCTOBER 2009

>

S M T W T F S   S M T W T F S
27 28 29 30 1 2 3   18 19 20 21 22 23 24
4 5 6 7 8 9 10   25 26 27 28 29 30 30
11 12 13 14 15 16 17                

အောက်တိုဘာလ (၂)ရက်၊ သောကြာနေ့
စိတ်ဝိညာဉ်၏ ဂီတသံ ဖတ်ရန်။ ဧ ၅း၁၅-၂၁

ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးတို့ကို အချင်းချင်းပြောဆို ဖတ်ရွတ်၍ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရား ရှေ့တော်၌ ကျူးဧ၍ သီဆိုကြလော့။ ဧ ၅း၁၉

သမ္မာကျမ်းစာတစ်နှစ်တာ။ ဟေရှာ ၁၄-၁၆၊ ဧ ၅း၁-၁၆

Oliver Sacks ရေးသားသည့် Musicophilia Tales of Music and the Brain စာအုပ်တွင် စာရေးသူက မှတ်ဥာဏ်ပျောက်၊ စကားသဲကွဲစွာ မပြောနိုင်သည့် အယ်ဇိုင်းမား ရောဂါသည်များအား တေးဂီတဖြင့် ကုသခြင်း အကြောင်းကိုပါ ရေးသားခဲ့သည်။ လူနာများကို သီချင်းဖွင့်ပြပြီး သီချင်းများကြားရပြီးနောက် ပျောက်ဆုံးပြီဟု သူတို့ ထင်မှတ်ထားသည့် မှတ်ဥာဏ်ကို ပြန်လည် ဖော်ထုတ်ပေးသည်။
``သီချင်းကို ပြန်မှတ်မိတဲ့ပုံ မျက်နှာအမူအရာမှာ ပေါ်လွင်ပြီး ခံစားချက်အရှိန် ထင်ကျန်တယ်။ လူတစ်ဦးနှစ်ဦးက စပြီး သီချင်းလိုက်ဆိုတယ်။ နောက်ကျန်တဲ့ လူတစ်ယောက်ပြီး တစ်ယောက်၊ နောက်ဆုံး လူနာအားလုံးက သီးချင်းလိုက်ဆိုကြတယ်။ စကားမပြောတဲ့လူနာတွေက အခုတော့ သူတို့တတ်နိုင်သလောက် သီချင်းအတူ လိုက်ဆိုကြတယ်´´ ဟူ၍ လူနာရောဂါသည်များ၏ တုံ့ပြန်ပုံကို ရေးသားထားသည်။
ကျွန်တော့်ယောက္ခမ (ဇနီး၏မိခင်)ကို ထားရှိသည့် အယ်ဇိုင်းမားရောဂါသည် ပြုစုစောင့်ရှောက်ရေးဂေဟာ၌ တနင်္ဂနွေနေ့မနက် ၀တ်ပြုစည်းဝေးချိန်တွင် အထက်ပါ မြင်ကွင်းမျိုးကို ကျွန်တော်တွေ့ခဲ့ဖူးသည်။ မိမိချစ်ခင်ရသူတစ်ဦးဦး စိတ်ညှိုးငယ်လျက် စိတ်လက် မကြည်သာချိန်များ၌ ကြားရသည့် သီချင်းအားဖြင့် အတွင်းစိတ် ခံစားချက်တို့ ပေါ်လွင်သည်ကို သင်တို့လည်း မြင်ကောင်းမြင်ဖူးပေလိမ့်မည်။
ဧဖက်မြို့ အသင်းတော်မှ ခရစ်ယာန်များအား ရှင်ပေါလုက ``၀ိညာဉ်နှင့်ပြည့်စုံလျက် ရှိကြလော့။ ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးတို့ကို အချင်းချင်း ပြောဆို ရွတ်ဖတ်၍ နူးညွတ်သော စိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍ သီဆိုကြလော့´´ (ဧ ၅း၁၈-၁၉) ဟူ၍ တိုက်တွန်းခဲ့သည်။ ဘုရားသခင်၏ ဘုန်းဂုဏ်တော် ချီးမွမ်း သီချင်းများသည် ဘယ်သောအခါမှ အဓိပ္ပါယ်မပေါ့၊ မပျောက်ပြယ်ဘဲ နက်နဲသောအဆင့်ထိတိုင် တို့ထိလှုံ့ဆော်နိုင်စွမ်းသည်။ သီချင်းစာသားကောင်းပြီး သာယာနာပျော်ဖွယ် ဖြစ်ခြင်း၊ သတိပြုစရာ ဆင်ခြင်တွေးစရာသာမက တေးဂီတသည် စိတ်နှင့်ဝိညာဉ်အတွက် အကျိုးရှိပေ၏။ - David McCasland

နေ့စဉ်နေ့တိုင်း ခံစားရသော ကောင်းကြီးများအတွက်
နှလုံးသားမှ ချီးမွမ်းတေးဆို။ - Hess
------------------------------------------------------------
ဘုရားသခင်နှင့် ကိုက်ညှိထားသော နှလုံးသား၌ ချီးမွမ်းသီချင်း မဆိုဘဲမနေနိုင်။