READ: 1 John 3:16-20
|
|
|
|||||||||||||||||||||||||||||||||||||||||||||||||||||||||||||||
|
အကြင်သူသည် လောကီစည်းစိမ် ဥစ္စာရှိလျက်ပင် မိမိညီအစ်ကို ဆင်းရဲခြင်းကိုမြင်၍ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း၏။ ထိုသူ၌ ဘုရားသခင်၏ မေတ္တာတော်သည် အဘယ်သို့ တည်မည်နည်း။ ၁ယော ၃း၁၇ သမ္မာကျမ်းစာတစ်နှစ်တာ။ ဟေရှာ ၂၀-၂၂၊ ဧ ၆ Dave နှင့် Joy Mueller တို့ ဆူဒန်နိုင်ငံသို့ သာသနာပြုအနေဖြင့် သွားရောက်ရန် ဘုရားသခင် နှိုးဆော်သည်ဟု ခံစားရသည်။ စစ်မက်ဖြစ်ပွားနေသော နိုင်ငံဖြစ်၍ ဆေးရုံတစ်ရုံ တည်နိုင်အောင် မစရန် သူတို့ တွေးထားသည်။ အနာဂတ်၌ ဆိတ်များရှိနေလိမ့်မည်ဟု သူတို့မသိခဲ့ရိုးအမှန်ပါ။ အမျိုးသမီးထုအတွင်း စတင်လှုပ်ရှား လုပ်ဆောင်သော် အမျိုးသမီးအများစုမှာ ပြည်တွင်းစစ်ကြောင့် ခင်ပွန်းများ ဆုံးပါးကုန်၍ မုဆိုးမများဖြစ်ပြီး စားဝတ်နေရေး အခက်ကြုံနေကြကြောင်း Joy တွေ့ရှိခဲ့သည်။ ထို့ကြောင့် Joy က အမျိုးသမီးတစ်ဦးစီကို ဆိတ်မတစ်ကောင်စီပေးပြီး သားဖောက်ပေးသည်။ ဆိတ်မမှ ရသောဆိတ်နို့ကို ရောင်းချခြင်းဖြင့် ၀င်ငွေရှိလာမည်။ ထိုလုပ်ငန်း ဆက်လက်လည်ပတ်နိုင်ရေး မွေးလာသည့် ဆိတ်သားငယ်ကို Joy ထံ ပြန်ပေးရသည်။ ဆိတ်မကြီးမှ ရရှိသော အကျိုးအမြတ်မှာ ထိုမိသားစုအတွက် အထောက်အပံ့ဖြစ်သည်။ တဖန် ထိုဆိတ်သားငယ်ကြီးလာလျှင် အခြားမိသားစုတစ်စုသို့ ပေးမည်။ ယေရှုရှင်၏ နာမ၌ပေးသော ဆိတ်လက်ဆောင်သည် ဆူဒန်အမျိုးသမီးများစွာ၏ ဘ၀ကို ပြောင်းလဲစေပြီး Joy အတွက် ဧ၀ံဂေလိသတင်း မျှဝေရန် အခွင့်တခါးပွင့်ခဲ့သည်။ ဆိတ်ပေးခြင်းကဲ့သို့ အခြားမည်သည့်အရာကို သင်ပြုနိုင်မည်နည်း။ မိမိနှင့်စပ်ဆိုင်သောသူ၊ မိမိ၏မိတ်ဆွေ၊ မိမိမသိသူများကို သင်ဘာပေးနိုင်မည်နည်း။ ကားကြုံခေါ်သွားခြင်း၊ ခြံထဲ၌ အလုပ်ကူလုပ်ခြင်း၊ ပစ္စည်း တစ်ခုခု လက်ဆောင်ပေးခြင်း စသည်ဖြင့် သင်ဘာလုပ်နိုင်မည်နည်း။ ခရစ်တော်၌ ယုံကြည်သူတစ်ဦးအနေဖြင့် အခြားသူတစ်ဦးဦး၏ လိုအပ်မှုကို ဂရုပြုစောင်မရန် တာဝန်ရှိပေ၏။ (၁ ယော ၃း၁၇)။ မိမိ၏မေတ္တာပြသော လုပ်ရပ် အပြုအမူသည် ကျွန်ုပ်တို့၏ စိတ်နှလုံး၌ ယေရှုရှင် ကျိန်းဝပ်ကြောင်း ပြသည်။ လိုအပ်သူများအတွက် ပေးကမ်းစောင်မခြင်းဖြင့် ယေရှုရှင်အကြောင်း ဝေငှ ပြောပြနိုင်အောင် အထောက်အကူ ဖြစ်လိမ့်မည်။ - Dave Branon
|
|